လက်ဖက်ရည်ကြမ်း
၂ဝ၁၁ ခုနှစ်မှာ လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရ လက်ဖက်ရည်ကြမ်းကို ၁၂ပတ်ကြာ နေ့စဉ်သောက်သုံးတဲ့ သူတွေဟာ မသောက်သုံးတဲ့သူတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ အသားအရေ တင်းရင်းချောမွေ့ပြီး နေရောင်ကြောင့် အသားအရေ ပျက်စီးမှုကို လေးပုံတစ်ပုံနီးပါး လျော့နည်းစေကြောင်း သိရှိရပါတယ်။ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းကြောင့် သွေးစီးဆင်းမှု ကောင်းမွန်စေပြီး အသားအရေ ကျန်းမာလှပစေကြောင်း သိရပါတယ်။
ကိုက်လန်
ကိုက်လန်မှာ အကောင်းဆုံး အာဟာရဓာတ် အရင်းအမြစ်တွေ ပါဝင်တဲ့အတွက် နေရောင်ခြည်ကနေ အကျိုးပြု ဓာတ်တွေစုပ်ယူပေးနိုင်ပြီး နေရောင်ခြည်ကြောင့်ဖြစ်ပေါ်တဲ့ Free Radicals တွေကို အာနိသင်ပျက်ပြယ်စေပါတယ်။ ကိုက်လန်တစ်ပန်းကန် နေ့စ်စားသုံးပေးရင် ၁၃၃-၁၃၄ ရာခိုင်နှုန်းမျှ အသားအရေ ကြည်လင်တင်းရင်း စေပါတယ်။ နောက်ပြီး ဗီတာမင်စီနဲ့ ဗီတာမင်အေတွေ ပါဝင်ပါတယ်။
သစ်ကြားသီး
သစ်ကြားသီးဟာ Omega 3 ဖက်တီးအက်ဆစ်ပါဝင်တဲ့ အခွံမာသီး တစ်မျိုးပါပဲ။ သစ်ကြားသီးမှာ အသားငါး စားခြင်းကဲ့သို့ အာဟာရဓာတ်တွေ ရရှိနိုင်တဲ့အတွက် သက်သက်လွတ် စားသုံးတဲ့သူတွေအတွက် အာဟာရပြည့်ဝအောင် စားသုံးပေးနိုင်ပါတယ်။ Omega 3 အဆီဓာတ်ချို့တဲ့လျှင် နှင်းခူနာနဲ့ အရေပြားခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သက်သတ်လွတ်စားသုံးသူတွေအနေနဲ့ သစ်ကြားသီးကို စားပေးသင့်ပါတယ်။
လိမ္မော်ခွံ
အရီဇိုးနားတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ သံပရိုသီး၊ လိမ္မော်သီး၊ ရှောက်သီး၊ ကျွဲကောသီးစတဲ့ အသီးတွေ၊ ဖျော်ရည်တွေနဲ့ အခွံတွေကို လေ့လာမှုပြုခဲ့ကြပါတယ်။ ဒီလေ့လာမှုအရ အသီးတွေရဲ့ အခွံ (ဥမာ-လိမ္မော်ခွံ၊ သံပုရာခွံ) စားတဲ့သူတွေဟာ ဆဲလ်ကနေဖြစ်ပေါ်တဲ့ ကင်ဆာတွေကို လျှော့ချနိုင်ကြောင်း သိရပါတယ်။ အဲဒီအသီးတွေရဲ့ အခွံထဲမှာပါတဲ့ အဆီက အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ကြောင်းလည်း သိရပါတယ်။
အမဲသား
အမဲသားမှာ ရောင်းရမ်းမှုကို လျော့နည်းစေတဲ့ Omega 3 နဲ့ Omega 6 ဖက်တီးအက်ဆစ်တွေသာမက ပရိုတင်း ဓာတ်တွေလည်း ပါဝင်ပါတယ်။ ပရိုတင်းဟာ အသားအရေတင်းရင်းစေပြီး အရေးအကြောင်းဖြစ်ပေါ်မှုကို လျော့နည်းစေ ပါတယ်။
ရေ
ရေသောက်ပေးခြင်းအားဖြင့် အသားအရေကို စိုပြည်စေပါတယ်။ ခန္ဓာကိုယ်အဆိပ်အတာက်တွေကို ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်တင်းရင်းပြည့်ဖြိုးကာ အရေးအကြောင်းတွေကို လျှော့နည်းစေပါတယ်။
ပဲပြား
ပဲပြားစားသုံးခြင်းအားဖြင့် အသားအရေ အရေးအကြောင်းဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။ ပဲပြားနေ့စဉ် ၄ဝ မီလီ ဂရမ် စားသုံးတဲ့ ဂျပန်အမျိုးသမီးတွေကို ၂ ပတ်ကြာစားသုံးပြီးတဲ့နောက် မစားသုံးတဲ့သူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အရေးအကြောင်းနဲ့ အသားအရေလျော့တွဲမှုတွေ လျော့နည်းသွားကြောင်း သိရပါတယ်။
Author: ဖြိုးသူဇာ, Healthcare Journal, vol 8,no 33 (1.9.17)