ဘယ်လိုဆီးချိုအမျိုးအစားဆို  ခြေထောက်ဖြတ်ရတတ်လဲ

ဘယ္လိုုဆီးခ်ိဳအမ်ိဳးအစားဆိုု  ေျခေထာက္ျဖတ္ရတတ္လဲ

ဦးစိန္လွ တစ္ေယာက္ ေဆးခန္းသို႔ ေရာက္လာသည္။ ေဒါက္တာ ေအာင္နိုင္သည္ ဦးစိန္လွ ေျခေထာက္မွ အနာကို ၾကည့္ကာ စိတ္မသက္မသာရွိလွသည္။ အနာကို သန္႔ရွင္းေရးလုပ္ေပးသည္။ ေဆးထည့္ေပးသည္။ သို႔ေသာ္ အနာသည္ က်က္မလာပါ။

” ဦးစိိ္န္လွ ေဆးရံုတက္ဖို႔ အခိ်န္တန္ျပီ။ ဒီလုိမ်ိဳးအနာအၾကီးၾကီးက ေဆးခန္းမွာ ကုလို႔မရေတာ့ဘူး။ ေဆးရံုတက္ျပီး ကုမွ ေပ်ာက္မယ္။   ” ေဒါက္တာ ေအာင္ႏိုင္သည္ ဦးစိန္လွကို နားခ်လိုက္သည္။

” ေဆးရံုေတာ့ မတက္ခ်င္ဘူးဆရာရယ္။ ေဆးရံုက ဆင္းလာတာလည္း မၾကာေသးဘူး။ ခဏခဏေဆးရံုတက္ေနရတယ္။ ” ဆီးခ်ိဳ မ်ား Control မရလို႔ ေျခေထာက္ အနာ မက်က္လို႔နွင့္ ဦးစိန္လွ အတြက္ ေဆးရံုသည္ အိမ္ဦးႏွင့္ ၾကမ္းျပင္။

” ဦးစိန္လွ ရဲ့ အနာက မေကာင္းလို႔ဘူး ။ ေနာက္ျပီး ဆီးခ်ိဳကလည္း မထိန္းႏိုင္ဘူးေလ ” ေဒါက္တာ ေအာင္ႏိုင္သည္ ဦးစိန္လွကို ေခ်ာ့ေျပာလိုက္သည္။

” ဆီးခ်ိဳေဆးေတြလည္း ဆရာတို႔ ေျပာတဲ့ အတိုင္း မွန္မွန္ေသာက္ေနတာပဲေလ ဆရာ။ ထိုးေဆးေရာ ေသာက္ေဆးေရာ ဆရာတို႔ေျပာတဲ့ အတိုင္း ထိုးပါတယ္။ ေသာက္လည္း ေသာက္ပါတယ္ ” ဦးစိန္လွသည္ ဆရာ၀န္ေပးေသာ ေဆးမ်ားကို ပံုမွန္ေသာက္ပါ၏။ သို႔ေသာ္ ဦးစိန္လွ သည္ ကိုယ္ၾကိဳက္တာ ကိုယ္စားသည္။ အစားအေသာက္ကို ေတာ့ သူ႔စိတ္တိုင္းက်။

” ဆီးခ်ိဳေတြကလည္း မထိန္းနိုင္ဘူး။ ဆီးခ်ိဳ တက္တဲ့ေန က်ရင္ ဆီးခ်ိဳေတြက တက္ေနျပီး က်တဲ့ ေန႔က်ရင္ လည္း ဆီးခ်ိဳေတြက က်ေနတတ္ျပန္ေရာ။ ျပီးေတာ့ အခု ေျခေထာက္ အနာက ပိုၾကီးလာတယ္။ ပိုးသတ္ေဆးက ထိုးမွ ေျခေထာက္အနာ ျမန္ျမန္ က်ပ္မယ္။ ေဆးရံုတက္လိုက္ပါ။ ကၽြန္ေတာ္ စာေရးေပးလိုက္မယ္  ” ေဒါက္တာ ေအာင္ႏိုင္သည္ ဦးစိန္လွ ကို နားခ် ေနသည္။ ဒီေျခေထာက္က အနာက ေဆးရံုတက္မွ ေပ်ာက္ေတာ့မည္ကို သိေနသည္။

” ဟုတ္ကဲ့ပါဆရာ ” ဦးစိန္လွသည္ ဆရာ၀န္ေပးေသာ ေဆးစာရြက္ေလး ကိုင္ကာ ျပန္သြားသည္။ ဆရာ၀န္သည္ တျခားလူနာမ်ားဆီသို႔ အာရံုေရာက္သြားသည္။ ဦးစိန္လွကို ေမ့ေနမိသည္။ ဦးစိန္လွသည္ ေဒါက္တာ ေအာင္ႏိုင္ေဆးခန္းသို႔ ေနာက္တစ္ၾကိမ္ထပ္မေရာက္ေတာ့။  ေဆးရုံ အတင္းတက္ခိုင္းေသာ ဆရာ၀န္ဆီသို႔ မလာေတာ့။ ဆရာ၀န္သည္လည္း ဦးစိန္လွ တစ္ေယာက္ေဆးရံုတက္ေနသည္ဟုသာ ထင္ေနသည္။

ေနာက္ တစ္လ အၾကာ ဦးစိန္လွ အိမ္မွ ေမာင္စန္း ေဒါက္တာ ေအာင္ႏိုင္အိမ္သို႔ ေရာက္လာသည္။

” ဆရာေရ ဦးစိန္လွ ကို လိုက္ၾကည့္ေပးပါဦး။ အဖ်ားေတြတက္ေနလို႔။  ”

“ဖ်ားတာ ဘယ္ႏွစ္ရက္ရွိျပီလဲ ။ ေဆးရံု မတက္ျဖစ္ဖူးလား ”

”  ေဆးရံုမတက္ျဖစ္ပါဘူးဆရာရယ္။ ”

” ဟုတ္လား”

“နွစ္ရက္သံုးရက္ေလာက္ရွိျပီထင္တယ္ဆရာ။ ကၽြန္ေတာ္တို႕လင္မယားကိုလည္း ဘာမွ မေျပာဘူး။  ”

”  အင္းေပါ့။ ေျခေထာက္အနာေရာ သက္သာလား”

” အမယ္ေလး ေျခေထာက္အနာက ေတာ္ေတာ္ကို ၾကီးလာတာဆရာေရ။ ကၽြန္ေတာ္တို႔ အနာကို ေန႔တိုင္း ေဆးလိမ္းေပးရတယ္။ အနာက မသက္သာတဲ့အျပင္ ပိုပိုၾကီးလာတယ္ဆရာ။ ဆရာ့ေဆးခန္းကို သြားပါဆိုေတာ့လည္း ေဆးခန္းမသြားဘူး။ ေဆးရံုတက္ပါဆိုေတာ့လည္း ေဆးရံုမတက္ခ်င္ဘူး။  ”

” ေၾသာ္။ သားသမီးေတြကေရာ ျပန္မလာၾကဘူးလား။ မလာၾကပါဘူးဆရာရယ္။ သားေတြ သမီးေတြကလည္း အေဖကို ပစ္ထားၾကတာပါ။ ကိုစိန္လွၾကီးေနာက္အိမ္ေထာင္ျပဳလိုက္ကတည္းက သူတို႔ အေမနဲ႔လိုက္သြားၾကတဲ့ သူေတြ ဆိုေတာ့ အေဖ ေနမေကာင္းလည္း တစ္ေယာက္မွ လာမၾကည့္ေတာ့ဘူးေပါ့  ”

” အင္းေပါ့ေလ။ ကိုယ့္အေမ ကို ထားခဲ့ျပီး ေနာက္အိမ္ေထာင္ျပဳသြားတဲ့ အေဖကို သားသမီးေတြက မၾကည္ျဖဴတာလည္းအျပစ္ေျပာလို႔မရပါဘူး  ”

”  မမလွ ကြယ္လြန္ျပီးကတည္းက ကၽြန္ေတာ္တို႔လင္မယားလည္း ဦး စိန္လွၾကီးကို ေသခ်ာ ေစာင့္ေရွာက္ပါတယ္။ သူစားခ်င္တာေတြကိုလည္း ေသခ်ာခ်က္ေကၽြးတယ္။ ဆရာ၀န္ေတြ ေျပာတဲ့ အတိုင္းအသားငါး ဟင္းသီးဟင္းရြက္ အသီးအႏွံေတြကို ေသခ်ာ ေကၽြးပါတယ္ဆရာ ”

ေမာင္စန္းတို႔လင္မယားသည္ ဦးစိန္လွကို စိတ္ေရာကိုယ္ပါ ႏွစ္ကာ ေစာင့္ေရွာက္ပါသည္။

”  အနာကလည္း မက်က္ေတာ့ ဆီးခ်ိဳက ေသခ်ာ မထိန္းနိုင္ဘူးေပါ့။ ဆီးခ်ိဳ တက္ရင္ အနာမက်က္ဘူး။ အနာရွိရင္လည္း ဆီးခ်ိဳက ထိန္းလို႔မရဘူး။ ”

စကားေျပာရင္းႏွင့္ပင္ ဦးစိန္လွ အိမ္သို႔ေရာက္လာသည ္။

အိမ္ခန္းထဲ ၀င္လိုက္သည္ႏွင့္ အန႔ံဆိုးသည္ ႏွာေခါင္းထဲ တိုး၀င္လာသည္။  ဦးစိန္လွ ညာဖက္ ေျခေထာာက္ေအာက္ပိုင္းတစ္ခုလံုးသည္ ပုပ္ေနသည္။

ဦးစိန္လွကို စမ္းသပ္ၾကည့္ေတာ့ ေဆးရံုတက္ရမည့္ အေျခအေန။

” ေမာင္စန္းေဆးရံုသြားဖို႔ျပင္ဆင္ေတာ့။ ကၽြန္ေတာ္ ကိုယ္တိုင္ေဆးရံုလိုက္ပို႔မယ္ ”

ဦးစိန္လွ သည္ ေျခေထာက္အနာကတစ္ဆင့္ ေသြးထဲသို႔ေရာဂါ ပိုးမ်ားေရာက္ရွိေနသည့္အေျခအေန။ ဤ အေျခအေနသည္ အသက္အႏၱရာယ္ စိုးရိမ္ရေသာ အေျခအေန။ ေဒါက္တာေအာင္ႏိုင္ ဦးစိန္လွကို ကိုယ္တိုင္ကိုယ္က် ေဆးရံုသို႔လိုက္ပို႔လိုက္သည္။

ဦးစိန္္လွ၏ အေျခအေန သည္ စိုးရိမ္ရသည့္အေျခအေနပါလို႔ ေဆးရံုရွိ     တာ၀န္က် ဆရာသည္ စစ္ေဆးမႈေတြ ျပဳလုပ္ျပီးေျပာလိုက္သည္။

ေဒါက္တာ ေအာင္ႏိုင္သည္ မနက္ မိုးစင္စင္လင္းမွ ေဆးရံုမွ ျပန္လာခဲ့သည္။ ေနာက္တစ္ရက္ တြင္ ေမာင္စန္း ေဒါက္တာ ေအာင္ႏိုင္အိမ္ သို႔ ေရာက္လာျပန္သည္။

”  ဆရာေရ ေဆးရံုကို လိုက္ခဲ့ပါဦး ”

” ေဟ ဘာျဖစ္လုိ႔လဲ ။ မသက္သာလို႔လား။ ”

” ဟုတ္ကဲ့ ဆရာ။ မသက္သာဘူး။ ”

“ေဆးရံုက ဆရာ၀န္ေတြက ကၽြန္ေတာ့ ဆရာေတြပါ။  ”

“အထူးၾကပ္မတ္ေဆာင္ထဲေတာင္ ထည့္ထားရတယ္။ ”

”  ဟုတ္လား”

” ေျခေထာက္က အနာက အရမ္းဆိုးေနတာလဲ ဆရာသိတာပဲေလ။ ေဆးရံုက ဆရာ၀န္ေတြက ေျခေထာက္က အရမ္းပုပ္ေနျပီ။ ေျခေထာက္ ျဖတ္ပစ္ရမယ္လို႔ေျပာတယ္။ ေျခေထာက္ မျဖတ္ရင္ အသက္အ ႏ​ ၱရယ္ ရွိတယ္။ ေျခေထာက္ျဖတ္ပါလိုက္လို႔တိုက္တြန္းတယ္ ”

“ဟုတ္တယ္ ေျခေထာက္က အနာက အိမ္မွာေတာ္ေတာ္ ၾကာသြားတယ္။ ေျခေထာက္မွာ ေရာဂါပိုးေတြကလည္းး အမ်ားၾကီးပဲ။ ျပီးေတာ့ ေရာဂါပိုးေတြကလည္း ေသြးထဲေရာက္ေနတယ္   ”

” အဲဒါ ဦးစိန္လွက ေျခေထာက္ မျဖတ္ဘူး။ အေသပဲ ခံမယ္လုပ္ေနတယ္ဆရာ။ အဲဒါ ဆရာလိုက္ျပီးေဖ်ာင္းဖ်ေပးပါဦး ”

“ဗုေဒၶါ  ” ဆရာ၀န္သည္ ေရရြတ္လိုက္သည္။

” သားသမီးေတြကိုေရာ အေၾကာင္းမၾကားထားဘူးလား။  ”

” သမီး နွစ္ေယာက္ေတာ့ ေရာက္လာပါတယ္။ ဆရာ၀န္ၾကီးေတြကလည္း သမီးေတြကို ေသခ်ာရွင္းျပထားပါတယ္။ သမီးႏွစ္ေယာက္ကလည္း ဆရာ၀န္ၾကီးသေဘာလို႔ပဲ ေျပာပါတယ္။  ”

” အသက္အႏၱရာယ္ေၾကာင့္သာ ေျခေထာက္ျဖတ္ပစ္ဖို႔ ေျပာရတာပါ။   ”

” ဦးစိန္လွ က အသက္သာ အေသခံမယ္ ေျခေထာက္ မျဖတ္ဘူးလို႔ ေျပာေနလို႔ ဆရာ။ သတိလည္း သိပ္ေတာ့ မေကာင္းပါဘူး။ သတိရတဲ့ အခ်ိန္ဆိုရင္ ငါ့ေျခေထာက္ မျဖတ္ဘူး ငါ့ေျခေထာက္ မျဖတ္ဘူးလို႔ ေတာက္ေလွ်ာက္ေအာ္ေနလို႔ဆရာ  ”

”  ေအးဗ်ာ ကၽြန္ေတာ္ နက္ျဖန္လာၾကည့္ပါမယ္။  ” ေဒါက္တာ ေအာင္ႏိုင္သည္ ေမာင္စန္းကို ကတိေပးလိုက္သည္။ ေမာင္စန္းျပန္သြားေတာ့ ရင္ေမာစြာ က်န္ရစ္ခဲ့သည္။  ဆရာ၀န္တစ္ေယာက္အေနႏွင့္ အၾကံဥာဏ္သာ ေပးႏိုင္သည္။ ဆံုးျဖတ္ပိုင္ခြင့္မရွိ။ လူနာရွင္ကိုယ္တိုင္ကသာ ဆံုးျဖတ္ရမည္ျဖစ္သည္။

ေန႔လည္ ဖက္ ေဆးခန္းပိတ္ခ်ိန္ ဦးစိန္လွ ဆီသြားရန္ျပင္ဆင္ေနခ်ိန္ ဖုန္း၀င္လာသည္။

” ဦးစိန္လွ ဆံုးျပီဆရာ ” ေမာင္စန္း၏ စို႔နင့္ေနေသာ အသံကို ၾကားရသည္။ ေဒါက္တာ ေအာင္နိုင္ကိုယ္တိုင္လည္း ရင္ထဲ တြင္ စို႔နင္စြာခံစားရသည္။  ဆီးခ်ိဳ၏ ေၾကာက္စရာေကာင္းပံုကိုလည္း မ်က္၀ါးထင္ထင္ေတြ႔ရသည္။  ဆီးခ်ိဳ ေၾကာင့္အနာမက်က္။ အနာရွိေနေသာေၾကာင့္ ဆီးခ်ိဳ မ်ား Control မရ။ ဆီးခ်ိဳေဆး ပံုမွန္ စားေပမဲ့လည္း အစားအေသာက္ ဂရုတစိုက္ မရွိေသာေၾကာင့္ ဆီးခ်ိဳမ်ားထိန္းမရ။ ဆီးခ်ိဳ တက္ေလ အနာမက်က္ေလျဖစ္ရင္း ေျခေထာက္ရွိအနာ ၾကီးလာသည္။ အနာတြင္ ေရာဂါပိုးေပါက္ဖြားလာျပီး အနာရင္းလာသည္။ ထို႔ေနာက္ ေသြးထဲသို႔ေရာဂါပိုးမ်ား၀င္လာသည္။ ေသြးထဲ ပိုး၀င္လွ်င္ေတာ့ အသက္ေသဆံုးနိုင္သည္။

တကယ္ဆိုလွ်င္ ေျခေထာက္အနာကို ေပ်ာက္သြားေစရန္ ဒူးဆစ္ေအာက္ပိုင္းမွ စ၍ ေျခေထာက္ကို ျဖတ္ေတာက္ပစ္လိုက္ရမည္။ သို႔ေသာ္ ဦးစိန္လွသည္ အသက္ႏွင့္ ေျခေထာက္ကို လွဲသြားခဲ့ျပီ။ ေျခေထာက္ျပတ္ၾကီးႏွင့္ မေနခ်င္ေသာေၾကာင့္ ေျခေထာက္ျဖတ္ပစ္မည္ကို လက္မွတ္ထိုးမေပးခဲ့။ အခုေတာ့ ဦးစိန္လွသည္ ေျခေထာက္ ျဖတ္ပစ္လိုက္ရျပီ။

ေဒါက္တာ ေအာင္ႏိုင္တစ္ေယာက ္ေနာင္တရလွ်က္ရွိသည္။

လူနာေတြကို ဆီးခ်ိဳ အေၾကာင္းနားလည္ေအာင္ စိတ္ရွည္ရွည္ႏွင့္ ရွင္းျပရမည္ဟု ဆံုးျဖတ္ရင္းတစ္ေန႔တာလံုး ရင္ေမာေနမိသည္။

Dr.ေအးခ်မ္းမိုုး

Unicode Version

ဘယ်လိုဆီးချိုအမျိုးအစားဆို  ခြေထောက်ဖြတ်ရတတ်လဲ

ဦးစိန်လှ တစ်ယောက် ဆေးခန်းသို့ ရောက်လာသည်။ ဒေါက်တာ အောင်နိုင်သည် ဦးစိန်လှ ခြေထောက်မှ အနာကို ကြည့်ကာ စိတ်မသက်မသာရှိလှသည်။ အနာကို သန့်ရှင်းရေးလုပ်ပေးသည်။ ဆေးထည့်ပေးသည်။ သို့သော် အနာသည် ကျက်မလာပါ။

” ဦးစိန်လှ ဆေးရုံတက်ဖို့ အချိန်တန်ပြီ။ ဒီလိုမျိုးအနာအကြီးကြီးက ဆေးခန်းမှာ ကုလို့မရတော့ဘူး။ ဆေးရုံတက်ပြီး ကုမှ ပျောက်မယ်။   ” ဒေါက်တာ အောင်နိုင်သည် ဦးစိန်လှကို နားချလိုက်သည်။

” ဆေးရုံတော့ မတက်ချင်ဘူးဆရာရယ်။ ဆေးရုံက ဆင်းလာတာလည်း မကြာသေးဘူး။ ခဏခဏဆေးရုံတက်နေရတယ်။ ” ဆီးချို များ Control မရလို့ ခြေထောက် အနာ မကျက်လို့နှင့် ဦးစိန်လှ အတွက် ဆေးရုံသည် အိမ်ဦးနှင့် ကြမ်းပြင်။

” ဦးစိန်လှ ရဲ့ အနာက မကောင်းလို့ဘူး ။ နောက်ပြီး ဆီးချိုကလည်း မထိန်းနိုင်ဘူးလေ ” ဒေါက်တာ အောင်နိုင်သည် ဦးစိန်လှကို ချော့ပြောလိုက်သည်။

” ဆီးချိုဆေးတွေလည်း ဆရာတို့ ပြောတဲ့ အတိုင်း မှန်မှန်သောက်နေတာပဲလေ ဆရာ။ ထိုးဆေးရော သောက်ဆေးရော ဆရာတို့ပြောတဲ့ အတိုင်း ထိုးပါတယ်။ သောက်လည်း သောက်ပါတယ် ” ဦးစိန်လှသည် ဆရာဝန်ပေးသော ဆေးများကို ပုံမှန်သောက်ပါ၏။ သို့သော် ဦးစိန်လှ သည် ကိုယ်ကြိုက်တာ ကိုယ်စားသည်။ အစားအသောက်ကို တော့ သူ့စိတ်တိုင်းကျ။

” ဆီးချိုတွေကလည်း မထိန်းနိုင်ဘူး။ ဆီးချို တက်တဲ့နေ ကျရင် ဆီးချိုတွေက တက်နေပြီး ကျတဲ့ နေ့ကျရင် လည်း ဆီးချိုတွေက ကျနေတတ်ပြန်ရော။ ပြီးတော့ အခု ခြေထောက် အနာက ပိုကြီးလာတယ်။ ပိုးသတ်ဆေးက ထိုးမှ ခြေထောက်အနာ မြန်မြန် ကျပ်မယ်။ ဆေးရုံတက်လိုက်ပါ။ ကျွန်တော် စာရေးပေးလိုက်မယ်  ” ဒေါက်တာ အောင်နိုင်သည် ဦးစိန်လှ ကို နားချ နေသည်။ ဒီခြေထောက်က အနာက ဆေးရုံတက်မှ ပျောက်တော့မည်ကို သိနေသည်။

” ဟုတ်ကဲ့ပါဆရာ ” ဦးစိန်လှသည် ဆရာဝန်ပေးသော ဆေးစာရွက်လေး ကိုင်ကာ ပြန်သွားသည်။ ဆရာဝန်သည် တခြားလူနာများဆီသို့ အာရုံရောက်သွားသည်။ ဦးစိန်လှကို မေ့နေမိသည်။ ဦးစိန်လှသည် ဒေါက်တာ အောင်နိုင်ဆေးခန်းသို့ နောက်တစ်ကြိမ်ထပ်မရောက်တော့။  ဆေးရုံ အတင်းတက်ခိုင်းသော ဆရာဝန်ဆီသို့ မလာတော့။ ဆရာဝန်သည်လည်း ဦးစိန်လှ တစ်ယောက်ဆေးရုံတက်နေသည်ဟုသာ ထင်နေသည်။

နောက် တစ်လ အကြာ ဦးစိန်လှ အိမ်မှ မောင်စန်း ဒေါက်တာ အောင်နိုင်အိမ်သို့ ရောက်လာသည်။

” ဆရာရေ ဦးစိန်လှ ကို လိုက်ကြည့်ပေးပါဦး။ အဖျားတွေတက်နေလို့။  ”

“ဖျားတာ ဘယ်နှစ်ရက်ရှိပြီလဲ ။ ဆေးရုံ မတက်ဖြစ်ဖူးလား ”

”  ဆေးရုံမတက်ဖြစ်ပါဘူးဆရာရယ်။ ”

” ဟုတ်လား”

“နှစ်ရက်သုံးရက်လောက်ရှိပြီထင်တယ်ဆရာ။ ကျွန်တော်တို့လင်မယားကိုလည်း ဘာမှ မပြောဘူး။  ”

”  အင်းပေါ့။ ခြေထောက်အနာရော သက်သာလား”

” အမယ်လေး ခြေထောက်အနာက တော်တော်ကို ကြီးလာတာဆရာရေ။ ကျွန်တော်တို့ အနာကို နေ့တိုင်း ဆေးလိမ်းပေးရတယ်။ အနာက မသက်သာတဲ့အပြင် ပိုပိုကြီးလာတယ်ဆရာ။ ဆရာ့ဆေးခန်းကို သွားပါဆိုတော့လည်း ဆေးခန်းမသွားဘူး။ ဆေးရုံတက်ပါဆိုတော့လည်း ဆေးရုံမတက်ချင်ဘူး။  ”

” သြော်။ သားသမီးတွေကရော ပြန်မလာကြဘူးလား။ မလာကြပါဘူးဆရာရယ်။ သားတွေ သမီးတွေကလည်း အဖေကို ပစ်ထားကြတာပါ။ ကိုစိန်လှကြီးနောက်အိမ်ထောင်ပြုလိုက်ကတည်းက သူတို့ အမေနဲ့လိုက်သွားကြတဲ့ သူတွေ ဆိုတော့ အဖေ နေမကောင်းလည်း တစ်ယောက်မှ လာမကြည့်တော့ဘူးပေါ့  ”

” အင်းပေါ့လေ။ ကိုယ့်အမေ ကို ထားခဲ့ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ အဖေကို သားသမီးတွေက မကြည်ဖြူတာလည်းအပြစ်ပြောလို့မရပါဘူး  ”

”  မမလှ ကွယ်လွန်ပြီးကတည်းက ကျွန်တော်တို့လင်မယားလည်း ဦး စိန်လှကြီးကို သေချာ စောင့်ရှောက်ပါတယ်။ သူစားချင်တာတွေကိုလည်း သေချာချက်ကျွေးတယ်။ ဆရာဝန်တွေ ပြောတဲ့ အတိုင်းအသားငါး ဟင်းသီးဟင်းရွက် အသီးအနှံတွေကို သေချာ ကျွေးပါတယ်ဆရာ ”

မောင်စန်းတို့လင်မယားသည် ဦးစိန်လှကို စိတ်ရောကိုယ်ပါ နှစ်ကာ စောင့်ရှောက်ပါသည်။

”  အနာကလည်း မကျက်တော့ ဆီးချိုက သေချာ မထိန်းနိုင်ဘူးပေါ့။ ဆီးချို တက်ရင် အနာမကျက်ဘူး။ အနာရှိရင်လည်း ဆီးချိုက ထိန်းလို့မရဘူး။ ”

စကားပြောရင်းနှင့်ပင် ဦးစိန်လှ အိမ်သို့ရောက်လာသည ်။

အိမ်ခန်းထဲ ဝင်လိုက်သည်နှင့် အနံ့ဆိုးသည် နှာခေါင်းထဲ တိုးဝင်လာသည်။  ဦးစိန်လှ ညာဖက် ခြေထောာက်အောက်ပိုင်းတစ်ခုလုံးသည် ပုပ်နေသည်။

ဦးစိန်လှကို စမ်းသပ်ကြည့်တော့ ဆေးရုံတက်ရမည့် အခြေအနေ။

” မောင်စန်းဆေးရုံသွားဖို့ပြင်ဆင်တော့။ ကျွန်တော် ကိုယ်တိုင်ဆေးရုံလိုက်ပို့မယ် ”

ဦးစိန်လှ သည် ခြေထောက်အနာကတစ်ဆင့် သွေးထဲသို့ရောဂါ ပိုးများရောက်ရှိနေသည့်အခြေအနေ။ ဤ အခြေအနေသည် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေ။ ဒေါက်တာအောင်နိုင် ဦးစိန်လှကို ကိုယ်တိုင်ကိုယ်ကျ ဆေးရုံသို့လိုက်ပို့လိုက်သည်။

ဦးစိန်လှ၏ အခြေအနေ သည် စိုးရိမ်ရသည့်အခြေအနေပါလို့ ဆေးရုံရှိ     တာဝန်ကျ ဆရာသည် စစ်ဆေးမှုတွေ ပြုလုပ်ပြီးပြောလိုက်သည်။

ဒေါက်တာ အောင်နိုင်သည် မနက် မိုးစင်စင်လင်းမှ ဆေးရုံမှ ပြန်လာခဲ့သည်။ နောက်တစ်ရက် တွင် မောင်စန်း ဒေါက်တာ အောင်နိုင်အိမ် သို့ ရောက်လာပြန်သည်။

”  ဆရာရေ ဆေးရုံကို လိုက်ခဲ့ပါဦး ”

” ဟေ ဘာဖြစ်လို့လဲ ။ မသက်သာလို့လား။ ”

” ဟုတ်ကဲ့ ဆရာ။ မသက်သာဘူး။ ”

“ဆေးရုံက ဆရာဝန်တွေက ကျွန်တော့ ဆရာတွေပါ။  ”

“အထူးကြပ်မတ်ဆောင်ထဲတောင် ထည့်ထားရတယ်။ ”

”  ဟုတ်လား”

” ခြေထောက်က အနာက အရမ်းဆိုးနေတာလဲ ဆရာသိတာပဲလေ။ ဆေးရုံက ဆရာဝန်တွေက ခြေထောက်က အရမ်းပုပ်နေပြီ။ ခြေထောက် ဖြတ်ပစ်ရမယ်လို့ပြောတယ်။ ခြေထောက် မဖြတ်ရင် အသက်အ န ္တရယ် ရှိတယ်။ ခြေထောက်ဖြတ်ပါလိုက်လို့တိုက်တွန်းတယ် ”

“ဟုတ်တယ် ခြေထောက်က အနာက အိမ်မှာတော်တော် ကြာသွားတယ်။ ခြေထောက်မှာ ရောဂါပိုးတွေကလည်းး အများကြီးပဲ။ ပြီးတော့ ရောဂါပိုးတွေကလည်း သွေးထဲရောက်နေတယ်   ”

” အဲဒါ ဦးစိန်လှက ခြေထောက် မဖြတ်ဘူး။ အသေပဲ ခံမယ်လုပ်နေတယ်ဆရာ။ အဲဒါ ဆရာလိုက်ပြီးဖျောင်းဖျပေးပါဦး ”

“ဗုဒ္ဓေါ  ” ဆရာဝန်သည် ရေရွတ်လိုက်သည်။

” သားသမီးတွေကိုရော အကြောင်းမကြားထားဘူးလား။  ”

” သမီး နှစ်ယောက်တော့ ရောက်လာပါတယ်။ ဆရာဝန်ကြီးတွေကလည်း သမီးတွေကို သေချာရှင်းပြထားပါတယ်။ သမီးနှစ်ယောက်ကလည်း ဆရာဝန်ကြီးသဘောလို့ပဲ ပြောပါတယ်။  ”

” အသက်အန္တရာယ်ကြောင့်သာ ခြေထောက်ဖြတ်ပစ်ဖို့ ပြောရတာပါ။   ”

” ဦးစိန်လှ က အသက်သာ အသေခံမယ် ခြေထောက် မဖြတ်ဘူးလို့ ပြောနေလို့ ဆရာ။ သတိလည်း သိပ်တော့ မကောင်းပါဘူး။ သတိရတဲ့ အချိန်ဆိုရင် ငါ့ခြေထောက် မဖြတ်ဘူး ငါ့ခြေထောက် မဖြတ်ဘူးလို့ တောက်လျှောက်အော်နေလို့ဆရာ  ”

”  အေးဗျာ ကျွန်တော် နက်ဖြန်လာကြည့်ပါမယ်။  ” ဒေါက်တာ အောင်နိုင်သည် မောင်စန်းကို ကတိပေးလိုက်သည်။ မောင်စန်းပြန်သွားတော့ ရင်မောစွာ ကျန်ရစ်ခဲ့သည်။  ဆရာဝန်တစ်ယောက်အနေနှင့် အကြံဉာဏ်သာ ပေးနိုင်သည်။ ဆုံးဖြတ်ပိုင်ခွင့်မရှိ။ လူနာရှင်ကိုယ်တိုင်ကသာ ဆုံးဖြတ်ရမည်ဖြစ်သည်။

နေ့လည် ဖက် ဆေးခန်းပိတ်ချိန် ဦးစိန်လှ ဆီသွားရန်ပြင်ဆင်နေချိန် ဖုန်းဝင်လာသည်။

” ဦးစိန်လှ ဆုံးပြီဆရာ ” မောင်စန်း၏ စို့နင့်နေသော အသံကို ကြားရသည်။ ဒေါက်တာ အောင်နိုင်ကိုယ်တိုင်လည်း ရင်ထဲ တွင် စို့နင်စွာခံစားရသည်။  ဆီးချို၏ ကြောက်စရာကောင်းပုံကိုလည်း မျက်ဝါးထင်ထင်တွေ့ရသည်။  ဆီးချို ကြောင့်အနာမကျက်။ အနာရှိနေသောကြောင့် ဆီးချို များ Control မရ။ ဆီးချိုဆေး ပုံမှန် စားပေမဲ့လည်း အစားအသောက် ဂရုတစိုက် မရှိသောကြောင့် ဆီးချိုများထိန်းမရ။ ဆီးချို တက်လေ အနာမကျက်လေဖြစ်ရင်း ခြေထောက်ရှိအနာ ကြီးလာသည်။ အနာတွင် ရောဂါပိုးပေါက်ဖွားလာပြီး အနာရင်းလာသည်။ ထို့နောက် သွေးထဲသို့ရောဂါပိုးများဝင်လာသည်။ သွေးထဲ ပိုးဝင်လျှင်တော့ အသက်သေဆုံးနိုင်သည်။

တကယ်ဆိုလျှင် ခြေထောက်အနာကို ပျောက်သွားစေရန် ဒူးဆစ်အောက်ပိုင်းမှ စ၍ ခြေထောက်ကို ဖြတ်တောက်ပစ်လိုက်ရမည်။ သို့သော် ဦးစိန်လှသည် အသက်နှင့် ခြေထောက်ကို လှဲသွားခဲ့ပြီ။ ခြေထောက်ပြတ်ကြီးနှင့် မနေချင်သောကြောင့် ခြေထောက်ဖြတ်ပစ်မည်ကို လက်မှတ်ထိုးမပေးခဲ့။ အခုတော့ ဦးစိန်လှသည် ခြေထောက် ဖြတ်ပစ်လိုက်ရပြီ။

ဒေါက်တာ အောင်နိုင်တစ်ယောက ်နောင်တရလျှက်ရှိသည်။

လူနာတွေကို ဆီးချို အကြောင်းနားလည်အောင် စိတ်ရှည်ရှည်နှင့် ရှင်းပြရမည်ဟု ဆုံးဖြတ်ရင်းတစ်နေ့တာလုံး ရင်မောနေမိသည်။