ဇီကာရောဂါသည် သွေးလွန်တုပ်ကွေး၊အသားဝါရောဂါများကဲ့သို့ပင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ရသော ရောဂါအမျိုးအစားဖြစ်ပါ သည်။ ထိုရောဂါသည် အခြားသောသာမန်ရောဂါလက္ခဏာကိုသာ ခံစားရသော်လည်း လက်ရှိအချိန်တွင် နိုင်ငံတကာက အပြင်း အထန်တိုက်ဖျက်လျက်ရှိသော ဗိုင်းရပ်ပိုးတစ်မျိုးဖြစ်နေရခြင်းမှာ တိကျသောကုသနည်းဆေးဝါးများမရှိခြင်းနှင့်ကိုယ်ဝန်ဆောင်ချိန်တွင်ကူးစက်ခံပါကမိခင်မှတစ်ဆင့်သန္ဓေသားသို့ကူးစက်ကာ၂၀ရာခိုင်နှုန်းသည် ဉာဏ်ရည်မမီသောရင်သွေးကိုမွေးဖွားနိုင် သောကြောင့်ဖြစ်ပါသည်။ ထို့ပြင် ပျံ့ပွားလွယ်သောရောဂါအမျိုး အစားတစ်ခုလည်းဖြစ်ပါသည်။
ဇီကာဗိုင်းရပ်ဆိုတာဘာလဲ
ဇီကာဗိုင်းရပ်ကြောင့်ဖြစ်သောရောဂါသည် ဇီကာဗိုင်းရပ် ပိုးရှိနေသော Aedes မျိုးစိတ်ခြင်ကိုက်ခံရခြင်းကြောင့်ကျွန်တော်တို့လူသားများဆီသို့ဇီကာဟုခေါ်သောဗိုင်းရပ်ပိုးများပြန့်ပွားပြီး ဖြစ်လာရသောရောဂါတစ်မျိုးဖြစ်ပါသည်။ゞင်းဇီကာဗိုင်းရပ်ကို အာဖရိကတိုက်၊ ယုဂန္ဓာနိုင်ငံ ဇီကာသစ်တောတွင် မှီတင်းနေထိုင် သောမျောက်များမှာစတင်တွေ့ရှိခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် လူ သားတစ်ဦးဆီသို့ ပထမဆုံးစတင်ကူးစက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ပိုင်းတွင် အပူပိုင်းဒေသများဖြစ်သော အာဖရိက၊ အရှေ့တောင် အာရှနှင့် ပစိဖိတ်ကျွန်းများတွင်ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်းသိ ခဲ့ရသည်။ ၂၀ဝ၇ ခုနှစ်မတိုင်မီအထိ ဇီကာဗိုင်းရပ်ကြောင့်ဖြစ်ပေါ် သောရောဂါဖြစ်ပွားမှုအနည်းဆုံး ၁၄ ခုရှိခဲ့ကြောင်း မှတ်တမ်းများ အရသိရှိခဲ့ရပြီး ဇီကာရောဂါလက္ခဏာသည် အခြားသောရောဂါ များ၏ လက္ခဏာရပ်များနှင့်တူညီနေသောကြောင့် အခြားမှတ်တမ်း မရှိသောဖြစ်ပွားမှုများလည်း ရှိခဲ့ပါသည်။
၂၀၁၃၊ ၂၀၁၄ ခုနှစ်တွင် ဇီကာဗိုင်းရပ်သည် ပစိဖိတ် ကျွန်းများမှတစ်ဆင့် ပြင်သစ်နိုင်ငံရှိ ပိုလီနီးရှား၊ ကယ်လီဒိုနီးယား နှင့်ကွတ်ကျွန်း၊ အိစတာကျွန်းများသို့ပျံ့နှံ့လာပြီး ၂၀၁၅ ခုနှစ်တွင် မက္ကဆီကို၊ အမေရိကန်၊ ကာရေဗီယန်နှင့် တောင်အမေရိကတိုက် များသို့ ကမ္ဘာအနှံ့တွင်ဖြစ်ပွားသောရောဂါပုံစံမျိုးဖြင့်ကူးစက်ပျံ့နှံ့ လာခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ မေလတွင် Pan American Health Organization (PAHO) က ဘရာဇီးနိုင်ငံတွင် ဇီကာဗိုင်းရပ်ကူး စက်မှုစတင်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် WHO က ဇီကာဗိုင်းရပ်နှင့်ပတ်သက် ၍နိုင်ငံတကာအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများကို ထုတ် ပြန်ကြေညာခဲ့ပါသည်။ နိုင်ငံတစ်နိုင်ငံချင်းဆီကလည်းဇီကာဗိုင်းရပ်နှင့်ပတ်သက်ပြီး ပြည်တွင်းကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု များကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဇီကာဗိုင်းရပ်သည် တဖြည်း ဖြည်းချင်း အခြားသောနယ်မြေအသစ်များကိုဆက်လက်ပြန့်ပွား နိုင်ကြောင်းကိုလည်းဆက်လက်သတိပေးပြောကြားခဲ့ပါသည်။ဇီကာဗိုင်းရပ်သည်မည်သည့်နေရာသို့ဆက်လက်ဦးတည်ပြန့်ပွား နိုင်ကြောင်းကိုလည်းခန့်မှန်းရန်ခက်ခဲသည်ဟုလည်း ထုတ်ပြန် ခဲ့ပါသည်။
ရောဂါလက္ခဏာအခြေအနေ
ဇီကာ၏အဓိကရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ အင် ပျဉ်ထခြင်း၊ အရိုးအဆစ်များနာကျဉ်ခြင်း၊ မျက်စိနာခြင်း စသည် တို့ပါဝင်ပါသည်။ ဗိုင်းရပ်ကူးစက်ခံရသူငါးယောက်တွင်တစ်ယောက်သာ သာမန်ဖျားနာခြင်းကဲ့သို့သော ရောဂါလက္ခဏာကိုဗိုင်းရပ်ပိုးရှိသည့်ခြင်ကိုက်ခံရပြီးရက်အနည်းငယ်မှတစ်ပတ်အထိခံစားရပါသည်။ဇီကာဗိုင်းရပ်ကူးစက်ခံရခြင်းကိုအလွယ်တကူမသိရှိနိုင်ခြင်းမှာ ပြင်းထန်သောရောဂါဝေဒနာကို မခံစားရသောဖြစ်ပါသည်။
ဇီကာဗိုင်းရပ်ကြောင့် သေဆုံးမှုရှားပါးသော်လည်း ကိုယ် ဝန်ဆောင်မိခင်များကူးစက်ခံရပါက သန္ဓေသားတွင် Mirocephaly ဟုခေါ်သော ဦးခေါင်းနှင့် ဦးနှောက်အရွယ်အစားသေးကာ ဖွံ့ ဖြိုးမှုနှေးသောရောဂါဖြစ်ပွားတတ်ပါသည်။ဇီကာဗိုင်းရပ်သည်Guillain-Barre Syndrome နှင့်ဆက်စပ်မှုရှိနေသောကြောင့်တုပ်ကွေးရောဂါနှင့် လေဖြတ်ခြင်းဝေဒနာကိုလည်းဖြစ်ပေါ်စေပါ သည်။
ဇီကာဗိုင်းရပ်သည် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေ သားသို့ကူးစက်တတ်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအား ဇီကာရောဂါတွေ့ရှိထားသောအရပ်ဒေသများကို သွားရောက်ခြင်း မပြုရန် သတိပေးချက်များထုတ်ပြန်ထားလျက်ရှိပါသည်။
ဇီကာဗိုင်းရပ်တွေ ဘယ်လိုပြန့် ပွားနေလဲ
ဇီကာဗိုင်းရပ်သည်ဗိုင်းရပ်ရှိသောခြင်ကိုက်ခံရခြင်းမှ အဓိကကူးစက်ပျံ့နှံ့ပြီး နေ့ခင်းဘက်တွင်ကိုက်သောခြင်ကပို၍ကူးစက်နိုင်ခြေများပါသည်။ထို့ပြင် ရောဂါကူးစက်ခံရသောကိုယ်ဝန် ဆောင်မှတစ်ဆင့်သန္ဓေသားသို့ကူးစက်သော်လည်းမိခင်နို့တိုက် ကျွေးခြင်းမှတစ်ဆင့်ကူးစက်ခံရခြင်းကဲ့သို့သော မှတ်တမ်းမျိုးကို ဗိုင်းရပ်ပျံ့နှံ့နေသောဒေသမှာတောင် မတွေ့ရှိပါ။ ဇီကာဗိုင်းရပ် သည် ရောဂါရှိသူ၏သွေးမှတစ်ဆင့်၊ လိင်ဆက်ဆံခြင်းမှတစ်ဆင့် လည်း ကူးစက်ပျံ့ပွားနေပါသည်။ ထို့ပြင် ဇီကာဗိုင်းရပ်ကူးစက်ခံ ရသူ၏တံတွေးနှင့်ဆီးများတွင်လည်း ဗိုင်းရပ်ပိုးများကိုတွေ့ရှိရပါ သည်။
ကုသရန်ဆေးရှိပြီလား
ဇီကာရောဂါကူးစက်ခံရခြင်းကို ကုသရန်နှင့်ကာကွယ်ရန် တိကျသောဆေးဝါးမရှိသေးပါ။
ကုသနည်းတွေရှိပြီလား
ဇီကာရောဂါကူးစက်ခံရခြင်းအတွက် သေချာသောကုသ ရန်နည်းလမ်းမရှိသေးပါ။ ဖျားနာခြင်းနှင့် နာကျင်မှုဝေဒနာသက် သာရန်သာ ကုသပေးနိုင်သည်။
ဇီကာဗိုင်းရပ်ကို ဘယ်လိုကာကွယ်ကြမလဲ
ဇီကာဗိုင်းရပ်သည် ခြင်ကိုက်ခံရခြင်းမှ အဓိကကူးစက် နိုင်သောကြောင့် ခြင်မကိုက်အောင်ကာကွယ်ရန်အဓိကလိုအပ်ပါသည်။
ကာကွယ်နိုင်သောနည်းလမ်းအချို့မှာ
– ပိုးလောက်လန်းများမပေါက်ဖွားနိုင်ရန် ရေအြွကင်း အကျန်များကိုသွန်ခြင်း၊ ရေစည်ရေတိုင်ကီများကို အဖုံးအုပ်ခြင်း၊ မြောင်းများ ရေသွားရေလာကောင်း အောင်ပြုလုပ်ခြင်း၊ ရေအိုင်ငယ်ကိုရှင်းလင်းခြင်း။
– ခြင်များခိုအောင်းနိုင်သောခြုံနွယ်ပင်များကို ရှင်း လင်းခြင်း။
– မိမိနေထိုင်ရာပတ်ဝန်းကျင်အား ခြင်မခိုအောင်းနိုင်ရန် သန့်ရှင်း၍အလင်းရောင်ကောင်းမွန်စွာရအောင် ပြုလုပ်ခြင်း။
– အကျႌလက်ရှည်၊ ဘောင်းဘီရှည်များဝတ်ဆင်ခြင်း။
– အဲယားကွန်း၊ သို့မဟုတ် ခြင်လုံဇကာများတပ်ဆင်၍ နေထိုင်ခြင်း။
– ခြင်ထောင်ဖြင့်အိပ်ခြင်း။
– ခြင်မကိုက်သည့်ဆေးများလိမ်းခြင်း၊ (ဆေးအညွှန်း အတိုင်းအသုံးပြုရန်နှင့် နှစ်လအောက်ကလေးများ အား လိမ်းခြင်းမပြုလုပ်ရန်)။
– ခြင်ဆေးဖျန်းခြင်း။
– ဗိုင်းရပ်ကူးစက်ခံထားရပါက သွေးအတွင်း ဇီကာ ဗိုင်းရပ်ရှိကြောင်းသိရှိပြီး တစ်ပတ်အတွင်းမိမိထံမှ ဗိုင်းရပ်မပျံ့စေရန် ခြင်ကိုက်မခံရအောင်ကာကွယ် ရမည်။
– အိမ်ထောင်ရှိအမျိုးသား၊ အမျိုးသမီးဖြစ်ပါက မိမိ၏ခင်ပွန်း၊ ဇနီးထံသို့မကူးစက်စေရန် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်ရမည်။
– အခြားဒေသသို့ခရီးသွားခြင်းမျိုးကိုလည်း ရှောင် ကြဉ်ရမည်။
ဇီကာဗိုင်းရပ်ကူးစက်ခံရပြီလို့ထင်ရင် ဘာတွေလုပ်ကြမလဲ
အကယ်၍ သင်သည် ဇီကာဗိုင်းရပ်ဖြစ်ပွားနေသောနေရာ ဒေသသို့သွားရောက်ပြီး ဖျားနာကိုက်ခဲခြင်းကိုခံစားရပါက နီးစပ် ရာဆရာဝန်ထံသွားရောက်၍ မိမိသည် မည်သည့်ဒေသသို့ မည် သည့်အချိန်တွင်သွားရောက်ခဲ့သည်ကိုပွင့်လင်းစွာပြောဆို၍ကျန်းမာရေးစစ်ဆေးမှုကိုချက်ချင်းပြုလုပ်သင့်ပါသည်။ဗိုင်းရပ်ကူးစက်ခံရပါကသင့်တော်သောကုသမှုကိုခံယူ၍ ကောင်းစွာအနားယူခြင်းနှင့် ရေဓာတ်မကုန်ဆုံးစေရန် ရေများများသောက်ပေးခြင်း ပြုလုပ်ရန်လိုအပ်ပါသည်။
ယခုအချိန်တွင် ဇီကာဗိုင်းရပ်ကူးစက်ခံရသူများသည် အသက်သေဆုံးခြင်းဖြစ်စဉ်နည်းပါးသော်လည်း မိခင်လောင်းများကို ကူးစက်ပါက ဦးနှောက်ဖွံ့ဖြိုးမှုနှေးသောရင်သွေးကို မွေးဖွားနိုင် ခြင်းနှင့် အခြားသော ဆိုးရွားသည့်နောက်ဆက်တွဲရောဂါဝေဒနာများရှိနေသည့်အတွက် ကြောက်စရာကောင်းသည့်ရောဂါသဖွယ် ဖြစ်တည်နေပါသည်။ လက်ရှိအချိန်တွင် ၎င်းဇီကာဗိုင်းရပ်သည် ဗိုင်းရပ်ရှိသောခြင်အကိုက်ခံရခြင်းကြောင့် ကမ္ဘာတစ်ဝန်းတွင်ပျံ့နှံ့လာခြင်းဖြစ်သည်။သို့ဖြစ်ပါ၍မိမိပတ်ဝန်းကျင်ကို ခြင်မရှိ အောင်ပြုလုပ်စောင့်ရှောက်ခြင်းဖြင့် ကုရာနတ္ထိဆေးမရှိဖြစ်နေသေး သောဇီကာဗိုင်းရပ်အန္တရာယ်ကို ကာကွယ်သင့်ပါသည်။
AUTHOR – ဒေါက်တာထက်ဝေ