အသားအရေခြောက်သွေ့ခြင်း

(Zawgyi)

အသားအေရေျခာက္ေသြ႕ျခင္းဟာ ေဆာင္းတြင္းမွာသာျဖစ္တတ္တာ မဟုုတ္ပါဘူး။အဲယားကြန္းအခန္းထဲမွာ အေနမ်ားရင္ ပတ္၀န္းက်င္ရာသီဥတုပူလြန္း ေအးလြန္းရင္ ပတ္၀န္းက်င္ေလထုစိုထိုင္းဆ နည္းလြန္းရင္လည္းျဖစ္နိုင္ပါတယ္။

ဒီလိုအသားအေရေျခာက္ေသြ႕တာမ်ိဳးျဖစ္တဲ႔အခ်ိန္မွာ အသားအေရထိန္းသိမ္းမႈကိုေသခ်ာမလုပ္ဘူးဆိုရင္ အသားပတ္တာ၊ယားတာ၊ေနာက္ဆံုး အသားအေရအက္ကြဲလာျပီး ေသြးမ်ားပါထြက္လာတဲ႔အထိ ျဖစ္ေစနိုင္ပါတယ္။

ဒါေၾကာင္႔အသားအေရေျခာက္ေသြ႕ျခင္းမွ ကာကြယ္နိုင္မယ္႔နည္းလမ္းေလးေတြကို အခုတပတ္မွာတင္ျပေပးခ်င္ပါတယ္။

၁။မီးဖို၊ဘြိဳင္လာ၊အင္ဂ်င္စက္ စတဲ႔ အပူေငြ႔ေတြထုတ္တဲ႔အရာေတြနားမွာ မေနပါနဲ႔။

၂။ေရခ်ိဳး၊မ်က္နွာသစ္ျပီးပါက Moisturizer အစိုဓါတ္ပါတဲ႔ခရင္လိမ္းပါ။

၃။ေရပူနဲ႔ေရခ်ိဳးျခင္းကိုေရွာင္ပါ။အထူးသျဖင္႔ ေဆာင္းတြင္းဘက္ေအးလို႔ ေရခ်ိဳးရာမွာ ေရပူအစား ခပ္ေႏြးေႏြးေရကိုပဲ သံုးျပီး ခ်ိဳးသင္႔ပါတယ္။ဆယ္မိနစ္ထက္ပိုျပီး ေရအၾကာၾကီးမခ်ိဳးပါနဲ႔။ႏူးညံ႔တဲ႔ကိုယ္တိုက္ဖတ္ကိုသာသံုးပါ။ဖုန္နဲ႔ အညစ္အေၾကးေတြကို ေသေသခ်ာခ်ာသန္႔စင္ပါ။

၄။လိုးရွင္း(Lotion) အစား အဆီတခုခု သို႔မဟုတ္ ခရင္မ္ တခုခု လိမ္းပါ။

၅။ အလုပ္မ်ားလုိ႔ပဲျဖစ္ျဖစ္ သို႔မဟုတ္ တျခားအေၾကာင္းေတြေၾကာင္႔ပဲျဖစ္ျဖစ္ ေရမၾကာခဏေသာက္ဖို႔ကို ေမ႔ေနတာ ပ်က္ကြက္ေနတာေတြကလည္း အသားအေရေျခာက္ေသြ႔ႏိုင္ေစတာမ်ိဳးျဖစ္ေစတတ္ပါတယ္။

အစိုဓါတ္ကိုျဖည့္ေပးဖို႔အတြက္ ေရဓါတ္က အေရးၾကီးပါတယ္။ခႏၶာကိုယ္မွာေရဓါတ္ျပည္႔၀ေနဖို႔လိုပါတယ္။

ေသာက္ေရ အျမဲမေသာက္ခ်င္သူေတြအတြက္ကေတာ့ လီမြန္ေလးနဲ႔ေရေႏြးေႏြးေလးနဲ႔ေသာက္တာက တၿပိဳင္နက္တည္းနဲ႔ လန္းဆန္းမႈေရာ၊ ေရဓါတ္ပါရရွိေစနိုင္ပါတယ္။

၆။ဓါတုပစၥည္း (Chemicals)ေတြ ဥပမာ ဓါတ္ေျမၾသဇာ သို႔မဟုတ္ အိမ္သာေရခ်ိဳးခန္းေဆးေၾကာသန္႔စင္ရည္ေတြကို ကိုင္တြယ္အသံုးျပဳရာမွာျဖစ္ျဖစ္ သို႔မဟုတ္ ေဆာင္းတြင္းဘက္မွာ ေရကိုင္တြယ္အသံုးျပဳရာမွာျဖစ္ျဖစ္ လက္အိတ္ကိုသံုးေပးပါ။

၇။အဲယားကြန္း အခန္းထဲမွာ အေနမ်ားသူေတြဆိုရင္ အခန္းတြင္း ေလထုစိုထိုင္းဆထိန္းသိမ္းဖို႔အတြက္ Humidifier ေခၚ ေရေငြ႔ေပးစက္ကို အသံုးျပဳေပးပါ။

၈။အပူအစပ္ေတြကိုေလွ်ာ႔စားျပီး အရည္ရႊမ္းတဲ႔ သစ္သီး၀လံေတြ၊လတ္ဆတ္တဲ႔ဟင္းသီးဟင္းရြက္ေတြကို မ်ားမ်ားစားပါ။

Dr 528

(Unicode)

အသားအရေခြောက်သွေ့ခြင်းဟာ ဆောင်းတွင်းမှာသာဖြစ်တတ်တာ မဟုုတ်ပါဘူး။အဲယားကွန်းအခန်းထဲမှာ အနေများရင် ပတ်ဝန်းကျင်ရာသီဥတုပူလွန်း အေးလွန်းရင် ပတ်ဝန်းကျင်လေထုစိုထိုင်းဆ နည်းလွန်းရင်လည်းဖြစ်နိုင်ပါတယ်။

ဒီလိုအသားအရေခြောက်သွေ့တာမျိုးဖြစ်တဲ့အချိန်မှာ အသားအရေထိန်းသိမ်းမှုကိုသေချာမလုပ်ဘူးဆိုရင် အသားပတ်တာ၊ယားတာ၊နောက်ဆုံး အသားအရေအက်ကွဲလာပြီး သွေးများပါထွက်လာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို အခုတပတ်မှာတင်ပြပေးချင်ပါတယ်။

၁။မီးဖို၊ဘွိုင်လာ၊အင်ဂျင်စက် စတဲ့ အပူငွေ့တွေထုတ်တဲ့အရာတွေနားမှာ မနေပါနဲ့။

၂။ရေချိုး၊မျက်နှာသစ်ပြီးပါက Moisturizer အစိုဓါတ်ပါတဲ့ခရင်လိမ်းပါ။

၃။ရေပူနဲ့ရေချိုးခြင်းကိုရှောင်ပါ။အထူးသဖြင့် ဆောင်းတွင်းဘက်အေးလို့ ရေချိုးရာမှာ ရေပူအစား ခပ်နွေးနွေးရေကိုပဲ သုံးပြီး ချိုးသင့်ပါတယ်။ဆယ်မိနစ်ထက်ပိုပြီး ရေအကြာကြီးမချိုးပါနဲ့။နူးညံ့တဲ့ကိုယ်တိုက်ဖတ်ကိုသာသုံးပါ။ဖုန်နဲ့ အညစ်အကြေးတွေကို သေသေချာချာသန့်စင်ပါ။

၄။လိုးရှင်း(Lotion) အစား အဆီတခုခု သို့မဟုတ် ခရင်မ် တခုခု လိမ်းပါ။

၅။ အလုပ်များလို့ပဲဖြစ်ဖြစ် သို့မဟုတ် တခြားအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ရေမကြာခဏသောက်ဖို့ကို မေ့နေတာ ပျက်ကွက်နေတာတွေကလည်း အသားအရေခြောက်သွေ့နိုင်စေတာမျိုးဖြစ်စေတတ်ပါတယ်။

အစိုဓါတ်ကိုဖြည့်ပေးဖို့အတွက် ရေဓါတ်က အရေးကြီးပါတယ်။ခန္ဓာကိုယ်မှာရေဓါတ်ပြည့်ဝနေဖို့လိုပါတယ်။

သောက်ရေ အမြဲမသောက်ချင်သူတွေအတွက်ကတော့ လီမွန်လေးနဲ့ရေနွေးနွေးလေးနဲ့သောက်တာက တပြိုင်နက်တည်းနဲ့ လန်းဆန်းမှုရော၊ ရေဓါတ်ပါရရှိစေနိုင်ပါတယ်။

၆။ဓါတုပစ္စည်း (Chemicals)တွေ ဥပမာ ဓါတ်မြေသြဇာ သို့မဟုတ် အိမ်သာရေချိုးခန်းဆေးကြောသန့်စင်ရည်တွေကို ကိုင်တွယ်အသုံးပြုရာမှာဖြစ်ဖြစ် သို့မဟုတ် ဆောင်းတွင်းဘက်မှာ ရေကိုင်တွယ်အသုံးပြုရာမှာဖြစ်ဖြစ် လက်အိတ်ကိုသုံးပေးပါ။

၇။အဲယားကွန်း အခန်းထဲမှာ အနေများသူတွေဆိုရင် အခန်းတွင်း လေထုစိုထိုင်းဆထိန်းသိမ်းဖို့အတွက် Humidifier ခေါ် ရေငွေ့ပေးစက်ကို အသုံးပြုပေးပါ။

၈။အပူအစပ်တွေကိုလျှော့စားပြီး အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေ၊လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေကို များများစားပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ
OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image