ငှက်ဖျားအကြောင်းသိကောင်းစရာ

ငွက္ဖ်ားအေၾကာင္းသိေကာင္းစရာ

ေတာထဲက စိမ့္စိမ္းေရေသာက္မိတာ၊ ငွက္ေပ်ာသီးစားမိရင္ ငွက္ဖ်ားျဖစ္တယ္လို႔ လူတခ်ိဳ႕က ခုထိ ထင္ေနၾကဆဲပါ။

အဲ့ဒါဟာမွားပါတယ္။

တကယ္ေတာ့ ငွက္ဖ်ားေရာဂါဆိုတာဟာ Plasmodium parasites ဆိုတဲ့ ကပ္ပါးေကာင္ (ငွက္ဖ်ားပိုး) ေသြးထဲကို ဝင္ေရာက္ကူးစက္ခံရျခင္းေၾကာင့္ ျဖစ္ပါတယ္။

အမ်ားအားျဖင့္ေတာ့ Plasmodium parasites ဆိုတဲ့ ကပ္ပါးေကာင္ (ငွက္ဖ်ားပိုး) ကို သယ္ေဆာင္ထားေသာ Anopheles အေနာဖီးလီးျခင္မ ကိုက္ခံရျခင္းမွ တဆင့္ ငွက္ဖ်ားပိုးဟာေသြးထဲဝင္ေရာက္ကူးစက္တတ္ပါတယ္။

ဒါ့ျပင္ Plasmodium parasites ကပ္ပါးေကာင္ (ငွက္ဖ်ားပိုး) ပါတဲ့ ေသြးကို သြင္းမိရာကေနတဆင့္လည္း ငွက္ဖ်ားျဖစ္တတ္ပါတယ္။

Plasmodium parasites မ်ိဳးႏြယ္ေတြအမ်ားႀကီးရွိတဲ့ထဲက လူကိုကူးစက္ၿပီးေရာဂါျဖစ္ေစေသာ Plasmodium parasites ၅ မ်ိဳးရွိပါတယ္။

အဲ့ဒါေတြကေတာ့
– Plasmodium falciparum,
– Plasmodium vivax,
– Plasmodium ovale,
– Plasmodium malariae နဲ႔
– Plasmodium knowlesi တို႔ျဖစ္ၾကပါတယ္။

ဒီငါးမ်ိဳးထဲက Plasmodium falciparum အမ်ိဳးအစားဟာ အျဖစ္မ်ားဆုံးျဖစ္ၿပီး အခ်ိဳ႕ေတြမွာ ျပင္းထန္တဲ့ငွက္ဖ်ားေရာဂါကိုျဖစ္ေစႏိုင္ပါတယ္။

ငွက္ဖ်ားပိုးဝင္ေရာက္ကူးစက္ခံရရျခင္းမွာ ငွက္ဖ်ားလကၡဏာေတြ ျပေလ့မရွိပါ။ ငွက္ဖ်ားေရာဂါ လကၡဏာေတြဟာ အမ်ားအားျဖင့္ ငွက္ဖ်ားပိုး ဝင္ေရာက္ကူးစက္ခံရၿပီးေနာက္ ၁၀ရက္ေလာက္အၾကာမွာမွ စျပေလ့ရွိပါတယ္။

Anopheles အေနာဖီးလီးျခင္မ ကိုက္ခံရတဲ့အခါမွာ ငွက္ဖ်ားပိုးဟာ ေသြးေၾကာေတြမွတဆင့္ အသည္းဆီကိုေရာက္ရွိသြားကာ အသည္းဆဲလ္ထဲ (Liver cell) မွာေနၿပီး စတင္ႀကီးရင့္ပြားမ်ားပါတယ္။

ႀကီးရင့္ပြားမ်ားလာတဲ့ ငွက္ဖ်ားပိုးေတြဟာ ေသြးနီဥထဲကို ထပ္မံ ဝင္ေရာက္ကူးစက္ၿပီး ေသြးနီဥထဲမွာ ဆက္လက္ပြားမ်ားပါတယ္။

ေသြးနီဥထဲမွာ ငွက္ဖ်ားပိုးေတြ တအားပြားမ်ားလာတဲ့အခါမွာ ထိုေသြးနီဥဟာ ေပါက္ထြက္သြားပါတယ္။ အဲ့လိုေပါက္ထြက္တဲ့အခါ ငွက္ဖ်ားပိုးေတြဟာေသြးထဲမွာပံ်႕သြားၿပီး တျခားက်န္တဲ့ ေသြးနီဥေတြကိုပါ ထပ္မံဝင္ေရာက္ကူးစက္ပါတယ္။

အဲ့အခါမွာ ငွက္ဖ်ားေရာဂါလကၡဏာေတြကို စတင္ခံစားရပါတယ္။

ငွက္ဖ်ားေရာဂါဟာ ……….

ငွက္ဖ်ားပိုးအမ်ိဳးအစား၊ လူနာရဲ႕ကိုယ္ခံအားအေျခအေန၊ လူနာမွာေရာဂါအခံရွိမရွိေပၚမူတည္ၿပီး သာမန္ငွက္ဖ်ားေရာဂါလည္းျဖစ္ႏိုင္သလို ျပင္းထန္ငွက္ဖ်ားေရာဂါမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။

သာမန္ငွက္ဖ်ားေရာဂါလကၡဏာေတြကေတာ့ …………………..

– ခ်မ္းတုန္ၿပီးေနာက္ အဖ်ားတက္ကိုယ္အရမ္းပူလာကာ ေခြၽးေတြတအားထြက္ျခင္း

– ကိုယ္လက္မအီမသာျဖစ္ျခင္း

– အန္ျခင္း၊ဗိုက္နာျခင္း၊ဝမ္းေလွ်ာျခင္း စသျဖင့္ျဖစ္ပါတယ္။

ျပင္းထန္ငွက္ဖ်ားေရာဂါလကၡဏာေတြကေတာ့ ………………..

– အလြန္အမင္းအဖ်ားတက္တာ

– အလြန္အမင္းျဖဴေဖ်ာ့လာတာ

– ဆီးမည္းေတြသြားတာ၊ ဝမ္းမည္းေတြသြားတာ

– ေက်ာက္ကပ္ထိၿပီး ဆီးကနဲနဲပဲသြားတာ၊ဆီးလုံးဝမသြားေတာ့တာ

– အသက္ရႈရခက္တာ

– ေျခဖ်ားလက္ဖ်ားေတြေအးစက္လာတာ

– ဦးေႏွာက္ထဲ ငွက္ဖ်ားပိုးေရာက္ၿပီး စိတ္တိုလြယ္တာ၊ မွိန္းလြန္းတာ၊ ေန႔မွန္းညမွန္းမသိတာ၊ ဘယ္ေနရာေရာက္ေနမွန္းမသိတာ၊ ကေယာင္ကတမ္းေတြေျပာတာ၊ စိတ္ရႈပ္ေထြးတာ၊ တက္တာ၊ သတိလစ္တာ

– ႏွာေခါင္း၊ပါးစပ္ စတဲ့ေနရာေတြကေန ေသြးယိုစီးတာ စသျဖင့္ျဖစ္ပါတယ္။

ဒီလိုေတြျဖစ္ပါက အျမန္ဆုံး နီးစပ္ရာေဆး႐ုံ၊ေဆးခန္းျပဖို႔လိုပါတယ္။

ေရာဂါစစ္ေဆးမႈ

ငွက္ဖ်ားေရာဂါရွိမရွိ စမ္းသပ္စစ္ေဆးမႈအေနနဲ႔ကေတာ့ ေသြးစစ္ၾကည့္ႏိုင္ပါတယ္။

ဒါ့အျပင္လိုအပ္ပါက အာထရာေဆာင္း႐ိုက္တာ၊ အီးစီဂ်ီဆြဲတာ၊ ရင္ဘတ္ဓါတ္မွန္႐ိုက္တာ စတဲ့စစ္ေဆးမႈေတြလည္း လုပ္ဖို႔လိုႏိုင္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ့ …….
ေရာဂါအေျခအေနနဲ႔လူနာအေျခအေနေပၚမူတည္ၿပီး ေသာက္ေဆးနဲ႔ပဲကုတာရွိသလို ေဆး႐ုံတက္ၿပီး ထိုးေဆးေရာ ေသာက္ေဆးေရာ ႏွစ္မ်ိဳးလုံးနဲ႔ကုရတာမ်ိဳးလည္းရွိႏိုင္ပါတယ္။

ငွက္ဖ်ားေရာဂါျဖစ္ပြားႏိုင္ေျခ နည္းေအာင္ကေတာ့ ……………..
– ျခင္ကိုက္မခံရေအာင္ေနပါ။
– အက်ီလက္ရွည္၊ေဘာင္းဘီလက္ရွည္ဝတ္အိပ္ပါ။
– ဘယ္ေနရာမွာ ဘယ္အခ်ိန္မွာ အိပ္အိပ္ အိပ္တဲ့အခါျခင္ေထာင္နဲ႔အိပ္ပါ။
– ႐ိုး႐ိုးျခင္ေထာင္အစား ေဆးစိမ္ျခင္ေထာင္သုံးႏိုင္ရင္ပိုေကာင္းပါတယ္။
– မိမိေနအိမ္ကို ျခင္လုံသံဇကာကာပါ။
– ေနအိမ္ဝန္းက်င္ကို ျခင္ေဆးဖ်န္းပါ။
– ငွက္ဖ်ားေရာဂါအျဖစ္မ်ားတဲ့ေဒသေတြကိုသြားမယ္ဆိုရင္ မသြားခင္ ဆရာဝန္နဲ႔တိုင္ပင္ၿပီး ေဆးေတြယူသြားပါ။

Dr 528

(Unicode Version)

ငှက်ဖျားအကြောင်းသိကောင်းစရာ

တောထဲက စိမ့်စိမ်းရေသောက်မိတာ၊ ငှက်ပျောသီးစားမိရင် ငှက်ဖျားဖြစ်တယ်လို့ လူတချို့က ခုထိ ထင်နေကြဆဲပါ။

အဲ့ဒါဟာမှားပါတယ်။

တကယ်တော့ ငှက်ဖျားရောဂါဆိုတာဟာ Plasmodium parasites ဆိုတဲ့ ကပ်ပါးကောင် (ငှက်ဖျားပိုး) သွေးထဲကို ဝင်ရောက်ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။

အများအားဖြင့်တော့ Plasmodium parasites ဆိုတဲ့ ကပ်ပါးကောင် (ငှက်ဖျားပိုး) ကို သယ်ဆောင်ထားသော Anopheles အနောဖီးလီးခြင်မ ကိုက်ခံရခြင်းမှ တဆင့် ငှက်ဖျားပိုးဟာသွေးထဲဝင်ရောက်ကူးစက်တတ်ပါတယ်။

ဒါ့ပြင် Plasmodium parasites ကပ်ပါးကောင် (ငှက်ဖျားပိုး) ပါတဲ့ သွေးကို သွင်းမိရာကနေတဆင့်လည်း ငှက်ဖျားဖြစ်တတ်ပါတယ်။

Plasmodium parasites မျိုးနွယ်တွေအများကြီးရှိတဲ့ထဲက လူကိုကူးစက်ပြီးရောဂါဖြစ်စေသော Plasmodium parasites ၅ မျိုးရှိပါတယ်။

အဲ့ဒါတွေကတော့
– Plasmodium falciparum,
– Plasmodium vivax,
– Plasmodium ovale,
– Plasmodium malariae နဲ့
– Plasmodium knowlesi တို့ဖြစ်ကြပါတယ်။

ဒီငါးမျိုးထဲက Plasmodium falciparum အမျိုးအစားဟာ အဖြစ်များဆုံးဖြစ်ပြီး အချို့တွေမှာ ပြင်းထန်တဲ့ငှက်ဖျားရောဂါကိုဖြစ်စေနိုင်ပါတယ်။

ငှက်ဖျားပိုးဝင်ရောက်ကူးစက်ခံရရခြင်းမှာ ငှက်ဖျားလက္ခဏာတွေ ပြလေ့မရှိပါ။ ငှက်ဖျားရောဂါ လက္ခဏာတွေဟာ အများအားဖြင့် ငှက်ဖျားပိုး ဝင်ရောက်ကူးစက်ခံရပြီးနောက် ၁၀ရက်လောက်အကြာမှာမှ စပြလေ့ရှိပါတယ်။

Anopheles အနောဖီးလီးခြင်မ ကိုက်ခံရတဲ့အခါမှာ ငှက်ဖျားပိုးဟာ သွေးကြောတွေမှတဆင့် အသည်းဆီကိုရောက်ရှိသွားကာ အသည်းဆဲလ်ထဲ (Liver cell) မှာနေပြီး စတင်ကြီးရင့်ပွားများပါတယ်။

ကြီးရင့်ပွားများလာတဲ့ ငှက်ဖျားပိုးတွေဟာ သွေးနီဥထဲကို ထပ်မံ ဝင်ရောက်ကူးစက်ပြီး သွေးနီဥထဲမှာ ဆက်လက်ပွားများပါတယ်။

သွေးနီဥထဲမှာ ငှက်ဖျားပိုးတွေ တအားပွားများလာတဲ့အခါမှာ ထိုသွေးနီဥဟာ ပေါက်ထွက်သွားပါတယ်။ အဲ့လိုပေါက်ထွက်တဲ့အခါ ငှက်ဖျားပိုးတွေဟာသွေးထဲမှာပံျ့သွားပြီး တခြားကျန်တဲ့ သွေးနီဥတွေကိုပါ ထပ်မံဝင်ရောက်ကူးစက်ပါတယ်။

အဲ့အခါမှာ ငှက်ဖျားရောဂါလက္ခဏာတွေကို စတင်ခံစားရပါတယ်။

ငှက်ဖျားရောဂါဟာ ……….

ငှက်ဖျားပိုးအမျိုးအစား၊ လူနာရဲ့ကိုယ်ခံအားအခြေအနေ၊ လူနာမှာရောဂါအခံရှိမရှိပေါ်မူတည်ပြီး သာမန်ငှက်ဖျားရောဂါလည်းဖြစ်နိုင်သလို ပြင်းထန်ငှက်ဖျားရောဂါမျိုးလည်းဖြစ်နိုင်ပါတယ်။

သာမန်ငှက်ဖျားရောဂါလက္ခဏာတွေကတော့ …………………..

– ချမ်းတုန်ပြီးနောက် အဖျားတက်ကိုယ်အရမ်းပူလာကာ ချွေးတွေတအားထွက်ခြင်း

– ကိုယ်လက်မအီမသာဖြစ်ခြင်း

– အန်ခြင်း၊ဗိုက်နာခြင်း၊ဝမ်းလျှောခြင်း စသဖြင့်ဖြစ်ပါတယ်။

ပြင်းထန်ငှက်ဖျားရောဂါလက္ခဏာတွေကတော့ ………………..

– အလွန်အမင်းအဖျားတက်တာ

– အလွန်အမင်းဖြူဖျော့လာတာ

– ဆီးမည်းတွေသွားတာ၊ ဝမ်းမည်းတွေသွားတာ

– ကျောက်ကပ်ထိပြီး ဆီးကနဲနဲပဲသွားတာ၊ဆီးလုံးဝမသွားတော့တာ

– အသက်ရှုရခက်တာ

– ခြေဖျားလက်ဖျားတွေအေးစက်လာတာ

– ဦးနှောက်ထဲ ငှက်ဖျားပိုးရောက်ပြီး စိတ်တိုလွယ်တာ၊ မှိန်းလွန်းတာ၊ နေ့မှန်းညမှန်းမသိတာ၊ ဘယ်နေရာရောက်နေမှန်းမသိတာ၊ ကယောင်ကတမ်းတွေပြောတာ၊ စိတ်ရှုပ်ထွေးတာ၊ တက်တာ၊ သတိလစ်တာ

– နှာခေါင်း၊ပါးစပ် စတဲ့နေရာတွေကနေ သွေးယိုစီးတာ စသဖြင့်ဖြစ်ပါတယ်။

ဒီလိုတွေဖြစ်ပါက အမြန်ဆုံး နီးစပ်ရာဆေးရုံ၊ဆေးခန်းပြဖို့လိုပါတယ်။

ရောဂါစစ်ဆေးမှု

ငှက်ဖျားရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုအနေနဲ့ကတော့ သွေးစစ်ကြည့်နိုင်ပါတယ်။

ဒါ့အပြင်လိုအပ်ပါက အာထရာဆောင်းရိုက်တာ၊ အီးစီဂျီဆွဲတာ၊ ရင်ဘတ်ဓါတ်မှန်ရိုက်တာ စတဲ့စစ်ဆေးမှုတွေလည်း လုပ်ဖို့လိုနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ …….
ရောဂါအခြေအနေနဲ့လူနာအခြေအနေပေါ်မူတည်ပြီး သောက်ဆေးနဲ့ပဲကုတာရှိသလို ဆေးရုံတက်ပြီး ထိုးဆေးရော သောက်ဆေးရော နှစ်မျိုးလုံးနဲ့ကုရတာမျိုးလည်းရှိနိုင်ပါတယ်။

ငှက်ဖျားရောဂါဖြစ်ပွားနိုင်ခြေ နည်းအောင်ကတော့ ……………..
– ခြင်ကိုက်မခံရအောင်နေပါ။
– အကျီလက်ရှည်၊ဘောင်းဘီလက်ရှည်ဝတ်အိပ်ပါ။
– ဘယ်နေရာမှာ ဘယ်အချိန်မှာ အိပ်အိပ် အိပ်တဲ့အခါခြင်ထောင်နဲ့အိပ်ပါ။
– ရိုးရိုးခြင်ထောင်အစား ဆေးစိမ်ခြင်ထောင်သုံးနိုင်ရင်ပိုကောင်းပါတယ်။
– မိမိနေအိမ်ကို ခြင်လုံသံဇကာကာပါ။
– နေအိမ်ဝန်းကျင်ကို ခြင်ဆေးဖျန်းပါ။
– ငှက်ဖျားရောဂါအဖြစ်များတဲ့ဒေသတွေကိုသွားမယ်ဆိုရင် မသွားခင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးတွေယူသွားပါ။

Dr 528