မပေါ့ဆသင့်တဲ့ နှလုံးရောဂါရဲ့လက္ခဏာများ

မေပါ့ဆသင့္တဲ့ နွလံုးေရာဂါရဲ႕လကၡဏာမ်ား
ဒီလကၡဏာေတြ ျဖစ္လာရင္မေပါ့ဆသင့္ဘူးလို႔ ေျပာခ်င္ပါတယ္။
၁။ရင္ဘတ္ေအာင့္ျခင္း
နွလံုးေရာဂါမွာ အေတြ႕ရဆံုးအျဖစ္မ်ားဆံုး လကၡဏာတခုျဖစ္ပါတယ္။ရုတ္တရက္ ဝုန္းခနဲဒိုင္းခနဲ ေအာင့္တာမ်ိဳး ရိွသလို တေျဖးေျဖးခ်င္း ဆြဲညွစ္ထားသလိုမ်ိဳး ေလးပင္တဲ့အရာတခုနဲ႔ဖိခံထားရသလိုမ်ိဳးလည္း ေအာင့္တတ္ပါတယ္။အစာအိမ္ေရာဂါမွာ ေတြ႕ရတတ္တဲ့ ရင္ေခါင္းေတြပူတဲ့လကၡဏာမ်ိဳး (Heart Burn ) နဲ႔ မွားတတ္တယ္။ဒါေပမဲ့ နွလံုးေရာဂါေၾကာင့္ ေအာင့္တာဟာ မိနစ္အနည္းငယ္ခန္႔အထိၾကာတတ္ျပီး  သက္သာသြားလိုက္ ျပန္ေပ်ာက္လိုက္ျဖစ္တတ္ပါတယ္။
၂။လက္ေမာင္း ပုခံုး နွင့္ ေက်ာကုန္းမ်ား နာက်င္ကိုက္ခဲျခင္း
ေယာက်ာ္းေလးေတြဆို ဘယ္ဘက္အျခမ္းေတြမွာ အမ်ားဆံုးခံစားရေလ့ရိွျပီး မိန္းကေလးေတြမွာေတာ့ နွစ္ဖက္စလံုးမွာ ကိုက္ခဲတတ္ပါတယ္။လက္ေမာင္းေတြ မသယ္ခ်င္ မလႈပ္ခ်င္ေလာက္ေအာင္ ေလးလံေနတတ္တယ္။နာက်င္ကိုက္ခဲမႈဟာ ရင္ဘတ္ကေနစျပီး ေက်ာဘက္ကို ေရြ႕သြားတတ္တယ္။ညဘက္အိပ္ရာကပါနိုးျပီးထထိုင္ရေလာက္တဲ့အထိ နာက်င္ကိုက္ခဲတယ္ဆိုရင္ေတာ့ သတိၾကီးၾကီးထားဖို႔ လိုပါလိမ့္မယ္။
၃။လည္ပင္းနွင့္ေမးရိုးကိုက္ခဲျခင္း
နွလံုးေရာဂါျဖစ္ေနျပီဆိုရင္ လည္ပင္းနဲ႔ေမးရိုးတဝိုက္မွာလည္း နာက်င္မႈကို ခံစားရနိုင္ပါတယ္။ေအာက္ေမးရိုးဟာ နာက်င္တာ တင္းတင္းၾကီးျဖစ္ေနတာ စတာေတြၾကံဳ ေတြ႕ရတတ္တယ္။လည္ပင္းမွာလည္း ညွစ္ထားသလိုမ်ိဳး နာက်င္တတ္တယ္။
၄။အလြယ္တကူေမာပန္းႏြမ္းနယ္ျခင္း ရုတ္တရက္နံုးခ်ိသြားျခင္း
တခါတေလ အလုပ္ပင္ပန္းလို႔ ေမာပန္းတာ ပံုမွန္ဆိုေပမဲ့  ဟုတ္တိပတ္တိဘာမွအေၾကာင္းမရိွပဲ မလႈပ္ခ်င္မကိုင္ခ်င္ေအာင္ ေမာပန္းႏြမ္းနယ္ေနတယ္ဆိုရင္ေတာ့ ဒါဟာ နွလံုးေရာဂါရဲ႕ ေခါင္းေလာင္းသံတခုျဖစ္နိုင္ပါတယ္။အိပ္မေပ်ာ္တဲ့အထိကို ပင္ပန္းႏြမ္းနယ္နိုင္ပါတယ္။
၅။မူးခနဲမိုက္ခနဲျဖစ္ျခင္း
တခါတေလ သတိလစ္ေတာ့မလိုလည္း ခံစားရနိုင္ပါတယ္။ဒါဟာ ေသြးေပါင္ခ်ိန္က်ဆင္းျပီး နွလံုးကေန ဦ ေနွာက္ကို ေအာက္ဆီဂ်င္လံုလံုေလာက္ေလာက္ မပို႔နိုင္ေတာ့တဲ့အခါ ၾကံဳရနိုင္ပါတယ္။အစားမစားခ်င္ပဲ ပ်ိဳ႕အန္ခ်င္သလိုျဖစ္ေနတာေတြကလည္း နွလံုးျပသနာတခုျဖစ္ေနနိုင္ပါတယ္
၆။ေခြ်းအလြန္အမင္းထြက္ျပီး အသက္ရႈၾကပ္ျခင္း
နွလံုးမွာျပသနာၾကံဳေနျပီဆို ဘာမွပင္ပင္ပန္းပန္းမလုပ္ပဲနဲ႔လည္း ေခြ်းထြက္တတ္ပါတယ္။ေျခေတြလက္ေတြေအးစက္ေနနိုင္တယ္။ခုပဲ မာရသြန္ေျပးထားသလားေအာက္ေမ့ရေလာက္ေအာင္ အသက္ရႈရခက္တတ္တယ္။ပက္လက္လွဲေနရင္ ပိုဆိုးတတ္တယ္။
၇။ေျခလက္မ်ား ေဖာေရာင္ျခင္း
ေျခဖမိုးေတြ ေျခက်င္းဝတ္နဲ႔ေျခသလံုးေတြ ေဖာေရာင္တာမ်ိဳးကလည္း နွလံုးေရာဂါရဲ႕ လကၡဏာတရပ္ျဖစ္နိုင္ပါတယ္။ဖိနပ္ေတြမေတာ္ေတာ့တာမ်ိဳးျဖစ္တတ္တယ္။နွလံုးကေန ေသြးညွစ္ထုတ္တဲ့အရိွန္ေလ်ာ့သြားတဲ့အခါ ေသြးေတြကေနာက္ျပန္စီးျပီး မလိုအပ္တဲ့ေနရာေတြမွာ အရည္ေတြစုပံုေစပါတယ္။ဒီအခါ ေက်ာက္ကပ္ကလည္း ေရနဲ႔ဆားဓာတ္ကို ပံုမွန္မစြန္႔ထုတ္နိုင္ေတာ့ဘဲ ေဖာေရာင္တာကို ပိုဆိုးေစပါတယ္။
၈။နွလံုးခုန္ႏႈန္းျမန္ျခင္း မမွန္ျခင္း
ႏွလံုးမေကာင္းတဲ့အခါ လိုအပ္တဲ့ေသြးပမာဏ ခႏၶာကိုယ္အနွံ႕ေရာက္ဖို႔ကို အၾကိမ္ေပါင္းမ်ားစြာ ညွစ္ထုတ္ေနရတတ္တယ္။ညွစ္တဲ့အၾကိမ္မ်ားေလ နွလံုးကခုန္ေလေပါ့။နွလံုးခုန္မမွန္တာရဲ႕ လကၡဏာေတြက အသက္ရႈမဝတာ ေခါင္းထဲေပါ့ရႊတ္ရႊတ္ျဖစ္ေနတတ္တာတို႔ျဖစ္ပါတယ္။
၉။အသံက်ယ္က်ယ္နွင့္ေဟာက္ျခင္း
ညတိုင္း အိပ္တိုင္း အသံအက်ယ္ၾကီးနဲ႔ေဟာက္ေဟာက္ေနတတ္တာကလည္း နွလံုးေရာဂါနဲ႔ ဆက္စပ္မႈရိွေနနိုင္ပါတယ္။
၁၀။လိင္တံမေတာင္မတ္နိုင္ျခင္း
ဒီျပသနာကလည္း နွလံုးေရာဂါရိွေနျပီဆို ျဖစ္လာတတ္ပါတယ္။ဒီအခါ လိင္တံရဲ႕ေသြးေၾကာေတြက ပိတ္ေနျပီး ေသြးမေရာက္နိုင္တဲ့အခါ မေတာင္မတ္နိုင္ျဖစ္လာတယ္။
Dr.Pyay Nyein
Unicode Version

 

မပေါ့ဆသင့်တဲ့ နှလုံးရောဂါရဲ့လက္ခဏာများ

ဒီလက္ခဏာတွေ ဖြစ်လာရင်မပေါ့ဆသင့်ဘူးလို့ ပြောချင်ပါတယ်။

၁။ရင်ဘတ်အောင့်ခြင်း

နှလုံးရောဂါမှာ အတွေ့ရဆုံးအဖြစ်များဆုံး လက္ခဏာတခုဖြစ်ပါတယ်။ရုတ်တရက် ဝုန်းခနဲဒိုင်းခနဲ အောင့်တာမျိုး ရှိသလို တဖြေးဖြေးချင်း ဆွဲညှစ်ထားသလိုမျိုး လေးပင်တဲ့အရာတခုနဲ့ဖိခံထားရသလိုမျိုးလည်း အောင့်တတ်ပါတယ်။အစာအိမ်ရောဂါမှာ တွေ့ရတတ်တဲ့ ရင်ခေါင်းတွေပူတဲ့လက္ခဏာမျိုး (Heart Burn ) နဲ့ မှားတတ်တယ်။ဒါပေမဲ့ နှလုံးရောဂါကြောင့် အောင့်တာဟာ မိနစ်အနည်းငယ်ခန့်အထိကြာတတ်ပြီး  သက်သာသွားလိုက် ပြန်ပျောက်လိုက်ဖြစ်တတ်ပါတယ်။

၂။လက်မောင်း ပုခုံး နှင့် ကျောကုန်းများ နာကျင်ကိုက်ခဲခြင်း

ယောကျာ်းလေးတွေဆို ဘယ်ဘက်အခြမ်းတွေမှာ အများဆုံးခံစားရလေ့ရှိပြီး မိန်းကလေးတွေမှာတော့ နှစ်ဖက်စလုံးမှာ ကိုက်ခဲတတ်ပါတယ်။လက်မောင်းတွေ မသယ်ချင် မလှုပ်ချင်လောက်အောင် လေးလံနေတတ်တယ်။နာကျင်ကိုက်ခဲမှုဟာ ရင်ဘတ်ကနေစပြီး ကျောဘက်ကို ရွေ့သွားတတ်တယ်။ညဘက်အိပ်ရာကပါနိုးပြီးထထိုင်ရလောက်တဲ့အထိ နာကျင်ကိုက်ခဲတယ်ဆိုရင်တော့ သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။

၃။လည်ပင်းနှင့်မေးရိုးကိုက်ခဲခြင်း

နှလုံးရောဂါဖြစ်နေပြီဆိုရင် လည်ပင်းနဲ့မေးရိုးတဝိုက်မှာလည်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။အောက်မေးရိုးဟာ နာကျင်တာ တင်းတင်းကြီးဖြစ်နေတာ စတာတွေကြုံ တွေ့ရတတ်တယ်။လည်ပင်းမှာလည်း ညှစ်ထားသလိုမျိုး နာကျင်တတ်တယ်။

၄။အလွယ်တကူမောပန်းနွမ်းနယ်ခြင်း ရုတ်တရက်နုံးချိသွားခြင်း

တခါတလေ အလုပ်ပင်ပန်းလို့ မောပန်းတာ ပုံမှန်ဆိုပေမဲ့  ဟုတ်တိပတ်တိဘာမှအကြောင်းမရှိပဲ မလှုပ်ချင်မကိုင်ချင်အောင် မောပန်းနွမ်းနယ်နေတယ်ဆိုရင်တော့ ဒါဟာ နှလုံးရောဂါရဲ့ ခေါင်းလောင်းသံတခုဖြစ်နိုင်ပါတယ်။အိပ်မပျော်တဲ့အထိကို ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။

၅။မူးခနဲမိုက်ခနဲဖြစ်ခြင်း

တခါတလေ သတိလစ်တော့မလိုလည်း ခံစားရနိုင်ပါတယ်။ဒါဟာ သွေးပေါင်ချိန်ကျဆင်းပြီး နှလုံးကနေ ဦ နှောက်ကို အောက်ဆီဂျင်လုံလုံလောက်လောက် မပို့နိုင်တော့တဲ့အခါ ကြုံရနိုင်ပါတယ်။အစားမစားချင်ပဲ ပျို့အန်ချင်သလိုဖြစ်နေတာတွေကလည်း နှလုံးပြသနာတခုဖြစ်နေနိုင်ပါတယ်။

၆။ချွေးအလွန်အမင်းထွက်ပြီး အသက်ရှုကြပ်ခြင်း

နှလုံးမှာပြသနာကြုံနေပြီဆို ဘာမှပင်ပင်ပန်းပန်းမလုပ်ပဲနဲ့လည်း ချွေးထွက်တတ်ပါတယ်။ခြေတွေလက်တွေအေးစက်နေနိုင်တယ်။ခုပဲ မာရသွန်ပြေးထားသလားအောက်မေ့ရလောက်အောင် အသက်ရှုရခက်တတ်တယ်။ပက်လက်လှဲနေရင် ပိုဆိုးတတ်တယ်။

၇။ခြေလက်များ ဖောရောင်ခြင်း

ခြေဖမိုးတွေ ခြေကျင်းဝတ်နဲ့ခြေသလုံးတွေ ဖောရောင်တာမျိုးကလည်း နှလုံးရောဂါရဲ့ လက္ခဏာတရပ်ဖြစ်နိုင်ပါတယ်။ဖိနပ်တွေမတော်တော့တာမျိုးဖြစ်တတ်တယ်။နှလုံးကနေ သွေးညှစ်ထုတ်တဲ့အရှိန်လျော့သွားတဲ့အခါ သွေးတွေကနောက်ပြန်စီးပြီး မလိုအပ်တဲ့နေရာတွေမှာ အရည်တွေစုပုံစေပါတယ်။ဒီအခါ ကျောက်ကပ်ကလည်း ရေနဲ့ဆားဓာတ်ကို ပုံမှန်မစွန့်ထုတ်နိုင်တော့ဘဲ ဖောရောင်တာကို ပိုဆိုးစေပါတယ်။

၈။နှလုံးခုန်နှုန်းမြန်ခြင်း မမှန်ခြင်း

နှလုံးမကောင်းတဲ့အခါ လိုအပ်တဲ့သွေးပမာဏ ခန္ဓာကိုယ်အနှံ့ရောက်ဖို့ကို အကြိမ်ပေါင်းများစွာ ညှစ်ထုတ်နေရတတ်တယ်။ညှစ်တဲ့အကြိမ်များလေ နှလုံးကခုန်လေပေါ့။နှလုံးခုန်မမှန်တာရဲ့ လက္ခဏာတွေက အသက်ရှုမဝတာ ခေါင်းထဲပေါ့ရွှတ်ရွှတ်ဖြစ်နေတတ်တာတို့ဖြစ်ပါတယ်။

၉။အသံကျယ်ကျယ်နှင့်ဟောက်ခြင်း

ညတိုင်း အိပ်တိုင်း အသံအကျယ်ကြီးနဲ့ဟောက်ဟောက်နေတတ်တာကလည်း နှလုံးရောဂါနဲ့ ဆက်စပ်မှုရှိနေနိုင်ပါတယ်။

၁၀။လိင်တံမတောင်မတ်နိုင်ခြင်း

ဒီပြသနာကလည်း နှလုံးရောဂါရှိနေပြီဆို ဖြစ်လာတတ်ပါတယ်။ဒီအခါ လိင်တံရဲ့သွေးကြောတွေက ပိတ်နေပြီး သွေးမရောက်နိုင်တဲ့အခါ မတောင်မတ်နိုင်ဖြစ်လာတယ်။

Dr.Pyay Nyein