(Zawgyi)
“ဆရာ ကေလးအေမကို ေသြးစစ္တာ ေမ်ာက္ေသြးပါေနတယ္လို႔ ေျပာတယ္။ အဲ့ဒါ မရွင္းလို႔ဆရာ။ ေမ်ာက္ေသြးက ဘယ္လိုလုပ္ပါလာတာလဲ”
“ဆရာ သမီးေသြးစစ္ေတာ့ A+ လို႔ေျပာတယ္။ အဲ့ဒါဘယ္လိုေသြးလဲဆရာ ” အဲ့လိုေတြခဏခဏေမးလာၾကေတာ့ ကြၽန္ေတာ္လည္း ေသြးနဲ႔ေသြးအုပ္စု အေၾကာင္းကို ကြၽန္ေတာ္နားလည္သေလာက္ ရွင္းျပဖို႔လိုလာၿပီေလ။
ေသြးလို႔ေျပာလိုက္ရင္ ကြၽန္ေတာ္တို႔ငယ္ငယ္က ျမန္မာ့ေသြးရဲတယ္တို႔၊ နီရဲတဲ့ ဒို႔ေသြးတို႔၊ ေသြးစိမ္းရွင္ရွင္ ထြက္တယ္လို႔ စတဲ့ စကားေလးေတြ ျပန္အမွတ္ရမိပါရဲ႕။ အမွန္ကေတာ့ ျမန္မာ့ေသြးမွ မဟုတ္ပါဘူး။ ေအာက္စီဂ်င္ (Oxygen) ကိုရွဴတဲ့ သတၱဝါေတြရဲ႕ေသြးေတြအားလုံးဟာ ရဲပါတယ္။ အဲ့ဒီလိုရဲတာကလည္း ေအာက္စီဂ်င္က ေသြးနီဥဆဲလ္ (Red Blood Cells) ထဲမွာရွိတဲ့ ေဟမိုဂလိုဘင္ (Hemoglobin)လို႔ ေခၚတဲ့ သံဓာတ္နဲ႔ ပ႐ိုတင္းဓာတ္ေပါင္းစပ္ထားတဲ့ အစုအေဝးနဲ႔ သြားေရာက္ေပါင္းစပ္တာေၾကာင့္ပါပဲ။ ေအာက္စီဂ်င္ သယ္ေဆာင္ႏိူင္တဲ့ ေဟမိုဂလိုဘင္မ်ားေလေလ၊ ေအာက္စီဂ်င္ပါဝင္မႈ မ်ားေလေလ၊ေသြးကနီရဲေလေလပါပဲ။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို သယ္ေဆာင္ရင္ေတာ့ ေသြးဟာ ညိဳမဲတဲ့ဘက္ကို ေရာက္သြားပါတယ္။
ေသြးလို႔ဆိုလိုက္ရင္ ေတာ္ေတာ္မ်ားမ်ားက အရည္လို႔ဘဲၾကမွာပါ။ အမွန္ကေတာ့ ေသြးက အခဲ (ေသြးဆဲလ္) ၄၀ ရာႏႈန္းနဲ႔ ေသြးရည္ၾကည္ (plasma) ၆၀ ရာႏႈန္းပါဝင္ပါတယ္။ ေသြးဆဲလ္အခဲေတြကေတာ့ ေသြးနီဥဆဲလ္ (Red Blood Cells)၊ ေသြးျဖဴဥဆဲလ္ (White Blood Cells) နဲ႔ ေသြးဥမႊား (platelets) ေတြပဲျဖစ္ပါတယ္။ ေသြးရည္ၾကည္ (Plasma) ထဲမွာေတာ့ ေရဓာတ္ ၉၀ ရာႏႈန္းပါဝင္ၿပီး ေသြးျဖဴပ႐ိုတင္း (Albumin) ေတြ၊ ေဟာ္မုန္းေတြ၊ အာဟာရေတြ၊
အညစ္အေၾကးေတြ ပါဝင္ပါတယ္။ ဒါေၾကာင့္ ေသြးဟာ အရည္ခ်ည္းဘဲမဟုတ္ဘဲ အရည္နဲ႔အခဲ ေရာလ်က္သာ ျဖစ္ပါတယ္။
အခုေဆာင္းပါးမွာေတာ့ ေသြးအုပ္စုေတြအေၾကာင္းကို အဓိက ေျပာျပေပးပါ့မယ္။ ကြၽန္ေတာ္တို႔အမ်ားစု သိၾကတာက ေအေသြး၊ ဘီေသြး၊ ေအဘီေသြး၊ အိုေသြးရယ္ဆိုတဲ့ ေသြးအမ်ိဳးအစား ေလးခုကိုပဲ သိၾကတာပါ။ အမွန္ကေတာ့ အဲ့ဒီ ေသြးအမ်ိဳးအစား ေလးခုဟာ ABO System လို႔ေခၚတဲ့ ေသြးအုပ္စုခြဲျခားတဲ့ စနစ္တစ္ခုထဲရဲ႕ အေခၚအေဝၚေတြဘဲ ျဖစ္ပါတယ္။ အဲ့ဒီလိုဆိုရင္ ေသြးအုပ္စု ဘယ္ႏွစ္ခုရွိလဲလို႔ေမးရင္ အခုအခ်ိန္အထိ သိရသေလာက္ ေသြးအုပ္စု
၃၅ခုအထိရွိပါတယ္။
အဲ့ဒီ အုပ္စုေတြကို ဗဟုသုတအေနနဲ႔ ေျပာရရင္ေတာ့
၁။ ABO (ABO System,A Antigen, B Antigen, H Antigen ပါဝင္သည္။)
၂။ MNS အုပ္စု (MNS System, M, N, S, s Antigens မ်ားအဓိက ပါဝင္သည္။)
၃။ P အုပ္စု ( P System, P1, P, Pk Antigens မ်ားပါဝင္သည္။)
၄။ Rh ေမ်ာက္ေသြးအုပ္စု (Rh System, Rh C, c, D, E, e Antigens မ်ားပါဝင္သည္။)
၅။ Lutheran အုပ္စု (LU System, Antigen ၂၁ ခု ပါဝင္သည္။)
၆။ Kell အုပ္စု (Kell System, K1 Antigen)
၇။ Lewis အုပ္စု (LE System, Lea သို႔မဟုတ္ Leb Antigen)
၈။ Duffy အုပ္စု (FY System, Fya, Fyb)
၉။ Kidd အုပ္စု (JK System, Jka, Jkb)
၁၀။ Diego အုပ္စု ( DI System)
၁၁။ Yt အုပ္စု (YT System)
၁၂။ XG အုပ္စု (XG System)
၁၃။ Scianna အုပ္စု (SC System)
၁၄။ Dombrock အုပ္စု (DO System)
၁၅။ Colton အုပ္စု (CO System, Co(a), Co(b) Antigens)
၁၆။ Landsteiner- Wiener အုပ္စု (LW System)
၁၇။ Chido အုပ္စု (CH System, C4A, C4B)
၁၈။ Hh အုပ္စု (H System)
၁၉။ XK အုပ္စု ( XK System)
၂၀။ Gerbich အုပ္စု (GE System)
၂၁။ Cromer အုပ္စု ( CROM System)
၂၂။ Knops အုပ္စု ( KN System)
၂၃။ Indian အုပ္စု (IN System)
၂၄။ Ok အုပ္စု (OK System)
၂၅။ Raph အုပ္စု (RAPH System)
၂၆။ JMH အုပ္စု (JMH System)
၂၇။ Li အုပ္စု ( 1 System)
၂၈။ Globoside အုပ္စု (GLOB System)
၂၉။ GlL အုပ္စု (GIL System)
၃၀။ Rh associated glycoprotein အုပ္စု (RHAg System)
၃၁။ Forssman အုပ္စု (FORS System)
၃၂။ Langereis အုပ္စု (LAN System)
၃၃။ Junior အုပ္စု ( JR System)
၃၄။ Vel အုပ္စု (Vel System)
၃၅။ CD59 အုပ္စု (CD59 System) တို႔ပဲ ျဖစ္ပါတယ္။
အဲ့ဒီလို ေသြးအုပ္စု ေတာ္ေတာ္မ်ားမ်ားကို ရွာေဖြေတြ႕ရွိခဲ့တဲ့သူေတြရဲ႕ နာမည္ေတြနဲ႔ ဂုဏ္ျပဳမွည့္ေခၚထားၾကတာပါ။ ကြၽန္ေတာ္တို႔အဓိက အသုံးျပဳတဲ့ ABO စနစ္ကိုေတာ့ Dr. Karl Landsteiner က ၁၉၀၁ ခုႏွစ္မွာစၿပီး နာမည္ေပးခဲ့တာ ျဖစ္ပါတယ္။ သူက ေသြးေတြကို ပထမဆုံး နာမည္ေပးတဲ့အခ်ိန္မွာ A, B, C groups ေတြလို႔ နာမည္ေပးခဲ့ပါတယ္။ ဒါေပမယ့္ Austrian Federal Ministry of Health က A, B, C ထဲမွာပါတဲ့ C ကို သုည (Zero, 0) လို႔ နာမည္ေျပာင္းၿပီး ေဖာ္ျပရာကေန ေနာက္ပိုင္းမွာ သုညကေန အဂၤလိပ္အကၡရာ အို (O) အျဖစ္ ေျပာင္းလဲလာၿပီး A, B, O System ရယ္လို႔ ျဖစ္လာတာပါ။
ဘာလို႔ ေသြးအုပ္စုေတြကို အဲ့ဒီလိုနာမည္ေပးၿပီး ခြဲျခားသတ္မွတ္ၾကတာလဲဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ ေသြးနီဥဆဲလ္ မ်က္ႏွာျပင္ ( Surface Membrane of RBC) ေပၚမွာ မ်ိဳးဗီဇအရ ပါလာတဲ့ ဗီဇပိုး Ag (Antigen) ေတြနဲ႔ ေသြးရည္ၾကည္ထဲမွာပါတဲ့ ကိုယ္ခံအားပ႐ိုတင္း Ab (Antibody) ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ကိုယ္ခံအားပ႐ိုတင္း Ab ေတြဟာ ကိုုယ္ခႏၶာထဲမွာရွိတဲ့ ျပင္ပပစၥည္း (Foreign body) ေတြတိုင္းကို မွတ္မိ၊သိရွိၿပီး၊ အဲ့ဒီ ျပင္ပပစၥည္းေတြကို တုံ႔ျပန္တိုက္ခိုက္ ဖ်က္ဆီးဖို႔အတြက္ ကိုယ္ခံအားစနစ္ကို လႈံေဆာ္သတိေပးတဲ့အခါ ကိုယ္ခံအားဆဲလ္ေတြက အဲ့ဒီျပင္ပပစၥည္းေတြကို တိုက္ခိုက္ဖ်က္စီးပစ္ပါတယ္။
A ေသြးသမားရဲ႕ ေသြးနီဥဆဲလ္မ်က္ႏွာျပင္မွာ ဗီဇပိုး A Ag (A Antigen) ရွိၿပီး သူရဲ႕ေသြးရည္ၾကည္ထဲမွာ ကိုယ္ခံအားပ႐ိုတင္း B Ab ( B Antibody) ရွိပါတယ္။ အဲ့ဒီလို Bေသြးသမားရဲ႕ ေသြးနီဥဆဲလ္ မ်က္ႏွာျပင္မွာ ဗီဇပိုး B Ag (B Antigen) ရွိၿပီး သူရဲ႕ေသြးရည္ၾကည္ထဲမွာ ကိုယ္ခံအားပ႐ိုတင္း A Ab ( A Antibody) ရွိပါတယ္။ အဲ့ဒါေၾကာင့္မို႔ A ေသြးလူနာကို B ေသြးသြင္းမိရင္ Aေသြးရဲ႕ ေသြးရည္ၾကည္ထဲမွာရွိတဲ့ ကိုယ္ခံအားပ႐ိုတင္း B Ab ဟာဝင္လာတဲ့ Bေသြးရဲ႕ ေသြးနီဥမ်က္ႏွာျပင္ေပၚမွာရွိတဲ့ ဗီဇပိုး B Ag ကိုမွတ္သားၿပီး တိုက္ခိုက္ဖ်က္စီးပစ္တာေၾကာင့္ ေသြးသြင္းျခင္းေၾကာင့္ျဖစ္တဲ့ ဓာတ္မတည့္္မႈ (Transfusion Reaction) ေတြ ျဖစ္လာတာပါ။
အဲ့ဒီလိုပဲ B ေသြးကို A ေသြးထဲသြင္းမိရင္လည္း အေပၚကေျပာခဲ့တဲ့အတိုင္း ဓာတ္မတည့္မႈ ျဖစ္စဥ္ျဖစ္ၿပီး ေသြးဆဲလ္ေတြ ပ်က္စီးလို႔ ဒုကၡေရာက္ၾကတာပါ။
Author: ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္)
(Unicode)
“ဆရာ ကလေးအမေကို သွေးစစ်တာ မျောက်သွေးပါနေတယ်လို့ ပြောတယ်။ အဲ့ဒါ မရှင်းလို့ဆရာ။ မျောက်သွေးက ဘယ်လိုလုပ်ပါလာတာလဲ”
“ဆရာ သမီးသွေးစစ်တော့ A+ လို့ပြောတယ်။ အဲ့ဒါဘယ်လိုသွေးလဲဆရာ ” အဲ့လိုတွေ ခဏခဏမေးလာကြတော့ ကျွန်တော်လည်း သွေးနဲ့သွေးအုပ်စု အကြောင်းကို ကျွန်တော်နားလည်သလောက် ရှင်းပြဖို့လိုလာပြီလေ။
သွေးလို့ပြောလိုက်ရင် ကျွန်တော်တို့ငယ်ငယ်က မြန်မာ့သွေးရဲတယ်တို့၊ နီရဲတဲ့ ဒို့သွေးတို့၊ သွေးစိမ်းရှင်ရှင် ထွက်တယ်လို့ စတဲ့ စကားလေးတွေ ပြန်အမှတ်ရမိပါရဲ့။ အမှန်ကတော့ မြန်မာ့သွေးမှ မဟုတ်ပါဘူး။ အောက်စီဂျင် (Oxygen) ကိုရှူတဲ့ သတ္တဝါတွေရဲ့သွေးတွေအားလုံးဟာ ရဲပါတယ်။ အဲ့ဒီလိုရဲတာကလည်း အောက်စီဂျင်က သွေးနီဥဆဲလ် (Red Blood Cells) ထဲမှာရှိတဲ့ ဟေမိုဂလိုဘင် (Hemoglobin)လို့ ခေါ်တဲ့ သံဓာတ်နဲ့ ပရိုတင်းဓာတ်ပေါင်းစပ်ထားတဲ့ အစုအဝေးနဲ့ သွားရောက်ပေါင်းစပ်တာကြောင့်ပါပဲ။ အောက်စီဂျင် သယ်ဆောင်နိူင်တဲ့ ဟေမိုဂလိုဘင်များလေလေ၊ အောက်စီဂျင်ပါဝင်မှု များလေလေ၊သွေးကနီရဲလေလေပါပဲ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သယ်ဆောင်ရင်တော့ သွေးဟာ ညိုမဲတဲ့ဘက်ကို ရောက်သွားပါတယ်။
သွေးလို့ဆိုလိုက်ရင် တော်တော်များများက အရည်လို့ဘဲကြမှာပါ။ အမှန်ကတော့ သွေးက အခဲ (သွေးဆဲလ်) ၄၀ ရာနှုန်းနဲ့ သွေးရည်ကြည် (plasma) ၆၀ ရာနှုန်းပါဝင်ပါတယ်။ သွေးဆဲလ်အခဲတွေကတော့ သွေးနီဥဆဲလ် (Red Blood Cells)၊ သွေးဖြူဥဆဲလ် (White Blood Cells) နဲ့ သွေးဥမွှား (platelets) တွေပဲဖြစ်ပါတယ်။ သွေးရည်ကြည် (Plasma) ထဲမှာတော့ ရေဓာတ် ၉၀ ရာနှုန်းပါဝင်ပြီး သွေးဖြူပရိုတင်း (Albumin) တွေ၊ ဟော်မုန်းတွေ၊ အာဟာရတွေ၊
အညစ်အကြေးတွေ ပါဝင်ပါတယ်။ ဒါကြောင့် သွေးဟာ အရည်ချည်းဘဲမဟုတ်ဘဲ အရည်နဲ့အခဲ ရောလျက်သာ ဖြစ်ပါတယ်။
အခုဆောင်းပါးမှာတော့ သွေးအုပ်စုတွေအကြောင်းကို အဓိက ပြောပြပေးပါ့မယ်။ ကျွန်တော်တို့အများစု သိကြတာက အေသွေး၊ ဘီသွေး၊ အေဘီသွေး၊ အိုသွေးရယ်ဆိုတဲ့ သွေးအမျိုးအစား လေးခုကိုပဲ သိကြတာပါ။ အမှန်ကတော့ အဲ့ဒီ သွေးအမျိုးအစား လေးခုဟာ ABO System လို့ခေါ်တဲ့ သွေးအုပ်စုခွဲခြားတဲ့ စနစ်တစ်ခုထဲရဲ့ အခေါ်အဝေါ်တွေဘဲ ဖြစ်ပါတယ်။ အဲ့ဒီလိုဆိုရင် သွေးအုပ်စု ဘယ်နှစ်ခုရှိလဲလို့မေးရင် အခုအချိန်အထိ သိရသလောက် သွေးအုပ်စု
၃၅ခုအထိရှိပါတယ်။
အဲ့ဒီ အုပ်စုတွေကို ဗဟုသုတအနေနဲ့ ပြောရရင်တော့
၁။ ABO (ABO System,A Antigen, B Antigen, H Antigen ပါဝင်သည်။)
၂။ MNS အုပ်စု (MNS System, M, N, S, s Antigens များအဓိက ပါဝင်သည်။)
၃။ P အုပ်စု ( P System, P1, P, Pk Antigens များပါဝင်သည်။)
၄။ Rh မျောက်သွေးအုပ်စု (Rh System, Rh C, c, D, E, e Antigens များပါဝင်သည်။)
၅။ Lutheran အုပ်စု (LU System, Antigen ၂၁ ခု ပါဝင်သည်။)
၆။ Kell အုပ်စု (Kell System, K1 Antigen)
၇။ Lewis အုပ်စု (LE System, Lea သို့မဟုတ် Leb Antigen)
၈။ Duffy အုပ်စု (FY System, Fya, Fyb)
၉။ Kidd အုပ်စု (JK System, Jka, Jkb)
၁၀။ Diego အုပ်စု ( DI System)
၁၁။ Yt အုပ်စု (YT System)
၁၂။ XG အုပ်စု (XG System)
၁၃။ Scianna အုပ်စု (SC System)
၁၄။ Dombrock အုပ်စု (DO System)
၁၅။ Colton အုပ်စု (CO System, Co(a), Co(b) Antigens)
၁၆။ Landsteiner- Wiener အုပ်စု (LW System)
၁၇။ Chido အုပ်စု (CH System, C4A, C4B)
၁၈။ Hh အုပ်စု (H System)
၁၉။ XK အုပ်စု ( XK System)
၂၀။ Gerbich အုပ်စု (GE System)
၂၁။ Cromer အုပ်စု ( CROM System)
၂၂။ Knops အုပ်စု ( KN System)
၂၃။ Indian အုပ်စု (IN System)
၂၄။ Ok အုပ်စု (OK System)
၂၅။ Raph အုပ်စု (RAPH System)
၂၆။ JMH အုပ်စု (JMH System)
၂၇။ Li အုပ်စု ( 1 System)
၂၈။ Globoside အုပ်စု (GLOB System)
၂၉။ GlL အုပ်စု (GIL System)
၃၀။ Rh associated glycoprotein အုပ်စု (RHAg System)
၃၁။ Forssman အုပ်စု (FORS System)
၃၂။ Langereis အုပ်စု (LAN System)
၃၃။ Junior အုပ်စု ( JR System)
၃၄။ Vel အုပ်စု (Vel System)
၃၅။ CD59 အုပ်စု (CD59 System) တို့ပဲ ဖြစ်ပါတယ်။
အဲ့ဒီလို သွေးအုပ်စု တော်တော်များများကို ရှာဖွေတွေ့ရှိခဲ့တဲ့သူတွေရဲ့ နာမည်တွေနဲ့ ဂုဏ်ပြုမှည့်ခေါ်ထားကြတာပါ။ ကျွန်တော်တို့အဓိက အသုံးပြုတဲ့ ABO စနစ်ကိုတော့ Dr. Karl Landsteiner က ၁၉၀၁ ခုနှစ်မှာစပြီး နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက သွေးတွေကို ပထမဆုံး နာမည်ပေးတဲ့အချိန်မှာ A, B, C groups တွေလို့ နာမည်ပေးခဲ့ပါတယ်။ ဒါပေမယ့် Austrian Federal Ministry of Health က A, B, C ထဲမှာပါတဲ့ C ကို သုည (Zero, 0) လို့ နာမည်ပြောင်းပြီး ဖော်ပြရာကနေ နောက်ပိုင်းမှာ သုညကနေ အင်္ဂလိပ်အက္ခရာ အို (O) အဖြစ် ပြောင်းလဲလာပြီး A, B, O System ရယ်လို့
ဖြစ်လာတာပါ။
ဘာလို့ သွေးအုပ်စုတွေကို အဲ့ဒီလိုနာမည်ပေးပြီး ခွဲခြားသတ်မှတ်ကြတာလဲဆိုရင် ကျွန်တော်တို့ရဲ့ သွေးနီဥဆဲလ် မျက်နှာပြင် ( Surface Membrane of RBC) ပေါ်မှာ မျိုးဗီဇအရ ပါလာတဲ့ ဗီဇပိုး Ag (Antigen) တွေနဲ့ သွေးရည်ကြည်ထဲမှာပါတဲ့ ကိုယ်ခံအားပရိုတင်း Ab (Antibody) တွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်ခံအားပရိုတင်း Ab တွေဟာ ကိုုယ်ခန္ဓာထဲမှာရှိတဲ့ ပြင်ပပစ္စည်း (Foreign body) တွေတိုင်းကို မှတ်မိ၊သိရှိပြီး၊ အဲ့ဒီ ပြင်ပပစ္စည်းတွေကို တုံ့ပြန်တိုက်ခိုက် ဖျက်ဆီးဖို့အတွက် ကိုယ်ခံအားစနစ်ကို လှုံဆော်သတိပေးတဲ့အခါ ကိုယ်ခံအားဆဲလ်တွေက အဲ့ဒီပြင်ပပစ္စည်းတွေကို တိုက်ခိုက်ဖျက်စီးပစ်ပါတယ်။
A သွေးသမားရဲ့ သွေးနီဥဆဲလ်မျက်နှာပြင်မှာ ဗီဇပိုး A Ag (A Antigen) ရှိပြီး သူရဲ့သွေးရည်ကြည်ထဲမှာ ကိုယ်ခံအားပရိုတင်း B Ab ( B Antibody) ရှိပါတယ်။ အဲ့ဒီလို Bသွေးသမားရဲ့ သွေးနီဥဆဲလ် မျက်နှာပြင်မှာ ဗီဇပိုး B Ag (B Antigen) ရှိပြီး သူရဲ့သွေးရည်ကြည်ထဲမှာ ကိုယ်ခံအားပရိုတင်း A Ab ( A Antibody) ရှိပါတယ်။ အဲ့ဒါကြောင့်မို့ A သွေးလူနာကို B သွေးသွင်းမိရင် Aသွေးရဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ ကိုယ်ခံအားပရိုတင်း B Ab ဟာဝင်လာတဲ့ Bသွေးရဲ့ သွေးနီဥမျက်နှာပြင်ပေါ်မှာရှိတဲ့ ဗီဇပိုး B Ag ကိုမှတ်သားပြီး တိုက်ခိုက်ဖျက်စီးပစ်တာကြောင့် သွေးသွင်းခြင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့််မှု (Transfusion Reaction) တွေ ဖြစ်လာတာပါ။
အဲ့ဒီလိုပဲ B သွေးကို A သွေးထဲသွင်းမိရင်လည်း အပေါ်ကပြောခဲ့တဲ့အတိုင်း ဓာတ်မတည့်မှု ဖြစ်စဉ်ဖြစ်ပြီး သွေးဆဲလ်တွေ ပျက်စီးလို့ ဒုက္ခရောက်ကြတာပါ။
Author: ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)