HIV ပိုး ဘယ်တော့မှမကူးနိုင်အောင် လုပ်ထားတဲ့ တရုတ်ကအမွှာ

HIV ပိုုး ဘယ္ေတာ့မွမကူးနိုုင္ေအာင္ လုုပ္ထားတဲ့ တရုုတ္ကအမႊာ

ဦးလူေဌး တစ္ေယာက္ December လထုတ္ Time မဂၢဇင္းကို ကိုင္ကာ ေဒါက္တာ စိုးသန္းဆီသို႔ ေရာက္လာသည္။ ညပိုင္း ေဆးခန္းပိတ္ခ်ိန္နီးမွ ထြက္လာခဲ့ျခင္းျဖစ္သည္။  ေဒါက္တာ စိုးသန္းႏွင့္ စကားေအး ေဆး ေျပာခ်င္ေသာေၾကာင့္ လူနာရွင္းခ်ိန္ကို ေရြးလာခဲ့ျခင္းျဖစ္သည္။

ဦးလူေဌး ေရာက္ေတာ့ ေဒါက္တာ စိုးသန္းက ျပန္ရန္ျပင္ဆင္ေန ျပီ။ ေဆးခန္းေရွ့မွ ေမာင္ေအးကား

” ေနာက္က်လိုက္တာ။ ကဲ ဘာျဖစ္တာ လဲ ေျပာပါဦး”    လူနာ စာရင္းတြင္ မွတ္ရန္ ေဘာပင္ကိုင္လိုက္သည္။ ဆရာ၀န္ကသေဘာေကာင္းေသာေၾကာင့္ ေၾကာက္စရာမလိုေပမဲ့ ေမာင္ေအးကိုေတာ့ လူနာမ်ားလန္႔ၾကသည္။

” ေနမေကာင္းလို႔လာတာ မဟုတ္ဘူး။ ဆရာနဲ႔ စကားနည္းနည္းေျပာစရာရွိလို႔လာတာ။  ”

” ဆရာေရ ဦးလူေဌးက စကားေျပာခ်င္လို႔တဲ့ လြတ္လိုက္မယ္ေနာ္  ” ေမာင္ေအးသည္ ေဒါက္တာ စိုးသန္းကို လွမ္းေျပာလိုက္သည္။

” ေအးေအး လြတ္လိုက္ေလ  ”

ဦးလွေဌး သည္ ေမာင္ ေအး ခြင့္ျပဳခ်က္နွင့္ ေဆးခန္းထဲသို႔ ၀င္လာရသည္။

” ေမးစရာေလးရွိလို႔ ဆရာေရ ” ဒီလိုမ်ိဳး ကိုယ္သိခ်င္တာေလးေတြကို ဦးလွေဌးတစ္ေယာက္လာေမးေနၾကျဖစ္သည္။

” ဟုတ္ကဲ့ ေမးပါ ဦး  ”

“ဒီလထုတ္ Time မဂၢဇင္းမွာ  ေဆာင္းပါး တစ္ပုဒ္ပါလာတယ္ဆရာ ။ အဲဒါ အမွန္လား သိခ်င္လို႔ ဆရာကို လာေမးတာပါ။ ျပီးေတာ့ ကၽြန္ေတာ သိပ္လည္း နားမရွင္းလို႔ပါ ဆရာ။  ”

ေဒါက္တာ စိုးသန္းသည္ ဦးလွေဌး ေပးေသာ ေဆာင္းပါးကို ဖတ္လိုက္သည္။

“ဒီေဆာင္းပါးထဲမွာ ပါသလိုမ်ိဳး China မွာ HIV ပိုးကို resistant ျဖစ္တဲ့ ကေလးေတြ ေမြးလို႔ရျပီဆိုတာ အမွန္ပဲလားဟင္  ”

” Time မဂၢဇင္းမွာေတာ့ ဒီအတိုင္းေရးထားတာပါပဲ။ တရုတ္သိပၸံပညာရွင္ He Jiankui ဟာ HIVပိုး  resistant ျဖစ္တဲ့ ကေလး ေနာက္တစ္မ်ိဳးေျပာရင္ေတာ့ HIV မကူးစက္ႏိုင္တဲ့ အမႊာ ကေလး ႏွစ္ေယာက္ကို ေမြးဖြားေပးႏိုင္တယ္လို႔ ေရးထားတာပါ။  ”

” ေနာက္ကေလး တစ္ေယာက္ကိုလည္း ကိုယ္၀န္ေဆာင္ထားတယ္လို႔ ေရးထားတယ္ေနာ္။ ”

” ဟုတ္ကဲ့ပါ။ အမႊာကေလးနွစ္ေယာက္ကို ေမြးဖြားထားပါတယ္။ အဲဒီကေလးႏွစ္ေယာက္မွာ HIV ပိုးမကူးစက္ႏိုင္ဘူးလို႔ေတာ့ ေရးထားပါတယ္။ ဘာလို႔ မကူးစက္ႏိုင္တာလဲ ဆိုရင္ HIV ပိုးဟာ လူခႏၶာကိုယ္ထဲကို ၀င္သြားရင္ ေသြးျဖဴဥေတြထဲကို ၀င္ပါတယ္။ ေသြးျဖဴဥ ေတြက လူရဲ့ ကိုယ္ခံစြမ္းအား မွာ အမ်ားၾကီး အေရးပါပါတယ္။ ေသြးျဖဴဥေတြ ပ်က္စီးသြားရင္ ကုခံအားက်ဆင္းမႈေရာဂါ အဆင့္ကို ေရာက္ပါတယ္။ HIV ပိုး ကူးစက္ခံရျပီးရင္  AIDS လို႔ေခၚတဲ့ ခုခံအားက်ဆင္းမႈ ေရာဂါ ျဖစ္ဖို႔ အခ်ိန္တစ္ခု ေစာင့္ရပါတယ္။ ကိုယ္ခႏၶာထဲမွာ ေသြးျဖဴဥေတြ နည္း သြားတဲ့ အခ်ိန္ေရာက္မွ AIDS ေရာဂါသည္ ဘ၀ကို ေရာက္တာပါ။ ဒါဆိုရင္ ေသြးျဖဴဥေတြ ဟာ သိပ္ကိုအေရးပါသြားျပီ။  HIV ပိုးဟာ ေသြးျဖဴဥထဲကို မ၀င္နိုင္ေအာင္ ကေလးေတြရဲ့ မ်ိဳးရိုးဗီဇမွာ ျပဳျပင္ေျပာင္းလဲလိုက္တာပါ။ ”

“ေတာ္ေတာ္ကို ထူးဆန္းတယ္ေနာ္ ဆရာ”

” အခု He Jiankui ကို တရုတ္ႏိုင္ငံအ ပါအ၀င္ ကမာၻတစ္လႊားက ေဆးပညာရွင္ေတြ သိပၸံပညာရွင္ေတြ ဟာ He Jiankui ရဲ့ လုပ္ရက္ကို ကန္႔ကြက္ေနၾကတာေပါ့။ ေဆးပညာက်င့္၀တ္နဲ႔ မညီညြတ္ပဲ လူသားေတြမွာ Gene editing လုပ္တာကို ကန္႔ကြက္ေနၾကတယ္။ အခုအခ်ိန္ထိ လူသားေတြမွာ  Gene editing လုပ္ခြင့္ မေပးေသးပါဘူး။ He Jiankui က သူ႔သေဘာနဲ႔သူ သုေတသန လုပ္ျပီး Youtube ေပၚမွာ တင္လိုက္တာပါ။ Scientific Journal ေတြမွာလည္း မတင္ပါဘူး။  ”

” ေၾသာ္ ”

“အခုေတာ့ စံုစမ္းစစ္ေဆးေရးေတြ ၀င္ေနတယ္ေပါ့ေနာ္။ သူေမြးဖြားေပးထားတဲ့ ကေလးနွစ္ေယာက္မွာ Gene editing လုပ္လိုက္တဲ့ အတြက္ HIV resistant ျဖစ္သြားးျပီဆိုတာ ေသခ်ာရဲ့လား။ ေနာက္တစ္ခုက ဘာဆိုးက်ိဳးေတြမ်ားျဖစ္လာမလဲ ဆိုတာကေတာ့ ေစာင့္ၾကည့္ရပါဦးမယ္။ ေရရည္ ေစာင့္ၾကည့္ရမယ္ေပါ့  ”

” ေက်းဇူးတင္ပါတယ္ ဆရာ။  ”

ဦးလူေဌးသည္ သူသိခ်င္သည္မ်ားကို သိရသည့္အတြက္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ထြက္သြားေတာ့သည္။

ေမာင္ေအးကား

”  ဆရာ ဒါဆို HIV ပိုးကူးစက္မွာေၾကာက္စရာမလိုေတာ့ဘူးေပါ့ေနာ္။ ”

”  ေနာက္ထပ္ သုေတသန ျပဳစရာေတြ ေတာ့ အမ်ားၾကီးလိုပါေသးတယ္။ ေစာင့္ေတာ့ ေစာင့္ၾကည့္ရဦးမွာေပါ့။ တကယ္သာ ဆိုရင္ေတာ့ ေဆးပညာအတြက္ အတိုင္းထက္အလြန္ေပါ့။”

ေဒါက္တာ စိုးသန္း တစ္ေယာက္ ေက်နပ္သလိုလို နွင့္ ေလးလံေနသည္။ HIV ပိုးကို resistant မျဖစ္ေအာင္ လုပ္နိုင္သည္ဆိုတာကေတ့ ၀မ္းသာ စရာ။ သုိ႔ေသာ္  CRISPR editing tool နည္းပညာ ႏွင့္ တစ္ျခား မသမာေသာ နည္းလမ္းမ်ားတြင္ေရာ အသံုးမျပဳနိုင္ဘူးလားဟု ေတြးေတာကာ ရင္ေမာေနမိေတာ့ သည္။

Dr.ေအးခ်မ္းမိုုး

Unicode Version

HIV ပိုး ဘယ်တော့မှမကူးနိုင်အောင် လုပ်ထားတဲ့ တရုတ်ကအမွှာ

ဦးလူဌေး တစ်ယောက် December လထုတ် Time မဂ္ဂဇင်းကို ကိုင်ကာ ဒေါက်တာ စိုးသန်းဆီသို့ ရောက်လာသည်။ ညပိုင်း ဆေးခန်းပိတ်ချိန်နီးမှ ထွက်လာခဲ့ခြင်းဖြစ်သည်။  ဒေါက်တာ စိုးသန်းနှင့် စကားအေး ဆေး ပြောချင်သောကြောင့် လူနာရှင်းချိန်ကို ရွေးလာခဲ့ခြင်းဖြစ်သည်။

ဦးလူဌေး ရောက်တော့ ဒေါက်တာ စိုးသန်းက ပြန်ရန်ပြင်ဆင်နေ ပြီ။ ဆေးခန်းရှေ့မှ မောင်အေးကား

” နောက်ကျလိုက်တာ။ ကဲ ဘာဖြစ်တာ လဲ ပြောပါဦး”    လူနာ စာရင်းတွင် မှတ်ရန် ဘောပင်ကိုင်လိုက်သည်။ ဆရာဝန်ကသဘောကောင်းသောကြောင့် ကြောက်စရာမလိုပေမဲ့ မောင်အေးကိုတော့ လူနာများလန့်ကြသည်။

” နေမကောင်းလို့လာတာ မဟုတ်ဘူး။ ဆရာနဲ့ စကားနည်းနည်းပြောစရာရှိလို့လာတာ။  ”

” ဆရာရေ ဦးလူဌေးက စကားပြောချင်လို့တဲ့ လွတ်လိုက်မယ်နော်  ” မောင်အေးသည် ဒေါက်တာ စိုးသန်းကို လှမ်းပြောလိုက်သည်။

” အေးအေး လွတ်လိုက်လေ  ”

ဦးလှဌေး သည် မောင် အေး ခွင့်ပြုချက်နှင့် ဆေးခန်းထဲသို့ ဝင်လာရသည်။

” မေးစရာလေးရှိလို့ ဆရာရေ ” ဒီလိုမျိုး ကိုယ်သိချင်တာလေးတွေကို ဦးလှဌေးတစ်ယောက်လာမေးနေကြဖြစ်သည်။

” ဟုတ်ကဲ့ မေးပါ ဦး  ”

“ဒီလထုတ် Time မဂ္ဂဇင်းမှာ  ဆောင်းပါး တစ်ပုဒ်ပါလာတယ်ဆရာ ။ အဲဒါ အမှန်လား သိချင်လို့ ဆရာကို လာမေးတာပါ။ ပြီးတော့ ကျွန်တော သိပ်လည်း နားမရှင်းလို့ပါ ဆရာ။  ”

ဒေါက်တာ စိုးသန်းသည် ဦးလှဌေး ပေးသော ဆောင်းပါးကို ဖတ်လိုက်သည်။

“ဒီဆောင်းပါးထဲမှာ ပါသလိုမျိုး China မှာ HIV ပိုးကို resistant ဖြစ်တဲ့ ကလေးတွေ မွေးလို့ရပြီဆိုတာ အမှန်ပဲလားဟင်  ”

” Time မဂ္ဂဇင်းမှာတော့ ဒီအတိုင်းရေးထားတာပါပဲ။ တရုတ်သိပ္ပံပညာရှင် He Jiankui ဟာ HIVပိုး  resistant ဖြစ်တဲ့ ကလေး နောက်တစ်မျိုးပြောရင်တော့ HIV မကူးစက်နိုင်တဲ့ အမွှာ ကလေး နှစ်ယောက်ကို မွေးဖွားပေးနိုင်တယ်လို့ ရေးထားတာပါ။  ”

” နောက်ကလေး တစ်ယောက်ကိုလည်း ကိုယ်ဝန်ဆောင်ထားတယ်လို့ ရေးထားတယ်နော်။ ”

” ဟုတ်ကဲ့ပါ။ အမွှာကလေးနှစ်ယောက်ကို မွေးဖွားထားပါတယ်။ အဲဒီကလေးနှစ်ယောက်မှာ HIV ပိုးမကူးစက်နိုင်ဘူးလို့တော့ ရေးထားပါတယ်။ ဘာလို့ မကူးစက်နိုင်တာလဲ ဆိုရင် HIV ပိုးဟာ လူခန္ဓာကိုယ်ထဲကို ဝင်သွားရင် သွေးဖြူဥတွေထဲကို ဝင်ပါတယ်။ သွေးဖြူဥ တွေက လူရဲ့ ကိုယ်ခံစွမ်းအား မှာ အများကြီး အရေးပါပါတယ်။ သွေးဖြူဥတွေ ပျက်စီးသွားရင် ကုခံအားကျဆင်းမှုရောဂါ အဆင့်ကို ရောက်ပါတယ်။ HIV ပိုး ကူးစက်ခံရပြီးရင်  AIDS လို့ခေါ်တဲ့ ခုခံအားကျဆင်းမှု ရောဂါ ဖြစ်ဖို့ အချိန်တစ်ခု စောင့်ရပါတယ်။ ကိုယ်ခန္ဓာထဲမှာ သွေးဖြူဥတွေ နည်း သွားတဲ့ အချိန်ရောက်မှ AIDS ရောဂါသည် ဘဝကို ရောက်တာပါ။ ဒါဆိုရင် သွေးဖြူဥတွေ ဟာ သိပ်ကိုအရေးပါသွားပြီ။  HIV ပိုးဟာ သွေးဖြူဥထဲကို မဝင်နိုင်အောင် ကလေးတွေရဲ့ မျိုးရိုးဗီဇမှာ ပြုပြင်ပြောင်းလဲလိုက်တာပါ။ ”

“တော်တော်ကို ထူးဆန်းတယ်နော် ဆရာ”

” အခု He Jiankui ကို တရုတ်နိုင်ငံအ ပါအဝင် ကမ္ဘာတစ်လွှားက ဆေးပညာရှင်တွေ သိပ္ပံပညာရှင်တွေ ဟာ He Jiankui ရဲ့ လုပ်ရက်ကို ကန့်ကွက်နေကြတာပေါ့။ ဆေးပညာကျင့်ဝတ်နဲ့ မညီညွတ်ပဲ လူသားတွေမှာ Gene editing လုပ်တာကို ကန့်ကွက်နေကြတယ်။ အခုအချိန်ထိ လူသားတွေမှာ  Gene editing လုပ်ခွင့် မပေးသေးပါဘူး။ He Jiankui က သူ့သဘောနဲ့သူ သုတေသန လုပ်ပြီး Youtube ပေါ်မှာ တင်လိုက်တာပါ။ Scientific Journal တွေမှာလည်း မတင်ပါဘူး။  ”

” သြော် ”

“အခုတော့ စုံစမ်းစစ်ဆေးရေးတွေ ဝင်နေတယ်ပေါ့နော်။ သူမွေးဖွားပေးထားတဲ့ ကလေးနှစ်ယောက်မှာ Gene editing လုပ်လိုက်တဲ့ အတွက် HIV resistant ဖြစ်သွားးပြီဆိုတာ သေချာရဲ့လား။ နောက်တစ်ခုက ဘာဆိုးကျိုးတွေများဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။ ရေရည် စောင့်ကြည့်ရမယ်ပေါ့  ”

” ကျေးဇူးတင်ပါတယ် ဆရာ။  ”

ဦးလူဌေးသည် သူသိချင်သည်များကို သိရသည့်အတွက် ပျော်ပျော်ရွှင်ရွှင် ထွက်သွားတော့သည်။

မောင်အေးကား

”  ဆရာ ဒါဆို HIV ပိုးကူးစက်မှာကြောက်စရာမလိုတော့ဘူးပေါ့နော်။ ”

”  နောက်ထပ် သုတေသန ပြုစရာတွေ တော့ အများကြီးလိုပါသေးတယ်။ စောင့်တော့ စောင့်ကြည့်ရဦးမှာပေါ့။ တကယ်သာ ဆိုရင်တော့ ဆေးပညာအတွက် အတိုင်းထက်အလွန်ပေါ့။”

ဒေါက်တာ စိုးသန်း တစ်ယောက် ကျေနပ်သလိုလို နှင့် လေးလံနေသည်။ HIV ပိုးကို resistant မဖြစ်အောင် လုပ်နိုင်သည်ဆိုတာကတေ့ ဝမ်းသာ စရာ။ သို့သော်  CRISPR editing tool နည်းပညာ နှင့် တစ်ခြား မသမာသော နည်းလမ်းများတွင်ရော အသုံးမပြုနိုင်ဘူးလားဟု တွေးတောကာ ရင်မောနေမိတော့ သည်။