ကိုယ်တိုင်အလွယ်တကူလုပ်လို့ရတဲ့ အသားဖြူခရမ်းချဉ်သီး Mask

ကိုုယ္တိုုင္အလြယ္တကူလုုပ္လိုု႔ရတဲ့ အသားျဖဴခရမ္းခ်ဥ္သီး Mask

“ဟယ္ နင္အသားေရ တအားညစ္သြားတယ္ေနာ္…”

“စိတ္ညစ္လိုက္တာဟယ္ ဘြဲ႕ယူဖို႕ကနီးေနၿပီ..ခရီးသြားထားလို႕ေနေလာင္ထားတာေတြနဲ႔ အသားေရက ခုထိမညီႏိုင္ေသးဘူး”

“နင္အသားေရေလး နည္းနည္းပါးပါး ဂ႐ုစိုက္ပါဦးဟ.. မွဲ႕ေျခာက္ေတြ ပိုပိုမ်ားလာၿပီ”…

ကဲကဲ…အဲ့လို ေနေလာင္ထားတာ၊ အသားေရာင္မညီတာ၊ ညစ္ညစ္ႏြမ္းႏြမ္းျဖစ္ေနတာ၊ အမဲစက္၊မွဲ႔ေျခာက္၊တင္းတိတ္ စတဲ့ အသားေရ ျပသနာေတြကို ခံစားေနရတဲ့ ကိုကိုမမေတြ ေမာင္ေလးညီမေလးေတြအတြက္ သတင္းေကာင္းေနာ္..

ျမန္ျမန္လည္း အသားေရ ဝင္းဝင္းပပေလး ျဖစ္ခ်င္တယ္..ဒါေပမဲ့လည္း အသားေရအတြက္ အခ်ိန္ေပးၿပီး ထိန္းသိမ္းမႈ မလုပ္ႏိုင္တဲ့သူေတြအတြက္ ဒီလို ျပႆနာေတြက တကယ့္ကို စိတ္ညစ္စရာပါ..

အခု ေဝမွ်ေပးမဲ့နည္းေလးကေတာ့ အခ်ိန္လည္းမကုန္ဘူး..အခ်ိန္ ၁၅ မိနစ္ေပးရံုနဲ႔ ဝင္းလက္ေတာက္ပတဲ့ အသားေရေလးကို ပိုက္ပိုက္လဲမကုန္ပဲ အျမန္ဆံုး ရရွိေစမဲ့ အိမ္တြင္း အသားေရထိန္းသိမ္းတဲ့ နည္းေလးပါ.. အေပၚမွာေျပာထားတဲ့ အသားေရ ညစ္ႏြမ္းတာ၊ တင္းတိတ္၊ မွဲ႕ေျခာက္၊ အမည္းစက္နဲ႔ ေနေလာင္တာေတြရဲ႕ အဓိကတရားခံကေတာ့ Melanin လို႕ေခၚတဲ့ အသားေရ မဲနက္ေစတဲ့ ေရာင္ျခယ္ပစၥည္းပါ..အဓိကကေတာ့ ေနေရာင္ျခည္ေပါ့..သူ႔ေၾကာင့္ အေရျပားမွာ Melanin ဓာတ္ေတြထြက္လာေအာင္ လႈံ႕ေဆာ္သလိုျဖစ္ၿပီး အမည္းစက္ေတြ ျဖစ္လာရတာေပါ့..

ကဲနည္းလမ္းေလးကေတာ့…

ခရမ္းခ်ဥ္သီးတစ္လံုး ကို အေစ့ေတြဖယ္ထားပါ။ ပိုးသတ္ေဆးေတြ မပါဘဲ သဘာဝအတိုင္း စိုက္ပ်ိဳးထားတဲ့ Organic ခရမ္းခ်ဥ္သီးဆို ပိုေကာင္းပါတယ္။ အဲ့ဒါေလးကိုအရည္ႀကိတ္ထားေပါ့။ ေနာက္တစ္ခုက ဂ်ံုမႈန္႔ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းပါ။ ဇလံုသန္႔သန္႔ေလးထဲမွာ အဲ့၂ခုကို ေရာေမႊရံုပါပဲ။ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ မျပစ္မက်ဲ paste အေနထားေလးရရင္ ရပါၿပီရွင္။ မ်က္ႏွာသန္႔စင္ၿပီး ေရေႏြးပူပူစိမ္ၿပီး ညႇစ္ထားတဲ့ သဘက္ (သို႕) microwave ထဲအပူေပးထားတဲ့ သဘက္နဲ႔ ၁၅ စကၠန္႔ေလာက္ မ်က္ႏွာေပၚအုပ္ထားပါ။ ၿပီးတာနဲ႔ ခုနက လုပ္ထားတဲ့ homemade whitening ခရမ္းခ်ဥ္သီး mask ေလးကို မ်က္ႏွာအႏွံ့ ထူထူေလးလိမ္းၿပီး ၁၅ မိနစ္ခန္႔ထားပါ။ ၿပီးရင္ ေရေႏြးေႏြးေလးနဲ႔ေဆးခ်ရင္ ႏုနယ္ ဝင္းပ အိစက္တဲ့ အသားေရေလး ရၿပီေပါ့…

ခရမ္းခ်ဥ္သီးမွာ Lycopene လို႕ေခၚတဲ့ Melanin ထုတ္လုပ္မႈကို ဟန္႔တားေပးႏိုင္တဲ့ ဓာတ္ပါကါတယ္။ Lycopene က ရွိၿပီးသား တင္းတိတ္မွဲ႔ေျခာက္ အမည္းစက္ေတြကို ေလ်ာ့ပါးေအာင္ လုပ္ေပးႏိုင္တဲ့ သတၱိလည္းရွိတယ္။ ခရမ္းခ်ဥ္သီးက သာမန္ Vitamin E ထက္လည္း ဓာတ္တိုးဆန္႔က်င္တဲ့ သတၱိက အဆ ၁၀၀ ပိုပါပါတယ္ရွင္..

ကဲ အဲ့ေတာ့ အသားျဖဴေစတဲ့ skincare ေတြဘယ္ေလာက္လိမ္းလိမ္း၊ အသားျဖဴေစတဲ့ skincare ေတြလိမ္းခ်င္ေပမဲ့ ဝက္ျခံေပါက္ေနလို႕ မလိမ္းရတဲ့သူေတြ၊ ဘြဲ႔၊ မဂၤလာေဆာင္၊ပြဲေတြနီးလို႕ ျမန္ျမန္အခ်ိန္မကုန္ ေငြမကုန္ပဲ အသားျမန္ျမန္ျဖဴခ်င္သူေတြ ဒီနည္းလမ္းေလးကို တစ္ပါတ္ ႏွစ္ခါခန္႔ လုပ္ၾကည့္ုၾကပါေနာ္..

Scarlette(ေဆး ၁)

Unicode Version

ကိုယ်တိုင်အလွယ်တကူလုပ်လို့ရတဲ့ အသားဖြူခရမ်းချဉ်သီး Mask

“ဟယ် နင်အသားရေ တအားညစ်သွားတယ်နော်…”

“စိတ်ညစ်လိုက်တာဟယ် ဘွဲ့ယူဖို့ကနီးနေပြီ..ခရီးသွားထားလို့နေလောင်ထားတာတွေနဲ့ အသားရေက ခုထိမညီနိုင်သေးဘူး”

“နင်အသားရေလေး နည်းနည်းပါးပါး ဂရုစိုက်ပါဦးဟ.. မှဲ့ခြောက်တွေ ပိုပိုများလာပြီ”…

ကဲကဲ…အဲ့လို နေလောင်ထားတာ၊ အသားရောင်မညီတာ၊ ညစ်ညစ်နွမ်းနွမ်းဖြစ်နေတာ၊ အမဲစက်၊မှဲ့ခြောက်၊တင်းတိတ် စတဲ့ အသားရေ ပြသနာတွေကို ခံစားနေရတဲ့ ကိုကိုမမတွေ မောင်လေးညီမလေးတွေအတွက် သတင်းကောင်းနော်..

မြန်မြန်လည်း အသားရေ ဝင်းဝင်းပပလေး ဖြစ်ချင်တယ်..ဒါပေမဲ့လည်း အသားရေအတွက် အချိန်ပေးပြီး ထိန်းသိမ်းမှု မလုပ်နိုင်တဲ့သူတွေအတွက် ဒီလို ပြဿနာတွေက တကယ့်ကို စိတ်ညစ်စရာပါ..

အခု ဝေမျှပေးမဲ့နည်းလေးကတော့ အချိန်လည်းမကုန်ဘူး..အချိန် ၁၅ မိနစ်ပေးရုံနဲ့ ဝင်းလက်တောက်ပတဲ့ အသားရေလေးကို ပိုက်ပိုက်လဲမကုန်ပဲ အမြန်ဆုံး ရရှိစေမဲ့ အိမ်တွင်း အသားရေထိန်းသိမ်းတဲ့ နည်းလေးပါ.. အပေါ်မှာပြောထားတဲ့ အသားရေ ညစ်နွမ်းတာ၊ တင်းတိတ်၊ မှဲ့ခြောက်၊ အမည်းစက်နဲ့ နေလောင်တာတွေရဲ့ အဓိကတရားခံကတော့ Melanin လို့ခေါ်တဲ့ အသားရေ မဲနက်စေတဲ့ ရောင်ခြယ်ပစ္စည်းပါ..အဓိကကတော့ နေရောင်ခြည်ပေါ့..သူ့ကြောင့် အရေပြားမှာ Melanin ဓာတ်တွေထွက်လာအောင် လှုံ့ဆော်သလိုဖြစ်ပြီး အမည်းစက်တွေ ဖြစ်လာရတာပေါ့..

ကဲနည်းလမ်းလေးကတော့…

ခရမ်းချဉ်သီးတစ်လုံး ကို အစေ့တွေဖယ်ထားပါ။ ပိုးသတ်ဆေးတွေ မပါဘဲ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ Organic ခရမ်းချဉ်သီးဆို ပိုကောင်းပါတယ်။ အဲ့ဒါလေးကိုအရည်ကြိတ်ထားပေါ့။ နောက်တစ်ခုက ဂျုံမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းပါ။ ဇလုံသန့်သန့်လေးထဲမှာ အဲ့၂ခုကို ရောမွှေရုံပါပဲ။ ပန်းရောင်ဖျော့ဖျော့ မပြစ်မကျဲ paste အနေထားလေးရရင် ရပါပြီရှင်။ မျက်နှာသန့်စင်ပြီး ရေနွေးပူပူစိမ်ပြီး ညှစ်ထားတဲ့ သဘက် (သို့) microwave ထဲအပူပေးထားတဲ့ သဘက်နဲ့ ၁၅ စက္ကန့်လောက် မျက်နှာပေါ်အုပ်ထားပါ။ ပြီးတာနဲ့ ခုနက လုပ်ထားတဲ့ homemade whitening ခရမ်းချဉ်သီး mask လေးကို မျက်နှာအနှံ့ ထူထူလေးလိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးချရင် နုနယ် ဝင်းပ အိစက်တဲ့ အသားရေလေး ရပြီပေါ့…

ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ Melanin ထုတ်လုပ်မှုကို ဟန့်တားပေးနိုင်တဲ့ ဓာတ်ပါကါတယ်။ Lycopene က ရှိပြီးသား တင်းတိတ်မှဲ့ခြောက် အမည်းစက်တွေကို လျော့ပါးအောင် လုပ်ပေးနိုင်တဲ့ သတ္တိလည်းရှိတယ်။ ခရမ်းချဉ်သီးက သာမန် Vitamin E ထက်လည်း ဓာတ်တိုးဆန့်ကျင်တဲ့ သတ္တိက အဆ ၁၀၀ ပိုပါပါတယ်ရှင်..

ကဲ အဲ့တော့ အသားဖြူစေတဲ့ skincare တွေဘယ်လောက်လိမ်းလိမ်း၊ အသားဖြူစေတဲ့ skincare တွေလိမ်းချင်ပေမဲ့ ဝက်ခြံပေါက်နေလို့ မလိမ်းရတဲ့သူတွေ၊ ဘွဲ့၊ မင်္ဂလာဆောင်၊ပွဲတွေနီးလို့ မြန်မြန်အချိန်မကုန် ငွေမကုန်ပဲ အသားမြန်မြန်ဖြူချင်သူတွေ ဒီနည်းလမ်းလေးကို တစ်ပါတ် နှစ်ခါခန့် လုပ်ကြည့်ုကြပါနော်..

Scarlette(ဆေး ၁)