ဗိုက်မှာရှိတဲ့အဆီပိုတွေကို ဖယ်ရှားကြမယ်   

ဗိုက္မွာရွိတဲ့အဆီပိုေတြကို ဖယ္ရွားၾကမယ္

အမ်ိဳးသမီး အမ်ားစုဟာ ဗိုက္ပူတာေၾကာင့္ ဗိုက္သား ခ်ပ္ရပ္ဖို႔ အေတာ္ ႀကိဳးစား ယူရပါတယ္။ ဗိုက္ပူလာၿပီဆိုရင္ ျပန္ၿပီးဗိုက္ခ်ပ္ဖို႔ မလြယ္ပါဘူး။ ဒါေပမဲ့ စနစ္တက် လိုက္နာၿပီး မွန္မွန္ႀကိဳးစားမယ္ဆိုရင္ေတာ့ ခ်ပ္ရပ္တဲ့ ဗိုက္သားအလွကို ရရွိလာပါလိမ့္မယ္။

 

အဆင့္ (၁) ေလ့က်င့္ခန္း

-ဒိုက္ထိုးေလ့က်င့္ခန္းလုပ္ပါ
ၾကမ္းျပင္ေပၚေလးဖက္ေထာက္ အေနအထားမ်ိဳး ေနပါ။ လက္ႏွစ္ဖက္ အကြာအေဝးက ပခုံးေတြထက္ အနည္းငယ္ ပိုက်ယ္သင့္ပါတယ္။ ၿပီးရင္ သင့္ရင္ဘတ္က ၾကမ္းျပင္နဲ႔ ထိကပ္လုနီးပါး ျဖစ္တဲ့အထိ ခႏၶာကိုယ္ကို ႏွိမ့္ထားသင့္ပါတယ္။ၿပီးရင္ နဂိုအေနအထားမွာ ျပန္ေနၿပီး ထပ္ကာ ထပ္ကာ လုပ္ေပးပါ။

 

-တင္ပါးျမႇင့္ေလ့က်င့္ပါ
ၾကမ္းျပင္ေပၚမွာ ပက္လက္လွန္လဲ ေလ်ာင္းၿပီး ဒူးေတြကို ေကြးကာ ေျခဖဝါးေတြကို ၾကမ္းျပင္ေပၚမွာ အျပားလိုက္ခ်ထားပါ။ ၿပီးရင္ တင္ပါးေတြကို ျမႇင့္တင္လိုက္ပါ။ ဒီအခ်ိန္မွာ ခႏၶာကိုယ္ဟာ ပခုံးနဲ႔ ဒူးအထိ တစ္ေျဖာင့္တည္း ျဖစ္ေနရပါမယ္။ ဒီအေနအထားအတိုင္း ငါးစကၠန႔္ေနၿပီး ခႏၶာကိုယ္ေအာက္ပိုင္းကို နဂို အေနအထားမွာ ျပန္ထားပါ။ ခႏၶာကိုယ္ရဲ႕ ဇီဝ႐ုပ္ျဖစ္ပ်က္မႈကို ျမန္ေစပါတယ္။

 

အဆင့္ (၂) စိတ္ဖိစီးမႈ ေလွ်ာ့ခ်နည္း
စိတ္ဖိစီးမႈက ျမင့္မားေနတဲ့အခါမွာ ေကာ္တီေစာေဟာ္မုန္းက ျမင့္တက္လာပါတယ္။ ေကာ္တီေစာေဟာ္မုန္း ျမင့္တက္တာက ဗိုက္အဆီကို တိုးေစပါတယ္။ ဒါေၾကာင့္ တစ္ေန႔မွာ အနည္းဆုံး ၁၀- ၁၅ မိနစ္ခန႔္ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ၿပီး ေကာ္တီေစာအဆင့္ကို ေလ်ာ့နည္းေအာင္ လုပ္ေဆာင္ပါ။ ဗိုက္သား ခ်ပ္ရပ္လာပါ လိမ့္မယ္။ စိတ္ဖိစီးမႈ ေျဖေလွ်ာ့ေရးနည္း တခ်ိဳ႕ကေတာ့ လာဗန္ဒါရနံ႔သင္းပ်ံ႕ေနတဲ့ ေရစိမ္ကန္ထဲမွာ စိမ္ခ်ိဳးတာ၊ အေၾကာ ဆန႔္ထုတ္တာ၊ ေယာဂက်င့္တာ၊ တစ္ေန႔ တာအေၾကာင္း စာခ်ေရးတာ၊ ရယ္ေမာ တာတို႔ ျဖစ္ၾကပါတယ္။

 

အဆင့္ (၃) အစားအစာ

ဝမ္းဗိုက္အဆီ ေလာင္ကြၽမ္းေစမယ့္ အစာေတြကို စားေပးရင္ ဗိုက္သားခ်ပ္ ရပ္ေစ႐ုံသာမက ေသြးတြင္းသၾကားဓာတ္ကိုပါ တည္ၿငိမ္ေစပါတယ္။ စားသင့္တဲ့ အစားအစာေတြက သစ္သီးနဲ႔ ဟင္းသီး ဟင္း႐ြက္အမ်ားအျပား၊ အဆီနည္းပ႐ိုတင္းနဲ႔ ေကာင္းတဲ့ အဆီေတြပဲ ျဖစ္ၾကပါတယ္။ လိုက္နာသင့္တဲ့ အစာစားနည္းက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

 

-အစာစားတိုင္းဟင္းသီးဟင္း႐ြက္ တစ္မ်ိဳး-ႏွစ္မ်ိဳး ပါဝင္ပါေစ
တစ္ေန႔မွာ ကယ္လိုရီနည္း အစာကို ေလးႀကိမ္-ငါးႀကိမ္စားရင္ ဟင္းသီးဟင္း႐ြက္စားျဖစ္ႏိုင္ေျခက ၄-၁၀ ႀကိမ္ ခန႔္ ရွိပါလိမ့္မယ္။ à ေရမ်ားမ်ားေသာက္ပါ ေရဟာ ေရဓာတ္ခန္းေျခာက္မႈ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္႐ုံသာမက ဗိုက္ဆာတာကိုလည္း ေမ့သြားေစပါတယ္။ တစ္ေန႔ အနည္းဆုံး ေရရွစ္ဖန္ခြက္ခန႔္ ေသာက္ပါ။

 

-အရည္အေသြးရွိတဲ့ ပ႐ိုတင္းဓာတ္ကို စားပါ
ပ႐ိုတင္းပါတဲ့ အစာက အစာေၾကလြယ္၊ ဇီဝ႐ုပ္ျဖစ္ပ်က္လြယ္ၿပီး ကယ္လိုရီမ်ားမ်ားလည္း ေလာင္ကြၽမ္းေစႏိုင္ပါတယ္။ ပ႐ိုတင္းဓာတ္က အစာအိမ္ထဲမွာ ၾကာၾကာ ရွိေစတာေၾကာင့္ ခ်က္ခ်င္း ဗိုက္ျပည့္ေစသလို ၾကာၾကာဗိုက္ျပည့္ ေနေစပါတယ္။

 

-အဆီကို မေၾကာက္ပါႏွင့္
အိုမီဂါ ၃ဖက္တီးအက္စစ္ပါတဲ့ သံလြင္ဆီ၊ ေထာပတ္သီး၊ ငါးနဲ႔ အခြံမာတဲ့ အေစ့အဆန္ေတြက ခႏၶာကိုယ္တြင္းမွာ အဆီေမာ္လီက်ဴးအႀကီးေတြကို ေသးငယ္တဲ့ အဆီေမာ္လီက်ဴးေတြအျဖစ္ ေျပာင္းေစၿပီး သြယ္လ်ေစပါတယ္။

Dr.Z

Unicode Version

ဗိုက်မှာရှိတဲ့အဆီပိုတွေကို ဖယ်ရှားကြမယ်

အမျိုးသမီး အများစုဟာ ဗိုက်ပူတာကြောင့် ဗိုက်သား ချပ်ရပ်ဖို့ အတော် ကြိုးစား ယူရပါတယ်။ ဗိုက်ပူလာပြီဆိုရင် ပြန်ပြီးဗိုက်ချပ်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ စနစ်တကျ လိုက်နာပြီး မှန်မှန်ကြိုးစားမယ်ဆိုရင်တော့ ချပ်ရပ်တဲ့ ဗိုက်သားအလှကို ရရှိလာပါလိမ့်မယ်။

 

အဆင့် (၁) လေ့ကျင့်ခန်း

-ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ပါ
ကြမ်းပြင်ပေါ်လေးဖက်ထောက် အနေအထားမျိုး နေပါ။ လက်နှစ်ဖက် အကွာအဝေးက ပခုံးတွေထက် အနည်းငယ် ပိုကျယ်သင့်ပါတယ်။ ပြီးရင် သင့်ရင်ဘတ်က ကြမ်းပြင်နဲ့ ထိကပ်လုနီးပါး ဖြစ်တဲ့အထိ ခန္ဓာကိုယ်ကို နှိမ့်ထားသင့်ပါတယ်။ပြီးရင် နဂိုအနေအထားမှာ ပြန်နေပြီး ထပ်ကာ ထပ်ကာ လုပ်ပေးပါ။

 

-တင်ပါးမြှင့်လေ့ကျင့်ပါ
ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်လဲ လျောင်းပြီး ဒူးတွေကို ကွေးကာ ခြေဖဝါးတွေကို ကြမ်းပြင်ပေါ်မှာ အပြားလိုက်ချထားပါ။ ပြီးရင် တင်ပါးတွေကို မြှင့်တင်လိုက်ပါ။ ဒီအချိန်မှာ ခန္ဓာကိုယ်ဟာ ပခုံးနဲ့ ဒူးအထိ တစ်ဖြောင့်တည်း ဖြစ်နေရပါမယ်။ ဒီအနေအထားအတိုင်း ငါးစက္ကန့်နေပြီး ခန္ဓာကိုယ်အောက်ပိုင်းကို နဂို အနေအထားမှာ ပြန်ထားပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပါတယ်။

 

အဆင့် (၂) စိတ်ဖိစီးမှု လျှော့ချနည်း
စိတ်ဖိစီးမှုက မြင့်မားနေတဲ့အခါမှာ ကော်တီစောဟော်မုန်းက မြင့်တက်လာပါတယ်။ ကော်တီစောဟော်မုန်း မြင့်တက်တာက ဗိုက်အဆီကို တိုးစေပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်းဆုံး ၁၀- ၁၅ မိနစ်ခန့် စိတ်ဖိစီးမှုကို လျှော့ချပြီး ကော်တီစောအဆင့်ကို လျော့နည်းအောင် လုပ်ဆောင်ပါ။ ဗိုက်သား ချပ်ရပ်လာပါ လိမ့်မယ်။ စိတ်ဖိစီးမှု ဖြေလျှော့ရေးနည်း တချို့ကတော့ လာဗန်ဒါရနံ့သင်းပျံ့နေတဲ့ ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာ၊ အကြော ဆန့်ထုတ်တာ၊ ယောဂကျင့်တာ၊ တစ်နေ့ တာအကြောင်း စာချရေးတာ၊ ရယ်မော တာတို့ ဖြစ်ကြပါတယ်။

 

အဆင့် (၃) အစားအစာ

ဝမ်းဗိုက်အဆီ လောင်ကျွမ်းစေမယ့် အစာတွေကို စားပေးရင် ဗိုက်သားချပ် ရပ်စေရုံသာမက သွေးတွင်းသကြားဓာတ်ကိုပါ တည်ငြိမ်စေပါတယ်။ စားသင့်တဲ့ အစားအစာတွေက သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်အများအပြား၊ အဆီနည်းပရိုတင်းနဲ့ ကောင်းတဲ့ အဆီတွေပဲ ဖြစ်ကြပါတယ်။ လိုက်နာသင့်တဲ့ အစာစားနည်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

-အစာစားတိုင်းဟင်းသီးဟင်းရွက် တစ်မျိုး-နှစ်မျိုး ပါဝင်ပါစေ
တစ်နေ့မှာ ကယ်လိုရီနည်း အစာကို လေးကြိမ်-ငါးကြိမ်စားရင် ဟင်းသီးဟင်းရွက်စားဖြစ်နိုင်ခြေက ၄-၁၀ ကြိမ် ခန့် ရှိပါလိမ့်မယ်။ à ရေများများသောက်ပါ ရေဟာ ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ရုံသာမက ဗိုက်ဆာတာကိုလည်း မေ့သွားစေပါတယ်။ တစ်နေ့ အနည်းဆုံး ရေရှစ်ဖန်ခွက်ခန့် သောက်ပါ။

 

-အရည်အသွေးရှိတဲ့ ပရိုတင်းဓာတ်ကို စားပါ
ပရိုတင်းပါတဲ့ အစာက အစာကြေလွယ်၊ ဇီဝရုပ်ဖြစ်ပျက်လွယ်ပြီး ကယ်လိုရီများများလည်း လောင်ကျွမ်းစေနိုင်ပါတယ်။ ပရိုတင်းဓာတ်က အစာအိမ်ထဲမှာ ကြာကြာ ရှိစေတာကြောင့် ချက်ချင်း ဗိုက်ပြည့်စေသလို ကြာကြာဗိုက်ပြည့် နေစေပါတယ်။

 

-အဆီကို မကြောက်ပါနှင့်
အိုမီဂါ ၃ဖက်တီးအက်စစ်ပါတဲ့ သံလွင်ဆီ၊ ထောပတ်သီး၊ ငါးနဲ့ အခွံမာတဲ့ အစေ့အဆန်တွေက ခန္ဓာကိုယ်တွင်းမှာ အဆီမော်လီကျူးအကြီးတွေကို သေးငယ်တဲ့ အဆီမော်လီကျူးတွေအဖြစ် ပြောင်းစေပြီး သွယ်လျစေပါတယ်။

Dr.Z

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image