သွားပဲ့သွားရင် ဘာတွေပြန်လုပ်လို့ရလဲ ?

သြားပဲ့သြားရင္ ဘာေတြျပန္လုပ္လို႔ရလဲ ?

Answer
😊သြားပဲ့ရတဲ့အေၾကာင္းအရင္း
😊ပဲ့သြားတဲ့ပမာဏ
😊ပဲ့သြားတဲ့ေနရာ (ထိပ္ပိုင္း ၊ ေဘးအပိုင္း ၊ အျမစ္ပိုင္း)

… ေတြအေပၚမူတည္ၿပီးကုသမႈကြာျခားသြားမွာပါ ။

😄သြားပဲ့ရတဲ့အေၾကာင္းအရင္း
သြားပိုးစားလို႔ပဲ့ရတာဆိုရင္ ပိုးစားေနတဲ့အပိုင္းေတြကိုဖယ္ၿပီး သြားျပန္ဖာလို႔ရပါတယ္ ။ သြားပိုးစားတာအရမ္းမ်ားေနရင္ေတာ့ ပိုးစားတာေတြဖယ္ၿပီး သြားအစြပ္(Crown)စြပ္တာ ပိုေကာင္းပါလိမ့္မယ္ ။
ထိခိုက္မႈေၾကာင့္သြားပဲ့တာဆိုရင္ သြားရဲ႕အတြင္းပိုင္းက အာ႐ုံေၾကာနဲ႔ေသြးေၾကာအစုအေဝး (Dental Pulp) ေကာင္းမေကာင္းစစ္ေဆးၿပီးမွ သြားဖာ ၊ သြားအစြပ္ ၊ ေႂကြကပ္တာေတြလုပ္သင့္ပါတယ္ ။

😄ပဲ့သြားတဲ့ပမာဏ
သြားပဲ့တဲ့အစိတ္အပိုင္းက ေသးတယ္ဆိုရင္ေတာ့ သြားျပန္ဖာ႐ုံနဲ႔လုံေလာက္ပါတယ္ ။
သြားပဲ့တဲ့ပမာဏကႀကီးတယ္ ၊ ေရရွည္ခံမယ့္အမ်ိဳးအစားကိုပဲ သုံးမယ္ဆိုရင္ သြားကိုေႂကြအစြပ္(Crown)စြပ္ျခင္း ၊ သြားမ်က္ႏွာျပင္ေပၚမွာေႂကြလႊာ(Veneer)ကပ္ျခင္းေတြလုပ္ရပါမယ္ ။

😄ပဲ့သြားတဲ့ေနရာ
သြားရဲ႕ေခါင္းပိုင္း ၊ ေဘးအျခမ္းေတြပဲ့ရင္ သြားဖာ ၊ သြားအစြပ္ ၊ ေႂကြကပ္တာေတြလုပ္လို႔ရပါတယ္ ။
ဒါေပမယ့္ ပဲ့သြားတာသြားအျမစ္အစိတ္အပိုင္းအခ်ိဳ႕ပါသြားရင္ေတာ့ သြားကို ဖာတာ ၊ အစြပ္စြပ္တာ ၊ ေႂကြကပ္တာေတြလုပ္လို႔မရေတာ့ပါဘူး ။ သြားႏႈတ္ၿပီးအသစ္ပဲျပန္စိုက္ရေတာ့မွာပါ ။

Unicode
သွားပဲ့သွားရင် ဘာတွေပြန်လုပ်လို့ရလဲ ?

Answer
😊သွားပဲ့ရတဲ့အကြောင်းအရင်း
😊ပဲ့သွားတဲ့ပမာဏ
😊ပဲ့သွားတဲ့နေရာ (ထိပ်ပိုင်း ၊ ဘေးအပိုင်း ၊ အမြစ်ပိုင်း)

… တွေအပေါ်မူတည်ပြီးကုသမှုကွာခြားသွားမှာပါ ။

😄သွားပဲ့ရတဲ့အကြောင်းအရင်း
သွားပိုးစားလို့ပဲ့ရတာဆိုရင် ပိုးစားနေတဲ့အပိုင်းတွေကိုဖယ်ပြီး သွားပြန်ဖာလို့ရပါတယ် ။ သွားပိုးစားတာအရမ်းများနေရင်တော့ ပိုးစားတာတွေဖယ်ပြီး သွားအစွပ်(Crown)စွပ်တာ ပိုကောင်းပါလိမ့်မယ် ။
ထိခိုက်မှုကြောင့်သွားပဲ့တာဆိုရင် သွားရဲ့အတွင်းပိုင်းက အာရုံကြောနဲ့သွေးကြောအစုအဝေး (Dental Pulp) ကောင်းမကောင်းစစ်ဆေးပြီးမှ သွားဖာ ၊ သွားအစွပ် ၊ ကြွေကပ်တာတွေလုပ်သင့်ပါတယ် ။

😄ပဲ့သွားတဲ့ပမာဏ
သွားပဲ့တဲ့အစိတ်အပိုင်းက သေးတယ်ဆိုရင်တော့ သွားပြန်ဖာရုံနဲ့လုံလောက်ပါတယ် ။
သွားပဲ့တဲ့ပမာဏကကြီးတယ် ၊ ရေရှည်ခံမယ့်အမျိုးအစားကိုပဲ သုံးမယ်ဆိုရင် သွားကိုကြွေအစွပ်(Crown)စွပ်ခြင်း ၊ သွားမျက်နှာပြင်ပေါ်မှာကြွေလွှာ(Veneer)ကပ်ခြင်းတွေလုပ်ရပါမယ် ။

😄ပဲ့သွားတဲ့နေရာ
သွားရဲ့ခေါင်းပိုင်း ၊ ဘေးအခြမ်းတွေပဲ့ရင် သွားဖာ ၊ သွားအစွပ် ၊ ကြွေကပ်တာတွေလုပ်လို့ရပါတယ် ။
ဒါပေမယ့် ပဲ့သွားတာသွားအမြစ်အစိတ်အပိုင်းအချို့ပါသွားရင်တော့ သွားကို ဖာတာ ၊ အစွပ်စွပ်တာ ၊ ကြွေကပ်တာတွေလုပ်လို့မရတော့ပါဘူး ။ သွားနှုတ်ပြီးအသစ်ပဲပြန်စိုက်ရတော့မှာပါ ။

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image