သင့်အရေပြားကျန်းမာရဲ့လား

(Zawgyi)

သင့္အေရျပားက်န္းမာရဲ႕လား

မိန္းမသားတစ္ေယာက္မွာ အ႐ိုး၏ေကာင္းျခင္း၊ အေရ၏ေကာင္းျခင္း၊ ဆံပင္၏ေကာင္းျခင္း၊အသား၏ေကာင္းျခင္း၊ အ႐ြယ္၏ေကာင္းျခင္းဆိုၿပီး ေကာင္းျခင္း ငါးျဖာရွိပါတယ္။

အခုတစ္ခါ တင္ျပခ်င္တာကေတာ့ အေရ၏ေကာင္းျခင္းနဲ႔ဆိုင္တဲ့ အေၾကာင္းပါ။ အေရျပားက်န္းမာမွသာ အ႐ြယ္တင္ႏုပ်ိဳၿပီး အ႐ြယ္၏ေကာင္းျခင္းကို ရရွိမွာပါ။ အခုေခတ္မွာဆိုရင္ အမ်ိဴးသမီးေတြသာမက အမ်ိဴးသားေတြပါ အေရျပား ထိန္းသိမ္းမႈေတြ လုပ္လာၾကပါတယ္။ ဒါေၾကာင့္ အေရျပားက်န္းမာေစမည့္ နည္းလမ္းေတြကို တင္ျပလိုက္ရပါတယ္။

အသားေရစိုေျပဖို႔အတြက္ ေရဓာတ္က အေရးႀကီးပါတယ္။ ေရလုံေလာက္စြာ ေသာက္သုံးပါ။ တစ္ေန႔ကို အနည္းဆုံးေရ ႏွစ္လီတာ ေသာက္ဖို႔လိုပါတယ္။ အမ်ားဆုံးကေတာ့ ေလးလီတာအထိ ေသာက္ႏိုင္ပါတယ္။

လူေတြအသက္ရွဴသလို အေရျပားဆဲလ္ေလးေတြလဲ အသက္ရွဴၾကပါတယ္။ ျပင္ပေလထုထဲက ဖုန္ေတြ၊ အညစ္အေၾကးေတြနဲ႔ ေနတိုင္းထိေတြ႕ေနရတဲ့အခါမွာ အေရျပားဆဲလ္ေလးေတြ oxygen မဝၾကရွာပါဘူး။ အဲ့အခါမွာ ဖရီးရက္ဒီကယ္လ္ေခၚ ဓာတ္စုလြတ္ ပစၥည္းေတြမ်ားလာၿပီး အိုမင္းရင့္ေရာ္မႈ႕ကို ျဖစ္ေစပါတယ္။ ဒါကို ကာကြယ္ဖို႔အတြက္ အန္တီေအာက္ဆီးဒန႔္ေခၚ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ မ်ားစြာပါတဲ့ အသီးအႏွံေတြ ဟင္းသီးဟင္း႐ြက္ေတြကို စားသုံးရပါမယ္။

လုံေလာက္တဲ့အိပ္ခ်ိန္နဲ႔ ကိုယ္လက္လႈပ္ရွားမႈ ရွိဖို႔လည္းလိုပါတယ္။ အိပ္ခ်ိန္မလုံေလာက္ပါက မ်က္ကြင္းညိဳတာ၊ အသားအေရေျခာက္ေသြ႕တာေတြ ျဖစ္ႏိုင္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈလုပ္ျခင္းသည္ ေသြးလည္ပတ္မႈကို ေကာင္းေစၿပီး ေခြၽးထြက္ေစတာမို႔ အေရျပားထဲမွာရွိတဲ့ အဆိပ္ေတာက္ေတြကိုဖယ္ရွားႏိုင္တဲ့အျပင္ အသားေရလည္း စိုေျပေတာက္ပေစပါတယ္။

အေရးႀကီးတဲ့အခ်က္ တစ္ခ်က္က အခုေခတ္မွာ စားဝတ္ေနေရးအတြက္ အျပင္ထြက္လႈပ္ရွားတဲ့ေနၾကရပါတယ္။ အဲ့လိုအျပင္ထြက္တဲ့အခါမွာ ေနေရာင္ကာ ခရင္လိမ္းတာ၊ အက်ီလက္ရွည္ဝတ္တာ၊ ထီး၊ဦးထုပ္ေဆာင္းတာေတြ လုပ္ဖို႔လိုပါတယ္။ အကာအကြယ္မပါဘဲ ေနေရာင္ျခည္နဲ႔ ထိေတြ႕ျခင္းဟာ အမဲစက္ေတြ ျဖစ္လာတာ၊ ေနေလာင္ၿပီး အသားေရပ်က္စီးတာ၊ အေရအေၾကာင္းေတြ ေပၚလာတာေတြကိုျဖစ္ေစႏိုင္ပါတယ္။

အဆီအဆိမ့္၊ အငန္ေလွ်ာ့စားပါ။ အဆီဓာတ္မ်ားရင္ အငန္ဓာတ္မ်ားရင္ ဝက္ၿခံေပါက္ ေစႏိုင္ပါတယ္။

အဆုံးသတ္အေနနဲ႔ကေတာ့ မ်က္ႏွာသစ္ပစၥည္းေတြ သုံးမယ္ဆိုရင္ ဗီတာမင္ေတြပါတဲ့ ပစၥည္းမ်ိဴးကိုသုံးပါ။ စိတ္ဖိစီးမႈကိုလည္း ေလွ်ာ့ပါ။စိတ္ဖိစီးစရာမ်ားရင္ စိတ္ေထာင္းကိုယ္ေၾက ဆိုတဲ့စကားအတိုင္း အိုမင္းရင့္ေရာ္လာႏိုင္လို႔ပါ။ Skin Care ေတြသုံးမယ္ဆိုရင္လည္း အရည္ေသြးေကာင္းေသာ၊ ယုံၾကည္စိတ္ခ်ရေသာ Skin care တံဆိပ္ မ်ိဳးကိုသာ ေ႐ြးခ်ယ္သုံးစြဲသင့္ပါသည္။ ဒီအတြက္ ပိုက္ဆံပိုကုန္က်မွာကို မႏွေျမာပါနဲ႔။ မိမိက်န္းမာေရးအတြက္ ရင္းႏွီးျမဳပ္ႏွံတယ္လို႔ပဲ သေဘာထားလိုက္ပါ။

Author : သီတာႏြယ္(အမရပူရ)

(Unicode)

သင့်အရေပြားကျန်းမာရဲ့လား

မိန်းမသားတစ်ယောက်မှာ အရိုး၏ကောင်းခြင်း၊ အရေ၏ကောင်းခြင်း၊ ဆံပင်၏ကောင်းခြင်း၊အသား၏ကောင်းခြင်း၊ အရွယ်၏ကောင်းခြင်းဆိုပြီး ကောင်းခြင်း ငါးဖြာရှိပါတယ်။

အခုတစ်ခါ တင်ပြချင်တာကတော့ အရေ၏ကောင်းခြင်းနဲ့ဆိုင်တဲ့ အကြောင်းပါ။ အရေပြားကျန်းမာမှသာ အရွယ်တင်နုပျိုပြီး အရွယ်၏ကောင်းခြင်းကို ရရှိမှာပါ။ အခုခေတ်မှာဆိုရင် အမျိူးသမီးတွေသာမက အမျိူးသားတွေပါ အရေပြား ထိန်းသိမ်းမှုတွေ လုပ်လာကြပါတယ်။ ဒါကြောင့် အရေပြားကျန်းမာစေမည့် နည်းလမ်းတွေကို တင်ပြလိုက်ရပါတယ်။

အသားရေစိုပြေဖို့အတွက် ရေဓာတ်က အရေးကြီးပါတယ်။ ရေလုံလောက်စွာ သောက်သုံးပါ။ တစ်နေ့ကို အနည်းဆုံးရေ နှစ်လီတာ သောက်ဖို့လိုပါတယ်။ အများဆုံးကတော့ လေးလီတာအထိ သောက်နိုင်ပါတယ်။

လူတွေအသက်ရှူသလို အရေပြားဆဲလ်လေးတွေလဲ အသက်ရှူကြပါတယ်။ ပြင်ပလေထုထဲက ဖုန်တွေ၊ အညစ်အကြေးတွေနဲ့ နေတိုင်းထိတွေ့နေရတဲ့အခါမှာ အရေပြားဆဲလ်လေးတွေ oxygen မဝကြရှာပါဘူး။ အဲ့အခါမှာ ဖရီးရက်ဒီကယ်လ်ခေါ် ဓာတ်စုလွတ် ပစ္စည်းတွေများလာပြီး အိုမင်းရင့်ရော်မှု့ကို ဖြစ်စေပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် အန်တီအောက်ဆီးဒန့်ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါတဲ့ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေကို စားသုံးရပါမယ်။

လုံလောက်တဲ့အိပ်ချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိဖို့လည်းလိုပါတယ်။ အိပ်ချိန်မလုံလောက်ပါက မျက်ကွင်းညိုတာ၊ အသားအရေခြောက်သွေ့တာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းသည် သွေးလည်ပတ်မှုကို ကောင်းစေပြီး ချွေးထွက်စေတာမို့ အရေပြားထဲမှာရှိတဲ့ အဆိပ်တောက်တွေကိုဖယ်ရှားနိုင်တဲ့အပြင် အသားရေလည်း စိုပြေတောက်ပစေပါတယ်။

အရေးကြီးတဲ့အချက် တစ်ချက်က အခုခေတ်မှာ စားဝတ်နေရေးအတွက် အပြင်ထွက်လှုပ်ရှားတဲ့နေကြရပါတယ်။ အဲ့လိုအပြင်ထွက်တဲ့အခါမှာ နေရောင်ကာ ခရင်လိမ်းတာ၊ အကျီလက်ရှည်ဝတ်တာ၊ ထီး၊ဦးထုပ်ဆောင်းတာတွေ လုပ်ဖို့လိုပါတယ်။ အကာအကွယ်မပါဘဲ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းဟာ အမဲစက်တွေ ဖြစ်လာတာ၊ နေလောင်ပြီး အသားရေပျက်စီးတာ၊ အရေအကြောင်းတွေ ပေါ်လာတာတွေကိုဖြစ်စေနိုင်ပါတယ်။

အဆီအဆိမ့်၊ အငန်လျှော့စားပါ။ အဆီဓာတ်များရင် အငန်ဓာတ်များရင် ဝက်ခြံပေါက် စေနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ မျက်နှာသစ်ပစ္စည်းတွေ သုံးမယ်ဆိုရင် ဗီတာမင်တွေပါတဲ့ ပစ္စည်းမျိူးကိုသုံးပါ။ စိတ်ဖိစီးမှုကိုလည်း လျှော့ပါ။စိတ်ဖိစီးစရာများရင် စိတ်ထောင်းကိုယ်ကြေ ဆိုတဲ့စကားအတိုင်း အိုမင်းရင့်ရော်လာနိုင်လို့ပါ။ Skin Care တွေသုံးမယ်ဆိုရင်လည်း အရည်သွေးကောင်းသော၊ ယုံကြည်စိတ်ချရသော Skin care တံဆိပ် မျိုးကိုသာ ရွေးချယ်သုံးစွဲသင့်ပါသည်။ ဒီအတွက် ပိုက်ဆံပိုကုန်ကျမှာကို မနှမြောပါနဲ့။ မိမိကျန်းမာရေးအတွက် ရင်းနှီးမြုပ်နှံတယ်လို့ပဲ သဘောထားလိုက်ပါ။

Author : သီတာနွယ်(အမရပူရ)

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image