အသည်းခြောက်လို့ဖြစ်တဲ့ တီဘီ

အသည္းေျခာက္လိုု႔ျဖစ္တဲ့ တီဘီ

“အေမေရ ေဘး အိမ္က ဦးက်င္ေထြးၾကီး ေနမေကာင္းလို႔ ေဆးရံုတင္ရမယ္တဲ့   ”

ေက်ာ္ဦးတစ္ေယာက္ အိမ္ထဲ သို႔ အ၀င္ အေမလုပ္သူအား လွမ္းျပီးေအာ္ေျပာလိုက္သည္။

” ဟုတ္လား။ ဘာျဖစ္လို႔လဲ ”

”  ေနမေကာင္းလို႔ အေမ။ ဖ်ားေနတာလည္း ၾကာျပီဆိုေတာ့ ဆရာ၀န္သြားျပတာ ဆရာ၀န္က သူ႔ကို ေဆးရံုတက္ခိုင္းလို႔တဲ့။ အဲဒါ ေဆးရံုတက္ရမယ္တဲ့ ”

” ေအးေအး ။ အေမသတင္းသြားေမးလိုက္ပါဦးမယ္  ”

ေဒၚ ရင္ေမသည္ လုပ္လက္စ အလုပ္မ်ားလက္စသတ္ကာ ေဘးအိမ္သို႔ ထြက္လာခဲ့သည္။

ေဆးရံုတက္ရမည္ဆိုေတာ့ လိုအပ္သည္မ်ား ကူညီလုပ္ကိုင္ေပးရမည္။  ဦးက်င္ေထြး အမ်ိဳးသမီး ေဒၚေအးနွင့္ ေဒၚရင္ေမတို႔က ဟိုးငယ္စဥ္ကေလး ဘ၀ကတည္းက အတူၾကီးပ်င္းလာၾကေသာ တစ္ရပ္ကြက္တည္း သားေတြ။

” ေအးေရ ကိုက်င္ေထြး ကို ေဆးရံုတင္ရမယ္ဆို ဟုတ္လား ”

အိမ္ေပၚ ေရာက္ေရာက္ခ်င္း ေဒၚရင္ေမ လွမ္းေမးလိုက္သည္။ ေအး သည္ ေဆးရံုအတြက္ လိုအပ္ေသာ ပစၥည္းမ်ားကို ျခင္းေတာင္းထဲ ထည့္ေနေလသည္။ ေဒၚရင္ေမကို ျမင္ေတာ့ ၀မ္းသာ သြားသည္။

”  ဟုတ္တယ္ ရင္ေမေရ။ ကိုက်င္ေထြးက ခဏ ခဏ ဖ်ားေနတာလည္း သိရဲ့သားနဲ႔။

အဲဒါနဲ႔ လမ္းထိပ္က ဆရာ၀န္နဲ႔လည္း ျပေနတာပါပဲ။ အခုဟာက အဖ်ားကလည္း မက်ဘူး။ အဆုတ္တီဘီလို႔ ထင္တယ္ဆိုလို႔ သလိ္ပ္စစ္ၾကည့္ေတာ့ တီဘီပိုးလည္းေတြ႔တယ္။ ”

အဆုတ္ တီဘီဟု ေျပာေသာေၾကာင့္ ေဒၚရင္ေမ ေၾကာခ်မ္းသြားသည္။ ေအး ဆီမွာမ်ား တီဘီေရာဂါရွိေနျပီလားလို႔လည္း သံသယ၀င္သြားသည္။ ေအး ဆီမွာ ရွိရင္ ယခုလို နီးနီးကပ္ကပ္ စကား ေျပာေနလွ်င္ ကူးစက္မည္ကိုလည္း စိတ္ပူသြားသည္။

”  ေဆးရံုမတက္ပဲ အျပင္ကေနပဲ ျပျပီး ေဆးေသာက္လို႔မရဘူးလားလို႔ ေမးၾကည့္ပါေသးတယ္။ တစ္ခ်ိဳ႔ဆိုရင္ ေဆးရံုတက္စရာမွ မလိုတာ”

” ဟုတ္တာေပါ့။ တစ္ခ်ိဳ႔ အဆုတ္တီဘီ ျဖစ္တာ ေဆးရံုတက္စရာမလိုပါဘူး ” ေဒၚရင္ေမ ေဒၚ ေအးစကားကို ေထာက္ခံလိုက္သည္။

” အခု ကိုက်င္ေထြးက အဆုတ္တီဘီ အျပင္ အသည္း ေျခာက္ေနတာလည္း သိတယ္မလား ရင္ေမ။  ”

” ေအး သိတယ္ေလ  ”

” အခု ကိုက်င္ေထြးက အဆုတ္တီဘီ ျဖစ္ေနတာေရာ အသည္းေျခာက္တာေရာ အတြက္ပါ ေဆးရံုတက္ရတယ္တဲ့။ ကိုက်င္ေထြးကိုၾကည့္ရတာလည္း သိပ္အားမရပါဘူး ရင္ေမရယ္ ”

ေဒၚရင္ေမ  ေအး လက္ေလးကိုကိုင္ရင္း အားေပးလိုက္သည္။

”  စိတ္မပူပါနဲ႔ ေအးရယ္။ အဆုတ္တီဘီ အတြက္ ေဆး၀ါးေတြ ေပၚေနပါျပီ။ ေပ်ာက္ကင္းနိုင္ပါတယ္။ အရမ္းၾကီး မစိုးရိမ္ပါနဲ႔”

ေဒၚရင္ေမလည္း ကိုက်င္ေထြး ေဆးရံုတက္ျပီးမွ ေဆးရံုသို႔ အိမ္ဦးႏွင့္ ၾကမ္းျပင္ ခဏခဏ ေရာက္ျဖစ္ေတာ့သည္။ တစ္ေန႔ တစ္ေန႔ ကိုက်င္ေထြး အေျခအေနကားပိုဆိုးလာသည္ဟု ထင္သည္။ ဘုရားေရွ့ ဆုေတာင္းေပးေနရံုမွ တစ္ပါး ေဒၚရင္ေမလည္း မတက္နိုင္ေတာ့။

“အေမေရ ဦးက်င္ေထြးၾကီးဆံုးျပီတဲ့  ”

ေက်ာ္ဦးတစ္ေယာက္ အိမ္ထဲသို႔ မေရာက္မီကပင္ လွမ္းေအာ္လိုက္သည္။ ေက်ာ္ဦးသည္ အျပင္မွ ျပန္လာတိုင္း အေမ႔ကို အိမ္ေရွ့မွပင္ လွမ္းျပီးစကားေျပာတတ္သည္။

“ဟုတ္လား  ” ေဒၚရင္ေမ ေမွ်ာ္မွန္း ထားျပီးသားျဖစ္ေပမဲ့လည္း ဒီေလာက္ၾကီး ျမန္ျမန္ဆန္ဆန္ ထြက္သြားလိမ့္မည္ဟု မထင္ထားခဲ႔ပါ။

” မနက္ အေစာ ၾကီးက ဆံုးသြားတာတဲ့။ အေလာင္းကို အိမ္ျပန္မသယ္ေတာ့ဘူးတဲ့ အေမ  ” ေက်ာ္ဦးကား သူသိသည္မ်ားကို အေမအား အသိေပးလိုက္သည္။

“လမ္းထိပ္က ဆရာ၀န္ေလးကိုေတာင္ ဦးက်င္ေထြးၾကီး ဆံုးျပီဆိုတာ ၀င္ အသိေပးခဲ့ေသးတယ္ အေမ”

” ဟုတ္လား။ ဆရာ၀န္ေလးက ဘာျပန္ေျပာလဲ”

“အသည္း ေျခာက္တဲ့သူေတြ က ဒီလိုမ်ိဳး တီဘီေရာဂါျဖစ္တတ္တယ္တဲ့ အေမ  ”

” ဟုတ္လား ”

” ဦးက်င္ေထြး က ငယ္ငယ္က အရက္သိပ္ေသာက္တာတဲ့။ အရက္အရမ္း ေသာက္လို႔ အသည္းေျခာက္တာတဲ့ ” ေက်ာ္ဦးကား သူသိသည္မ်ားကို အေမအားေဖာက္သည္ခ်သည္။

“ေအး သိျပီေနာ္။ နင္လည္းအရက္ေတြ ဘာေတြ ေသာက္ေသာက္မလာနဲ႔။  ”

ေဒၚရင္ေမ သားျဖစ္သူကို ဆံုးမလိုက္သည္။

“ကၽြန္ေတာ္က တစ္ခါ တစ္ေလမွ ေသာက္တာပါအေမရယ္။ အျမဲ မေသာက္ပါဘူး။  ”

ေဒၚရင္ေမ မ်က္ေစာင္းလွမ္းထိုးသည္။

”  အသည္းေျခာက္သြားရင္ အသည္းက ပံုမွန္ လုပ္ငန္းေဆာင္တာ ေတြကို မလုပ္နိုင္ေတာ့ဘူးတဲ့။ အသည္းေျခာက္တဲ့သူေတြ အသည္းမေကာင္းတဲ့သူေတြဟာ အသားေတြလည္း မဲလာတတ္တယ္တဲ့။ အသည္းပံုမွန္အလုပ္မလုပ္လို႔တဲ့ အေမ ”

”  ေအး ဟုတ္တယ္။ အရင္တုန္းက ဦးက်င္ေထြးက ျဖဴျဖဴ၀၀ ၾကီးေလ။ အခု ၾကည့္ပါလား။ ပိန္ျပီး အသားေတြကို မဲေနလိုက္တာ။ မွတ္ေတာင္ မမွတ္မိခ်င္ဘူး။ ”

” အသည္းကေန ကိုယ္ခႏၶာ အတြက္ ေရာဂါပိုးေတြကို ခုခံကာကြယ္ေပးတဲ့ ဓာတ္ေတြလည္း ထုပ္ေပးတယ္တဲ့။ အသည္း ေျခာက္တဲ့သူေတြမွာ ကိုယ္ခံ အား စနစ္က်လာျပီး ေရာဂါ ေပါင္းစံု၀င္လာတာတဲ့။ ဒါေၾကာင့္လည္း တီဘီေရာဂါျဖစ္တာတဲ့ အေမေရ။   ”

” ေအး ျမင္တယ္ေနာ္။ အရက္ေသာက္လို႔ အရက္ရဲ့ ဆိုးက်ိဳးေတြ ” ေက်ာ္ဦးသည္ ေခါင္းကုတ္လုိက္သည္။

” အေမရယ္ ကၽြန္ေတာ္ မေသာက္ပါဘူး ”

“ေအး မေသာက္ရင္ ျပီးတာပဲ  ” သားျဖစ္သူက ႏွဳတ္ကတိေပးေသာေၾကာင့္ ေဒၚရင္ေမ စိတ္သက္သာရာရသြားသည္။

”  ပံုမွန္ လူေတြ ဆုိရင္ေတာ့ အဆုတ္တီဘီေရာဂါကို ေပ်ာက္ေအာင္ကုလို႔ရတယ္တဲ့။ ဦးက်င္ေထြးက အသည္းကလည္း မေကာင္းေတာ့ အဆုတ္တီဘီနဲ႔ ေသတာတဲ့ အေမေရ ”

”  ေအး အဲဒါေတြ ငါသိဖို႔ထက္ နင္သိဖို႔ အေရးၾကီးတယ္။  ” ေဒၚရင္ေမသည္ သားအား ဖိေဟာက္ေနသည္။  ေက်ာ္ဦးတစ္ေယာက္ စကားပ်က္တာနွင့္

” ဟိုဖက္အိမ္ သြားကူညီလုိက္ဦးမယ္ေနာ္ ” ဟု ေျပာကာ အိမ္ေပၚမွ ဆင္းေျပးသြားေတာ့သည္။ ေဒၚရင္ေမ သည္ ဦးက်င္ေထြး အတြက္ စိတ္မေကာင္း ျဖစ္လွ်က္ ဘုရားခန္းထဲသုိ႔ ၀င္သြားေတာ့သည္။  ေက်ာ္ဦးတစ္ေယာက္ အျမင္မွန္ရပါေစဟု ဆုေတာင္းရဦးမည္။

Dr.ေအးခ်မ္းမိုုး

Unicode Version

အသည်းခြောက်လို့ဖြစ်တဲ့ တီဘီ

“အမေရေ ဘေး အိမ်က ဦးကျင်ထွေးကြီး နေမကောင်းလို့ ဆေးရုံတင်ရမယ်တဲ့   ”

ကျော်ဦးတစ်ယောက် အိမ်ထဲ သို့ အဝင် အမေလုပ်သူအား လှမ်းပြီးအော်ပြောလိုက်သည်။

” ဟုတ်လား။ ဘာဖြစ်လို့လဲ ”

”  နေမကောင်းလို့ အမေ။ ဖျားနေတာလည်း ကြာပြီဆိုတော့ ဆရာဝန်သွားပြတာ ဆရာဝန်က သူ့ကို ဆေးရုံတက်ခိုင်းလို့တဲ့။ အဲဒါ ဆေးရုံတက်ရမယ်တဲ့ ”

” အေးအေး ။ အမေသတင်းသွားမေးလိုက်ပါဦးမယ်  ”

ဒေါ် ရင်မေသည် လုပ်လက်စ အလုပ်များလက်စသတ်ကာ ဘေးအိမ်သို့ ထွက်လာခဲ့သည်။

ဆေးရုံတက်ရမည်ဆိုတော့ လိုအပ်သည်များ ကူညီလုပ်ကိုင်ပေးရမည်။  ဦးကျင်ထွေး အမျိုးသမီး ဒေါ်အေးနှင့် ဒေါ်ရင်မေတို့က ဟိုးငယ်စဉ်ကလေး ဘဝကတည်းက အတူကြီးပျင်းလာကြသော တစ်ရပ်ကွက်တည်း သားတွေ။

” အေးရေ ကိုကျင်ထွေး ကို ဆေးရုံတင်ရမယ်ဆို ဟုတ်လား ”

အိမ်ပေါ် ရောက်ရောက်ချင်း ဒေါ်ရင်မေ လှမ်းမေးလိုက်သည်။ အေး သည် ဆေးရုံအတွက် လိုအပ်သော ပစ္စည်းများကို ခြင်းတောင်းထဲ ထည့်နေလေသည်။ ဒေါ်ရင်မေကို မြင်တော့ ဝမ်းသာ သွားသည်။

”  ဟုတ်တယ် ရင်မေရေ။ ကိုကျင်ထွေးက ခဏ ခဏ ဖျားနေတာလည်း သိရဲ့သားနဲ့။

အဲဒါနဲ့ လမ်းထိပ်က ဆရာဝန်နဲ့လည်း ပြနေတာပါပဲ။ အခုဟာက အဖျားကလည်း မကျဘူး။ အဆုတ်တီဘီလို့ ထင်တယ်ဆိုလို့ သလိပ်စစ်ကြည့်တော့ တီဘီပိုးလည်းတွေ့တယ်။ ”

အဆုတ် တီဘီဟု ပြောသောကြောင့် ဒေါ်ရင်မေ ကြောချမ်းသွားသည်။ အေး ဆီမှာများ တီဘီရောဂါရှိနေပြီလားလို့လည်း သံသယဝင်သွားသည်။ အေး ဆီမှာ ရှိရင် ယခုလို နီးနီးကပ်ကပ် စကား ပြောနေလျှင် ကူးစက်မည်ကိုလည်း စိတ်ပူသွားသည်။

”  ဆေးရုံမတက်ပဲ အပြင်ကနေပဲ ပြပြီး ဆေးသောက်လို့မရဘူးလားလို့ မေးကြည့်ပါသေးတယ်။ တစ်ချို့ဆိုရင် ဆေးရုံတက်စရာမှ မလိုတာ”

” ဟုတ်တာပေါ့။ တစ်ချို့ အဆုတ်တီဘီ ဖြစ်တာ ဆေးရုံတက်စရာမလိုပါဘူး ” ဒေါ်ရင်မေ ဒေါ် အေးစကားကို ထောက်ခံလိုက်သည်။

” အခု ကိုကျင်ထွေးက အဆုတ်တီဘီ အပြင် အသည်း ခြောက်နေတာလည်း သိတယ်မလား ရင်မေ။  ”

” အေး သိတယ်လေ  ”

” အခု ကိုကျင်ထွေးက အဆုတ်တီဘီ ဖြစ်နေတာရော အသည်းခြောက်တာရော အတွက်ပါ ဆေးရုံတက်ရတယ်တဲ့။ ကိုကျင်ထွေးကိုကြည့်ရတာလည်း သိပ်အားမရပါဘူး ရင်မေရယ် ”

ဒေါ်ရင်မေ  အေး လက်လေးကိုကိုင်ရင်း အားပေးလိုက်သည်။

”  စိတ်မပူပါနဲ့ အေးရယ်။ အဆုတ်တီဘီ အတွက် ဆေးဝါးတွေ ပေါ်နေပါပြီ။ ပျောက်ကင်းနိုင်ပါတယ်။ အရမ်းကြီး မစိုးရိမ်ပါနဲ့”

ဒေါ်ရင်မေလည်း ကိုကျင်ထွေး ဆေးရုံတက်ပြီးမှ ဆေးရုံသို့ အိမ်ဦးနှင့် ကြမ်းပြင် ခဏခဏ ရောက်ဖြစ်တော့သည်။ တစ်နေ့ တစ်နေ့ ကိုကျင်ထွေး အခြေအနေကားပိုဆိုးလာသည်ဟု ထင်သည်။ ဘုရားရှေ့ ဆုတောင်းပေးနေရုံမှ တစ်ပါး ဒေါ်ရင်မေလည်း မတက်နိုင်တော့။

“အမေရေ ဦးကျင်ထွေးကြီးဆုံးပြီတဲ့  ”

ကျော်ဦးတစ်ယောက် အိမ်ထဲသို့ မရောက်မီကပင် လှမ်းအော်လိုက်သည်။ ကျော်ဦးသည် အပြင်မှ ပြန်လာတိုင်း အမေ့ကို အိမ်ရှေ့မှပင် လှမ်းပြီးစကားပြောတတ်သည်။

“ဟုတ်လား  ” ဒေါ်ရင်မေ မျှော်မှန်း ထားပြီးသားဖြစ်ပေမဲ့လည်း ဒီလောက်ကြီး မြန်မြန်ဆန်ဆန် ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပါ။

” မနက် အစော ကြီးက ဆုံးသွားတာတဲ့။ အလောင်းကို အိမ်ပြန်မသယ်တော့ဘူးတဲ့ အမေ  ” ကျော်ဦးကား သူသိသည်များကို အမေအား အသိပေးလိုက်သည်။

“လမ်းထိပ်က ဆရာဝန်လေးကိုတောင် ဦးကျင်ထွေးကြီး ဆုံးပြီဆိုတာ ဝင် အသိပေးခဲ့သေးတယ် အမေ”

” ဟုတ်လား။ ဆရာဝန်လေးက ဘာပြန်ပြောလဲ”

“အသည်း ခြောက်တဲ့သူတွေ က ဒီလိုမျိုး တီဘီရောဂါဖြစ်တတ်တယ်တဲ့ အမေ  ”

” ဟုတ်လား ”

” ဦးကျင်ထွေး က ငယ်ငယ်က အရက်သိပ်သောက်တာတဲ့။ အရက်အရမ်း သောက်လို့ အသည်းခြောက်တာတဲ့ ” ကျော်ဦးကား သူသိသည်များကို အမေအားဖောက်သည်ချသည်။

“အေး သိပြီနော်။ နင်လည်းအရက်တွေ ဘာတွေ သောက်သောက်မလာနဲ့။  ”

ဒေါ်ရင်မေ သားဖြစ်သူကို ဆုံးမလိုက်သည်။

“ကျွန်တော်က တစ်ခါ တစ်လေမှ သောက်တာပါအမေရယ်။ အမြဲ မသောက်ပါဘူး။  ”

ဒေါ်ရင်မေ မျက်စောင်းလှမ်းထိုးသည်။

”  အသည်းခြောက်သွားရင် အသည်းက ပုံမှန် လုပ်ငန်းဆောင်တာ တွေကို မလုပ်နိုင်တော့ဘူးတဲ့။ အသည်းခြောက်တဲ့သူတွေ အသည်းမကောင်းတဲ့သူတွေဟာ အသားတွေလည်း မဲလာတတ်တယ်တဲ့။ အသည်းပုံမှန်အလုပ်မလုပ်လို့တဲ့ အမေ ”

”  အေး ဟုတ်တယ်။ အရင်တုန်းက ဦးကျင်ထွေးက ဖြူဖြူ၀၀ ကြီးလေ။ အခု ကြည့်ပါလား။ ပိန်ပြီး အသားတွေကို မဲနေလိုက်တာ။ မှတ်တောင် မမှတ်မိချင်ဘူး။ ”

” အသည်းကနေ ကိုယ်ခန္ဓာ အတွက် ရောဂါပိုးတွေကို ခုခံကာကွယ်ပေးတဲ့ ဓာတ်တွေလည်း ထုပ်ပေးတယ်တဲ့။ အသည်း ခြောက်တဲ့သူတွေမှာ ကိုယ်ခံ အား စနစ်ကျလာပြီး ရောဂါ ပေါင်းစုံဝင်လာတာတဲ့။ ဒါကြောင့်လည်း တီဘီရောဂါဖြစ်တာတဲ့ အမေရေ။   ”

” အေး မြင်တယ်နော်။ အရက်သောက်လို့ အရက်ရဲ့ ဆိုးကျိုးတွေ ” ကျော်ဦးသည် ခေါင်းကုတ်လိုက်သည်။

” အမေရယ် ကျွန်တော် မသောက်ပါဘူး ”

“အေး မသောက်ရင် ပြီးတာပဲ  ” သားဖြစ်သူက နှုတ်ကတိပေးသောကြောင့် ဒေါ်ရင်မေ စိတ်သက်သာရာရသွားသည်။

”  ပုံမှန် လူတွေ ဆိုရင်တော့ အဆုတ်တီဘီရောဂါကို ပျောက်အောင်ကုလို့ရတယ်တဲ့။ ဦးကျင်ထွေးက အသည်းကလည်း မကောင်းတော့ အဆုတ်တီဘီနဲ့ သေတာတဲ့ အမေရေ ”

”  အေး အဲဒါတွေ ငါသိဖို့ထက် နင်သိဖို့ အရေးကြီးတယ်။  ” ဒေါ်ရင်မေသည် သားအား ဖိဟောက်နေသည်။  ကျော်ဦးတစ်ယောက် စကားပျက်တာနှင့်

” ဟိုဖက်အိမ် သွားကူညီလိုက်ဦးမယ်နော် ” ဟု ပြောကာ အိမ်ပေါ်မှ ဆင်းပြေးသွားတော့သည်။ ဒေါ်ရင်မေ သည် ဦးကျင်ထွေး အတွက် စိတ်မကောင်း ဖြစ်လျှက် ဘုရားခန်းထဲသို့ ဝင်သွားတော့သည်။  ကျော်ဦးတစ်ယောက် အမြင်မှန်ရပါစေဟု ဆုတောင်းရဦးမည်။