ဆားဝက်ခြံတွေပျောက်အောင် ဘယ်လိုလုပ်မလဲ

ဆားဝက္ျခံေတြေပ်ာက္ေအာင္ ဘယ္လိုုလုုပ္မလဲ

ဆား၀က္ျခံဆိုတာဟာ ေရာင္ရမ္းနာက်င္ျခင္းမရွိဘဲ အဆီဖုအေသးေလးေတြလိုမ်ိဳးျဖစ္တဲ႔ ၀က္ျခံအမ်ိဳးအစားပါ။

အေရျပားေပၚမွာအျဖဴေရာင္အဖုအငယ္ေလးေတြ(Whiteheads) အျဖစ္လည္းေပၚနိုင္သလို အမည္းေရာင္အဖုငယ္ေလးေတြ(Blackheads)အေနနဲ႔လည္းေပၚနိုင္ပါတယ္။

အမ်ားအားျဖင္႔ေတာ႔ နွာေခါင္း၊ေမးေစ႔ စတဲ႔မ်က္နွာေနရာေတြမွာျဖစ္ေလ႔ရွိပါတယ္။

သို႔ေသာ္ ေက်ာကုန္း၊ရင္ဘတ္၊လည္ပင္း၊လက္ေမာင္းစတဲ႔ေနရာေတြမွာလည္းျဖစ္နိုင္ပါတယ္။

ဆား၀က္ျခံေလးေတြဟာ အဆီမ်ား၊အေရျပားဆဲလ္ေသမ်ား၊အညစ္အေၾကး(ဖုန္၊အမႈန္)မ်ားက ေခြ်းေပါက္ သို႔မဟုတ္ ေမႊးညွင္းေပါက္(Hair follicles) ေတြမွာ ၀င္ေရာက္ပိတ္ဆို႕ျခင္းေၾကာင္႔ ျဖစ္ေပၚလာရျခင္း ျဖစ္ပါတယ္။

ဆား၀က္ျခံေတြဟာ ေခြ်းအလြန္အကြ်ံထြက္တတ္တဲ႔သူေတြ၊အဆီျပန္တတ္တဲ႔အသားအေရပိုင္ရွင္ေတြ၊မိတ္ကပ္အလြန္အကြံ်လိမ္းသူေတြ၊အေၾကာင္းတခုခုေၾကာင္႔ စတီးရြိဳက္ေဆးေတြ၊ေဟာ္မုန္းေဆးေတြေသာက္ေနရတဲ႔သူေတြြ၊သားဥအိမ္မွာအရည္အိတ္ေလးေတြအမ်ားၾကီးရွိတဲ႔ေရာဂါ(Polycystic ovarian syndrome-PCOS)ရွိေသာအမ်ိဳးသမီးေတြ၊စိတ္ဖိစီးမႈမ်ားသူေတြ နဲ႔ အပ်ိဳေဖာ္လူပ်ိဳေဖာ္၀င္စအရြယ္ေတြမွာ ပိုျဖစ္နိုင္ေျခမ်ားပါတယ္။

ဆား၀က္ျခံျဖစ္တဲ႔အခါမွာ အဖုေလးေတြကို လက္နဲ႔ကုတ္တာ၊ဖဲ႔တာ၊ညွစ္ထုတ္တာမ်ိဳးေတြကိုေရွာင္ရပါမယ္။

ဆား၀က္ျခံဖယ္ရွားေပးတဲ႔စကၠဴ သို႔မဟုတ္ မ်က္နွာဖံုးကို သံုးနိုင္ပါတယ္။

မ်က္နွာသစ္ေဆး အျပင္းေတြ မသံုးပါနဲ႔။မိတ္ကပ္နဲ႔အလွျပင္ပစၥည္းေတြ မျဖစ္မေနသံုးရတဲ႔သူေတြဆိုရင္ non-comedogenic အမ်ိဳးအစားေတြကုိပဲသံုးပါ။

ညဘက္မွာ သၾကားနဲ႔ပ်ားရည္ကိုဆတူေရာျပီး မ်က္နွာေပၚမွာ ပြတ္လိမ္းကာ ၁၅မိနစ္ေလာက္ထားပါ။ျပီးရင္ေရေဆးခ်ကာ အ၀တ္သန္႔နဲ႔ေျပာင္ေအာင္သုတ္ပါ။

ထို႔ေနာက္ Azelaic acid သို႔မဟုတ္ Salicylic acid သို႔မဟုတ္ Benzoyl peroxide ပါတဲ႔ လိမ္းေဆးတမ်ိဳးမ်ိဳးလိမ္းအိပ္ပါ။

ဗီတာမင္စီပါတဲ႔အားေဆးေသာက္ပါ။စိတ္ဖိစီးစရာနည္းေအာင္ေနပါ။ဟင္းသီးဟင္းရြက္မ်ားမ်ားစားပါ။ေရမ်ားမ်ားေသာက္ပါ။

ဒီလိုေတြလုပ္လို႔မွ မသက္သာဘူး၊ပိုဆိုးလာတယ္ဆိုရင္ေတာ႔ အေရျပားဆရာ၀န္နဲ႔ျပသျပီး Round loop extractor ေခၚ ဆား၀က္ျခံဖယ္တဲ႔ကိရိယာနဲ႔ဖယ္တာ၊Microdermabrasion လုပ္တာ၊Chemical peeling လုပ္တာ၊ေလဆာနဲ႔အလင္းကုထံုးေတြနဲ႔ကုတာ စသျဖင္႔ လုပ္နိုင္ပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Unicode Version

ဆားဝက်ခြံတွေပျောက်အောင် ဘယ်လိုလုပ်မလဲ

ဆားဝက်ခြံဆိုတာဟာ ရောင်ရမ်းနာကျင်ခြင်းမရှိဘဲ အဆီဖုအသေးလေးတွေလိုမျိုးဖြစ်တဲ့ ဝက်ခြံအမျိုးအစားပါ။

အရေပြားပေါ်မှာအဖြူရောင်အဖုအငယ်လေးတွေ(Whiteheads) အဖြစ်လည်းပေါ်နိုင်သလို အမည်းရောင်အဖုငယ်လေးတွေ(Blackheads)အနေနဲ့လည်းပေါ်နိုင်ပါတယ်။

အများအားဖြင့်တော့ နှာခေါင်း၊မေးစေ့ စတဲ့မျက်နှာနေရာတွေမှာဖြစ်လေ့ရှိပါတယ်။

သို့သော် ကျောကုန်း၊ရင်ဘတ်၊လည်ပင်း၊လက်မောင်းစတဲ့နေရာတွေမှာလည်းဖြစ်နိုင်ပါတယ်။

ဆားဝက်ခြံလေးတွေဟာ အဆီများ၊အရေပြားဆဲလ်သေများ၊အညစ်အကြေး(ဖုန်၊အမှုန်)များက ချွေးပေါက် သို့မဟုတ် မွှေးညှင်းပေါက်(Hair follicles) တွေမှာ ဝင်ရောက်ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

ဆားဝက်ခြံတွေဟာ ချွေးအလွန်အကျွံထွက်တတ်တဲ့သူတွေ၊အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေ၊မိတ်ကပ်အလွန်အကွံျလိမ်းသူတွေ၊အကြောင်းတခုခုကြောင့် စတီးရွိုက်ဆေးတွေ၊ဟော်မုန်းဆေးတွေသောက်နေရတဲ့သူတွေ၊သားဥအိမ်မှာအရည်အိတ်လေးတွေအများကြီးရှိတဲ့ရောဂါ(Polycystic ovarian syndrome-PCOS)ရှိသောအမျိုးသမီးတွေ၊စိတ်ဖိစီးမှုများသူတွေ နဲ့ အပျိုဖော်လူပျိုဖော်ဝင်စအရွယ်တွေမှာ ပိုဖြစ်နိုင်ခြေများပါတယ်။

ဆားဝက်ခြံဖြစ်တဲ့အခါမှာ အဖုလေးတွေကို လက်နဲ့ကုတ်တာ၊ဖဲ့တာ၊ညှစ်ထုတ်တာမျိုးတွေကိုရှောင်ရပါမယ်။

ဆားဝက်ခြံဖယ်ရှားပေးတဲ့စက္ကူ သို့မဟုတ် မျက်နှာဖုံးကို သုံးနိုင်ပါတယ်။

မျက်နှာသစ်ဆေး အပြင်းတွေ မသုံးပါနဲ့။မိတ်ကပ်နဲ့အလှပြင်ပစ္စည်းတွေ မဖြစ်မနေသုံးရတဲ့သူတွေဆိုရင် non-comedogenic အမျိုးအစားတွေကိုပဲသုံးပါ။

ညဘက်မှာ သကြားနဲ့ပျားရည်ကိုဆတူရောပြီး မျက်နှာပေါ်မှာ ပွတ်လိမ်းကာ ၁၅မိနစ်လောက်ထားပါ။ပြီးရင်ရေဆေးချကာ အဝတ်သန့်နဲ့ပြောင်အောင်သုတ်ပါ။

ထို့နောက် Azelaic acid သို့မဟုတ် Salicylic acid သို့မဟုတ် Benzoyl peroxide ပါတဲ့ လိမ်းဆေးတမျိုးမျိုးလိမ်းအိပ်ပါ။

ဗီတာမင်စီပါတဲ့အားဆေးသောက်ပါ။စိတ်ဖိစီးစရာနည်းအောင်နေပါ။ဟင်းသီးဟင်းရွက်များများစားပါ။ရေများများသောက်ပါ။

ဒီလိုတွေလုပ်လို့မှ မသက်သာဘူး၊ပိုဆိုးလာတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ပြသပြီး Round loop extractor ခေါ် ဆားဝက်ခြံဖယ်တဲ့ကိရိယာနဲ့ဖယ်တာ၊Microdermabrasion လုပ်တာ၊Chemical peeling လုပ်တာ၊လေဆာနဲ့အလင်းကုထုံးတွေနဲ့ကုတာ စသဖြင့် လုပ်နိုင်ပါတယ်။

Dr သီတာနွယ်(အမရပူရ)