ကိုယ့်အသားရည်နဲ့ကိုက်ညီတဲ့skincareပစ္စည်းတွေကို ဘယ်လိုရွေးဝယ်ကြမလဲ?

ကိုယ့္အသားရည္နဲ႔ကိုက္ညီတဲ့skincareပစၥည္းေတြကို 
ဘယ္လိုေရြးဝယ္ၾကမလဲ?

-ခုေခတ္မွာ Skincare ပစၥည္းမ်ိဳးစံုက လက္တစ္ကမ္းမွာတင္ ေစ်းအစားစား၊ အမ်ိဳးအမည္ စံုလင္စြာနဲ႔ ဝယ္ယူလို႔ရေနပါတယ္။ ဒါေပမဲ့ ကိုယ့္အသားရည္နဲ႔ ကိုက္ေအာင္ ဘယ္လိုေရြးဝယ္ရမလဲဆိုတာေတာ့ ေတာ္ေတာ္ေခါင္းရႈပ္စရာပါေနာ္။ ေရြးခ်ယ္စရာေတြ မ်ားလြန္းေတာ့ ေရြးရလဲခက္တယ္။

 

Skincare ပစၥည္းေတြ ဆိုတာကလည္း ဟိုတစ္ခု ဒီတစ္ခု ေဗ်ာက္ေသာက္ဝယ္လို႔ ေကာင္းတဲ့အရာမဟုတ္ဖူးေလေနာ္…Series လိုက္ဝယ္ရတာဆိုေတာ့ ကိုယ့္နဲ႔အဆင္မေျပတာကို ေရြးခ်ယ္မႈမွားခဲ့ရင္ အရမ္းႏွေျမာစရာေကာင္းပါတယ္။

 

အဲ့အတြက္ ဘယ္လိုေရြးခ်ယ္ရမလဲဆိုတာကို ေျပာျပေပးမယ္ေနာ္။

Skincare ဝယ္ဖို႔ ကိုယ့္အသားရည္က ဘာအမ်ိဳးစားလဲဆိုတာ အရင္သိဖို႔လိုပါတယ္။

အဆီျပန္တတ္တဲ့သူေတြနဲ႔ ေပါင္းစပ္အသားရည္ ( combination skin) ေတြက ေရဓာတ္ကို အေျခခံထုတ္ထားတဲ့ water based gel type products ေတြကို ေရြးခ်ယ္ဝယ္ယူရမွာျဖစ္ၿပီး Dry skin အသားေျခာက္တတ္တဲ့သူေတြက Oil base cream type ေတြကို ေရြးခ်ယ္ဝယ္ယူသင့္ပါတယ္ရွင္။

မ်ားေသာအားျဖင့္ skincare ေတြဝယ္မယ္ဆို အားလံုးက လက္မွာစမ္းလိမ္းၾကပါတယ္။ အဲဒါက မွားပါတယ္။ လက္အသားရည္နဲ႔ မ်က္ႏွာ အသားရည္ဟာလံုးဝ မတူပါဘူး။

ဘယ္ေနရာမွာ စမ္းသပ္သင့္လဲဆိုရင္ ကိုယ္ခႏၶာတစ္ခုလံုးမွာ မ်က္ႏွာအသားရည္နဲ႔ အနီးစပ္ဆံုးတူတာက ေပါင္တြင္းသားပါရွင္။ အဲ့ဒါေၾကာင့္ skincare ဝယ္မယ္ဆို Sample ေပးထားတာေတြကို အားမနာပဲ မရွက္ပဲ ေပါင္တြင္းဖက္ေနရာမွာ လိမ္းၾကည့္ပါ။

အနည္းဆံုး ၂ နာရီေလာက္ထားရပါမယ္။ အခ်ိန္ေပးႏိုင္ရင္ေတာ့ တစ္ညလိမ္းအိပ္ၾကည့္ပါ။ အဲ့မွာမွ ေပါင္အတြင္းသား အရည္ျပားမွာ နီတာ၊ယားတာ၊ပူတာ၊ အဖုေပါက္တာ မရွိဘူးဆိုမွ ကိုယ့္မ်က္ႏွာေပၚကို ဒီ Skincare ကို စိတ္ခ်လက္ခ် လိမ္းလို႔ရပါၿပီရွင္။

ကဲ..အဲ့ေတာ့ ကိုယ္နဲ႔အဆင္မေျပတဲ့ အသားရည္ထိန္းသိမ္း ပစၥည္းေတြမလိုအပ္ပဲ မဝယ္မိေအာင္၊ ဝယ္ၿပီးမွ ကိုယ့္အသားရည္နဲ႔မကိုက္လို႔ မလိမ္းပဲ ပစ္ထားရတာမ်ိဳး မျဖစ္ရေလေအာင္ ဒီနည္းလမ္းေလးက ကူညီေပးလိမ့္မယ္လို႕ ေမွ်ာ္လင့္ပါတယ္ရွင့္။

Scarlette(ေဆး၁)

Unicode Version

ကိုယ့်အသားရည်နဲ့ကိုက်ညီတဲ့skincareပစ္စည်းတွေကို ဘယ်လိုရွေးဝယ်ကြမလဲ?

-ခုခေတ်မှာ Skincare ပစ္စည်းမျိုးစုံက လက်တစ်ကမ်းမှာတင် ဈေးအစားစား၊ အမျိုးအမည် စုံလင်စွာနဲ့ ဝယ်ယူလို့ရနေပါတယ်။ ဒါပေမဲ့ ကိုယ့်အသားရည်နဲ့ ကိုက်အောင် ဘယ်လိုရွေးဝယ်ရမလဲဆိုတာတော့ တော်တော်ခေါင်းရှုပ်စရာပါနော်။ ရွေးချယ်စရာတွေ များလွန်းတော့ ရွေးရလဲခက်တယ်။

Skincare ပစ္စည်းတွေ ဆိုတာကလည်း ဟိုတစ်ခု ဒီတစ်ခု ဗျောက်သောက်ဝယ်လို့ ကောင်းတဲ့အရာမဟုတ်ဖူးလေနော်…Series လိုက်ဝယ်ရတာဆိုတော့ ကိုယ့်နဲ့အဆင်မပြေတာကို ရွေးချယ်မှုမှားခဲ့ရင် အရမ်းနှမြောစရာကောင်းပါတယ်။

အဲ့အတွက် ဘယ်လိုရွေးချယ်ရမလဲဆိုတာကို ပြောပြပေးမယ်နော်။

Skincare ဝယ်ဖို့ ကိုယ့်အသားရည်က ဘာအမျိုးစားလဲဆိုတာ အရင်သိဖို့လိုပါတယ်။

အဆီပြန်တတ်တဲ့သူတွေနဲ့ ပေါင်းစပ်အသားရည် ( combination skin) တွေက ရေဓာတ်ကို အခြေခံထုတ်ထားတဲ့ water based gel type products တွေကို ရွေးချယ်ဝယ်ယူရမှာဖြစ်ပြီး Dry skin အသားခြောက်တတ်တဲ့သူတွေက Oil base cream type တွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်ရှင်။

များသောအားဖြင့် skincare တွေဝယ်မယ်ဆို အားလုံးက လက်မှာစမ်းလိမ်းကြပါတယ်။ အဲဒါက မှားပါတယ်။ လက်အသားရည်နဲ့ မျက်နှာ အသားရည်ဟာလုံးဝ မတူပါဘူး။

ဘယ်နေရာမှာ စမ်းသပ်သင့်လဲဆိုရင် ကိုယ်ခန္ဓာတစ်ခုလုံးမှာ မျက်နှာအသားရည်နဲ့ အနီးစပ်ဆုံးတူတာက ပေါင်တွင်းသားပါရှင်။ အဲ့ဒါကြောင့် skincare ဝယ်မယ်ဆို Sample ပေးထားတာတွေကို အားမနာပဲ မရှက်ပဲ ပေါင်တွင်းဖက်နေရာမှာ လိမ်းကြည့်ပါ။

အနည်းဆုံး ၂ နာရီလောက်ထားရပါမယ်။ အချိန်ပေးနိုင်ရင်တော့ တစ်ညလိမ်းအိပ်ကြည့်ပါ။ အဲ့မှာမှ ပေါင်အတွင်းသား အရည်ပြားမှာ နီတာ၊ယားတာ၊ပူတာ၊ အဖုပေါက်တာ မရှိဘူးဆိုမှ ကိုယ့်မျက်နှာပေါ်ကို ဒီ Skincare ကို စိတ်ချလက်ချ လိမ်းလို့ရပါပြီရှင်။

ကဲ..အဲ့တော့ ကိုယ်နဲ့အဆင်မပြေတဲ့ အသားရည်ထိန်းသိမ်း ပစ္စည်းတွေမလိုအပ်ပဲ မဝယ်မိအောင်၊ ဝယ်ပြီးမှ ကိုယ့်အသားရည်နဲ့မကိုက်လို့ မလိမ်းပဲ ပစ်ထားရတာမျိုး မဖြစ်ရလေအောင် ဒီနည်းလမ်းလေးက ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။

Scarlette(ဆေး၁)