ေဆာင္းအကုန္ ေႏြအကူးကာလမွာ အသားေျခာက္တာကာကြယ္ဖိုု႕

ေဆာင္းအကုန္ ေႏြအကူးကာလမွာ အသားေျခာက္တာကာကြယ္ဖိုု႕

ခုလို ေဆာင္းလည္းမကုန္ေသး၊ ေႏြဦးလည္းမက်ေသးတဲ့ စပ္ကူးမက္ကူး ကာလေလးဟာ ပြင့္လင္းရာသီမို႔ ပတ္ဝန္းက်င္တစ္ခုလံုးက လွပေနေပမဲ့ အသားရည္ေျခာက္တတ္တဲ့ Dry skin ပိုင္ရွင္ေလးေတြက ေဆာင္းတြင္းထက္ ပိုျပင္းတဲ့ ေနဒဏ္ေလဒဏ္ေၾကာင့္ အသားရည္ေျခာက္ေသြ႕မႈဒဏ္ကို အခံရဆံုး ကာလေလးမို႔ စိတ္ညစ္ၾကရပါတယ္။

အသားရည္လည္း ပံုမွန္လိမ္းေနၾက skincare ေတြေတာင္ မႏိုင္ေတာ့ဘူး..Mask sheet ေတြေန႔တိုင္း ဝယ္ကပ္ရမွာလည္း ဘက္ဂ်က္နဲ႔ တြက္ခ်က္ရတယ္.. Spa ေတြသြားၿပီး ထိန္းသိမ္းေရးလုပ္ဖို႔ အခက္ခဲရွိေနသူေတြ အတြက္ သတင္းေကာင္းေလးပါေနာ္..

အသားေျခာက္တဲ့သူေတြ ခံရအခက္ဆံုးအခ်ိန္က မ်က္ႏွာသစ္ၿပီး ေရသုတ္လိုက္တဲ့အခ်ိန္မွာ မ်က္ႏွာႀကီး အရမ္းတင္းတင္းႀကီး ျဖစ္ေနတဲ့ အခ်ိန္ပါ။ အဲ့ဒါအတြက္ကေတာ့..kpop 9muses ထဲက idol တစ္ေယာက္ရဲ႔ Tips ေလးပါေနာ္..မ်က္ႏွာသစ္ဆပ္ျပာနဲ႔ ကိုယ္လိမ္းေနက် Face cream တစ္ခုခုကို 1:1 အခ်ိဳးနဲ႔ေရာၿပီးမွ မ်က္ႏွာသစ္တာပါ။ ကိုယ္လိမ္းေနက် face cream ေတြကေစ်းႀကီးတယ္ဆိုရင္ Aloevera gel, bamboo gel, fresh milk cream စတာေတြကို အစားထိုးသံုးေပးႏိုင္ပါတယ္ရွင္။ မ်က္ႏွာသစ္ဆပ္ျပာကို ခုလို Moisturizer နဲ႔ ေရာၿပီးသံုးေပးတာက မ်က္ႏွာသစ္ၿပီး အသားရည္ တင္းတင္းႀကီး ျဖစ္တာကေန ကာကြယ္ေပးၿပီး အသားရည္စိုစိုအိအိေလး ျဖစ္ေနေစပါတယ္ရွင္။

အသားေျခာက္တဲ့သူေတြက ပံုမွန္ထက္ dead skin cells ေတြ ပိုမ်ားတတ္တာမို႔ Scrub or Exfoliating ကို တစ္ပါတ္ ၃ ႀကိမ္ေလာက္ လုပ္ေပးဖို႔လိုပါတယ္။

အသားရည္ ေျခာက္လြန္းလို႔ ပံုမွန္ Mask sheet ေတြ ကပ္ေပးမွ ေတာ္ကာက်လို႔ ဘက္ဂ်က္အတြက္ စိတ္ညစ္ရတယ္ဆိုတဲ့သူေတြ အတြက္ ေနာက္ Tis ေလးတစ္ခုပါ။

ကိုယ္လိမ္းေနက် Moisturizer gel or cream ကို ကယပံုမွန္လိမ္းေနက် ပမာနထက္ ၂ဆ (သို႔) ၃ဆကို ယူၿပီး ခြက္ေလးတစ္ခုထဲထည့္ပါ။ အုန္းရည္ (သို႔) ေသာက္ရည္သန္႔ (သို႔) သၾကားမပါတဲ့ ႏို႔ စားပြဲတင္ဇြန္း ၂ဇြန္းခန္႔ထည့္ၿပီး မပ်စ္မက်ဲ အေနထားရတဲ့ထိေမႊပါ။ Toner လိမ္းတဲ့ Cotton pad ေလး၅ ခုေလာက္ကို ခုနက မပ်စ္မက်ဲအရည္ေလးထဲမွာ စိမ္ထားပါ။

သန္႔စင္ၿပီးတဲ့ မ်က္ႏွာေပၚမွာ ဒီ cotton pad  ေလးေတြကို နဖူး၊ ပါး၊ ခါင္း၊ ေမးေစ့ ေနရာေလးေတြမွာ ၅-၁၀ မိနစ္ခန္႔ ကပ္ထားေပးပါ။ ၿပီးရင္ပံုမွန္ လိမ္းေနက် skincare ေတြလိမ္းရံုပါပဲ။ ဒါေလးက ဘက္ဂ်က္လည္း ေခၽြတာရာေရာက္သလို Mask sheet ကပ္တာနဲ႔ အာနိသင္ တူတူပဲမို႔ ပိုအဆင္ေျပပါတယ္ရွင္။

ေနာက္ဆံုးအေနနဲ႔ကေတာ့ လိမ္းေနက် skincare ထဲမွာ အုန္းဆီ (သို႔) သံလြင္ဆီကို ၂စက္ ၃ စက္ခန္႔ ထည့္လိမ္းပါရွင္။ ဆီေတြရႊဲရႊဲ ေစးကပ္ကပ္ႀကီးလဲ ျဖစ္မေနပဲ အသားေျခာက္ျခင္းကိုလည္း ထိထိေရာက္ေရာက္ ကာကြယ္ေပးလို႔ ဒီနည္းေလးကို သံုးၾကည့္ပါေနာ္..

အသားရည္ ေျခာက္ေသြ႕တဲ့ ကိုကိုမမေတြ အသံုးဝင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ရွင္..

Scarlette(ေဆး၁)

(Unicode version)

ဆောင်းအကုန် နွေအကူးကာလမှာ အသားခြောက်တာကာကွယ်ဖို့

ခုလို ဆောင်းလည်းမကုန်သေး၊ နွေဦးလည်းမကျသေးတဲ့ စပ်ကူးမက်ကူး ကာလလေးဟာ ပွင့်လင်းရာသီမို့ ပတ်ဝန်းကျင်တစ်ခုလုံးက လှပနေပေမဲ့ အသားရည်ခြောက်တတ်တဲ့ Dry skin ပိုင်ရှင်လေးတွေက ဆောင်းတွင်းထက် ပိုပြင်းတဲ့ နေဒဏ်လေဒဏ်ကြောင့် အသားရည်ခြောက်သွေ့မှုဒဏ်ကို အခံရဆုံး ကာလလေးမို့ စိတ်ညစ်ကြရပါတယ်။

အသားရည်လည်း ပုံမှန်လိမ်းနေကြ skincare တွေတောင် မနိုင်တော့ဘူး..Mask sheet တွေနေ့တိုင်း ဝယ်ကပ်ရမှာလည်း ဘက်ဂျက်နဲ့ တွက်ချက်ရတယ်.. Spa တွေသွားပြီး ထိန်းသိမ်းရေးလုပ်ဖို့ အခက်ခဲရှိနေသူတွေ အတွက် သတင်းကောင်းလေးပါနော်..

အသားခြောက်တဲ့သူတွေ ခံရအခက်ဆုံးအချိန်က မျက်နှာသစ်ပြီး ရေသုတ်လိုက်တဲ့အချိန်မှာ မျက်နှာကြီး အရမ်းတင်းတင်းကြီး ဖြစ်နေတဲ့ အချိန်ပါ။ အဲ့ဒါအတွက်ကတော့..kpop 9muses ထဲက idol တစ်ယောက်ရဲ့ Tips လေးပါနော်..မျက်နှာသစ်ဆပ်ပြာနဲ့ ကိုယ်လိမ်းနေကျ Face cream တစ်ခုခုကို 1:1 အချိုးနဲ့ရောပြီးမှ မျက်နှာသစ်တာပါ။ ကိုယ်လိမ်းနေကျ face cream တွေကဈေးကြီးတယ်ဆိုရင် Aloevera gel, bamboo gel, fresh milk cream စတာတွေကို အစားထိုးသုံးပေးနိုင်ပါတယ်ရှင်။ မျက်နှာသစ်ဆပ်ပြာကို ခုလို Moisturizer နဲ့ ရောပြီးသုံးပေးတာက မျက်နှာသစ်ပြီး အသားရည် တင်းတင်းကြီး ဖြစ်တာကနေ ကာကွယ်ပေးပြီး အသားရည်စိုစိုအိအိလေး ဖြစ်နေစေပါတယ်ရှင်။

အသားခြောက်တဲ့သူတွေက ပုံမှန်ထက် dead skin cells တွေ ပိုများတတ်တာမို့ Scrub or Exfoliating ကို တစ်ပါတ် ၃ ကြိမ်လောက် လုပ်ပေးဖို့လိုပါတယ်။

အသားရည် ခြောက်လွန်းလို့ ပုံမှန် Mask sheet တွေ ကပ်ပေးမှ တော်ကာကျလို့ ဘက်ဂျက်အတွက် စိတ်ညစ်ရတယ်ဆိုတဲ့သူတွေ အတွက် နောက် Tis လေးတစ်ခုပါ။

ကိုယ်လိမ်းနေကျ Moisturizer gel or cream ကို ကယပုံမှန်လိမ်းနေကျ ပမာနထက် ၂ဆ (သို့) ၃ဆကို ယူပြီး ခွက်လေးတစ်ခုထဲထည့်ပါ။ အုန်းရည် (သို့) သောက်ရည်သန့် (သို့) သကြားမပါတဲ့ နို့ စားပွဲတင်ဇွန်း ၂ဇွန်းခန့်ထည့်ပြီး မပျစ်မကျဲ အနေထားရတဲ့ထိမွှေပါ။ Toner လိမ်းတဲ့ Cotton pad လေး၅ ခုလောက်ကို ခုနက မပျစ်မကျဲအရည်လေးထဲမှာ စိမ်ထားပါ။

သန့်စင်ပြီးတဲ့ မျက်နှာပေါ်မှာ ဒီ cotton pad လေးတွေကို နဖူး၊ ပါး၊ ခါင်း၊ မေးစေ့ နေရာလေးတွေမှာ ၅-၁၀ မိနစ်ခန့် ကပ်ထားပေးပါ။ ပြီးရင်ပုံမှန် လိမ်းနေကျ skincare တွေလိမ်းရုံပါပဲ။ ဒါလေးက ဘက်ဂျက်လည်း ချွေတာရာရောက်သလို Mask sheet ကပ်တာနဲ့ အာနိသင် တူတူပဲမို့ ပိုအဆင်ပြေပါတယ်ရှင်။

နောက်ဆုံးအနေနဲ့ကတော့ လိမ်းနေကျ skincare ထဲမှာ အုန်းဆီ (သို့) သံလွင်ဆီကို ၂စက် ၃ စက်ခန့် ထည့်လိမ်းပါရှင်။ ဆီတွေရွှဲရွှဲ စေးကပ်ကပ်ကြီးလဲ ဖြစ်မနေပဲ အသားခြောက်ခြင်းကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးလို့ ဒီနည်းလေးကို သုံးကြည့်ပါနော်..

အသားရည် ခြောက်သွေ့တဲ့ ကိုကိုမမတွေ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်..

Scarlette(ဆေး၁)