OnDoctor
The Greatest Gift

ခန္ဓာကိုယ်အချိုးအစား

ဘယ်သူမဆို ခန္ဓာကိုယ်လှပချင်ကြပါတယ်။ ပိန်တဲ့သူတွေက ပြည့်ချင်တယ်။ ဝတဲ့သူတွေက ကြည့်ကောင်းချင် တယ်။ အရင်ကဝနေလို့ အနေတော်ဖြစ်ချင်တဲ့သူတွေကတော့ ပိန်အောင်ကြိုးစားတာကောင်းပါတယ်။ ဝလွန်း လည်းမကောင်းပါဘူး။ ရောဂါတွေကို လက်ယပ်ခေါ်နေသလို ဖြစ်ပါမယ်။ သွေးတိုး၊ ဆီးချို အဆီများခြင်း၊ သွေး ကြောကျဉ်းခြင်း စတာတွေဖြစ်နိုင်ပါတယ်။

တချို့ကျ အရမ်းပိန်ချင်လွန်းကြတယ်။ ပိန်ချင်လွန်းပြီး အစားတွေရှောင်တယ်။ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ကြတယ်။ ပိန်ဆေးတွေ စားကြတယ်။ ပိန်အောင်လုပ်တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် တော်သင့်ရုံ ဆိုတာပါပဲ။ တချို့ပိန်ချင်လွန်းပြီး စိတ်ရောဂါပါဖြစ်လာနိုင်ပါတယ်။ ဝလာမှာကိုကြောက်ပြီး အစားတွေအရမ်း ရှောင်နေတတ်ကြပါတယ်။

တချို့ကျတော့လည်း အစားတွေစားတယ်။ အားရပါးရကို စားတယ်။ စားပြီးမှ လက်ထိုးအန်ပစ်လိုက်ကြတယ်။ အဲလိုလူတွေရဲ့ လက်ဆစ်တွေမှာဆို လက်ထည့်ပြီးအန်ရလို့ အညိုအမည်းတွေတောင်စွဲနေတတ်တယ်။ မိန်းက လေးငယ်တွေ ပိုလုပ်တတ်ကြပါတယ်။ တချို့ဆို ပိန်လွန်းပြီး ရာသီတွေထိန်လာတယ်။ နှလုံးခုန်နှေးတယ်၊ သွေး ပေါင်တွေကျလာတယ်။ အခန့်မသင့်ရင် အသက်တောင်ဆုံးရှုံးနိုင်ပါတယ်။

-- Advertisement --

ဒီလိုတွေဖြစ်လာရင်တော့ စိတ်ပိုင်းဆိုင်ရာ ကူညီပေးဖို့လည်း လိုသလိုဆေးသောက်ဖို့လည်း လိုတတ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားက သင့်တော်ရုံဆိုကောင်းပါတယ်။ ပိန်လွန်းရင်လည်း မကောင်း၊ ဝလွန်းရင်လည်းမ ကောင်းပါဘူး။ မိမိရဲ့ အရပ်နဲ့လိုက်ဖက်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိရင် ရပါပြီ။

Author – Dr. CST

ဆက်စပ် ဆောင်းပါးများ
OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now !!!