OnDoctor
The Greatest Gift

ဖုန်းမှ ဓါတ်ရောင်ခြည်သင့်မှု နည်းစေရန်

(၁) နားကြပ်ဖြင့် ဖြေကြားပါ
ဖုန်းသည် မိမိခန္ဓာကိုယ်နှင့် ဝေးလေ ဓါတ်ရောင်ခြည်သင့်မှု နည်းလေဖြစ်ပါသည်။ ဒါကြောင့် ဖုန်းကိုင်၍ ဖြေကြားခြင်းထက် ဖုန်းကို နားကြပ်ဖြင့် ဖြေကြားခြင်းက ပို၍ အန္တရာယ်ကင်းပါသည်။

(၂) ဖုန်းကို အောက်ခြေမှသာကိုင်၍ ပြောပါ
ဖုန်းကို အုပ်၍ကိုင်လျှင် ဖုန်း၏ သတင်းအချက်အလက် လက်ခံပေးပို့ခြင်းများကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် လိုင်းမိစေရန် ဓါတ်ရောင်ခြည် ပိုမို ထုတ်လွှတ်ရပါတယ်။ ဒီလိုမဖြစ်စေရန် ဖုန်းကို အောက်ခြေမှသာကိုင်၍ ဖြေကြားသင့်ပါတယ်။

(၃) လိုင်းမိသောနေရာမှသာ ဖုန်းပြောဆိုပါ
ဖုန်းလိုင်းမကောင်းချိန်တွင် ဖုန်းခေါ်ဆိုမှု ပြုလုပ်ပါက ဖုန်းသည် ဖုန်းတာဝါတိုင်နှင့် ချိတ်ဆက်မိစေရန် ဓါတ်ရောင်ခြည် ပိုမိုထုတ်လွှတ်ရသောကြောင့် လိုင်းကောင်းသောနေရာမှသာ ဖုန်းပြောဆိုသင့်ပါသည်။

-- Advertisement --

(၄) ကြိုးဖုန်းကို အသုံးပြုပါ
ဖုန်းကြာရှည်စွာ ပြောဆိုရမည်ဆိုပါက မိုဘိုင်းဖုန်းအသုံးပြုခြင်းထက် ကြိုးဖုန်းကို အသုံးပြုခြင်းက ဓါတ်ရောင်ခြည်သင့်မှုကို လျော့နည်းပေးစေပါသည်။

(၅) ဖုန်းကို ကြာမြင့်စွာ ပြောခြင်းမှရှောင်ပါ။

(၆) လျှပ်စစ်ပစ္စည်းများသောနေရာများတွင် ဓါတ်ရောင်ခြည်ထုတ်လွှင့်မှု ပိုများစေသည့်အတွက် ထိုနေရာများတွင် ဖုန်းပြောခြင်းမှရှောင်ပါ။

(၇) ကလေးငယ်များသည် ဓါတ်ရောင်ခြည်သင့််မှုဒဏ်ကို လူကြီးများလောက် ခံနိုင်ရည်မရှိသည့်အတွက် ကလေးငယ်များ မိုဘိုင်းဖုန်းပြောဆိုခြင်း ရှောင်ကြဉ်ပါစေ။

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now !!!