ဘယ်မိတ်ကပ်အရောင်က ကိုယ်နဲ့ လိုက်ဖက်မှုအရှိဆုံးလဲ

ဘယ္မိတ္ကပ္အေရာင္က ကိုုယ္နဲ႔ လိုုက္ဖက္မႈအရိွဆံုုးလဲ

မိတ္ကပ္လိမ္းတဲ့အခါမွာ ၾကာရင္ျပာသြားတာ၊ ကိုယ့္အသားေရာင္နဲ႔ မိတ္ကပ္တစ္ထပ္တည္း မက်တာ၊ ကိုယ့္အသားေရာင္နဲ႔ လိုက္ဖက္တဲ့ မိတ္ကပ္အေရာင္ကို ေရြးခ်ယ္ရခက္ေနသူေတြ ဒီ article ေလးကို ဖက္ၾကည့္ေပးပါေနာ္။

လူတိုင္းမွာ ပင္ကိုအသားေရာင္ undertone ဆိုတာရွိပါတယ္။ အဲ့မွာမွ Cool Tone, Warm Tone နဲ႔ Neutral Toneဆိုၿပီးကြဲသြားပါတယ္ရွင္။

မိတ္ကပ္အေရာင္ေတြက ဒီေပၚမွာ အေျခခံၿပီး အေရာင္ေတြ ေရြးခ်ယ္လို႔ရေအာင္ ထုတ္ထားတာပါ။ ေယဘုယ်အားျဖင့္ Cool Tone ပိုင္ရွင္ေတြအတြက္ No 1,2 ပန္းေရာင္၊ အျဖဴေဖာက္ တဲ့ အေရာင္ေတြထုတ္ထားၿပီး Warm Tone ပိုင္ရွင္ေတြအတြက္ No 3,4 အစရွိသျဖင့္ Peach ဖက္သြားတဲ့အေရာင္ အဝါဖက္ေဖာက္တဲ့ အေရာင္ေလးေတြ ထုတ္ထားပါတယ္။ Neurtal ေတြကေတာ့ ကံအေကာင္းဆံုးသူေတြပါ။ ဘယ္အေရာင္နဲ႔ မဆို လိုက္ဖက္တဲ့သူေတြေပါ့။

Warm Tone ပိုင္ရွင္က Cool Tone အတြက္ ထုတ္ထားတဲ့ အေရာင္ေတြကို လိမ္းမိရင္ (သို႔) ေျပာင္းျပန္ေပါ့..အဲ့လိုမွားလိမ္းမိရင္ မိတ္ကပ္ျပာတာ မည္းေနတာေတြ ျဖစ္တတ္တာပါ။ အဲဒါေၾကာင့္ ကိုယ့္ under tone က ဘာလဲဆိုတာ သိဖို႔လိုအပ္တာေပါ့။

အလြယ္ဆံုးနည္းလမ္းကေတာ့ လက္ေကာက္ဝတ္က ေသြးေၾကာပါ။ အဲ့မွာ ေသြးေၾကာေလးေတြက အျပာ၊ခရမ္းဆိုရင္ Cool Tone ပိုင္ရွင္ ျဖစ္ၿပီး၊ အစိမ္း ဆိုရင္ Warm Tone ပါ။ ၂ခုလံုးမဟုတ္ဘူး ဘာအေရာင္မွန္းေသခ်ာခြဲမရဘူး ဆိုတာကေတာ့ Neutral Tone ပါရွင္။

Cool Tone ပိုင္ရွင္ေတြက မိတ္ကပ္ေရြးရင္ အပန္း၊အျဖဴဖက္ေဖာက္တဲ့ အေရာင္ကိုေရြးခ်ယ္ရမွာ ျဖစ္ၿပီး မိတ္ကပ္ျခယ္သတာ၊ အဝတ္စား ဝတ္ဆင္တဲ့အခါဆိုရင္ အျပာ၊ခရမ္း၊အပန္း၊စိမ္းျပာေရာင္ စတာေတြနဲ႔ ပိုလိုက္ဖက္မႈရွိပါတယ္။ Cool Tone ေတြက Platinum, Silver စတဲ့ လက္ဝတ္ရတနာကိုေရြးသင့္ပါတယ္။

Warm Tone ပိုင္ရွင္ေတြကေတာ့ အဝါေရာင္၊ပန္းလိေမၼာ္ဖက္ေဖာက္တဲ့ အေရာင္မ်ိဳးကို ေရြးရမွာပါ။ မိတ္ကပ္ ျခယ္သမႈနဲ႔ အဝတ္စားဆိုရင္ အနီ၊လိေမၼာ္၊ အဝါ၊ စိမ္းဝါေရာင္၊ သံလြင္သီးစိမ္းေရာင္မ်ိဳးနဲ႔ ပိုလိုက္ဖက္ပါတယ္ရွင္။ေရႊနဲ႔ပိုလိုက္ဖက္မႈရွိတာက Warm Tone ေတြပါ။

ေနာက္ဆံုးအခ်က္ေနနဲ႔ Warm Tone ေတြအတြက္ ကံေကာင္းတဲ့အခ်က္က ကမ္းေျခသြားလို႔ ေနေလာင္သြားရင္Tanned skin ဆိုတဲ့ ႏိုင္ငံျခားသူေတြ သိပ္လိုခ်င္တဲ့ ညိဳညိဳစိုစို အသားရည္ကို ရရွိၿပီး Cool Tone ေတြကေတာ့ ေနေလာင္ၿပီး အပန္းေရာင္ နီစပ္စပ္ အသားရည္ ျဖစ္သြားတတ္တာပါရွင္။ အဲဒါေၾကာင့္ Cool Tone ေတြက ကမ္းေျခသြားရင္ ေနမေလာင္ေအာင္ ပိုဂ႐ုစိုက္သင့္ပါတယ္ေနာ္..

ခုဆို မိတ္ကပ္အေရာင္ေရြးခ်ယ္ဖို႔ အေထာက္ကူ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ရွင္။

Scarlette(ေဆး၁)

Unicode Version

ဘယ်မိတ်ကပ်အရောင်က ကိုယ်နဲ့ လိုက်ဖက်မှုအရှိဆုံးလဲ

မိတ်ကပ်လိမ်းတဲ့အခါမှာ ကြာရင်ပြာသွားတာ၊ ကိုယ့်အသားရောင်နဲ့ မိတ်ကပ်တစ်ထပ်တည်း မကျတာ၊ ကိုယ့်အသားရောင်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အရောင်ကို ရွေးချယ်ရခက်နေသူတွေ ဒီ article လေးကို ဖက်ကြည့်ပေးပါနော်။

လူတိုင်းမှာ ပင်ကိုအသားရောင် undertone ဆိုတာရှိပါတယ်။ အဲ့မှာမှ Cool Tone, Warm Tone နဲ့ Neutral Toneဆိုပြီးကွဲသွားပါတယ်ရှင်။

မိတ်ကပ်အရောင်တွေက ဒီပေါ်မှာ အခြေခံပြီး အရောင်တွေ ရွေးချယ်လို့ရအောင် ထုတ်ထားတာပါ။ ယေဘုယျအားဖြင့် Cool Tone ပိုင်ရှင်တွေအတွက် No 1,2 ပန်းရောင်၊ အဖြူဖောက် တဲ့ အရောင်တွေထုတ်ထားပြီး Warm Tone ပိုင်ရှင်တွေအတွက် No 3,4 အစရှိသဖြင့် Peach ဖက်သွားတဲ့အရောင် အဝါဖက်ဖောက်တဲ့ အရောင်လေးတွေ ထုတ်ထားပါတယ်။ Neurtal တွေကတော့ ကံအကောင်းဆုံးသူတွေပါ။ ဘယ်အရောင်နဲ့ မဆို လိုက်ဖက်တဲ့သူတွေပေါ့။

Warm Tone ပိုင်ရှင်က Cool Tone အတွက် ထုတ်ထားတဲ့ အရောင်တွေကို လိမ်းမိရင် (သို့) ပြောင်းပြန်ပေါ့..အဲ့လိုမှားလိမ်းမိရင် မိတ်ကပ်ပြာတာ မည်းနေတာတွေ ဖြစ်တတ်တာပါ။ အဲဒါကြောင့် ကိုယ့် under tone က ဘာလဲဆိုတာ သိဖို့လိုအပ်တာပေါ့။

အလွယ်ဆုံးနည်းလမ်းကတော့ လက်ကောက်ဝတ်က သွေးကြောပါ။ အဲ့မှာ သွေးကြောလေးတွေက အပြာ၊ခရမ်းဆိုရင် Cool Tone ပိုင်ရှင် ဖြစ်ပြီး၊ အစိမ်း ဆိုရင် Warm Tone ပါ။ ၂ခုလုံးမဟုတ်ဘူး ဘာအရောင်မှန်းသေချာခွဲမရဘူး ဆိုတာကတော့ Neutral Tone ပါရှင်။

Cool Tone ပိုင်ရှင်တွေက မိတ်ကပ်ရွေးရင် အပန်း၊အဖြူဖက်ဖောက်တဲ့ အရောင်ကိုရွေးချယ်ရမှာ ဖြစ်ပြီး မိတ်ကပ်ခြယ်သတာ၊ အဝတ်စား ဝတ်ဆင်တဲ့အခါဆိုရင် အပြာ၊ခရမ်း၊အပန်း၊စိမ်းပြာရောင် စတာတွေနဲ့ ပိုလိုက်ဖက်မှုရှိပါတယ်။ Cool Tone တွေက Platinum, Silver စတဲ့ လက်ဝတ်ရတနာကိုရွေးသင့်ပါတယ်။

Warm Tone ပိုင်ရှင်တွေကတော့ အဝါရောင်၊ပန်းလိမ္မော်ဖက်ဖောက်တဲ့ အရောင်မျိုးကို ရွေးရမှာပါ။ မိတ်ကပ် ခြယ်သမှုနဲ့ အဝတ်စားဆိုရင် အနီ၊လိမ္မော်၊ အဝါ၊ စိမ်းဝါရောင်၊ သံလွင်သီးစိမ်းရောင်မျိုးနဲ့ ပိုလိုက်ဖက်ပါတယ်ရှင်။ရွှေနဲ့ပိုလိုက်ဖက်မှုရှိတာက Warm Tone တွေပါ။

နောက်ဆုံးအချက်နေနဲ့ Warm Tone တွေအတွက် ကံကောင်းတဲ့အချက်က ကမ်းခြေသွားလို့ နေလောင်သွားရင်Tanned skin ဆိုတဲ့ နိုင်ငံခြားသူတွေ သိပ်လိုချင်တဲ့ ညိုညိုစိုစို အသားရည်ကို ရရှိပြီး Cool Tone တွေကတော့ နေလောင်ပြီး အပန်းရောင် နီစပ်စပ် အသားရည် ဖြစ်သွားတတ်တာပါရှင်။ အဲဒါကြောင့် Cool Tone တွေက ကမ်းခြေသွားရင် နေမလောင်အောင် ပိုဂရုစိုက်သင့်ပါတယ်နော်..

ခုဆို မိတ်ကပ်အရောင်ရွေးချယ်ဖို့ အထောက်ကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

Scarlette(ဆေး၁)