ကြီးမှဝက်သက်ပေါက်တဲ့အခါ

ၾကီးမွ၀က္သက္ေပါက္တဲ့အခါ

ေမာင္ေဒါက္တာသည္ မလူနာကို စမ္းသပ္စစ္ေဆးျပီးေနာက္. .

‘အစ္မ အရင္က ၀က္သက္ေပါက္ဖူးလား’ ဟုေမးလိုက္သည္။

မလူနာက ေခါင္းခါျပသည္။

‘ကဲ ဒါဆို အခုေတာ့ အစ္မ ၀က္သက္ေပါက္ျပီီပဲ။ ဒီမွာေတြ႔လား အေရျပားမွာ အနီျပင္ေတြထြက္လာတာ၊ ေနာက္တစ္ရက္ႏွစ္ရက္ဆို ဒါေတြက ခရမ္းျပာေရာင္ေတြေျပာင္းသြားလိမ့္မယ္။ ဒါ ၀က္သက္ရာဂါရဲ႕လကၡဏာပဲ။ အဲသည္ေလာက္ဆိုရင္ေတာ့ အဖ်ားက်သြားျပီး အခုျဖစ္ေနတဲ့ ႏွာေစးေခ်ာင္းဆိုးေတြလည္း သက္သာသြားပါလိမ့္မယ္’

‘ဟင္ ဆရာရယ္ ကြ်န္မ အသက္က အခုပဲ သံုးဆယ္နားကပ္လာျပီ၊ ၀က္သက္က ေပါက္ေသးတာပဲလားဆရာ’

‘ဟာ ေပါက္ေသးတာေပါ့။ ၀က္သက္က အရင္မေပါက္ဖူးေသးရင္ ခႏၶာကိုယ္က ခုခံအားမရေသးေတာ့ လူၾကီးျဖစ္လာရင္လည္း မေပါက္ႏိုင္ဘူးလို႔ေျပာလို႔မရဘူးဗ်။ ဒါေၾကာင့္မို႔ ၾကီးမွ၀က္သက္ေပါက္တယ္ဆိုတဲ့ စကားေပၚလာတာေနမွာေပါ့ဗ်ာ’

‘တိုးတိုးလုပ္ပါဆရာရယ္၊ အျပင္မွာ တျခားလူေတြရွိရင္ ၾကားသြားပါဦးမယ္။’

‘ေၾသာ္ ဘာျဖစ္လို႔လဲဗ်။ အျပင္မွာလည္း ဘယ္သူမွမရွိပါဘူး။ ေနာက္ပိုင္း ဒီအနီျပင္ေတြက မ်က္ႏွာတို႔ လက္တို႔မွာ ထြက္လာရင္ လူတိုင္းျမင္မွာပဲ။ ဒါဆိုရင္ေတာ့  ၾကီးမွ ၀က္သက္ေပါက္တာလူတိုင္းသိမွာပါပဲ ဟဲဟဲ။ ဒါရွက္စရာ မဟုတ္ပါဘူး။ ဒါေပမယ့္ သတိေတာ့ထားရမွာ ျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၾကီးမွ ၀က္သက္ေပါက္ရင္ ငယ္မွေပါက္တာထက္ ပိုခံရတတ္တယ္ဗ်’

‘ဟင္ ဟုတ္လား ဆရာ။ ဘယ္လိုပိုခံရတာလဲ ေျပာျပပါဦး’

‘ပိုခံရတယ္ဆိုတာက ေစာေစာက ေျပာခဲ့တဲ့ကိုယ္ခံအားစနစ္နဲ႕ဆိုင္တယ္ဗ်။ ကေလးအရြယ္တုန္းကဆိုရင္ လူေတြရဲ႕ ကိုယ္ခံအားစနစ္က သိပ္မဖြံ႕ျဖိဳးေသးေတာ့ ၀က္သက္ေရာဂါ၀င္လာရင္ မခုခံႏိုင္ဘူး။ အဲဒါေၾကာင့္ ကာကြယ္ေဆး ၾကိဳထိုးျပီး ကိုယ္ခံအားထြက္ေအာင္ လုပ္ေပးရတာဗ်။ ဒါေပမယ့္ ကာကြယ္ေဆးမထိုးရေသးတဲ့အရြယ္မွာ ၀က္သက္ေရာဂါပိုး၀င္ရင္ ကေလးေတြက ေတာ္ေတာ္ဖ်ားၾကျပီး အဆုတ္ေရာင္တာတို႔၊ ဦးေႏွာက္ေရာင္တာတို႔အထိ ျဖစ္တတ္ၾကပါတယ္။ အဲ အဲဒီလိုတစ္ခါျဖစ္ျပီးရင္ေတာ့ ခႏၶာကုိယ္က ကိုယ္ခံအားရသြားျပီး ေနာက္ဆုိမျဖစ္ေတာ့ပဲ ၀က္သက္ကိုခံႏိုင္ရည္ ရွိသြားၾကတယ္ဗ်’

‘ဟုတ္ပါျပီဆရာ. . လူၾကီးမွာက်ေတာ့ ဘယ္လိုျဖစ္သြားလဲ ေျပာပါဦး’

‘အဲ ငယ္ငယ္တုန္းက ၀က္သက္မေပါက္ဖူးေသးတဲ့ လူၾကီးေတြက်ေတာ့ သူ႔မွာ ၀က္သက္ရာဂါကို ခုခံႏိုင္တဲ့ ကိုယ္ခံအားက မရွိေသးဘူး။ တစ္ကယ္လို႔ ကာကြယ္ေဆးထိုးထားလို႔ ခုခံအားရွိထားဖူးတယ္ဆိုရင္ေတာင္ အခု ၾကီးလာေတာ့ တစ္ခ်ိဳ႕ကိုယ္ခံအားေတြက ေလ်ာ့နည္းသြားတယ္လို႔ဆိုၾကတယ္။ ေျပာရရင္ေတာ့ ေသြးျဖဴဥေတြရဲ႕ ကိုယ္ခံအားစနစ္ cellular immunity က နည္းသြားတယ္။ ပဋိပစၥည္းေတြရဲ႕ကိုယ္ခံအားစနစ္ humoral immunity ပဲ က်န္ေတာ့တယ္ဆိုိေတာ့ ငယ္ငယ္တုန္းကလို တစ္ေခါက္ ျပင္းျပင္းထန္ထန္ ျပန္ခံရတတ္တယ္လို႔ ယူဆၾကတယ္’

‘ခဏေလး ဆရာ။ ဆရာက ဘိုလိုေတြပါညွပ္ေျပာေတာ့ ကြ်န္မနည္းနည္းရွုပ္သြားျပီ။ ကြ်န္မနားလည္လိုက္တာက ၾကီးလာရင္ ငယ္ငယ္တုန္းက ကာကြယ္ေဆးအရွိန္ ကုန္သြားလို႔ ၀က္သက္ပိုျဖစ္နိင္တယ္ အဲသည္လိုလား’

‘အဲသည္လို အတိအက်ၾကီးေတာ့ မဟုတ္ဘူးဗ်။ ၀က္သက္ကာကြယ္ေဆးက အရွိန္ကုန္သြားတယ္လို႔ ေျပာလို႔မရဘူး။ ၀က္သက္ေရာဂါကိုတိုက္တဲ႔ လူရဲ႕ကုိယ္ခံအားစနစ္က အသက္ၾကီးလာရင္ ေျပာင္းသြားတယ္လို႔ ေျပာရမယ္။ ငယ္ငယ္တုန္းက ဖိဖိစီးစီးတိုက္ႏိုင္တယ္။ ၾကီးလာေတာ့ ဒီေကာင္က ငယ္ႏိုင္ပါကြာဆိုျပီး ေလ်ာ့ေလ်ာ့ရဲရဲ တိုက္လာေတာ့ မႏိုင္ခ်င္ေတာ့ဘဲ ေရာဂါရဲ႕ဒဏ္ပိုခံလာရတဲ့ သေဘာေပါ့’

‘ေၾသာ္ အဲဒါဆို ၾကီးမွ၀က္သတ္ေပါက္ရင္ ပိုအေရးၾကီးတာေပါ့ေနာ္ ဆရာ။ ဟိုးကေလးအငယ္ေလးေတြမွာလို အသက္အႏၱရာယ္ေတြ ဘာေတြ အထိေကာ ျဖစ္ႏိုင္လားဆရာ’

‘ျဖစ္ႏိုင္တယ္လို႔ ယူဆထားတာမမွားဘူး။ အသက္မေသရင္ေတာင္ ဦးေႏွာက္ေရာင္ျပီး အသိဥာဏ္ခ်ိဳ႔ယြင္းသြားတာတို႔၊ အာရံုေၾကာမၾကီးေရာင္ျပီး ေအာက္ပိုင္းေသသြားတာမ်ိဳးေတြ ျဖစ္တတ္တယ္ဗ်’

‘ဒါဆို ကြ်န္မတို႔ လူၾကီးျဖစ္လာရင္ ၀က္သက္ကာကြယ္ေဆး ထပ္ထိုးရမွာေပါ့ေနာ္ ဆရာ’

‘အဲဒါကေတာ့ ပံုမွန္ဆိုရင္ မလိုပါဘူး။ ပံုမွန္ဆိုတာက ကုိယ္ခံအားက်တဲ့ေရာဂါေတြမရွိဘူးဆိုရင္ ၀က္သက္ကာကြယ္ေဆးက ေဆးထိုးထားျပီးရင္ ၉၀ ရာခိုင္ႏႈန္းေက်ာ္ ၀က္သက္မျဖစ္ေအာင္ ကာကြယ္ႏိုင္တယ္လို႔ ဆိုၾကတယ္။ တစ္ကယ္လို႔ ျဖစ္ရင္ေတာင္ ေရာဂါအႏုစားေလာက္ပဲျဖစ္ျပီး ၀က္သက္မွန္းေတာင္ မသိဘဲ ေပ်ာက္သြားတတ္ၾကတယ္ဗ်။ ခုခံအားက်ေရာဂါရွိတဲ့လူ၊ ၀က္သတ္ေရာဂါပိုးနဲ႕ အထိအေတြ႔မ်ားတဲ့လူ၊ က်န္းမာေရး၀န္ထမ္းေတြ ဒါေတြကသာ ထပ္ထိုးဖို႔လိုတယ္ဗ်’

‘အဲဒါဆို ငယ္ငယ္တုန္းက မထိုးထားရေသးဘဲ အခုမွ ထိုးမယ္ဆိုရင္ေကာ ဆရာ၊ ရေသးလားဟင္’

ေမာင္ေဒါက္တာမွာ မလူနာ၏ ေမးခြန္းေတြကို ေျဖေနရင္းမွ တစ္ခုခုကို သတိရသြားျပီး. . .

‘ဒါနဲ႕ အစ္မ ငယ္ငယ္ကေကာ ၀က္သတ္ကာကြယ္ေဆး အၾကိမ္ျပည့္ ထိုးခဲ့ရလား’

‘အဲ ဟုတ္တယ္ဆရာ။ အဲဒါ..ေျပာတာေလ။ ဟို  ထိုးမထိုးမေသခ်ာဘူး။ အိမ္က အေဖနဲ႔အေမကေျပာေတာ့ ကာကြယ္ေဆးေတြ ၾကံဳသေလာက္ေတာ့ထိုးတယ္တဲ့ အဲဒါ..’

‘အင္း အဲဒါ ေျပာတာေပါ့။ ကဲ အခု အိမ္ျပန္ေရာက္ရင္ အိမ္ကလူေတြကို ၀က္သက္ကဘယ္လိုေတြျဖစ္တတ္တယ္ဆိုတာ ေျပာျပလိုက္။ ျပီးရင္ မထိုးရေသးတဲ့ကေလးေတြကို သြား ထိုးခိုင္းလိုက္ပါ။ အခု စီမံခ်က္နဲ႕ ေဒသႏၱရ ေတြမွာ ထိုးေပးေနတယ္ၾကားတယ္။ လူၾကီးဆိုရင္ေတာ့ ပိုေကာင္းတာက ၀က္သတ္၊ ဂ်ိဳက္သိုး၊ ပါးခ်ိတ္ေရာင္ သံုးမ်ိဳးေပါင္းကာကြယ္ေဆး MMR vaccine ဆိုတာ ထိုးသင့္တယ္ဗ်။ အဲဒါဆိုရင္ တျခားဆက္ႏြယ္ေရာဂါေတြပါကာကြယ္ျပီးသားျဖစ္ေရာ’

မလူနာလည္း ေမာင္ေဒါက္တာေျပာသမွ်ကို ေခါင္းတညိတ္ညိတ္နားေထာင္ရင္း….

‘ဟို ေနာက္ဆံုးတစ္ခုေလာက္ ေမးခ်င္တာေလးရွိေသးလို႔ပါ။ ေနာက္ဆံုးတစ္ခုပါပဲ ဟိုဟာေလ။ အရင္တုန္းက ကာကြယ္ေဆးထိုးဖူးျပီးသားလူကေကာ မေသခ်ာလို႔ ထပ္ထိုးရင္ ရမလားဆရာ’

‘ရပါတယ္ ရပါတယ္’

‘ႏွစ္ခါထိုးေတာ့ ကိုယ္ခံအားေတြ အရမ္းမ်ားျပီး တစ္ခုခု ျဖစ္… ‘

‘မျဖစ္ပါဘူး အစ္မေရ ။ စိတ္ခ် မထိုးျဖစ္ရင္သာ ျပႆနာ ရွိမယ္။ မေသခ်ာရင္ ထပ္သာထိုး။ မဟုတ္ရင္ ၾကီးမွ ၀က္သက္ပါက္ျပီး ပိုဆိုးကုန္ဦးမယ္ဗ်’

ေမာင္ေဒါက္တာလည္း မလူနာကို ေသေသခ်ာခ်ာရွင္းျပေျပာဆိုျပီး သူမျပန္သြားေသာအခါမွ ကုလားထိုင္တြင္ ထိုင္ရင္း အေမာေျဖစဥ္ ‘အင္း အမွန္ေတာ့ ငါလည္း ဝက္သက္မေပါက္ရေသးဘူးပဲ ေတာ္ၾကာ ၾကီးမွ ၀က္သက္ေပါက္ရင္ ဒုကၡပဲ’ ဟု ေတြးမိကာ တစ္ကိုယ္တည္းျပံဳးမိေလေတာ့သည္။

ေဒါက္တာထြန္းလင္း

ref:https://www.google.com/amp/s/io9.gizmodo.com/why-adults-are-more-likely-to-be-hit-hard-by-the-measle-1689094093/amp

https://www.cdc.gov/measles/about/faqs.html

(Unicode Version)

ကြီးမှဝက်သက်ပေါက်တဲ့အခါ

မောင်ဒေါက်တာသည် မလူနာကို စမ်းသပ်စစ်ဆေးပြီးနောက်. .

‘အစ်မ အရင်က ဝက်သက်ပေါက်ဖူးလား’ ဟုမေးလိုက်သည်။

မလူနာက ခေါင်းခါပြသည်။

‘ကဲ ဒါဆို အခုတော့ အစ်မ ဝက်သက်ပေါက်ပြီပဲ။ ဒီမှာတွေ့လား အရေပြားမှာ အနီပြင်တွေထွက်လာတာ၊ နောက်တစ်ရက်နှစ်ရက်ဆို ဒါတွေက ခရမ်းပြာရောင်တွေပြောင်းသွားလိမ့်မယ်။ ဒါ ဝက်သက်ရာဂါရဲ့လက္ခဏာပဲ။ အဲသည်လောက်ဆိုရင်တော့ အဖျားကျသွားပြီး အခုဖြစ်နေတဲ့ နှာစေးချောင်းဆိုးတွေလည်း သက်သာသွားပါလိမ့်မယ်’

‘ဟင် ဆရာရယ် ကျွန်မ အသက်က အခုပဲ သုံးဆယ်နားကပ်လာပြီ၊ ဝက်သက်က ပေါက်သေးတာပဲလားဆရာ’

‘ဟာ ပေါက်သေးတာပေါ့။ ဝက်သက်က အရင်မပေါက်ဖူးသေးရင် ခန္ဓာကိုယ်က ခုခံအားမရသေးတော့ လူကြီးဖြစ်လာရင်လည်း မပေါက်နိုင်ဘူးလို့ပြောလို့မရဘူးဗျ။ ဒါကြောင့်မို့ ကြီးမှဝက်သက်ပေါက်တယ်ဆိုတဲ့ စကားပေါ်လာတာနေမှာပေါ့ဗျာ’

‘တိုးတိုးလုပ်ပါဆရာရယ်၊ အပြင်မှာ တခြားလူတွေရှိရင် ကြားသွားပါဦးမယ်။’

‘သြော် ဘာဖြစ်လို့လဲဗျ။ အပြင်မှာလည်း ဘယ်သူမှမရှိပါဘူး။ နောက်ပိုင်း ဒီအနီပြင်တွေက မျက်နှာတို့ လက်တို့မှာ ထွက်လာရင် လူတိုင်းမြင်မှာပဲ။ ဒါဆိုရင်တော့ ကြီးမှ ဝက်သက်ပေါက်တာလူတိုင်းသိမှာပါပဲ ဟဲဟဲ။ ဒါရှက်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် သတိတော့ထားရမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြီးမှ ဝက်သက်ပေါက်ရင် ငယ်မှပေါက်တာထက် ပိုခံရတတ်တယ်ဗျ’

‘ဟင် ဟုတ်လား ဆရာ။ ဘယ်လိုပိုခံရတာလဲ ပြောပြပါဦး’

‘ပိုခံရတယ်ဆိုတာက စောစောက ပြောခဲ့တဲ့ကိုယ်ခံအားစနစ်နဲ့ဆိုင်တယ်ဗျ။ ကလေးအရွယ်တုန်းကဆိုရင် လူတွေရဲ့ ကိုယ်ခံအားစနစ်က သိပ်မဖွံ့ဖြိုးသေးတော့ ဝက်သက်ရောဂါဝင်လာရင် မခုခံနိုင်ဘူး။ အဲဒါကြောင့် ကာကွယ်ဆေး ကြိုထိုးပြီး ကိုယ်ခံအားထွက်အောင် လုပ်ပေးရတာဗျ။ ဒါပေမယ့် ကာကွယ်ဆေးမထိုးရသေးတဲ့အရွယ်မှာ ဝက်သက်ရောဂါပိုးဝင်ရင် ကလေးတွေက တော်တော်ဖျားကြပြီး အဆုတ်ရောင်တာတို့၊ ဦးနှောက်ရောင်တာတို့အထိ ဖြစ်တတ်ကြပါတယ်။ အဲ အဲဒီလိုတစ်ခါဖြစ်ပြီးရင်တော့ ခန္ဓာကိုယ်က ကိုယ်ခံအားရသွားပြီး နောက်ဆိုမဖြစ်တော့ပဲ ဝက်သက်ကိုခံနိုင်ရည် ရှိသွားကြတယ်ဗျ’

‘ဟုတ်ပါပြီဆရာ. . လူကြီးမှာကျတော့ ဘယ်လိုဖြစ်သွားလဲ ပြောပါဦး’

‘အဲ ငယ်ငယ်တုန်းက ဝက်သက်မပေါက်ဖူးသေးတဲ့ လူကြီးတွေကျတော့ သူ့မှာ ဝက်သက်ရာဂါကို ခုခံနိုင်တဲ့ ကိုယ်ခံအားက မရှိသေးဘူး။ တစ်ကယ်လို့ ကာကွယ်ဆေးထိုးထားလို့ ခုခံအားရှိထားဖူးတယ်ဆိုရင်တောင် အခု ကြီးလာတော့ တစ်ချို့ကိုယ်ခံအားတွေက လျော့နည်းသွားတယ်လို့ဆိုကြတယ်။ ပြောရရင်တော့ သွေးဖြူဥတွေရဲ့ ကိုယ်ခံအားစနစ် cellular immunity က နည်းသွားတယ်။ ပဋိပစ္စည်းတွေရဲ့ကိုယ်ခံအားစနစ် humoral immunity ပဲ ကျန်တော့တယ်ဆိုတော့ ငယ်ငယ်တုန်းကလို တစ်ခေါက် ပြင်းပြင်းထန်ထန် ပြန်ခံရတတ်တယ်လို့ ယူဆကြတယ်’

‘ခဏလေး ဆရာ။ ဆရာက ဘိုလိုတွေပါညှပ်ပြောတော့ ကျွန်မနည်းနည်းရှုပ်သွားပြီ။ ကျွန်မနားလည်လိုက်တာက ကြီးလာရင် ငယ်ငယ်တုန်းက ကာကွယ်ဆေးအရှိန် ကုန်သွားလို့ ဝက်သက်ပိုဖြစ်နိင်တယ် အဲသည်လိုလား’

‘အဲသည်လို အတိအကျကြီးတော့ မဟုတ်ဘူးဗျ။ ဝက်သက်ကာကွယ်ဆေးက အရှိန်ကုန်သွားတယ်လို့ ပြောလို့မရဘူး။ ဝက်သက်ရောဂါကိုတိုက်တဲ့ လူရဲ့ကိုယ်ခံအားစနစ်က အသက်ကြီးလာရင် ပြောင်းသွားတယ်လို့ ပြောရမယ်။ ငယ်ငယ်တုန်းက ဖိဖိစီးစီးတိုက်နိုင်တယ်။ ကြီးလာတော့ ဒီကောင်က ငယ်နိုင်ပါကွာဆိုပြီး လျော့လျော့ရဲရဲ တိုက်လာတော့ မနိုင်ချင်တော့ဘဲ ရောဂါရဲ့ဒဏ်ပိုခံလာရတဲ့ သဘောပေါ့’

‘သြော် အဲဒါဆို ကြီးမှဝက်သတ်ပေါက်ရင် ပိုအရေးကြီးတာပေါ့နော် ဆရာ။ ဟိုးကလေးအငယ်လေးတွေမှာလို အသက်အန္တရာယ်တွေ ဘာတွေ အထိကော ဖြစ်နိုင်လားဆရာ’

‘ဖြစ်နိုင်တယ်လို့ ယူဆထားတာမမှားဘူး။ အသက်မသေရင်တောင် ဦးနှောက်ရောင်ပြီး အသိဉာဏ်ချို့ယွင်းသွားတာတို့၊ အာရုံကြောမကြီးရောင်ပြီး အောက်ပိုင်းသေသွားတာမျိုးတွေ ဖြစ်တတ်တယ်ဗျ’

‘ဒါဆို ကျွန်မတို့ လူကြီးဖြစ်လာရင် ဝက်သက်ကာကွယ်ဆေး ထပ်ထိုးရမှာပေါ့နော် ဆရာ’

‘အဲဒါကတော့ ပုံမှန်ဆိုရင် မလိုပါဘူး။ ပုံမှန်ဆိုတာက ကိုယ်ခံအားကျတဲ့ရောဂါတွေမရှိဘူးဆိုရင် ဝက်သက်ကာကွယ်ဆေးက ဆေးထိုးထားပြီးရင် ၉၀ ရာခိုင်နှုန်းကျော် ဝက်သက်မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဆိုကြတယ်။ တစ်ကယ်လို့ ဖြစ်ရင်တောင် ရောဂါအနုစားလောက်ပဲဖြစ်ပြီး ဝက်သက်မှန်းတောင် မသိဘဲ ပျောက်သွားတတ်ကြတယ်ဗျ။ ခုခံအားကျရောဂါရှိတဲ့လူ၊ ဝက်သတ်ရောဂါပိုးနဲ့ အထိအတွေ့များတဲ့လူ၊ ကျန်းမာရေးဝန်ထမ်းတွေ ဒါတွေကသာ ထပ်ထိုးဖို့လိုတယ်ဗျ’

‘အဲဒါဆို ငယ်ငယ်တုန်းက မထိုးထားရသေးဘဲ အခုမှ ထိုးမယ်ဆိုရင်ကော ဆရာ၊ ရသေးလားဟင်’

မောင်ဒေါက်တာမှာ မလူနာ၏ မေးခွန်းတွေကို ဖြေနေရင်းမှ တစ်ခုခုကို သတိရသွားပြီး. . .

‘ဒါနဲ့ အစ်မ ငယ်ငယ်ကကော ဝက်သတ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးခဲ့ရလား’

‘အဲ ဟုတ်တယ်ဆရာ။ အဲဒါ..ပြောတာလေ။ ဟို ထိုးမထိုးမသေချာဘူး။ အိမ်က အဖေနဲ့အမေကပြောတော့ ကာကွယ်ဆေးတွေ ကြုံသလောက်တော့ထိုးတယ်တဲ့ အဲဒါ..’

‘အင်း အဲဒါ ပြောတာပေါ့။ ကဲ အခု အိမ်ပြန်ရောက်ရင် အိမ်ကလူတွေကို ဝက်သက်ကဘယ်လိုတွေဖြစ်တတ်တယ်ဆိုတာ ပြောပြလိုက်။ ပြီးရင် မထိုးရသေးတဲ့ကလေးတွေကို သွား ထိုးခိုင်းလိုက်ပါ။ အခု စီမံချက်နဲ့ ဒေသန္တရ တွေမှာ ထိုးပေးနေတယ်ကြားတယ်။ လူကြီးဆိုရင်တော့ ပိုကောင်းတာက ဝက်သတ်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် သုံးမျိုးပေါင်းကာကွယ်ဆေး MMR vaccine ဆိုတာ ထိုးသင့်တယ်ဗျ။ အဲဒါဆိုရင် တခြားဆက်နွယ်ရောဂါတွေပါကာကွယ်ပြီးသားဖြစ်ရော’

မလူနာလည်း မောင်ဒေါက်တာပြောသမျှကို ခေါင်းတညိတ်ညိတ်နားထောင်ရင်း….

‘ဟို နောက်ဆုံးတစ်ခုလောက် မေးချင်တာလေးရှိသေးလို့ပါ။ နောက်ဆုံးတစ်ခုပါပဲ ဟိုဟာလေ။ အရင်တုန်းက ကာကွယ်ဆေးထိုးဖူးပြီးသားလူကကော မသေချာလို့ ထပ်ထိုးရင် ရမလားဆရာ’

‘ရပါတယ် ရပါတယ်’

‘နှစ်ခါထိုးတော့ ကိုယ်ခံအားတွေ အရမ်းများပြီး တစ်ခုခု ဖြစ်… ‘

‘မဖြစ်ပါဘူး အစ်မရေ ။ စိတ်ချ မထိုးဖြစ်ရင်သာ ပြဿနာ ရှိမယ်။ မသေချာရင် ထပ်သာထိုး။ မဟုတ်ရင် ကြီးမှ ဝက်သက်ပါက်ပြီး ပိုဆိုးကုန်ဦးမယ်ဗျ’

မောင်ဒေါက်တာလည်း မလူနာကို သေသေချာချာရှင်းပြပြောဆိုပြီး သူမပြန်သွားသောအခါမှ ကုလားထိုင်တွင် ထိုင်ရင်း အမောဖြေစဉ် ‘အင်း အမှန်တော့ ငါလည်း ဝက်သက်မပေါက်ရသေးဘူးပဲ တော်ကြာ ကြီးမှ ဝက်သက်ပေါက်ရင် ဒုက္ခပဲ’ ဟု တွေးမိကာ တစ်ကိုယ်တည်းပြုံးမိလေတော့သည်။

ဒေါက်တာထွန်းလင်း

ref:https://www.google.com/amp/s/io9.gizmodo.com/why-adults-are-more-likely-to-be-hit-hard-by-the-measle-1689094093/amp

https://www.cdc.gov/measles/about/faqs.html