အမျိုးသမီးသုံးကွန်ဒုံး

573

ခုဆက်ပြောမှာတော့ အမျိုးသမီးသုံး ကွန်ဒုံးအကြောင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးသုံးကွန်ဒုံးသည်လည်း ကြက်ပေါင်နဲ့ပင် လုပ်ထားတာပါ။ ဒီအမျိုးသမီးသုံးကွန်ဒုံးသည်လည်း သုတ်ကောင်ကို မမျိုးဥရှိရာသို့ မရောက်အောင် တားနည်းတစ်မျိုးပင်။

အမျိုးသမီးသုံးကွန်ဒုံးသည် ယောနိမှတဆင့် လိင်ဆက်ဆံခြင်းအပြင် စအိုမှတဆင့် လိင်ဆက်ဆံတတ်သူများအဖို့လည်း သုံးစွဲလို့ရပါတယ်။ အမျိုးသမီးသုံး ကွန်ဒုံးသည်လည်း ပါးလွှာကာ နူးညံ့ပြီး ကွေးနိုင်တဲ့ကွင်းလေးတွေ အစွန်းနှစ်ဖက်ဆီ
မှာပါပါတယ် ။ကွန်ဒုံးမှာလည်း အရွယ်အမျိုးမျိုး ရှိပါတယ်။ မိမိနဲ့ သင့်တော်ရာ သုံးနိုင်
ပါတယ် ။မီးဖွားပြီးစ အမျိုးသမီးများအဖို့ အရွယ်အစားကြီးတာ သုံးသင့်ပါတယ် ။

အသုံးပြုနည်း

ထည့်နည်း

  1. အတွင်းကွင်းက ကွန်ဒုံးရဲ့ အပိတ်ပါ ။ချောဆီကို အတွင်းကွင်း အပြင်နေရာကို လိမ်းပါ။
  2. မိမိ အဆင်ပြေမယ့် အနေအထားကိုရွေးပါ။
  3. ဥပမာ-ခြေတစ်ဖက်ဖြင့် မတ်တပ်ရပ်ကာ ကျန်တစ်ဖက်ကို ခုံပေါ်ကားကာဖြစ်စေ ခုံအစွန်းတွင် အိပ်လျက်ဖြစ်စေ၊ဆောင့်ကြောင့်ထိုင်လျက်ဖြစ်စေ။
  4. အတွင်းကွင်းရဲ့ ကွင်းသားတွေကို ဖိညှစ်ပြီး မိန်းမကိုယ်ထဲ ထည့်ပါ။ လိုအပ်လျှင် တန်ပူ(tampoo)သုံးနိုင်တယ်။
  5. သားအိမ်ခေါင်း မရောက်မချင်း မြင့် မြင့် တွန်းနိုင်သမျှ တွန်းထည့်ပါ။
  6. လက်ကို ဆွဲယူထုတ်ကာ အပြင်ကွင်းကို တစ်လက်မခန့် မိန်းမကိုယ် အပြင်တွင်ချန်ထားခဲ့ပါ။

ထုတ်နည်း

  1. သုက်ရည်များ မိန်းမကိုယ်ထဲ မကျန်အောင် ချန်ခဲ့သော အပြင်ကွင်းကို ဖိညှစ်ပြီးလိမ်ချည်ပါ။
  2. ဖြည်းညင်းစွာ မိန်းမကိုယ်ထဲမှဖြစ်စေ ၊စအိုမှဖြစ်စေ ထုတ်ပါ။
  3. အမျိုးသမီးသုံးကွန်ဒုံးကို စနစ်တကျ စွန့်ပစ်ပါ။

သတိပြုရန်

ကာမဆက်ဆံနေစဉ် အမျိုးသမီးကွန်ဒုံးသည် ဘယ်ညာ ရွေ့နိုင်တယ်။ ဒါကပုံမှန်ပါ။ အကယ်၍ လိင်တံသည် ကွန်ဒုံးနဲ့ ယောနိနံရံကြားရောက်သွားက ၊အပြင်ကွင်းသည် မိန်းမကိုယ်ထဲဝင်သွားက လိင်ဆက်ဆံတာ ချက်ချင်းရပ်ပါ။ အမျိုးသား သုက်ရည်
မထွက်သေးက အမျိုးသမီးသုံးကွန်ဒုံးကို ဖြည်းညင်းစွာပြန်ထုတ်ကာ ချောဆီလိမ်းပြီး ပြန်ထည့်ပါ။

အကျိုးကျေးဇူးများ

  1. ကလေးမရအောင်တားနိုင်သည်။
  2. လိင်ဆက်ဆံပြီးချင်း မိန်းမသည် ယောနိကို ရေဆေးရန်မလိုသဖြင့် စည်းစိမ်မပျက် အနားယူနိုင်ပေသည်။
  3. လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါပိုးများ မဝင်ရောက်နိုင်။
  4. (ဥပမာ-ဆီးပူညောင်းကျ ဂနိုပိုး ၊ကာလာသားပိုး ၊ခုခံအားကျ အိပ်ချ်အိုင်ဗွီ ပိုး)

အပြစ် အားနည်းချက်များ

  1. ကြက်ပေါင်နှင့် မတည့်သူများတွင် အဖုအပိမ့် ယားဖုများထွက်နိုင်သည်။
  2. (ဓာတ်မတည့်မှုနည်းသော အမျိုးအစားများ ယခုပေါ်နေပါပြီ။)
  3. မသတီသော အမျိုးသားများနှင့် အစွပ်သုံး ဆက်ဆံက နှစ်ယောက်စလုံး ကျေနပ်မှုရရန် ခဲယဉ်းတတ်။
  4. ပေါက်တတ်၊ ပြဲတတ် ၊ချောထွက်တတ်။ ဆက်ပါဦးမည်။

Author – ခေတ်သစ်ဇီဝက

READ :   ပြွန်မဲ့ဂလင်းများ

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ