ခွဲစိတ်မှု ခံယူပြီးနောက် သင်သည် အာဟာပြည့်ဝဖို့နှင့်အနာကျက်မြန်ဖို့သည် သင်စားသော အစာအစားများတွင် အများကြီး မူတည်ပါတယ်။ မှန်ကန်သော အစာအစားများ ရွေးချယ်စားသုံးခြင်းဖြင် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်သကဲ့သို့ အနာကျက်မြန်ဖို့ လိုအပ်တဲ့အထောက်အပံ့ ရရှိနိုင်ပါတယ်။
နာလန်ထစမှာ အာဟာလုံလောက်စွာရရှိဖို့က မူရင်းအရသာအာဟာရမပျက်အောင် စားတတ်ဖို့လိုပါတယ်။ ဥပမာ အာလူးဖုတ်သည် မူရင်းအရသာမပျက်သော်လည်း အာလူးကြော်သည်ကျန်းမာရေးအတွက်လုံးဝမကောင်းပါ။ ပြုပြင်ထားသောအစာများသည် မူရင်းအစာများထက်အချိုဓာတ် အငန်ဓာတ် နှင့်ဓာတုပစ္စည်းများ ပိုမိုပါဝင်သော်လည်း အမျှင်ဓာတ်နှင့် ဗီတာမင်လျော့နည်းသည်။ စတိုးဆိုင်များတွင် အလွယ်တကူရရှိနိုင်သာအစာများသည် ပြုပြင်ထားသော အစာများသာဖြစ်သည်။
(၁) အမျှင်
ခွဲစိတ်မှုခံယူပြီးစ လူနာများသည် အမျှင်ဓာတ်ပါသော အစာအစားများ ရွေးချယ်စားသုံးရမည်။ ဝမ်းချုပ်ခြင်းကို ကာကွယ်သည်။ အမျှင်ဓာတ်ပါသောအစာအစားများမှာ ပေါင်မုန့်ညို၊ လတ်ဆတ်သောအသီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အနှံများဖြစ်ကြသည်။
ဝမ်းချုပ်လျှင် ပိုမိုနာကျင်စေပြီး ခွဲထားသော ခွဲကြောင်းအရာပေါ်တွင် သက်ရောက်မႈရှိပါတယ်။ ဒါကြောင့်ဝမ်းမချုပ်စေရန် ဂရုတစိုက်စားသုံးရပါမယ်။ ဝမ်းချုပ်စေသော အစာအစားများမှာ
(၁) အခြောက်လှန်းထားသောအစာအစားများ
(၂) ပြုပြင်ထားသောအစာအစားများ
(၃) ဒိန်ခဲ
(၄) နို့နှင့်နို့ထွက်ပစ္စည်း
(၅) အနီရောင်ရှိသော အသားများ
(၆) ချိုသာအစာအစားများဖြစ်ကြသည်။
(၂)ပရိုတင်းဓာတ်
အဆီနည်းသော ပရိုတင်းဓာတ်၊ အသားဓာတ်သည် ကြက်ဆင်သားများမှရရှိပါသည်။ ပင်လယ်ငါးများသည် အဆီနည်းသော ပရိုတင်းဓာတ်အပြည့်အဝပါသော အကောင်းဆုံး အစာဖြစ်သည်။ အနီရောင်အသားများကို မဆိုလိုပါ။
ဝမ်းချုပ်စေသောကြောင့် ဖြစ်ပါသည်။ သတ်သတ်လွတ်စားသူဖြစ်ပါက အသားဓာတ်ကို ပဲ၊ တို့ဟူး၊ အသီးအနှံများမှ ရရှိပါတယ်။ နို့ထွက်ပစ္စည်းများစားသုံးပါက အသားဓာတ်ရသော်လည်း ဝမ်းချုပ်ပါတယ်။ ခွဲစိတ်ပြီး အဖတ်အမာစားရန်ခက်ခဲပါက အသားဓာတ်အမှုန့်ကို ရေဖျော်သောက်သုံးနိုင်ပါသည်။
(၃) အစေ့အနှံများ
ကောက်နှံ၊ အစေ့အနှံများတွင် ဗီတာမင်ဓာတ်၊ သံဓာတ်နှင့် အမျှင်ဓာတ်ပြည့်ဝစွာ ပါဝင်သည်။ မနက်စာအဖြစ်စားလျှင် ဝမ်းချုပ်စေသော ဝက်ပေါင်ခြောက်၊ ကြက်ဥစားခြင်းထက်
ပေါင်မုန့်ညိုနှင့် လတ်ဆတ်သော အသီးအနှံများ ရွေးချယ်စားသုံးပါ။
(၄) လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ
ခွဲစိတ်ပြီး အနာကျက်မြန်ရန် လတ်ဆတ်သောအသီးအနှံများသည် အထောက်အကူရပါသည်။ သို့သော် အလွန်အကျွံစားသုံးလျှင် လေထခြင်း၊ ဗိုက်နာခြင်း ဖြစ်တတ်သည်။
(၅) နို့နှင့် နို့ထွက်ပစ္စည်း
နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးလျှင် အသားဓာတ် ပြည့်ဝစွာပါဝင်သောကြောင့် အနာကျက်မြန်သော်လည်း ဝမ်းချုပ်တတ်ပါတယ်။ ချွဲထစေနိုင်သောကြောင့် ချောင်းဆိုးနေသာ လူနာများတွင် မစားသုံသင့်ပါ။ ဝမ်းမချုပ်စေရန် အဆီထုတ်ထားသော နို့၊ မလိုင်ထုတ်ထားသော ဒိန်ခဲ၊ နွားနို့များကို စားသုံးပေးပါ။
Dr.ပြည့်ရှင်း