ဘယ်လိုလူတွေမှာ အမာရွတ်ဖြစ်ရင် သေရာပါတတ်လဲ

ဘယ္လိုုလူေတြမွာ အမာရြတ္ျဖစ္ရင္ ေသရာပါတတ္လဲ

 

ျခင္ကိုက္လို႔ ကုတ္ရာကေန အမာရြတ္ျဖစ္တာ၊၀က္ျခံေရေက်ာက္ေပါက္ျပီးအမာရြတ္က်န္တာ၊ထိခိုက္ဒဏ္ရာရျပီး အမာရြတ္ျဖစ္တာ၊ခြဲစိတ္္ရာကေနအမာရြတ္ျဖစ္တာ စသျဖင္႔ အမာရြတ္ျဖစ္ရျခင္းအေၾကာင္းေတြအမ်ားၾကီးရွိပါတယ္။

ဘာေၾကာင္႔ပဲျဖစ္ျဖစ္ ျဖစ္လာတဲ႔အမာရြတ္ဟာ ပံုမွန္အသားေရာင္နဲ႔မတူတဲ႔အတြက္ ၾကည္႔ရတာ အျမင္မလွပါဘူး။တခ်ိဳ႕အမာရြတ္ေတြဆိုခ်ိဳင္႔ခြက္လိုခ်ိဳင္႔၀င္ေနတာမ်ိဳးလည္းရွိပါတယ္။

တခ်ိဳ႕ေသာသူေတြမွာဆိုရင္ ကံမေကာင္းစြာနဲ႔ပဲ အမာရြတ္ေနရာမွ အသားလံုးပိုေတြ ထြက္လာကာ အမာရြတ္ေနရာကသိသိသာသာအေပၚဘက္ကိုပဲမို႔တက္လာတာ သို႔မဟုတ္ အမာရြတ္အရြယ္အစားဧရိယာကေဘးဘက္ကိုျပန္႔ကားၾကီးလာတာ မ်ိဳးေတြျဖစ္တတ္ပါတယ္။

အရပ္အေခၚအေနနဲ႔ေတာ႔ မန္းသီးထတယ္လို႔ေခၚၾကပါတယ္။

ေဆးပညာအရေတာ႔ အမာရြတ္ေနရာကေန သိသိသာသာအေပၚဘက္ကိုပဲမို႔တက္လာတာကို Hypertophic scar လို႔ေခၚျပီး အမာရြတ္အရြယ္အစားဧရိယာကေဘးဘက္ကိုျပန္႔ကားၾကီးလာတာကိုေတာ႔ Keloid လို႔ ေခၚပါတယ္။

နွစ္မ်ိဳးလံုးက ကိုင္ၾကည္႔ရင္မာမာဖုဖုၾကီးျဖစ္ျပီး ပန္းေရာင္ သို႔မဟုတ္ အနီေရာင္ရွိကာ ယားယံတာ၊နာက်င္တာေတြျဖစ္တတ္ပါတယ္။

Keloid က Hypertrophic scar ထက္ပိုျပီးၾကည္႔ရဆိုးကာ ေပ်ာက္ဖို႔လည္းခက္ပါတယ္။

Hypertrophic scar,Keloid နွစ္ခုလံုးဟာ မိမိရဲ႕ကိုယ္ခံအားစနစ္က အလြန္အကြ်ံ႕တံု႕ျပန္ေသာေၾကာင္႔ အနာျဖစ္တဲ႔ေနရာမွာ ေကာ္လာဂ်င္အမွ်င္(Collagen)ေတြ လိုအပ္တာထက္ ပိုျပီးစုပံုလာရာကေန ျဖစ္လာတာပါ။

ခြဲစိတ္ရတာ၊တက္တူးထိုးတာ၊နားေဖာက္တာ အစရွိတဲ႔ အေရျပားထိခုိက္ဒဏ္ရာ တခုုခုရရာကေန ျဖစ္ေလ႔ရွိပါတယ္။တခ်ိဳ႕ေတြမွာဆိုရင္ ျခင္ကိုက္တာကို ကုတ္ရာကေနတဆင္႔ျဖစ္တာမ်ိဳးလည္းရွိပါတယ္။

ခႏၶာကိုယ္ရဲ႕မည္သည္႔ေနရာမွာမဆိုျဖစ္နိုင္ပါတယ္။ လႈပ္ရွားရတဲ႔အဆစ္အျမစ္ေနရာေတြမွာျဖစ္ပါက ထိုအဆစ္အျမစ္ရဲ႕လႈပ္ရွားမႈကို အဟန္႔အတားျဖစ္ေစျပီး အေကြးအဆန္႔ လုပ္ရခက္နိုင္ပါတယ္။

 

အသက္အရြယ္မေရြး၊က်ားမမေရြးျဖစ္တတ္ပါတယ္။

အသက္၁၀ နွစ္ကေန ၂၀ ၾကားအရြယ္ေတြ

အသားအေရာင္ရင္႔တဲ႔သူေတြ

မိဘမ်ိဳးရိုးထဲမွာ Keloid,Hypertrophic scar ျဖစ္ဖူးတဲ႔ရာဇ၀င္ရွိသူေတြ

မွာဆိုရင္ ျဖစ္နိုင္ေျခပိုမ်ားပါတယ္။

အမ်ားအားျဖင္႔ေတာ႔ အသက္အႏၱရာယ္ထိခိုက္တာမ်ိဳးေတာ႔မရွိပါ။သို႔ေသာ္ အမာရြတ္ၾကီးထြားလာတဲ႔နႈန္းက တအားျမန္တယ္ဆိုရင္ေတာ႔ ကင္ဆာအတြက္ အသားစစစ္ေဆးဖို႔လိုနိုင္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ Keloid,Hypertrophic scar ျဖစ္တဲ႔ေနရာကို စတီးရြိဳက္ေဆးထိုးတာ၊လိမ္းေဆးလိမ္းတာ၊ေလဆာနဲ႔ပစ္တာ၊ဓါတ္ေရာင္ျခည္နဲ႔ထိုးတာ၊ခြဲစိတ္လွီးထုတ္ျပီးေဆးထိုးတာ၊Cryotherapy ေခၚ အေအးဓါတ္ကုထံုးနဲ႔ကုတာ စသျဖင္႔ နည္းေတြအမ်ားၾကီးရွိပါတယ္။

Keloid,Hypertrophic scar တခါျဖစ္ဖူးတဲ႔သူေတြမွာ ေနာက္တခါအေရျပားထိခိုက္ဒဏ္ရာရရင္ Keloid,Hypertrophic scar ထပ္ျဖစ္နိုင္ေျခဟာ ပိုမ်ားတတ္ပါတယ္။

ဒါေၾကာင္႔အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာက Keloid,Hypertrophic scar တခါျဖစ္ဖူးတဲ႔သူေတြ နဲ႔ ျဖစ္နိုင္ေျခမ်ားတဲ႔သူေတြဆိုရင္ နားေဖာက္တာ၊တက္တူးထိုးတာ၊က်န္းမာေရးအတြက္မလိုအပ္ဘဲ အလွအပအတြက္ ခြဲစိတ္တာမ်ိဳးေတြ လံုး၀မလုပ္သင္႔ပါဘူး။ျခင္ကိုက္တဲ႔အခါမ်ိဳးမွာဆိုရင္လည္း မကုတ္မိေအာင္အတတ္နိုင္ဆံုးဂရုစိုက္ရပါမယ္။

က်န္းမာေရးအရခြဲစိတ္ရတဲ႔အခါေတြမွာဆိုရင္လည္း Keloid,Hypertrophic scar တခါျဖစ္ဖူးတဲ႔သူေတြအေနနဲ႔ မခြဲခင္မွာ ခြဲစိတ္ဆရာ၀န္ကို ဒီလိုျဖစ္ဖူးတဲ႔အေၾကာင္း ၾကိဳေျပာျပထားဖို႔လိုပါတယ္။

Dr 528

Unicode Version

ဘယ်လိုလူတွေမှာ အမာရွတ်ဖြစ်ရင် သေရာပါတတ်လဲ

ခြင်ကိုက်လို့ ကုတ်ရာကနေ အမာရွတ်ဖြစ်တာ၊ဝက်ခြံရေကျောက်ပေါက်ပြီးအမာရွတ်ကျန်တာ၊ထိခိုက်ဒဏ်ရာရပြီး အမာရွတ်ဖြစ်တာ၊ခွဲစိတ်ရာကနေအမာရွတ်ဖြစ်တာ စသဖြင့် အမာရွတ်ဖြစ်ရခြင်းအကြောင်းတွေအများကြီးရှိပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် ဖြစ်လာတဲ့အမာရွတ်ဟာ ပုံမှန်အသားရောင်နဲ့မတူတဲ့အတွက် ကြည့်ရတာ အမြင်မလှပါဘူး။တချို့အမာရွတ်တွေဆိုချိုင့်ခွက်လိုချိုင့်ဝင်နေတာမျိုးလည်းရှိပါတယ်။

တချို့သောသူတွေမှာဆိုရင် ကံမကောင်းစွာနဲ့ပဲ အမာရွတ်နေရာမှ အသားလုံးပိုတွေ ထွက်လာကာ အမာရွတ်နေရာကသိသိသာသာအပေါ်ဘက်ကိုပဲမို့တက်လာတာ သို့မဟုတ် အမာရွတ်အရွယ်အစားဧရိယာကဘေးဘက်ကိုပြန့်ကားကြီးလာတာ မျိုးတွေဖြစ်တတ်ပါတယ်။

အရပ်အခေါ်အနေနဲ့တော့ မန်းသီးထတယ်လို့ခေါ်ကြပါတယ်။

ဆေးပညာအရတော့ အမာရွတ်နေရာကနေ သိသိသာသာအပေါ်ဘက်ကိုပဲမို့တက်လာတာကို Hypertophic scar လို့ခေါ်ပြီး အမာရွတ်အရွယ်အစားဧရိယာကဘေးဘက်ကိုပြန့်ကားကြီးလာတာကိုတော့ Keloid လို့ ခေါ်ပါတယ်။

နှစ်မျိုးလုံးက ကိုင်ကြည့်ရင်မာမာဖုဖုကြီးဖြစ်ပြီး ပန်းရောင် သို့မဟုတ် အနီရောင်ရှိကာ ယားယံတာ၊နာကျင်တာတွေဖြစ်တတ်ပါတယ်။

Keloid က Hypertrophic scar ထက်ပိုပြီးကြည့်ရဆိုးကာ ပျောက်ဖို့လည်းခက်ပါတယ်။

Hypertrophic scar,Keloid နှစ်ခုလုံးဟာ မိမိရဲ့ကိုယ်ခံအားစနစ်က အလွန်အကျွံ့တုံ့ပြန်သောကြောင့် အနာဖြစ်တဲ့နေရာမှာ ကော်လာဂျင်အမျှင်(Collagen)တွေ လိုအပ်တာထက် ပိုပြီးစုပုံလာရာကနေ ဖြစ်လာတာပါ။

ခွဲစိတ်ရတာ၊တက်တူးထိုးတာ၊နားဖောက်တာ အစရှိတဲ့ အရေပြားထိခိုက်ဒဏ်ရာ တခုခုရရာကနေ ဖြစ်လေ့ရှိပါတယ်။တချို့တွေမှာဆိုရင် ခြင်ကိုက်တာကို ကုတ်ရာကနေတဆင့်ဖြစ်တာမျိုးလည်းရှိပါတယ်။

ခန္ဓာကိုယ်ရဲ့မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ လှုပ်ရှားရတဲ့အဆစ်အမြစ်နေရာတွေမှာဖြစ်ပါက ထိုအဆစ်အမြစ်ရဲ့လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေပြီး အကွေးအဆန့် လုပ်ရခက်နိုင်ပါတယ်။

အသက်အရွယ်မရွေး၊ကျားမမရွေးဖြစ်တတ်ပါတယ်။

အသက်၁၀ နှစ်ကနေ ၂၀ ကြားအရွယ်တွေ

အသားအရောင်ရင့်တဲ့သူတွေ

မိဘမျိုးရိုးထဲမှာ Keloid,Hypertrophic scar ဖြစ်ဖူးတဲ့ရာဇဝင်ရှိသူတွေ

မှာဆိုရင် ဖြစ်နိုင်ခြေပိုများပါတယ်။

အများအားဖြင့်တော့ အသက်အန္တရာယ်ထိခိုက်တာမျိုးတော့မရှိပါ။သို့သော် အမာရွတ်ကြီးထွားလာတဲ့နှုန်းက တအားမြန်တယ်ဆိုရင်တော့ ကင်ဆာအတွက် အသားစစစ်ဆေးဖို့လိုနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ Keloid,Hypertrophic scar ဖြစ်တဲ့နေရာကို စတီးရွိုက်ဆေးထိုးတာ၊လိမ်းဆေးလိမ်းတာ၊လေဆာနဲ့ပစ်တာ၊ဓါတ်ရောင်ခြည်နဲ့ထိုးတာ၊ခွဲစိတ်လှီးထုတ်ပြီးဆေးထိုးတာ၊Cryotherapy ခေါ် အအေးဓါတ်ကုထုံးနဲ့ကုတာ စသဖြင့် နည်းတွေအများကြီးရှိပါတယ်။

Keloid,Hypertrophic scar တခါဖြစ်ဖူးတဲ့သူတွေမှာ နောက်တခါအရေပြားထိခိုက်ဒဏ်ရာရရင် Keloid,Hypertrophic scar ထပ်ဖြစ်နိုင်ခြေဟာ ပိုများတတ်ပါတယ်။

ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပေးချင်တာက Keloid,Hypertrophic scar တခါဖြစ်ဖူးတဲ့သူတွေ နဲ့ ဖြစ်နိုင်ခြေများတဲ့သူတွေဆိုရင် နားဖောက်တာ၊တက်တူးထိုးတာ၊ကျန်းမာရေးအတွက်မလိုအပ်ဘဲ အလှအပအတွက် ခွဲစိတ်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ခြင်ကိုက်တဲ့အခါမျိုးမှာဆိုရင်လည်း မကုတ်မိအောင်အတတ်နိုင်ဆုံးဂရုစိုက်ရပါမယ်။

ကျန်းမာရေးအရခွဲစိတ်ရတဲ့အခါတွေမှာဆိုရင်လည်း Keloid,Hypertrophic scar တခါဖြစ်ဖူးတဲ့သူတွေအနေနဲ့ မခွဲခင်မှာ ခွဲစိတ်ဆရာဝန်ကို ဒီလိုဖြစ်ဖူးတဲ့အကြောင်း ကြိုပြောပြထားဖို့လိုပါတယ်။

Dr 528