ဆေးခန်းသွားဖို့လိုမဲ့ အရေပြားပြဿနာများ

ေဆးခန္းသြားဖိုု႔လိုုမဲ့ အေရျပားျပႆနာမ်ား

မိန္းကေလး အမ်ားစုက လွခ်င္ၾကတာခ်ည္းပဲ။ မ်က္ႏွာ အသားအေရ ဆံပင္ ကိုယ္လုံးကိုယ္ထည္ စသျဖင့္ ကိုယ့္ရဲ႕ ကိုယ္အဂၤါ အစိတ္အပိုင္း အားလုံးမွာ ျပစ္မ်ိဳးမွဲ႔ မထင္ လွပခ်င္ၾကပါတယ္။
အထူးသျဖင့္ အလွအပ အတြက္ အဓိက အေရးအႀကီးဆုံး လို႔ ဆိုရမယ့္ မ်က္ႏွာလို ေနရာမ်ိဳးမွာ မ်က္ႏွာအလွအပကို ပ်က္စီးေစႏိုင္မယ့္ အရာတစ္ခုခု ျဖစ္လာရင္ မိန္းကေလးတိုင္း စိတ္ညစ္ၾကပါတယ္။
မ်က္ႏွာ မွာ တစ္ခုခု ျဖစ္လာတယ္ ဆိုရင္ သူငယ္ခ်င္းတစ္ေယာက္ေယာက္ နဲ႔ တိုင္ပင္ၿပီးေတာ့ ျဖစ္ျဖစ္ ၊ ကိုယ့္ဘာသာ ရွာေဖြ ၿပီးေတာ့ ျဖစ္ျဖစ္ ကိုယ့္မ်က္ႏွာ မွာ ဘာျဖစ္ေနတယ္ ၊ ဘယ္ အလွကုန္ ပစၥည္း ကျဖင့္ ကိုယ္မ်က္ႏွာေပၚမွာ ျဖစ္ေနတဲ့ အရာကို သက္သာေအာင္ လုပ္ေပးႏိုင္တယ္ ဆိုၿပီး ဒီဟာကို လိမ္းၾကည့္ၾကပါေတာ့တယ္။
အသားအရည္ ေပၚမွာ တစ္ခုခု ျဖစ္တဲ့ အခါ ကိုယ့္ဘာသာ ေျဖရွင္းလို႔ရတဲ့ အေျခအေနေတြလည္း ရွိပါတယ္ ( ဥပမာ- အသားအေရ ေျခာက္သလို ခံစားရတဲ့ အတြက္ အစိုဓာတ္ ကို ေပးႏိုင္တဲ့ အသားအေရ ထိန္းသိမ္းတဲ့ ပစၥည္းေတြကို သုံးတာမ်ိဳး ၊ အျပင္ထြက္တာ မ်ားၿပီး ေနေလာင္တဲ့ အခါမွာ ဒါကို ျပန္သက္သာေစမယ့္ အလွကုန္ပစၥည္းကို သုံးတာမ်ိဳး စသျဖင့္ ျဖစ္ပါတယ္။
ဒါေပမဲ့ တစ္ခ်ိဳ႕ေသာ အေျခအေန ေတြဟာ သက္ဆိုင္ရာ အေရျပားအထူးကု ဆရာဝန္ နဲ႔ ျပသမွ ေပ်ာက္ကင္းမွာ ျဖစ္ပါတယ္။ အေပၚမွာ ေျပာခဲ့တဲ့ အေျခအေနေတြဟာလည္း ဆိုးလာမယ္ ဆိုရင္ ( အသားအေရ ေျခာက္႐ုံသာမက ကြဲအက္လာတာ ၊ ေနေလာင္ၿပီးတဲ့ ေနာက္ အဖုေတြ ေပၚလာတာ ၊ ေရၾကည္ဖု ျဖစ္တာ ) ဆရာဝန္ နဲ႔ ျပသတာဟာ အေကာင္းဆုံးနည္းလမ္း ပါပဲ။

မ်က္ႏွာ ေပၚမွာ အျဖစ္မ်ားတဲ့ ျပႆနာ
ဝက္ၿခံ ေပါက္တာဟာ မ်က္ႏွာေပၚက အျဖစ္မ်ားတဲ့ ျပႆနာ တစ္ခု ပါပဲ။ ဝက္ၿခံေပါက္ရျခင္း အေၾကာင္းရင္းေတြက မ်ားပါတယ္။
ေခြၽးေပါက္ ပိတ္ဆို႔တာ ၊ အဆီ ျပန္တဲ့ မ်က္ႏွာ မ်ိဳး ျဖစ္တာ ၊ ေခြၽးေပါက္ေတြ ရွိတဲ့ ေနရာမွာ အေရျပားကို ေရာင္ရမ္းေစႏိုင္တဲ့ ဘက္တီးရီးယားပိုးေတြ ေပါက္ဖြားတာ စသျဖင့္ ျဖစ္ပါတယ္။
ဒါေၾကာင့္ ဝက္ၿခံ ေတြ ေပါက္တဲ့ အခါမွာ ေခြၽးေပါက္ ပိတ္တာကို ဖယ္ရွားဖို႔ အတြက္ စနစ္တက် သန႔္ရွင္းေရးလုပ္တာ ၊ အဆီျပန္တယ္ ဆိုရင္ အဆီျပန္တဲ့ အသားအေရ အတြက္ အလွကုန္ ပစၥည္း ေတြကို အသုံးျပဳတာ စသျဖင့္ ကိုယ္တိုင္လုပ္လို႔ ရတဲ့ ကိစၥေတြ ရွိတာ အမွန္ပါပဲ။
ဒါေပမဲ့ ဒါေတြ လုပ္ေပးရဲ႕ သားနဲ႔ ဝက္ၿခံေတြ မသက္သာဘူး ဒါမွမဟုတ္ မ်က္ႏွာေပၚမွာ ဝက္ၿခံ ေပါက္တာတင္ မကဘူး မ်က္ႏွာပါ ေရာင္ေနတယ္ ဆိုတာမ်ိဳး ဆိုရင္ေတာ့ ဆရာဝန္ နဲ႔ ျပသဖို႔ လိုလာပါၿပီ ။
ဘက္တီးရီးယား ပိုးေၾကာင့္ ျဖစ္တဲ့ ဝက္ၿခံေတြ ၊ သူတို႔ေၾကာင့္ အသားအေရ ေရာင္ရမ္းတာေတြကို ကုသဖို႔ အတြက္ ပိုးသတ္ေဆး လိုတတ္ပါတယ္။

ဒီလို အခ်ိန္မွာ ဆရာဝန္ နဲ႔ သြားမျပဘဲ ဝက္ၿခံကို သက္သာေစတယ္ဆိုတဲ့ နာမည္ႀကီး အလွကုန္ေတြကိုသာ သုံးၾကည့္လိုက္ပါတယ္။ တစ္ခါတစ္ေလ သုံးလိုက္တဲ့ အလွကုန္ဟာ ကမာၻေက်ာ္ စိတ္ခ်ရတဲ့ ပစၥည္းမ်ိဳး မဟုတ္ဘဲ ဝက္ၿခံသက္သာတယ္လို႔ နာမည္ႀကီးလို႔သာ ဝယ္သုံးလိုက္တာမ်ိဳး ျဖစ္သြားႏိုင္ပါတယ္။
ဒီအခါ မွာ အခန႔္မသင့္ရင့္ ျပႆနာေတြ ပိုဆိုးသြားႏိုင္ပါတယ္။

အလွကုန္ ပစၥည္း နဲ႔ Steroid
နာမည္ႀကီးလာတဲ့ အလွကုန္ ပစၥည္းတစ္ခု မွာ Steroid ေတြ ထည့္ထားတဲ့ အတြက္ အသားအေရျပႆနာ ေတြ ျဖစ္ၾကတယ္ ဆိုတာကို လြန္ခဲ့တဲ့ တစ္ႏွစ္ ၊ႏွစ္ႏွစ္ ေလာက္က ၾကားလိုက္ရပါတယ္။
အခုထိလည္း တစ္ခ်ိဳ႕ေသာ ကိစၥေတြ ၾကားေနရတုန္းပါပဲ။ နာမည္ႀကီးလို႔ သုံးၾကည့္တာ အစကေတာ့ သက္သာသြားတယ္။ ေရရွည္သုံးေတာ့မွ မ်က္ႏွာမွာ ဘယ္လိုေတြ ျဖစ္လာလည္း မသိဘူး စသျဖင့္ ျဖစ္ပါတယ္။

Steroid ရဲ႕ အာနိသင္
Steroid ဟာ ေရာင္ရမ္းမႈကို က်ေစတဲ့ အာနိသင္ ရွိပါတယ္။ ဒါေၾကာင့္ သက္ဆိုင္ရာ အေျခအေန ေတြမွာ ဆရာဝန္ေတြကိုယ္တိုင္ သုံးတတ္ၾကပါတယ္။
ဒါေပမဲ့ Steroid ကို လိုတာထက္ ပိုသုံးမိရင္ ေဘးထြက္ ဆိုးက်ိဳးေတြဟာ အလြန္မ်ားပါတယ္။
Steroid ကိုေရရွည္သုံးရင္ ကိုယ္မွာရွိတဲ့ ခုခံအားကို က်ေစတဲ့ ကိုယ္ထဲကို ပိုးမႊားေတြ ပိုဝင္လာႏိုင္ပါတယ္။
ေရာဂါပိုးေၾကာင့္ ျဖစ္တဲ့ ေရာင္ရမ္းမႈေတြမွာ Steroid သြားသုံးမိရင္ အရမ္းကို အႏၲရာယ္မ်ားပါတယ္။ ေရာင္ရမ္းမႈ ကို က်ေစတဲ့ အတြက္ အစပိုင္းမွာ သက္သာသြားသေယာင္ ထင္ရေပမဲ့ တကယ္က ပိုဆိုးေနတတ္ပါတယ္။
Steroid ရဲ႕ အေရျပားေပၚမွာ ျဖစ္ေစတဲ့ ဆိုးက်ိဳး
ပိုးေတြေၾကာင့္ ျဖစ္တဲ့ ဝက္ၿခံေတြမွာ Steroid ပါတဲ့ အလွကုန္ကို သုံးမိတဲ့ အခါ အခ်ိန္ၾကာလာတဲ့ အခါမွာ ေရာင္တာက မသက္သာေတာ့ အျပင္ ပိုဆိုးသြားပါလိမ့္မယ္။ ဒီအခါ ဝက္ၿခံေၾကာင့္ အမာ႐ြတ္ေတြ ပိုျဖစ္သြားပါလိမ့္မယ္။
ဒါ့အျပင္ Steroid ဟာ အေရျပားပါးတာေတြ နဲ႔ အသားအေရာင္ ေျပာင္းသြားတာေတြကို ျဖစ္ေစတဲ့ အတြက္ ဒါေတြဟာလည္း အလွအပကို ပ်က္စီးေစမွာ ပါပဲ။

ဘယ္လို ကာကြယ္မလဲ
အေပၚမွာ ေျပာခဲ့သလိုပဲ လိုအပ္လာတဲ့ အေျခအေနေတြမွာ အလွကုန္ ကိုပဲ အားကိုးမေနပဲ ဆရာဝန္ကို သြားျပဖို႔ လိုပါတယ္။
ေနာက္တစ္ခု က နာမည္ႀကီးတယ္ ဆိုတိုင္း အလွကုန္တစ္ခုကို အရမ္းမသုံးပဲ ဒီ အလွကုန္ဟာ စိတ္ခ်ရသလား ဘာေတြပါသလဲ ဆိုတာကို အရင္စမ္းစစ္ရမွာပဲ ျဖစ္ပါတယ္။

Dr.ေမႊး

Unicode Version

ဆေးခန်းသွားဖို့လိုမဲ့ အရေပြားပြဿနာများ

မိန်းကလေး အများစုက လှချင်ကြတာချည်းပဲ။ မျက်နှာ အသားအရေ ဆံပင် ကိုယ်လုံးကိုယ်ထည် စသဖြင့် ကိုယ့်ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးမှာ ပြစ်မျိုးမှဲ့ မထင် လှပချင်ကြပါတယ်။
အထူးသဖြင့် အလှအပ အတွက် အဓိက အရေးအကြီးဆုံး လို့ ဆိုရမယ့် မျက်နှာလို နေရာမျိုးမှာ မျက်နှာအလှအပကို ပျက်စီးစေနိုင်မယ့် အရာတစ်ခုခု ဖြစ်လာရင် မိန်းကလေးတိုင်း စိတ်ညစ်ကြပါတယ်။
မျက်နှာ မှာ တစ်ခုခု ဖြစ်လာတယ် ဆိုရင် သူငယ်ချင်းတစ်ယောက်ယောက် နဲ့ တိုင်ပင်ပြီးတော့ ဖြစ်ဖြစ် ၊ ကိုယ့်ဘာသာ ရှာဖွေ ပြီးတော့ ဖြစ်ဖြစ် ကိုယ့်မျက်နှာ မှာ ဘာဖြစ်နေတယ် ၊ ဘယ် အလှကုန် ပစ္စည်း ကဖြင့် ကိုယ်မျက်နှာပေါ်မှာ ဖြစ်နေတဲ့ အရာကို သက်သာအောင် လုပ်ပေးနိုင်တယ် ဆိုပြီး ဒီဟာကို လိမ်းကြည့်ကြပါတော့တယ်။
အသားအရည် ပေါ်မှာ တစ်ခုခု ဖြစ်တဲ့ အခါ ကိုယ့်ဘာသာ ဖြေရှင်းလို့ရတဲ့ အခြေအနေတွေလည်း ရှိပါတယ် ( ဥပမာ- အသားအရေ ခြောက်သလို ခံစားရတဲ့ အတွက် အစိုဓာတ် ကို ပေးနိုင်တဲ့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးတာမျိုး ၊ အပြင်ထွက်တာ များပြီး နေလောင်တဲ့ အခါမှာ ဒါကို ပြန်သက်သာစေမယ့် အလှကုန်ပစ္စည်းကို သုံးတာမျိုး စသဖြင့် ဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ချို့သော အခြေအနေ တွေဟာ သက်ဆိုင်ရာ အရေပြားအထူးကု ဆရာဝန် နဲ့ ပြသမှ ပျောက်ကင်းမှာ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေတွေဟာလည်း ဆိုးလာမယ် ဆိုရင် ( အသားအရေ ခြောက်ရုံသာမက ကွဲအက်လာတာ ၊ နေလောင်ပြီးတဲ့ နောက် အဖုတွေ ပေါ်လာတာ ၊ ရေကြည်ဖု ဖြစ်တာ ) ဆရာဝန် နဲ့ ပြသတာဟာ အကောင်းဆုံးနည်းလမ်း ပါပဲ။

မျက်နှာ ပေါ်မှာ အဖြစ်များတဲ့ ပြဿနာ
ဝက်ခြံ ပေါက်တာဟာ မျက်နှာပေါ်က အဖြစ်များတဲ့ ပြဿနာ တစ်ခု ပါပဲ။ ဝက်ခြံပေါက်ရခြင်း အကြောင်းရင်းတွေက များပါတယ်။
ချွေးပေါက် ပိတ်ဆို့တာ ၊ အဆီ ပြန်တဲ့ မျက်နှာ မျိုး ဖြစ်တာ ၊ ချွေးပေါက်တွေ ရှိတဲ့ နေရာမှာ အရေပြားကို ရောင်ရမ်းစေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားတာ စသဖြင့် ဖြစ်ပါတယ်။
ဒါကြောင့် ဝက်ခြံ တွေ ပေါက်တဲ့ အခါမှာ ချွေးပေါက် ပိတ်တာကို ဖယ်ရှားဖို့ အတွက် စနစ်တကျ သန့်ရှင်းရေးလုပ်တာ ၊ အဆီပြန်တယ် ဆိုရင် အဆီပြန်တဲ့ အသားအရေ အတွက် အလှကုန် ပစ္စည်း တွေကို အသုံးပြုတာ စသဖြင့် ကိုယ်တိုင်လုပ်လို့ ရတဲ့ ကိစ္စတွေ ရှိတာ အမှန်ပါပဲ။
ဒါပေမဲ့ ဒါတွေ လုပ်ပေးရဲ့ သားနဲ့ ဝက်ခြံတွေ မသက်သာဘူး ဒါမှမဟုတ် မျက်နှာပေါ်မှာ ဝက်ခြံ ပေါက်တာတင် မကဘူး မျက်နှာပါ ရောင်နေတယ် ဆိုတာမျိုး ဆိုရင်တော့ ဆရာဝန် နဲ့ ပြသဖို့ လိုလာပါပြီ ။
ဘက်တီးရီးယား ပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံတွေ ၊ သူတို့ကြောင့် အသားအရေ ရောင်ရမ်းတာတွေကို ကုသဖို့ အတွက် ပိုးသတ်ဆေး လိုတတ်ပါတယ်။

ဒီလို အချိန်မှာ ဆရာဝန် နဲ့ သွားမပြဘဲ ဝက်ခြံကို သက်သာစေတယ်ဆိုတဲ့ နာမည်ကြီး အလှကုန်တွေကိုသာ သုံးကြည့်လိုက်ပါတယ်။ တစ်ခါတစ်လေ သုံးလိုက်တဲ့ အလှကုန်ဟာ ကမ္ဘာကျော် စိတ်ချရတဲ့ ပစ္စည်းမျိုး မဟုတ်ဘဲ ဝက်ခြံသက်သာတယ်လို့ နာမည်ကြီးလို့သာ ဝယ်သုံးလိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။
ဒီအခါ မှာ အခန့်မသင့်ရင့် ပြဿနာတွေ ပိုဆိုးသွားနိုင်ပါတယ်။

အလှကုန် ပစ္စည်း နဲ့ Steroid
နာမည်ကြီးလာတဲ့ အလှကုန် ပစ္စည်းတစ်ခု မှာ Steroid တွေ ထည့်ထားတဲ့ အတွက် အသားအရေပြဿနာ တွေ ဖြစ်ကြတယ် ဆိုတာကို လွန်ခဲ့တဲ့ တစ်နှစ် ၊နှစ်နှစ် လောက်က ကြားလိုက်ရပါတယ်။
အခုထိလည်း တစ်ချို့သော ကိစ္စတွေ ကြားနေရတုန်းပါပဲ။ နာမည်ကြီးလို့ သုံးကြည့်တာ အစကတော့ သက်သာသွားတယ်။ ရေရှည်သုံးတော့မှ မျက်နှာမှာ ဘယ်လိုတွေ ဖြစ်လာလည်း မသိဘူး စသဖြင့် ဖြစ်ပါတယ်။

Steroid ရဲ့ အာနိသင်
Steroid ဟာ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ အခြေအနေ တွေမှာ ဆရာဝန်တွေကိုယ်တိုင် သုံးတတ်ကြပါတယ်။
ဒါပေမဲ့ Steroid ကို လိုတာထက် ပိုသုံးမိရင် ဘေးထွက် ဆိုးကျိုးတွေဟာ အလွန်များပါတယ်။
Steroid ကိုရေရှည်သုံးရင် ကိုယ်မှာရှိတဲ့ ခုခံအားကို ကျစေတဲ့ ကိုယ်ထဲကို ပိုးမွှားတွေ ပိုဝင်လာနိုင်ပါတယ်။
ရောဂါပိုးကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေမှာ Steroid သွားသုံးမိရင် အရမ်းကို အန္တရာယ်များပါတယ်။ ရောင်ရမ်းမှု ကို ကျစေတဲ့ အတွက် အစပိုင်းမှာ သက်သာသွားသယောင် ထင်ရပေမဲ့ တကယ်က ပိုဆိုးနေတတ်ပါတယ်။
Steroid ရဲ့ အရေပြားပေါ်မှာ ဖြစ်စေတဲ့ ဆိုးကျိုး
ပိုးတွေကြောင့် ဖြစ်တဲ့ ဝက်ခြံတွေမှာ Steroid ပါတဲ့ အလှကုန်ကို သုံးမိတဲ့ အခါ အချိန်ကြာလာတဲ့ အခါမှာ ရောင်တာက မသက်သာတော့ အပြင် ပိုဆိုးသွားပါလိမ့်မယ်။ ဒီအခါ ဝက်ခြံကြောင့် အမာရွတ်တွေ ပိုဖြစ်သွားပါလိမ့်မယ်။
ဒါ့အပြင် Steroid ဟာ အရေပြားပါးတာတွေ နဲ့ အသားအရောင် ပြောင်းသွားတာတွေကို ဖြစ်စေတဲ့ အတွက် ဒါတွေဟာလည်း အလှအပကို ပျက်စီးစေမှာ ပါပဲ။

ဘယ်လို ကာကွယ်မလဲ
အပေါ်မှာ ပြောခဲ့သလိုပဲ လိုအပ်လာတဲ့ အခြေအနေတွေမှာ အလှကုန် ကိုပဲ အားကိုးမနေပဲ ဆရာဝန်ကို သွားပြဖို့ လိုပါတယ်။
နောက်တစ်ခု က နာမည်ကြီးတယ် ဆိုတိုင်း အလှကုန်တစ်ခုကို အရမ်းမသုံးပဲ ဒီ အလှကုန်ဟာ စိတ်ချရသလား ဘာတွေပါသလဲ ဆိုတာကို အရင်စမ်းစစ်ရမှာပဲ ဖြစ်ပါတယ်။