ကြီးမှဝက်သက်ပေါက်တာ အန္တရာယ်သိပ်ကြီးတယ်
ၾကီးမွဝက္သက္ေပါက္တာ အႏၱရာယ္သိပ္ၾကီးတယ္
ဦး လွေမာင္ ရံုးခန္းထဲသို႔ ၀င္လိုက္သည္။ ဒီေန႔ စားပြဲ ခံုေတာ္ေတာ္မ်ားလြတ္ေနသည္။ မေန႔ကလည္း ရံုးတြင္လူမရွိ။
” ေမာင္ စိန္ ဒီေန႔ေရာ ၀န္ထမ္းေတြ မလာၾကဘူးလား ”
“မလာဘူးဆရာေရ ေမာင္ ေအာင္ထူးနဲ႔ ေမာင္ စိုးပိုင္တို႔လည္း ေနမေကာင္းလို႔တဲ့ ခြင့္တိုင္ထားၾကတယ္။ ”
” ဒီတစ္ပတ္အတြင္း ရံုးတြင္းကလူေတြ ေတာ္ေတာ္ ဖ်ားၾကတာပဲေနာ္။ ” ဦးလွေမာင္ စိတ္ညစ္စြာ ျငီးတြားမိသည္။
” ၀က္သက္ပဲ ျဖစ္မွာေပါ့ဆရာရယ္။ ကၽြန္ေတာ္တို႔ တစ္ရံုးလံုးလည္း ၾကီးမွ ၀က္သက္ေပါက္ေနၾကျပီ။ ” ေမာင္စိန္က သူရထားသည့္ သတင္းနွင့္ အထင္ကို တြဲျပီးေကာက္ခ်က္ခ်လိုက္သည္။
” ဟုတ္ပကြာ။ မၾကီးမငယ္ေတြနဲ႔ အသက္ေတြၾကည့္လိုက္ဦး ၂၀ ေက်ာ္ ေတြ။ အသက္ၾကီးမွ ၀က္သက္ ထေပါက္ေနၾကတယ္။ ”
ဦးလွေမာင္ တို႔ရံုးတြင္ ၀က္သက္ေပါက္လို႔ ခြင့္တိုင္ထားၾကသူေတြရွိသည္။ တစ္ရံုးလံုးမ်ား ၀က္သက္ေပါက္ဦးမလားလို႔ ဦးလွေမာင္ စိုးရိမ္မိသည္။ ေအာင္ထူး ႏွင့္ စိုးပိုင္လည္း ၀က္သက္ ျဖစ္ခ်င္ ျဖစ္ေနမွာ။ မိမိကိုယ္တိုင္လည္း ေနလို႔မေကာင္းသလို ျဖစ္ေနသည္။ ညေန ေဆးခန္း ၀င္ဦးမွဟု ဆံုးျဖတ္လိုက္သည္။ ညေန ေဆးခန္းသည္လည္း လူနာ မ်ားလိုက္တာ။ လူေတြ ေတာ္ေတာ္ ဖ်ားၾက နာၾကတာပဲ ဟု ေတြးမိသည္။
” ဆရာ ေရ ေနလို႔ ထိုင္လို႔ မေကာင္း ခ်င္တာနဲ႔ ေဆးခန္းလာျပတာ ။ ”
ဆရာ၀န္သည္ ဦလွေမာင္အား စမ္းသပ္လိုက္သည္။
“ရံုးကလူေတြလည္း ၀က္သက္ ေပါက္ၾကတယ္ဆရာ။ ခြင့္ေတြလည္း တိုင္လိုက္ၾကတာ။ ရံုးမွာလူနည္းေတာ့ ရွိသမွ်အလုပ္သိမ္းက်ံဳးလုပ္ေနရတာနဲ႔ပဲ ပင္ပန္းလို႔ ဖ်ားတာလား ၀က္သက္ေပါက္ခ်င္လို႔ ဖ်ားခ်င္တာ လားလဲ သိခ်င္တယ္ ဆရာ ”
” ၀က္သက္ က အေစာပိုင္း လကၡဏာက တုပ္ေကြးနဲ႔ေတာ္ေတာ္ တူပါတယ္။ နွာရည္ယိုမယ္။ နွာေစးမယ္။ ေခ်ာင္းဆိုးမယ္။ အဖ်ားရွိမယ္္။ တစ္ခ်ိဳ႔ ဆိုရင္ အဖ်ားေတာ္ေတာ္ ၾကီးပါတယ္။ ”
” ေခ်ာင္းေတာ့ မဆိုးဘူးဆရာ။ ”
“ေနာက္ျပီး မ်က္လံုးနီတာေတြျဖစ္မယ္။ အလင္းေရာင္ကို မၾကည့္ႏိုင္တာမ်ိဳး ျဖစ္တတ္တယ္ ”
” အဲဒါေတာ့ မျဖစ္ဘူး ဆရာ ” ဦးလွေမာင္ အားတက္သေရာ ေျဖမိသည္။
” ရင္ဘတ္မွာ မီးခိိုးေရာင္လို အျဖဴ ေရာင္လို အစပ္အေပ်ာက္ေတြ ျဖစ္တတ္တယ္ ”
” ဒါလည္းမရွိဘူး ဆရာ ” ဦးလွေမာင္သည္ အိက်ၤ ီကို လွန္ျပီးၾကည့္လိုက္ေသးသည္။
” ေလး ငါးရက္ၾကာမွ ၀က္သက္ ဆိုတဲ့ အနီရင့္ေရာင္ အစက္ အေပ်ာက္ေတြ ထြက္လာမယ္။”
” ဟုတ္ကဲ့ပါဆရာ ”
” လူၾကီးေတြ မွာ ျဖစ္ရင္ေတာ့ ကေလးေတြ ထက္ ပိုစိုးရိမ္ရတတ္ပါတယ္။ ေနာက္ဆက္တြဲ ျဖစ္ရပ္ေတြဟာ လူၾကီးေတြမွာ ပိုျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႔ ဆိုရင္ ၀မ္းပ်က္တာ ေတြ အန္တာေတြ ျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႔ နားကိုက္တာေတြ မ်က္လံုးေရာင္တာေတြလည္း ျဖစ္တတ္တယ္။ နမိုးနီးယားေရာဂါ ေလျပြန္ေရာင္တာေတြလည္း ၀က္သက္ရဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးအေနနဲ႔ လူၾကီးေတြမွာ အျဖစ္မ်ားပါတယ္ ။ တစ္ခ်ိဳ႔ အဖ်ားၾကီးျပီး တက္တာ မ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္”
” ဟုတ္လား ဆရာ။ ”
” ေနာက္ အျဖစ္နည္းတဲ့ complication ေတြ လည္း ရွိပါတယ္။ အသည္းေရာင္မယ္။ မ်က္စိေစြတာေတြ ဦးေႏွာက္ ေရာင္တာ ဦးေႏွာက္ အေျမးပါးေရာင္တာေတြလည္း ၀က္သက္ရဲ့ ေနာက္ဆက္တြဲ အေနနဲ႔ ျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႔ အျမင္ခ်ိဳတဲ႔ သြားတာေတြလည္း ရွိပါတယ္ ”
“လူၾကီးမွာ ျဖစ္ရင္ ေတာ္ေတာ္ ေၾကာက္ဖို႔ေကာင္းတာပဲေနာ္ ” ဦးလွေမာင္ ဆရာ၀န္ေျပာစကားမ်ားကို နားေထာင္ရင္း လန္႔သြားသည္။
” ကို္ယ္၀န္ေဆာင္ မိခင္ေတြမွာ ဆိုရင္ ကေလး ပ်က္က်တာ ကေလး အေသေမြးတာေတြလည္း ျဖစ္တတ္တယ္။ ဒါမွမဟုတ္ ကေလး ကို ေပါင္မျပည့္ လမျပည့္ပဲ ေမြးတာေတြလည္း ျဖစ္တတ္ပါတယ္ ”
” သတိထားရမဲ့ ေရာဂါ တစ္ခုပဲ ” သူ႔ဘာသာ မွတ္ခ်က္ခ်လိုက္သည္။
” ဘယ္လို အေျခအေနမ်ိဳးမွာ ေဆးရံုကို လာရမလဲ ဆိုရင္ အသက္ ရူက်ပ္လာတာ ။ အသက္ရူရတာ မ၀တာ။ အသက္ရူလိုက္တိုင္း ရင္ဘတ္ေအာင့္ရင္၊ ေခ်ာင္းဆိုးေသြးပါရင္၊ အရမ္းမိန္းေနရင္ ၊ ကေယာင္ေျခာက္ျခားျဖစ္လာရင္၊ တတ္ တာေတြ ျဖစ္ရင္ အေရးေပၚ အေျခအေနလို႔ သတ္မွတ္ရပါမယ္။ ေဆးရံုကို ခ်က္ခ်င္း သြားရမဲ့ အေျခအေနလို႔မွတ္ထားရမယ္ ”
” ေက်းဇူးတင္ပါတယ္ ဆရာ။ ကၽြန္ေတာ္ေရာ ၀က္သက္ ျဖစ္ႏိုင္လား ဆရာ ” ဦးလွေမာင္ သူသိခ်င္တာကိုပဲ တိုက္ရိုက္ေမးလိုက္သည္။
” အခုၾကည့္ရတာေတာ့ ၀က္သက္ မျဖစ္ႏိုင္ပါဘူး။ အရမ္း ပင္ပန္းေနလို႔ ျဖစ္မွာပါ။ အဖ်ားလည္း မရွိေတာ့ စိုးရိမ္စရာေတာ့ မရွိပါဘူး။” ဆရာ၀န္ စကားသည္ ဦးလွေမာင္အား အင္အားျဖစ္ေစသည္။
” ေက်ဇူးတင္ပါတယ္ဆရာ။ ”
” အဖ်ားရွိရင္ေတာ့ ျပန္လာခဲ့ပါ”
” ဟုတ္ကဲ့ပါဆရာ
ဦးလွေမာင္ ေဆးခန္းထဲမွ ရင္ေမာ စြာထြက္ခဲ့သည္။ ေနာက္ဆက္တြဲ complication ေတြ က ေၾကာက္ဖို႔ေကာင္းလိုက္တာ။ ဒါေၾကာင့္လည္း ကေလးေတြကို ၀က္သက္ေရာဂါကာကြယ္ေဆးထိုးဖို႔က်န္းမာေရး ၀န္ထမ္းေတြက အျမဲ တိုက္တြန္းေနတာပဲဟု ေတြးရင္း အိမ္အျပန္ေျခလွမ္းမ်ားက ေနွးေကြးလွ်က္။
Dr.ေအးခ်မ္းမိုုး
Unicode Version
ကြီးမှဝက်သက်ပေါက်တာ အန္တရာယ်သိပ်ကြီးတယ်
ဦး လှမောင် ရုံးခန်းထဲသို့ ဝင်လိုက်သည်။ ဒီနေ့ စားပွဲ ခုံတော်တော်များလွတ်နေသည်။ မနေ့ကလည်း ရုံးတွင်လူမရှိ။
” မောင် စိန် ဒီနေ့ရော ဝန်ထမ်းတွေ မလာကြဘူးလား ”
“မလာဘူးဆရာရေ မောင် အောင်ထူးနဲ့ မောင် စိုးပိုင်တို့လည်း နေမကောင်းလို့တဲ့ ခွင့်တိုင်ထားကြတယ်။ ”
” ဒီတစ်ပတ်အတွင်း ရုံးတွင်းကလူတွေ တော်တော် ဖျားကြတာပဲနော်။ ” ဦးလှမောင် စိတ်ညစ်စွာ ငြီးတွားမိသည်။
” ဝက်သက်ပဲ ဖြစ်မှာပေါ့ဆရာရယ်။ ကျွန်တော်တို့ တစ်ရုံးလုံးလည်း ကြီးမှ ဝက်သက်ပေါက်နေကြပြီ။ ” မောင်စိန်က သူရထားသည့် သတင်းနှင့် အထင်ကို တွဲပြီးကောက်ချက်ချလိုက်သည်။
” ဟုတ်ပကွာ။ မကြီးမငယ်တွေနဲ့ အသက်တွေကြည့်လိုက်ဦး ၂၀ ကျော် တွေ။ အသက်ကြီးမှ ဝက်သက် ထပေါက်နေကြတယ်။ ”
ဦးလှမောင် တို့ရုံးတွင် ဝက်သက်ပေါက်လို့ ခွင့်တိုင်ထားကြသူတွေရှိသည်။ တစ်ရုံးလုံးများ ဝက်သက်ပေါက်ဦးမလားလို့ ဦးလှမောင် စိုးရိမ်မိသည်။ အောင်ထူး နှင့် စိုးပိုင်လည်း ဝက်သက် ဖြစ်ချင် ဖြစ်နေမှာ။ မိမိကိုယ်တိုင်လည်း နေလို့မကောင်းသလို ဖြစ်နေသည်။ ညနေ ဆေးခန်း ဝင်ဦးမှဟု ဆုံးဖြတ်လိုက်သည်။ ညနေ ဆေးခန်းသည်လည်း လူနာ များလိုက်တာ။ လူတွေ တော်တော် ဖျားကြ နာကြတာပဲ ဟု တွေးမိသည်။
” ဆရာ ရေ နေလို့ ထိုင်လို့ မကောင်း ချင်တာနဲ့ ဆေးခန်းလာပြတာ ။ ”
ဆရာဝန်သည် ဦလှမောင်အား စမ်းသပ်လိုက်သည်။
“ရုံးကလူတွေလည်း ဝက်သက် ပေါက်ကြတယ်ဆရာ။ ခွင့်တွေလည်း တိုင်လိုက်ကြတာ။ ရုံးမှာလူနည်းတော့ ရှိသမျှအလုပ်သိမ်းကျုံးလုပ်နေရတာနဲ့ပဲ ပင်ပန်းလို့ ဖျားတာလား ဝက်သက်ပေါက်ချင်လို့ ဖျားချင်တာ လားလဲ သိချင်တယ် ဆရာ ”
” ဝက်သက် က အစောပိုင်း လက္ခဏာက တုပ်ကွေးနဲ့တော်တော် တူပါတယ်။ နှာရည်ယိုမယ်။ နှာစေးမယ်။ ချောင်းဆိုးမယ်။ အဖျားရှိမယ်။ တစ်ချို့ ဆိုရင် အဖျားတော်တော် ကြီးပါတယ်။ ”
” ချောင်းတော့ မဆိုးဘူးဆရာ။ ”
“နောက်ပြီး မျက်လုံးနီတာတွေဖြစ်မယ်။ အလင်းရောင်ကို မကြည့်နိုင်တာမျိုး ဖြစ်တတ်တယ် ”
” အဲဒါတော့ မဖြစ်ဘူး ဆရာ ” ဦးလှမောင် အားတက်သရော ဖြေမိသည်။
” ရင်ဘတ်မှာ မီးခိုးရောင်လို အဖြူ ရောင်လို အစပ်အပျောက်တွေ ဖြစ်တတ်တယ် ”
” ဒါလည်းမရှိဘူး ဆရာ ” ဦးလှမောင်သည် အိင်္ကျ ီကို လှန်ပြီးကြည့်လိုက်သေးသည်။
” လေး ငါးရက်ကြာမှ ဝက်သက် ဆိုတဲ့ အနီရင့်ရောင် အစက် အပျောက်တွေ ထွက်လာမယ်။”
” ဟုတ်ကဲ့ပါဆရာ ”
” လူကြီးတွေ မှာ ဖြစ်ရင်တော့ ကလေးတွေ ထက် ပိုစိုးရိမ်ရတတ်ပါတယ်။ နောက်ဆက်တွဲ ဖြစ်ရပ်တွေဟာ လူကြီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ချို့ ဆိုရင် ဝမ်းပျက်တာ တွေ အန်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့ နားကိုက်တာတွေ မျက်လုံးရောင်တာတွေလည်း ဖြစ်တတ်တယ်။ နမိုးနီးယားရောဂါ လေပြွန်ရောင်တာတွေလည်း ဝက်သက်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ လူကြီးတွေမှာ အဖြစ်များပါတယ် ။ တစ်ချို့ အဖျားကြီးပြီး တက်တာ မျိုးတွေလည်း ဖြစ်တတ်ပါတယ်”
” ဟုတ်လား ဆရာ။ ”
” နောက် အဖြစ်နည်းတဲ့ complication တွေ လည်း ရှိပါတယ်။ အသည်းရောင်မယ်။ မျက်စိစွေတာတွေ ဦးနှောက် ရောင်တာ ဦးနှောက် အမြေးပါးရောင်တာတွေလည်း ဝက်သက်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖြစ်တတ်ပါတယ်။ တစ်ချို့ အမြင်ချိုတဲ့ သွားတာတွေလည်း ရှိပါတယ် ”
“လူကြီးမှာ ဖြစ်ရင် တော်တော် ကြောက်ဖို့ကောင်းတာပဲနော် ” ဦးလှမောင် ဆရာဝန်ပြောစကားများကို နားထောင်ရင်း လန့်သွားသည်။
” ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဆိုရင် ကလေး ပျက်ကျတာ ကလေး အသေမွေးတာတွေလည်း ဖြစ်တတ်တယ်။ ဒါမှမဟုတ် ကလေး ကို ပေါင်မပြည့် လမပြည့်ပဲ မွေးတာတွေလည်း ဖြစ်တတ်ပါတယ် ”
” သတိထားရမဲ့ ရောဂါ တစ်ခုပဲ ” သူ့ဘာသာ မှတ်ချက်ချလိုက်သည်။
” ဘယ်လို အခြေအနေမျိုးမှာ ဆေးရုံကို လာရမလဲ ဆိုရင် အသက် ရူကျပ်လာတာ ။ အသက်ရူရတာ မဝတာ။ အသက်ရူလိုက်တိုင်း ရင်ဘတ်အောင့်ရင်၊ ချောင်းဆိုးသွေးပါရင်၊ အရမ်းမိန်းနေရင် ၊ ကယောင်ခြောက်ခြားဖြစ်လာရင်၊ တတ် တာတွေ ဖြစ်ရင် အရေးပေါ် အခြေအနေလို့ သတ်မှတ်ရပါမယ်။ ဆေးရုံကို ချက်ချင်း သွားရမဲ့ အခြေအနေလို့မှတ်ထားရမယ် ”
” ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော်ရော ဝက်သက် ဖြစ်နိုင်လား ဆရာ ” ဦးလှမောင် သူသိချင်တာကိုပဲ တိုက်ရိုက်မေးလိုက်သည်။
” အခုကြည့်ရတာတော့ ဝက်သက် မဖြစ်နိုင်ပါဘူး။ အရမ်း ပင်ပန်းနေလို့ ဖြစ်မှာပါ။ အဖျားလည်း မရှိတော့ စိုးရိမ်စရာတော့ မရှိပါဘူး။” ဆရာဝန် စကားသည် ဦးလှမောင်အား အင်အားဖြစ်စေသည်။
” ကျေဇူးတင်ပါတယ်ဆရာ။ ”
” အဖျားရှိရင်တော့ ပြန်လာခဲ့ပါ”
” ဟုတ်ကဲ့ပါဆရာ
ဦးလှမောင် ဆေးခန်းထဲမှ ရင်မော စွာထွက်ခဲ့သည်။ နောက်ဆက်တွဲ complication တွေ က ကြောက်ဖို့ကောင်းလိုက်တာ။ ဒါကြောင့်လည်း ကလေးတွေကို ဝက်သက်ရောဂါကာကွယ်ဆေးထိုးဖို့ကျန်းမာရေး ဝန်ထမ်းတွေက အမြဲ တိုက်တွန်းနေတာပဲဟု တွေးရင်း အိမ်အပြန်ခြေလှမ်းများက နှေးကွေးလျှက်။
Dr.အေးချမ်းမိုး