သွားတိုက်ပေမယ့် ခံတွင်းနံ့မကောင်းဖြစ်နေတဲ့အခါ

Zawgyi

တစ္ေန႔ကို ၂ႀကိမ္ သြားေသခ်ာတိုက္ေနေပမယ့္ ခံတြင္းနံ႔မေကာင္းဘူးျဖစ္ေနပါတယ္ ? ကိုယ့္ကိုကိုယ္လည္း ယုံၾကည္မႈမရွိေတာ့ပါဘူး ။ ဘာလို႔ဒီလိုျဖစ္ရတာလဲ ?

Answer
ခံတြင္းနံ႔ ေကာင္းျခင္း ၊ မေကာင္းျခင္းေတြက အခ်က္အလက္ေပါင္းမ်ားစြာ အေပၚမွာမူတည္ေနပါတယ္ဗ် ။
က်န္းမာေရးအေျခအေန ၊ စားတဲ့အစားအေသာက္ ၊ ခံတြင္းကိုဂ႐ုစိုက္မႈ ၊ ေဆးလိပ္ေသာက္ျခင္း ၊ ပုံမွန္ေသာက္သုံးေနတဲ့ေဆးဝါး စတာေတြေၾကာင့္ ခံတြင္းနံ႔ကပုံမွန္မဟုတ္ပဲ ဆိုးေနတတ္ပါတယ္ ။
အဓိကျဖစ္ရေလ့ရွိတဲ့အေၾကာင္းက ခံတြင္းသန႔္ရွင္းေရးလုပ္တာအားနည္း (သြားတိုက္တာနည္းစနစ္မက်) လို႔ပါ ။
မေကာင္းတဲ့ဘက္တီးရီးယားေတြက သြားႀကိဳသြားၾကား ၊ လွ်ာမ်က္ႏွာျပင္ေပၚက အရသာခံအဖုေလးေတြၾကား ၊ သြားဖုံးေတြေပၚမွာ ရွင္သန္ေပါက္ဖြားႏႈန္းအရမ္းမ်ားျပားလာရင္ ခံတြင္းနံ႔ကဆိုးလာမွာပါပဲ ။ ဒီဘက္တီးရီးယားေတြက သြားပိုးစားျခင္း ၊သြားဖုံးေရာဂါေတြနဲ႔လည္း ဆက္စပ္လ်က္ရွိပါတယ္ ။
သြားတိုက္တာနည္းစနစ္မမွန္ျခင္း ၊ သြားၾကားပြတ္ႀကိဳး(Dental Floss)အသုံးမျပဳျခင္း ၊ လွ်ာကိုပုံမွန္သန႔္ရွင္းေရးမလုပ္ေပးျခင္း စတာေတြကခံတြင္းနံ႔မေကာင္းျခင္းကိုျဖစ္လာေစပါတယ္ ။

အစားအေသာက္ေၾကာင့္လည္း ခံတြင္းနံ႔ကဆိုးေလ့ရွိေပမယ့္ ခဏတာမွ်ပါပဲ ။ ေဆးလိပ္ေသာက္ ၊ ကြမ္းစားတာကေတာ့ ခံတြင္းကိုဆိုးဆိုး႐ြား႐ြားထိခိုက္ပါတယ္ ။ ေဆးလိပ္ေသာက္ ၊ ကြမ္းစားျခင္းေၾကာင့္ ခံတြင္းနံ႔မေကာင္းတဲ့အျပင္ သြားေတြမွာအစြန္းထင္းေတြျဖစ္ ၊ သြားဖုံးေတြညစ္ပတ္ၿပီး လွ်ာရဲ႕အရသာခံႏိုင္စြမ္းပါ ေလ်ာ့က်ေစႏိုင္ပါတယ္ ။
သြားပိုးစားျခင္းနဲ႔ သြားဖုံးေရာဂါေတြအျပင္ အျခားကိုယ္တြင္းေရာဂါေတြေၾကာင့္လည္း ခံတြင္းနံ႔ကဆိုးေလ့ရွိပါတယ္ ။ တံေတြးထြက္နည္းျခင္း(Dry mouth) ၊ အစာအိမ္နဲ႔အူလမ္းေၾကာင္းမက်န္းမာျခင္း ၊ ဆီးခ်ိဳ ၊ အသည္းနဲ႔ေက်ာက္ကပ္မေကာင္းျခင္း ၊ အသက္ရႈလမ္းေၾကာင္းဆိုင္ရာျပသနာရွိျခင္း ၊ ဖ်ားနာျခင္းေတြေၾကာင့္လည္းခံတြင္းနံ႔ကမေကာင္းႏိုင္ပါဘူး ။
ေရရွည္ေသာက္သုံးရေလ့ရွိတဲ့ nitrate ပါတဲ့ေဆးဝါး ၊ ကင္ဆာအတြက္ေဆးသြင္းေနရသူေတြ မွာလည္းခံတြင္းနံ႔ေကာင္းေလ့မရွိပါဘူး ။
ခံတြင္းနံ႔ေကာင္းခ်င္တယ္ဆိုရင္ေတာ့ စနစ္တက်သြားတိုက္တတ္ဖို႔လိုတဲ့အျပင္ သြားႀကိဳသြားၾကားေတြသန႔္ရွင္းဖို႔ dental floss သုံးေပးျခင္း ၊ လွ်ာညစ္ပတ္ေနျခင္းမရွိေစရန္ tongue cleaner သုံးေပးဖို႔လိုပါတယ္ ။ သြားဆရာဝန္နဲ႔၆လ၁ႀကိမ္ျပသၿပီး သြားနဲ႔ခံတြင္းကိုစစ္ေဆးေပးၿပီး သြားပိုးစားတာ ၊ သြားဖုံးေရာဂါေတြကို ကုသေပးရပါမယ္ ။ ေဆးလိပ္ေသာက္ ၊ ကြမ္းစား စတဲ့ဆိုး႐ြားတဲ့အေလ့အက်င့္ေတြကိုေရွာင္က်ဥ္ရမွာလည္းျဖစ္ပါတယ္ ။ ေရမ်ားမ်ားေသာက္ေပးဖို႔လည္း လိုအပ္ပါတယ္ ။

Unicode
တစ်နေ့ကို ၂ကြိမ် သွားသေချာတိုက်နေပေမယ့် ခံတွင်းနံ့မကောင်းဘူးဖြစ်နေပါတယ် ? ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုမရှိတော့ပါဘူး ။ ဘာလို့ဒီလိုဖြစ်ရတာလဲ ?

Answer
ခံတွင်းနံ့ ကောင်းခြင်း ၊ မကောင်းခြင်းတွေက အချက်အလက်ပေါင်းများစွာ အပေါ်မှာမူတည်နေပါတယ်ဗျ ။
ကျန်းမာရေးအခြေအနေ ၊ စားတဲ့အစားအသောက် ၊ ခံတွင်းကိုဂရုစိုက်မှု ၊ ဆေးလိပ်သောက်ခြင်း ၊ ပုံမှန်သောက်သုံးနေတဲ့ဆေးဝါး စတာတွေကြောင့် ခံတွင်းနံ့ကပုံမှန်မဟုတ်ပဲ ဆိုးနေတတ်ပါတယ် ။
အဓိကဖြစ်ရလေ့ရှိတဲ့အကြောင်းက ခံတွင်းသန့်ရှင်းရေးလုပ်တာအားနည်း (သွားတိုက်တာနည်းစနစ်မကျ) လို့ပါ ။
မကောင်းတဲ့ဘက်တီးရီးယားတွေက သွားကြိုသွားကြား ၊ လျှာမျက်နှာပြင်ပေါ်က အရသာခံအဖုလေးတွေကြား ၊ သွားဖုံးတွေပေါ်မှာ ရှင်သန်ပေါက်ဖွားနှုန်းအရမ်းများပြားလာရင် ခံတွင်းနံ့ကဆိုးလာမှာပါပဲ ။ ဒီဘက်တီးရီးယားတွေက သွားပိုးစားခြင်း ၊သွားဖုံးရောဂါတွေနဲ့လည်း ဆက်စပ်လျက်ရှိပါတယ် ။
သွားတိုက်တာနည်းစနစ်မမှန်ခြင်း ၊ သွားကြားပွတ်ကြိုး(Dental Floss)အသုံးမပြုခြင်း ၊ လျှာကိုပုံမှန်သန့်ရှင်းရေးမလုပ်ပေးခြင်း စတာတွေကခံတွင်းနံ့မကောင်းခြင်းကိုဖြစ်လာစေပါတယ် ။

အစားအသောက်ကြောင့်လည်း ခံတွင်းနံ့ကဆိုးလေ့ရှိပေမယ့် ခဏတာမျှပါပဲ ။ ဆေးလိပ်သောက် ၊ ကွမ်းစားတာကတော့ ခံတွင်းကိုဆိုးဆိုးရွားရွားထိခိုက်ပါတယ် ။ ဆေးလိပ်သောက် ၊ ကွမ်းစားခြင်းကြောင့် ခံတွင်းနံ့မကောင်းတဲ့အပြင် သွားတွေမှာအစွန်းထင်းတွေဖြစ် ၊ သွားဖုံးတွေညစ်ပတ်ပြီး လျှာရဲ့အရသာခံနိုင်စွမ်းပါ လျော့ကျစေနိုင်ပါတယ် ။
သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါတွေအပြင် အခြားကိုယ်တွင်းရောဂါတွေကြောင့်လည်း ခံတွင်းနံ့ကဆိုးလေ့ရှိပါတယ် ။ တံတွေးထွက်နည်းခြင်း(Dry mouth) ၊ အစာအိမ်နဲ့အူလမ်းကြောင်းမကျန်းမာခြင်း ၊ ဆီးချို ၊ အသည်းနဲ့ကျောက်ကပ်မကောင်းခြင်း ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာရှိခြင်း ၊ ဖျားနာခြင်းတွေကြောင့်လည်းခံတွင်းနံ့ကမကောင်းနိုင်ပါဘူး ။
ရေရှည်သောက်သုံးရလေ့ရှိတဲ့ nitrate ပါတဲ့ဆေးဝါး ၊ ကင်ဆာအတွက်ဆေးသွင်းနေရသူတွေ မှာလည်းခံတွင်းနံ့ကောင်းလေ့မရှိပါဘူး ။
ခံတွင်းနံ့ကောင်းချင်တယ်ဆိုရင်တော့ စနစ်တကျသွားတိုက်တတ်ဖို့လိုတဲ့အပြင် သွားကြိုသွားကြားတွေသန့်ရှင်းဖို့ dental floss သုံးပေးခြင်း ၊ လျှာညစ်ပတ်နေခြင်းမရှိစေရန် tongue cleaner သုံးပေးဖို့လိုပါတယ် ။ သွားဆရာဝန်နဲ့၆လ၁ကြိမ်ပြသပြီး သွားနဲ့ခံတွင်းကိုစစ်ဆေးပေးပြီး သွားပိုးစားတာ ၊ သွားဖုံးရောဂါတွေကို ကုသပေးရပါမယ် ။ ဆေးလိပ်သောက် ၊ ကွမ်းစား စတဲ့ဆိုးရွားတဲ့အလေ့အကျင့်တွေကိုရှောင်ကျဉ်ရမှာလည်းဖြစ်ပါတယ် ။ ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ် ။

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image