OnDoctor
The Greatest Gift

ခရမ်းချဉ်သီးရဲ့အာနိသင်

ခရမ်းချဉ်သီးဟာ အသားအရေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးတယ်။ အသက်အရွယ်ကြီး လို့ဖြစ်တဲ့ အရိုးပွရောဂါ၊ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးနိုင်တဲ့အာသိသင်တွေ ရှိတဲ့အပြင် နုပျိုမှုကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံးအစားအစာတွေထဲက တစ်ခုဖြစ်သည်။

ခရမ်းချဉ်သီးမှာပါတဲ့ Lycopene ဟာ Carotenoids အုပ်စုဝင်တစ်ခုဖြစ်တယ်။ သုတေသနပြုမှုတွေရဲ့ တွေ့ရှိချက်အရ Carotenoids ဟာနေရောင်ခြည်ကြောင့် အသားအရေပျက်စီးတာကိုကာကွယ်ပေးပါတယ်။အသက်အရွယ်ကြီးရင့်လာလို့ကင်ဆာရောဂါအများစုရဲ့ဖြစ်ပွားနှုန်းနဲ့ ဖြစ်နိုင်ချေရှိမှုတို့ဟာ မြှင့်မားလာနိုင်ပါတယ်။ခရမ်းချဉ်သီးကိုစားရင်ကင်ဆာလိုဆိုးရွားတဲ့ရောဂါကို လျော့ချပေးနိုင်တယ်လို့ သုတေသန ပြုမှုတွေ အရ သိရတယ်။ သိပ္ပံပညာရှင်တွေကလည်း ခရမ်းချဉ်သီးမှာပါတဲ့ Lycopene အပြင်၊ အခြားအဟာရတွေလည်း ခန္ဓာကိုယ်ကို အကျိုးပြုတယ်လို့ဆိုကြတယ်။ Lycopene ဟာ UV ကြောင့်ခန္ဓာကိုယ်ပျက်ဆီးခြင်းကိုသာမက Bacteria ပိုးတွေကြောင့် ပျက်ဆီးတာတွေကိုပါ ကာကွယ်ပေးတဲ့ဓာတ်ကိုဆန့်ကျင်မှုပစ္စည်း (Antioxidant) လည်း ဖြစ်တယ်။ အရေပြားမှာ collagen ဟာ အရေပြားကို တင်းတင်းရင်းရင်းရှိစေပြီး အရေပြားတွန့်တာကို ကာကွယ်ပေးတယ်။ Lycopene ဟာ collagenကိုပျက်ဆီးစေတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ collagenase ရဲ့ လုပ်ဆောင်ချက်ကို ဟန့်တားပေးခြင်းဖြင့် အသားအရေကိုတင်းရင်းစေတယ်။လူ့ခန္ဓာကိုယ်ရဲ့တစ်သျှုးနဲ့Lycopeneကိုတိုင်းကြည့်တဲ့အခါသိပ္ပံပညာရှင်တွေဘာတွေကိုသိလာသလဲဆိုရင်Lycopeneဓာတ်မြင့်တဲ့လူတွေမှာနာတာရှည်ရောဂါဖြစ်နိုင်ချေနည်းကြောင်း လေ့လာတွေ့ရှိခဲ့ကြတယ်။ခရမ်းချဉ်သီးမှာ တွေ့ရတဲ့Lycopeneဟာသွားနဲ့သွားကျန်းမာရေးကို ကောင်းမွန်စေတယ်။ Bacteria နဲ့ fungus ကို ကာကွယ်ပေးနိုင်တဲ့ စွမ်းအင် ခရမ်းချဉ်သီးမှာရှိတယ်။ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကိုလည်း ခရမ်းချဉ်သီးက ကာကွယ်ပေးနိုင်တယ်။ အထူးသဖြင့် မြေပဲ၊ မြေပဲထောပတ်နဲ့ ငရုပ်သီးတို့မှာ တွေ့ရတဲ့ ဓာတုပစ္စည်း Alfatoxin ဆိုတဲ့မှိုတစ်မျိုးနဲ့ စီးကရက်မီးခိုးနဲ့ ညစ်ညမ်းတဲ့လေထုထဲမှာ တွေ့ရတဲ့ Cadmium ရဲ့အဆိပ်အတောက်တွေကိုလည်း ကာကွယ်ပေးတယ်။Lycopeneဟာနှလုံးနဲ့ နှလုံးသွေးကြောတွေကျန်းမာဖို့လည်းအထောက်အကူပြုတယ်။ နှလုံး ရောဂါဟာစားသောက်နေထိုင်မှုပုံစံနဲ့အသက်အရွယ်ပေါ်တွင်မူတည်သောရောဂါဖြစ်ပါတယ်။ဒါကြောင့် နှလုံး ကျန်းမာရေးကောင်းမွန်စေဖို့ ခရမ်းချဉ်သီးကိုများများစားပေးသင့်ပါတယ်။

 

Author – မောင်ချမ်းသာ

-- Advertisement --

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now !!!