ဘယ်လိုသွားတိုက်ဆေးမျိုး ရွေးရမလဲ

 

ဘယ္လိုသြားတိုက္ေဆးမ်ိဳး ေရြးရမလဲ

 

သြားတိုက္ေဆးအားလံုးဟာ သြားက်န္းမာေရးေကာင္းေအာင္ ထိန္းသိမ္းေပးဖို႔ စီမံေဖာ္စပ္ထားတယ္ဆိုတာကို အားလံုးသိထားၾကပါတယ္။

ဒါေပမဲ့ လက္ရိွ သံုးေနတဲ့သြားတိုက္ေဆးဟာ သင့္အတြက္ မွန္ကန္တဲ့သံုးစြဲမႈ ဟုတ္ မဟုတ္ဆိုတာကို သင္သိပါရဲ႕လား။

တကယ္ေတာ့  သြားတိုက္ေဆးအမ်ိဳးအစားေတြဟာ သင့္သြားက်န္းမာေရးလိုအပ္ခ်က္အေပၚမူတည္ျပီး ကြဲျပားမႈရိွပါတယ္။

ဒါေၾကာင့္ မွန္ကန္တဲ့သြားတိုက္ေဆးကို ေရြးခ်ယ္သံုးစြဲနိုင္ဖို႔ သိထားသင့္တဲ့အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။သြားပိုးေပါက္ေတြ မျဖစ္ေစဖို႔

အခ်ိဳေတြအစားမ်ားတဲ့အခါ အခ်ိဳရည္ေတြေသာက္သံုးတဲ့အခါ  ပါးစပ္အတြင္းမွာရိွတဲ့ ဘက္တီးရီးယားေတြနဲ႔ သၾကားဓာတ္တို႔ဓာတ္ျပဳျပီး သြားပိုးေပါက္ေတြျဖစ္ေစမဲ့ အက္ဆစ္တစ္မ်ိဳးထြက္ေပၚလာပါတယ္။ဒီလိုအခါမ်ိဳးမွာ ဖလူအိုရိုက္ ပါဝင္တဲ့သြားတိုက္ေဆးေတြဟာ သြားပိုးေပါက္ျဖစ္ျခင္းမွ ထိထိေရာက္ေရာက္ ကာကြယ္ေပးပါတယ္။

၂။သြားေတြျဖဴေဖြးေစဖို႔

သြားေတြျဖဴေဖြးေစခ်င္ရင္ေတာ့ သြားမွာစြန္းထင္းေနတဲ့အဝါကြက္အညိဳကြက္ေတြကို ဖယ္ရွားေပးနိုင္တဲ့ သြားတိုက္ေဆးမ်ိဳးသံုးရပါမယ္။မ်ားေသာအားျဖင့္ ဒီသြားတိုက္ေဆးေတြမွာ အေရာင္ေတြကိုတိုက္စားပစ္နိုင္ျပီး သြားေတြကို ျဖဴေဖြးေတာက္ေျပာင္ေစမဲ့ ဓာတုေဗဒပစၥည္းတခ်ိဳ႕ပါဝင္ပါတယ္။Sensitive ျဖစ္ျပီး နာက်င္လြယ္တဲ့သြားပိုင္ရွွင္ သြားဖံုးပိုင္ရွင္ေတြအတြက္ေတာ့ မသင့္ေတာ္ပါဘူး။

၃။သြားေက်ာက္တည္ျခင္းမွ ကာကြယ္ရန္

သြားေက်ာက္တည္ျခင္းဟာ သြားေတြကိုလံုးဝပ်က္စီးသြားေစတဲ့အထိ ျဖစ္နိုင္ပါတယ္။အခ်ိန္ၾကာလာတဲ့အခါ သြားေခ်းေတြဟာ မာေက်ာလာျပီး အလြယ္တကူရွင္းလင္းပစ္လို႔ မရတဲ့သြားေက်ာက္ေတြအျဖစ္ေျပာင္းလဲသြားပါတယ္။ဒီလို သြားေက်ာက္တည္ျခင္းကိို ဖယ္ရွားေပးနိုင္မဲ့ သြားတိုက္ေဆးေတြမွာ Pyrophosphate နဲ႔ Zinc citrates အစရိွတဲ့ ဓာတုပစၥည္းေတြပါဝင္ပါတယ္။

၄။သြားနွင့္သြားဖံုးမ်ား ခဏခဏ ကိုက္ခဲတတ္ျခင္းမွ ကာကြယ္ရန္

တခ်ိဳ႕လူေတြမွာ သြားနဲ႔သြားဖံုးေတြ မၾကာခဏဆိုသလို ကိုက္ခဲတတ္ၾကပါတယ္။ဒီျပႆနာအတြက္ သြားဆရာဝန္က Sensitivity ေၾကာင့္ျဖစ္တယ္လို႔ ယူဆခဲ့ရင္ သင့္ကို Potassium nitrate,Sodium Flouride,Sorbitol အစရိွတာေတြ ပါဝင္တဲ့ သြားတိုက္ေဆးကို ညႊန္းပါလိမ့္မယ္။

ဒါေၾကာင့္ သြားတိုက္ေဆးတစ္ဘူးေရြးခ်ယ္ဝယ္ယူေတာ့မယ္ဆိုရင္ ဒီအခ်က္ေတြကို သတိျပဳျပီး သင့္ေတာ္တဲ့ အမ်ိဳးအစားကို ေရြးခ်ယ္နိုင္ၾကေစဖို႔ ေဖာ္ျပေပးလို္က္ပါတယ္။

Dr.KG

Unicod Version

ဘယ်လိုသွားတိုက်ဆေးမျိုး ရွေးရမလဲ

သွားတိုက်ဆေးအားလုံးဟာ သွားကျန်းမာရေးကောင်းအောင် ထိန်းသိမ်းပေးဖို့ စီမံဖော်စပ်ထားတယ်ဆိုတာကို အားလုံးသိထားကြပါတယ်။

ဒါပေမဲ့ လက်ရှိ သုံးနေတဲ့သွားတိုက်ဆေးဟာ သင့်အတွက် မှန်ကန်တဲ့သုံးစွဲမှု ဟုတ် မဟုတ်ဆိုတာကို သင်သိပါရဲ့လား။

တကယ်တော့  သွားတိုက်ဆေးအမျိုးအစားတွေဟာ သင့်သွားကျန်းမာရေးလိုအပ်ချက်အပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်။

ဒါကြောင့် မှန်ကန်တဲ့သွားတိုက်ဆေးကို ရွေးချယ်သုံးစွဲနိုင်ဖို့ သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။သွားပိုးပေါက်တွေ မဖြစ်စေဖို့

အချိုတွေအစားများတဲ့အခါ အချိုရည်တွေသောက်သုံးတဲ့အခါ  ပါးစပ်အတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ သကြားဓာတ်တို့ဓာတ်ပြုပြီး သွားပိုးပေါက်တွေဖြစ်စေမဲ့ အက်ဆစ်တစ်မျိုးထွက်ပေါ်လာပါတယ်။ဒီလိုအခါမျိုးမှာ ဖလူအိုရိုက် ပါဝင်တဲ့သွားတိုက်ဆေးတွေဟာ သွားပိုးပေါက်ဖြစ်ခြင်းမှ ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။

၂။သွားတွေဖြူဖွေးစေဖို့

သွားတွေဖြူဖွေးစေချင်ရင်တော့ သွားမှာစွန်းထင်းနေတဲ့အဝါကွက်အညိုကွက်တွေကို ဖယ်ရှားပေးနိုင်တဲ့ သွားတိုက်ဆေးမျိုးသုံးရပါမယ်။များသောအားဖြင့် ဒီသွားတိုက်ဆေးတွေမှာ အရောင်တွေကိုတိုက်စားပစ်နိုင်ပြီး သွားတွေကို ဖြူဖွေးတောက်ပြောင်စေမဲ့ ဓာတုဗေဒပစ္စည်းတချို့ပါဝင်ပါတယ်။Sensitive ဖြစ်ပြီး နာကျင်လွယ်တဲ့သွားပိုင်ရှင် သွားဖုံးပိုင်ရှင်တွေအတွက်တော့ မသင့်တော်ပါဘူး။

၃။သွားကျောက်တည်ခြင်းမှ ကာကွယ်ရန်

သွားကျောက်တည်ခြင်းဟာ သွားတွေကိုလုံးဝပျက်စီးသွားစေတဲ့အထိ ဖြစ်နိုင်ပါတယ်။အချိန်ကြာလာတဲ့အခါ သွားချေးတွေဟာ မာကျောလာပြီး အလွယ်တကူရှင်းလင်းပစ်လို့ မရတဲ့သွားကျောက်တွေအဖြစ်ပြောင်းလဲသွားပါတယ်။ဒီလို သွားကျောက်တည်ခြင်းကို ဖယ်ရှားပေးနိုင်မဲ့ သွားတိုက်ဆေးတွေမှာ Pyrophosphate နဲ့ Zinc citrates အစရှိတဲ့ ဓာတုပစ္စည်းတွေပါဝင်ပါတယ်။

၄။သွားနှင့်သွားဖုံးများ ခဏခဏ ကိုက်ခဲတတ်ခြင်းမှ ကာကွယ်ရန်

တချို့လူတွေမှာ သွားနဲ့သွားဖုံးတွေ မကြာခဏဆိုသလို ကိုက်ခဲတတ်ကြပါတယ်။ဒီပြဿနာအတွက် သွားဆရာဝန်က Sensitivity ကြောင့်ဖြစ်တယ်လို့ ယူဆခဲ့ရင် သင့်ကို Potassium nitrate,Sodium Flouride,Sorbitol အစရှိတာတွေ ပါဝင်တဲ့ သွားတိုက်ဆေးကို ညွှန်းပါလိမ့်မယ်။

ဒါကြောင့် သွားတိုက်ဆေးတစ်ဘူးရွေးချယ်ဝယ်ယူတော့မယ်ဆိုရင် ဒီအချက်တွေကို သတိပြုပြီး သင့်တော်တဲ့ အမျိုးအစားကို ရွေးချယ်နိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Dr.KG

 

 

ReplyReply AllForwardEdit as new
OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image