သဘာဝနည်းနဲ့ ဆံပင်ပေါင်းတင်ကြမယ်

သဘာဝနည္းနဲ႔ဆံပင္ေပါင္းတင္ၾကမယ္

မိန္းမတို႔ဘုန္း ဆံထံုးလို႕ ဆိုၾကတယ္ဟုတ္?မိန္းကေလးေတြအတြက္ ဆံသားေကာင္းျခင္းဟာ မဂၤလာတစ္ပါးပါပဲေနာ္။ ခုေခတ္မွာ ဆံပင္ကို မ်ိဳးစံု ေကာက္ေျဖာင့္ ေဆးဆိုးျပဳျပင္ေနၾကေတာ့ ဆံသားက်န္းမာလွေအာင္ ထိန္းသိမ္းဖို႕က အေရးႀကီးတဲ့ ကိစၥတစ္ခု ျဖစ္လာပါၿပီ။

ဒီတစ္ေခါက္မွာေတာ့ ဆံသားပါးတဲ့သူေတြ၊ေမြးရာပါဆံႏြယ္ျဖစ္ၿပီး ဆံသားအားမရွိ ဝိတ္မရွိတဲ့သူေတြ၊ ဆံပင္ျပဳျပင္တာေတြမ်ားၿပီး ဆံပင္ကၽြတ္ၿပီး ပါးေနတဲ့ သူေတြအတြက္ အထူးသတင္းေကာင္းေလးပါေနာ္။

Spa ေတြ Hair Saloon ေတြကို အခ်ိန္ေပးၿပီး မသြားႏိုင္သူေတြအတြက္ အိမ္မွာပဲ တစ္ႏိုင္တစ္ပိုင္လြယ္လြယ္ကူကု ေပါင္းတင္လို႔ရမဲ့ နည္းလမ္းေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္ေနာ္..

ဆံပင္ဆိုတာ amino acid ေတြစုေဝးထားတာ မို႔လို႕ ဆံသားပါးတဲ့သူေတြအတြက္ Protein ဓာတ္အဓိက ျဖည့္ေပးမဲ့ ၾကက္ဥ Hair Mask…

-ၾကက္ဥအႏွစ္၂လံုး + ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း+ သံလြင္ဆီ or ၾကက္ဆူဆီ ၁ဇြန္း

ဦးေရျပားထဲထိေရာက္ေအာင္ ေသခ်ာႏွိပ္ၿပီး ဆံသားအရင္းကေန အဖ်ားထိေရာက္ေအာင္ ေသခ်ာလိမ္းေပးပါ။

-Oil Power Mask

ၾကက္ဆူဆီ၊ ေနၾကာဆီ၊ သံလြင္ဆီ၊ အုန္းဆီတို႕ကို ဆတူေရာေမႊၿပီး ဆံပင္အရင္းကေန အဖ်ားထိေရာက္ေအာင္ေသခ်ာလိမါးေပးပါ။ တျခားဆီေတြထက္ ႀကက္ဆူဆီက ဆံသားရွည္ေအာင္ ပိုမိုကူညီေပးႏိုင္ပါတယ္ရွင္။ဆံသားေကာင္းျခင္း မေကာင္းျခင္းက ဦးေရျပား ေသြးလည္ပတ္မႈေပၚလဲ မူတည္တာမို႔ လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ႏွိပ္နယ္ေပးပါ။

-ဆားနဲ႔ေခါင္းေလွ်ာ္ၾကမယ္

ပံုမွန္ေလွ်ာ္ေနၾက ေခါင္းေလွ်ာ္ရည္ထဲကို အိမ္သံုးဆား (သို႔) ဟိမဝႏၲာပန္းေရာင္ဆားကို အေနေတာ္ထည့္ၿပီး ေလွ်ာ္တာပါ။ ဆားဟာ အပူက်ေစတဲ့အျပင္ေသြးလည္ပါတ္မႈေကာင္းေစလို႕ ဆံသားကၽြတ္တာကို ေတာ္ေတာ္သက္သာေစပါတယ္။

-ငွက္ေပ်ာသီး ပ်ားရည္ Mask

Potassium ဓာတ္အရမ္းႂကြယ္ဝတဲ့ ငွက္ေပ်ာသီးက ဆံပင္မကၽြတ္ေအာင္ ဆံသားမကြဲေအာင္ ကာကြယ္ေပးႏိုင္တဲ့ အစြမ္းထက္ သဘာဝအသီးႏွံေလးပါ။ ေခ်ထားတဲ့ ငွက္ေပ်ာသီးမွည့္တစ္လံုးနဲ႔ ပ်ားရည္တစ္ဇြန္းပဲ လိုအပ္ပါတယ္။

-ဆန္ေဆးရည္

ဆန္ေဆးရည္က ဆံပင္ရွည္ျမန္ေစတာမို႕ ေခါင္းေလွ်ာ္ၿပီး ေနာက္ဆံုးအဆင့္မွာဆန္ေဆးရည္ကို ေလာင္းခ်ေပးပါေနာ္။

ေနာက္ဆံုးအေနနဲ႔ အၾကံေပးခ်င္တာကေတာ့ အေပၚက Hairmask ေတြကို ေခါင္းမေလွ်ာ္ခင္ နာရီဝက္အႀကိဳေလာက္ ႀကိဳလိမ္းၿပီးႏွပ္ထားပါ။ ဆိုင္မွာ ေရေႏြးေငြ႕နဲ႔ ေပါင္းတင္တဲ့ Effect မ်ိဳးရခ်င္ရင္ သဘက္ကို ေရေႏြးဆူဆူထဲစိမ္ၿပီး ညႇစ္ထားတာ (သို႔) microwave ထဲထည့္ၿပီး အပူေပးထားတဲ့ သဘက္နဲ႔ Hairmask or oil ေတြလိမ္းၿပီးတဲ့ခ်ိန္ ေခါင္းေပၚေပါင္းထားေပးပါရွင္။

အားလံုးပဲ က်န္းမာလွပတဲ့ ဆံသားေလးကို ပိုင္ဆိုင္ၾကပါေစေနာ္။

Scarlette (ေဆး၁)

Unicode Version

သဘာဝနည်းနဲ့ ဆံပင်ပေါင်းတင်ကြမယ်

မိန်းမတို့ဘုန်း ဆံထုံးလို့ ဆိုကြတယ်ဟုတ်?မိန်းကလေးတွေအတွက် ဆံသားကောင်းခြင်းဟာ မင်္ဂလာတစ်ပါးပါပဲနော်။ ခုခေတ်မှာ ဆံပင်ကို မျိုးစုံ ကောက်ဖြောင့် ဆေးဆိုးပြုပြင်နေကြတော့ ဆံသားကျန်းမာလှအောင် ထိန်းသိမ်းဖို့က အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်လာပါပြီ။

ဒီတစ်ခေါက်မှာတော့ ဆံသားပါးတဲ့သူတွေ၊မွေးရာပါဆံနွယ်ဖြစ်ပြီး ဆံသားအားမရှိ ဝိတ်မရှိတဲ့သူတွေ၊ ဆံပင်ပြုပြင်တာတွေများပြီး ဆံပင်ကျွတ်ပြီး ပါးနေတဲ့ သူတွေအတွက် အထူးသတင်းကောင်းလေးပါနော်။

Spa တွေ Hair Saloon တွေကို အချိန်ပေးပြီး မသွားနိုင်သူတွေအတွက် အိမ်မှာပဲ တစ်နိုင်တစ်ပိုင်လွယ်လွယ်ကူကု ပေါင်းတင်လို့ရမဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်..

ဆံပင်ဆိုတာ amino acid တွေစုဝေးထားတာ မို့လို့ ဆံသားပါးတဲ့သူတွေအတွက် Protein ဓာတ်အဓိက ဖြည့်ပေးမဲ့ ကြက်ဥ Hair Mask…

-ကြက်ဥအနှစ်၂လုံး + ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း+ သံလွင်ဆီ or ကြက်ဆူဆီ ၁ဇွန်း

ဦးရေပြားထဲထိရောက်အောင် သေချာနှိပ်ပြီး ဆံသားအရင်းကနေ အဖျားထိရောက်အောင် သေချာလိမ်းပေးပါ။

-Oil Power Mask

ကြက်ဆူဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ အုန်းဆီတို့ကို ဆတူရောမွှေပြီး ဆံပင်အရင်းကနေ အဖျားထိရောက်အောင်သေချာလိမါးပေးပါ။ တခြားဆီတွေထက် ကြက်ဆူဆီက ဆံသားရှည်အောင် ပိုမိုကူညီပေးနိုင်ပါတယ်ရှင်။ဆံသားကောင်းခြင်း မကောင်းခြင်းက ဦးရေပြား သွေးလည်ပတ်မှုပေါ်လဲ မူတည်တာမို့ လက်ချောင်းထိပ်လေးတွေနဲ့နှိပ်နယ်ပေးပါ။

-ဆားနဲ့ခေါင်းလျှော်ကြမယ်

ပုံမှန်လျှော်နေကြ ခေါင်းလျှော်ရည်ထဲကို အိမ်သုံးဆား (သို့) ဟိမဝန္တာပန်းရောင်ဆားကို အနေတော်ထည့်ပြီး လျှော်တာပါ။ ဆားဟာ အပူကျစေတဲ့အပြင်သွေးလည်ပါတ်မှုကောင်းစေလို့ ဆံသားကျွတ်တာကို တော်တော်သက်သာစေပါတယ်။

-ငှက်ပျောသီး ပျားရည် Mask

Potassium ဓာတ်အရမ်းကြွယ်ဝတဲ့ ငှက်ပျောသီးက ဆံပင်မကျွတ်အောင် ဆံသားမကွဲအောင် ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် သဘာဝအသီးနှံလေးပါ။ ချေထားတဲ့ ငှက်ပျောသီးမှည့်တစ်လုံးနဲ့ ပျားရည်တစ်ဇွန်းပဲ လိုအပ်ပါတယ်။

-ဆန်ဆေးရည်

ဆန်ဆေးရည်က ဆံပင်ရှည်မြန်စေတာမို့ ခေါင်းလျှော်ပြီး နောက်ဆုံးအဆင့်မှာဆန်ဆေးရည်ကို လောင်းချပေးပါနော်။

နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ အပေါ်က Hairmask တွေကို ခေါင်းမလျှော်ခင် နာရီဝက်အကြိုလောက် ကြိုလိမ်းပြီးနှပ်ထားပါ။ ဆိုင်မှာ ရေနွေးငွေ့နဲ့ ပေါင်းတင်တဲ့ Effect မျိုးရချင်ရင် သဘက်ကို ရေနွေးဆူဆူထဲစိမ်ပြီး ညှစ်ထားတာ (သို့) microwave ထဲထည့်ပြီး အပူပေးထားတဲ့ သဘက်နဲ့ Hairmask or oil တွေလိမ်းပြီးတဲ့ချိန် ခေါင်းပေါ်ပေါင်းထားပေးပါရှင်။

အားလုံးပဲ ကျန်းမာလှပတဲ့ ဆံသားလေးကို ပိုင်ဆိုင်ကြပါစေနော်။

Scarlette (ဆေး၁)