နှုတ်ခမ်းကွဲတာ အမြန်ဆုံးသက်သာအောင်

ႏႈတ္ခမ္းကြဲတာ အျမန္ဆံုုးသက္သာေအာင္

ေဆာင္းရာသီဟာ ေအးျမျပီးေနထိုင္လို႔ေကာင္းတယ္ဆိုေပမယ္႔ ေဆာင္းရာသီေရာက္ရင္ အေအးမိတာ၊တုပ္ေကြးျဖစ္တာေတြအျပင္ ပတ္၀န္းက်င္ေလထုကေအးျပီးေျခာက္ေသြ႔တာေၾကာင္႔ ေျခေတြလက္ေတြအသားပတ္တာ၊ေျခဖေနာင္႔ကြဲတာ၊နႈတ္ခမ္းကြဲတာ စတဲ႔ အေရျပားဆိုင္ရာျပသာနာေတြလည္း ၾကံဳရနိုင္ပါတယ္။

ေျခလက္အသားပတ္တာ၊ေျခဖေနာင္႔ကြဲတာေတြက အက်ီရွည္၀တ္တာ၊ဖိနပ္အပိတ္စီးတာ ေတြနဲ႔ဖံုးကြယ္လို႔ရနိုင္ေျခရွိေပမယ္႔ နႈတ္ခမ္းကြဲတာကေတာ႔ ဖံုးကြယ္လို႔မရတတ္ဘဲ အလွအပ ေရးရာကို ထိခိုက္နိုင္ေစတတ္ပါတယ္။

ဒါ႔အျပင္အစားအေသာက္စားေသာက္တဲ႔အခါ၊စကားေျပာတဲ႔အခါ၊ျပံဳးရယ္တဲ႔အခါေတြမွာလည္း သက္ေတာင္႔သက္သာမရွိဘဲ ေနရခက္တတ္ပါတယ္။

နႈတ္ခမ္းကြဲတဲ႔အခါမွာ နႈတ္ခမ္းဟာေျခာက္ေသြ႔ျပီး အေရခြံအဖတ္ေလးေတြလွန္တာ၊ကြာတာ၊နာက်င္တာေတြကိုခံစားရနိုင္ပါတယ္။

ကြဲတာနက္ျပီးတအားဆိုးရင္ေတာ႔ ေသြးထြက္တာမ်ိဳးလည္းျဖစ္နိုင္ပါတယ္။

ႏႈတ္ခမ္းကြဲတာဟာ ေဆာင္းရာသီမွာ ပတ္၀န္းက်င္ေလကေအးျပီးေျခာက္ေသြ႔တာေၾကာင္႔ ျဖစ္တာအျပင္ တျခားအေၾကာင္းေတြေၾကာင္႔လည္းျဖစ္နို္င္ပါေသးတယ္။

အသက္အရြယ္ၾကီးလာတာ

ကိုယ္တြင္းေရဓါတ္လံုေလာက္မႈမရွိတာ

နႈတ္ခမ္းကိုခဏခဏကိုက္တာ

လက္နဲ႔နႈတ္ခမ္းကို ခဏခဏကိုင္တတ္တဲ႔အက်င္႔ရွိတာ

ေလတိုက္ခံရမ်ားတာ၊ဆိုင္ကယ္အစီးမ်ားတာ

အရက္အေသာက္မ်ားတာ

စိတ္ဖိစီးစရာ၊ပူပန္စိုးရိမ္စရာမ်ားတာ

အယ္လ္ကိုေဟာ(Alcohol)၊မန္ေသာ(Menthol)ဓါတ္ပါတဲ႔ နႈတ္ခမ္းနီေတြအသံုးမ်ားတာ စတဲ႔အေၾကာင္းေတြကလည္း နႈတ္ခမ္းအသားေျခာက္ေသြ႔ေစျပီး နႈတ္ခမ္းကြဲတာျဖစ္ေစနိုင္ပါတယ္။

နႈတ္ခမ္းကြဲတာျဖစ္တဲ႔အခါမွာ ေနရခက္တဲ႔အတြက္ လူအေတာ္မ်ားမ်ားဟာ နႈတ္ခမ္းကို လွ်ာနဲ႔သြားသြားယက္ျပီး တံေတြးဆြတ္တတ္ၾကပါတယ္။အဲ႔လိုလုပ္လိုက္ရင္ နႈတ္ခမ္းေျခာက္ေနတာ၊နႈတ္ခမ္းကြဲတာသက္သာမယ္လို႔လည္း ထင္တတ္ၾကပါတယ္။

ဒါဟာမွားပါတယ္။ႏႈတ္ခမ္းကြဲတဲ႔အခါ လွ်ာနဲ႔နႈတ္ခမ္းကိုခဏခဏယက္ျပီးတံေတြးဆြတ္ျခင္းျဖင္႔ နႈတ္ခမ္းေျခာက္ေသြ႔တာ၊နႈတ္ခမ္းကြဲတာကို ပိုဆိုးေစတဲ႔အတြက္ မလုပ္ဖို႔ ပညာရွင္မ်ားက ေျပာၾကားထားပါတယ္။

တခ်ိဳ႕က်ေတာ႔လည္း နႈတ္ခမ္းေျခာက္ေသြ႔ကြဲတာအခါ လွန္ေနတဲ႔အေရခြံေလးေတြကို လက္နဲ႔သြားဆြဲခြာတာ သြားနဲ႔ကိုက္ခြာတာေတြလုပ္တတ္ၾကပါတယ္။

အဲ႔လိုဆြဲခြာျခင္းျဖင္႔ ပိုး၀င္ျပီးေရာင္ရမ္းတာျဖစ္နိုင္တဲ႔အတြက္ လက္နဲ႔ သြားနဲ႔ လွန္ေနတဲ႔နႈတ္ခမ္းကအေရခြံေတြကို ဆြဲမခြာဖို႔လည္း ပညာရွင္ေတြက ထပ္ေျပာၾကားထားပါတယ္။

နႈတ္ခမ္းကြဲတဲ႔အခါသက္သာေအာင္ နႈတ္ခမ္းကို အလွဆီ သို႔မဟုတ္ ဂ်ိဳဂ်ိဳဘားဆီ လိမ္းေပးနိုင္ပါတယ္။အဲ႔ဒါေတြမရွိလည္း သံလြင္ဆီ သို႔မဟုတ္ အုန္းဆီလိမ္းေပးနိုင္ပါတယ္။

ဒါ႔အျပင္ ညအိပ္ခါနီးပ်ားရည္လိမ္းတာ သို႔မဟုတ္ ရွားေစာင္းလက္ပတ္အနွစ္အနည္းငယ္ယူျပီး နႈတ္ခမ္းေပၚေန႔စဥ္သုတ္လိမ္းေပးတာ သို႔မဟုတ္ လတ္ဆတ္တဲ႔သခြားသီးကိုအခြံႏႊာ ဓါးနဲ႔စိတ္ျပီး နႈတ္ခမ္းေပၚေန႔စဥ္ ပြတ္တိုက္ေပးတာေတြလည္းလုပ္နိုင္ပါတယ္။

ေရမ်ားမ်ားေသာက္ေပးပါ။

လတ္ဆတ္တဲ႔ဟင္းသီးဟင္းရြက္နဲ႔ သစ္သီး၀လံေတြမ်ားမ်ားစားေပးပါ။

ဗီတာမင္စီ၊ဗီတာမင္အီး လိုမ်ိဳးအေရျပားအစိုဓါတ္ကို အားေပးတဲ႔ အားေဆးေတြလည္းေသာက္ေပးနိုင္ပါတယ္။

နႈတ္ခမ္းေျခာက္ေသြ႔ကြဲတဲ႔အခါ ဓါတုပစၥည္းေတြပါတဲ႔ နႈတ္ခမ္းနီေတြ၊ဆိုးေဆးေတြမသံုးပါနဲ႔။အဲ႔ဒါေတြအစား အေရာင္မပါတဲ႔နႈတ္ခမ္းဆိုးေဆးအဆီကိုသံုးနိုင္ပါတယ္။

ေလတိုက္မခံပါနဲ႔။တတ္နိုင္သေလာက္ဆိုင္ကယ္မစီးပါနဲ႔။မျဖစ္မေနစီးရမယ္ဆိုရင္ နွာေခါင္းစည္း(Mask)တပ္ပါ။

ဒီလိုေတြလုပ္ရဲ႕သားနဲ႔ နႈတ္ခမ္းေျခာက္ေသြ႔ကြဲတာက မသက္သာဘူး။ပိုဆိုးလာတယ္ဆိုရင္ေတာ႔ ဆရာ၀န္နဲ႔ျပသဖို႔လိုပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Unicode Version

နှုတ်ခမ်းကွဲတာ အမြန်ဆုံးသက်သာအောင်

ဆောင်းရာသီဟာ အေးမြပြီးနေထိုင်လို့ကောင်းတယ်ဆိုပေမယ့် ဆောင်းရာသီရောက်ရင် အအေးမိတာ၊တုပ်ကွေးဖြစ်တာတွေအပြင် ပတ်ဝန်းကျင်လေထုကအေးပြီးခြောက်သွေ့တာကြောင့် ခြေတွေလက်တွေအသားပတ်တာ၊ခြေဖနောင့်ကွဲတာ၊နှုတ်ခမ်းကွဲတာ စတဲ့ အရေပြားဆိုင်ရာပြသာနာတွေလည်း ကြုံရနိုင်ပါတယ်။

ခြေလက်အသားပတ်တာ၊ခြေဖနောင့်ကွဲတာတွေက အကျီရှည်ဝတ်တာ၊ဖိနပ်အပိတ်စီးတာ တွေနဲ့ဖုံးကွယ်လို့ရနိုင်ခြေရှိပေမယ့် နှုတ်ခမ်းကွဲတာကတော့ ဖုံးကွယ်လို့မရတတ်ဘဲ အလှအပ ရေးရာကို ထိခိုက်နိုင်စေတတ်ပါတယ်။

ဒါ့အပြင်အစားအသောက်စားသောက်တဲ့အခါ၊စကားပြောတဲ့အခါ၊ပြုံးရယ်တဲ့အခါတွေမှာလည်း သက်တောင့်သက်သာမရှိဘဲ နေရခက်တတ်ပါတယ်။

နှုတ်ခမ်းကွဲတဲ့အခါမှာ နှုတ်ခမ်းဟာခြောက်သွေ့ပြီး အရေခွံအဖတ်လေးတွေလှန်တာ၊ကွာတာ၊နာကျင်တာတွေကိုခံစားရနိုင်ပါတယ်။

ကွဲတာနက်ပြီးတအားဆိုးရင်တော့ သွေးထွက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

နှုတ်ခမ်းကွဲတာဟာ ဆောင်းရာသီမှာ ပတ်ဝန်းကျင်လေကအေးပြီးခြောက်သွေ့တာကြောင့် ဖြစ်တာအပြင် တခြားအကြောင်းတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။

အသက်အရွယ်ကြီးလာတာ

ကိုယ်တွင်းရေဓါတ်လုံလောက်မှုမရှိတာ

နှုတ်ခမ်းကိုခဏခဏကိုက်တာ

လက်နဲ့နှုတ်ခမ်းကို ခဏခဏကိုင်တတ်တဲ့အကျင့်ရှိတာ

လေတိုက်ခံရများတာ၊ဆိုင်ကယ်အစီးများတာ

အရက်အသောက်များတာ

စိတ်ဖိစီးစရာ၊ပူပန်စိုးရိမ်စရာများတာ

အယ်လ်ကိုဟော(Alcohol)၊မန်သော(Menthol)ဓါတ်ပါတဲ့ နှုတ်ခမ်းနီတွေအသုံးများတာ စတဲ့အကြောင်းတွေကလည်း နှုတ်ခမ်းအသားခြောက်သွေ့စေပြီး နှုတ်ခမ်းကွဲတာဖြစ်စေနိုင်ပါတယ်။

နှုတ်ခမ်းကွဲတာဖြစ်တဲ့အခါမှာ နေရခက်တဲ့အတွက် လူအတော်များများဟာ နှုတ်ခမ်းကို လျှာနဲ့သွားသွားယက်ပြီး တံတွေးဆွတ်တတ်ကြပါတယ်။အဲ့လိုလုပ်လိုက်ရင် နှုတ်ခမ်းခြောက်နေတာ၊နှုတ်ခမ်းကွဲတာသက်သာမယ်လို့လည်း ထင်တတ်ကြပါတယ်။

ဒါဟာမှားပါတယ်။နှုတ်ခမ်းကွဲတဲ့အခါ လျှာနဲ့နှုတ်ခမ်းကိုခဏခဏယက်ပြီးတံတွေးဆွတ်ခြင်းဖြင့် နှုတ်ခမ်းခြောက်သွေ့တာ၊နှုတ်ခမ်းကွဲတာကို ပိုဆိုးစေတဲ့အတွက် မလုပ်ဖို့ ပညာရှင်များက ပြောကြားထားပါတယ်။

တချို့ကျတော့လည်း နှုတ်ခမ်းခြောက်သွေ့ကွဲတာအခါ လှန်နေတဲ့အရေခွံလေးတွေကို လက်နဲ့သွားဆွဲခွာတာ သွားနဲ့ကိုက်ခွာတာတွေလုပ်တတ်ကြပါတယ်။

အဲ့လိုဆွဲခွာခြင်းဖြင့် ပိုးဝင်ပြီးရောင်ရမ်းတာဖြစ်နိုင်တဲ့အတွက် လက်နဲ့ သွားနဲ့ လှန်နေတဲ့နှုတ်ခမ်းကအရေခွံတွေကို ဆွဲမခွာဖို့လည်း ပညာရှင်တွေက ထပ်ပြောကြားထားပါတယ်။

နှုတ်ခမ်းကွဲတဲ့အခါသက်သာအောင် နှုတ်ခမ်းကို အလှဆီ သို့မဟုတ် ဂျိုဂျိုဘားဆီ လိမ်းပေးနိုင်ပါတယ်။အဲ့ဒါတွေမရှိလည်း သံလွင်ဆီ သို့မဟုတ် အုန်းဆီလိမ်းပေးနိုင်ပါတယ်။

ဒါ့အပြင် ညအိပ်ခါနီးပျားရည်လိမ်းတာ သို့မဟုတ် ရှားစောင်းလက်ပတ်အနှစ်အနည်းငယ်ယူပြီး နှုတ်ခမ်းပေါ်နေ့စဉ်သုတ်လိမ်းပေးတာ သို့မဟုတ် လတ်ဆတ်တဲ့သခွားသီးကိုအခွံနွှာ ဓါးနဲ့စိတ်ပြီး နှုတ်ခမ်းပေါ်နေ့စဉ် ပွတ်တိုက်ပေးတာတွေလည်းလုပ်နိုင်ပါတယ်။

ရေများများသောက်ပေးပါ။

လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေများများစားပေးပါ။

ဗီတာမင်စီ၊ဗီတာမင်အီး လိုမျိုးအရေပြားအစိုဓါတ်ကို အားပေးတဲ့ အားဆေးတွေလည်းသောက်ပေးနိုင်ပါတယ်။

နှုတ်ခမ်းခြောက်သွေ့ကွဲတဲ့အခါ ဓါတုပစ္စည်းတွေပါတဲ့ နှုတ်ခမ်းနီတွေ၊ဆိုးဆေးတွေမသုံးပါနဲ့။အဲ့ဒါတွေအစား အရောင်မပါတဲ့နှုတ်ခမ်းဆိုးဆေးအဆီကိုသုံးနိုင်ပါတယ်။

လေတိုက်မခံပါနဲ့။တတ်နိုင်သလောက်ဆိုင်ကယ်မစီးပါနဲ့။မဖြစ်မနေစီးရမယ်ဆိုရင် နှာခေါင်းစည်း(Mask)တပ်ပါ။

ဒီလိုတွေလုပ်ရဲ့သားနဲ့ နှုတ်ခမ်းခြောက်သွေ့ကွဲတာက မသက်သာဘူး။ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။

Dr သီတာနွယ်(အမရပူရ)