အချို့လူများဘာမှမလုပ်ရပဲ အချိန်ပြည့်ပင်ပန်းနွမ်းနယ်နေတာတွေ့ရပါတယ်။ အချို့ကကိုယ်တိုင်အပျင်းထူနေလို့ အချို့ကအလုပ်ဖိစိးလို့စသဖြင့်တွေးတက်ကြသည်။ တကယ်တမ်းအချိန်ပြည့်ပင်ပန်းနူံးချိသလိုခံစားနေရတာက ခန္ဓာကိုယ်ကျမ်းမာရေးပြသနာကြောင့်ဖြစ်သည်။
(၁) သံဓာတ်အားနည်းလို့ နှုံးချိနေတာဖြစ်နိုင်တယ်။
သံဓာတ်အားနည်းမှုူကိုဖွံဖြိုးဆဲနိုင်ငံတွေမှာပိုမိုတွေ့ရတယ်။ လူကမောလည်းမော နူံးလည်းနူံး၊ မကြာခဏအသက်ရှူရခက်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့တောင် မဖြစ်နိုင်လောက်အောင်မောပန်းနုံးချိနေတယ်။ သွေးဖောက်စစ်ရင် သံဓာတ်ချိူ့တဲ့မှုဖြစ်နိုင်တယ်။ သွေးဟာအောက်ဆီဂျင်လုံလုံလောက်လောက်သယ်ဆောင်နိုင်မှု ချို့တဲ့ပါတယ်။သံဓာတ်ချိူ့တဲ့ခြင်းကိုသွေးအားနည်းခြင်းလို့အလွယ်ခေါ်ပြီး မကြာခဏအအေးမိမူးဝေ ပျို့ချင်အန်ချင် ခေါင်းမူးခေါင်းကိုက်တာဖြစ်တက်တယ်။ သံဓာတ်အားကောင်းတဲ့ အသား အသည်း ကလီစာ ပဲအမျိုးမျိုး လက်ဆက်တဲ့ဟင်းသီးဟင်းရွက်များစားပေးရမည့်အပြင် သံဓာတ်အားဆေးလိုပါသည်။
(၂) သိုင်းရွိုက်ပုံမှန်အလုပ်မလုပ်တာကြောင့်ဖြစ်နိုင်သည်။
သိုင်းရွိုက်ပုံမှန်အလုပ်မလုပ်ရင်လူကနူံးချိနေရုံမက အရေပြားခြောက်သွေ့ခြင်း၊ ဝမ်းချုပ်ခြင်း၊ အားနည်းတာမျိုးဖြစ်တက်သည်။သိုင်းရွိုက်ဟော်မုန်းပုံမှန်အလုပ်မလုပ်ခြင်းဆိုတာ ဟော်မုန်း
လုံလုံလောက်လောက်မထွက်ခြင်းကြောင့်ဖြစ်နိုင်တယ်။လိုတာထက်ပိုထွက်နေတာလည်းပါဝင်တယ်။ကျွမ်းကျင်ဆရာဝန်နဲ့ပြသစစ်ဆေးခံယူလိုက်ရင် သိုင်းရွိုက်အားနည်းခြင်းကြောင့်လား ပုံမှန်တက်ကြွနေခြင်းကြောင့်လား ပေါ်လာမယ်။ဆရာဝန်က
သိုင်းရွိုက်ပုံမှန်ဖြစ်အောင် ညှိပေးမယ့်ဟော်မုန်းဆေး (သို့) သင့်တော်တဲ့ညွန်ုးပါလိမ့်မယ်။
(၃) ဆီးချိုဖြစ်နိုင်ချေရှိခြင်း ဆီးချိုဖြစ်နေခြင်းကြောင့်လည်းဖြစ်နိုင်တယ်။
သွေးထဲသကြားထက်ပုံမှန်ထက်များရင် သွေးလှည့်
စနစ်ထိခိုက်ကာ ခန္ဓ္ဓ္ဓ္ဓ္ဓာဆဲလ်များဆီ အောက်ဆီဂျင်လုံလုံလောက်လောက်မရောက်ပဲဖြစ်တက်သည်။လူဟာမောပန်းနုံးချိစေသည်။
သကြားဓာတ်နည်းလွန်းရင် ခန္ဓ္ဓ္ဓ္ဓ္ဓာကိုယ်အတွက်လိုအပ်တဲ့လောင်စာမရသလိုဖြစ်ကာ လူကပင်ပန်းလာတယ်။ဆရာဝန်နဲ့ပြရမယ်။
(၄) စိတ်ဓာတ်ကျခြင်းကြောင့်လည်းဖြစ်နိုင်တယ်။
တစ်ချိန်လုံးလူကနုံးချိနေ မနက်ကိုအိပ်ရာထဲကမထွက်ချင် ညဆိုကောင်း
ကောင်းအိပ်မပျော်ဘူးဆိုရင် စိတ်ဓာတ်ကျခြင်းကြောင့်ဖြစ်နိုင်တယ်။ ဆရာဝန်ကစနစ်တကျမေးခွန်းမေး စစ်ဆေးလိုက်ရင် လူနာရဲ့စိတ်ကျနေတဲ့အခြေအနေကိုရိပ်စားမိကာ ပြန်မြှင့်တင်ပေးလိမ့်မယ်။ အိပ်မပျော်ရင်အိပ်ဆေး (Valium 5mg) ညဖက်ပေးပြီးစိတ်ကျကုသဆေးပါပေးပါတယ်။ အအိပ်အစားပုံမှန်ဖြစ်သွားရင် စိတ်ကျရောဂါကောင်းမွန်ပြီး နဂိုအတိုင်းပြေလည်သွားနိုင်တယ်။
(၅) ကလီစာယိုစိမ့်ခြင်းကြောင့်ဖြစ်နိုင်တယ်။
အစာလမ်းကြောင့်အူနံရံများယိုစိမ့်ခြင်းကြောင့် လူဟာပင်ပန်းနုံးချိရတက်တယ်
ပုံမှန်ဆိုရင်အူလမ်းကြောင်းဟာ ယိုပေါက် ဟာပေါက်မရှိတဲ့ပိုက်လိုပဲဖြစ်တယ်။ ခန္ဓ္ဓ္ဓ္ဓ္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရများကိုသာအူနံရံကစုပ်ယူတယ်။ မလိုအပ်တာတွေကိုလမ်းကြောင်းတစ်လျှောက်တွန်းပို့ကာ မစင်အဖြစ်စွန့်ထုတ်စေတယ်။ ခန္ဓ္ဓ္ဓ္ဓ္ဓာကိုယ်ထံအရောက်မခံ၊ မိမိကအစားမဆင်ခြင်ပဲ လူကိုအန္တရယ်ဖြစ်စေနိုင်တဲ့ သဘာဝမဟုတ်တဲ့ ပြုပြင်စီမံထားတဲ့အစားအသောက်တွေ
အသင့်အမြန်စား အစားအစာစနပ်တွေ (ဟမ်ဘာဂါ ၊ ဆင်းဒဝစ်၊ ပီဇာ၊ အာလူးချောင်းကြော်)များတွင် ဓာတုပစ္စည်းများပါဝင်လို့အစာလမ်းကြောင်းနံရံများကို ပါးလွှာလျော့နည်းစေသည်။ သွေးထဲမရောက်သင့်တဲ့ အဆိုပြုပရိုတိန်းများပါ သွေးကြောထဲရောက်သွားပြီးခန္ဓ္ဓ္ဓ္ဓ္ဓာခုခံအားစနစ်ကတုံ့ပြန်မှုများဖြစ်ပွားပြီး လူကမောပန်းနုံးချိလာရတက်တယ်။
(၆) ကူးစက်ရောဂါဝင်ခြင်းကြောင့်လည်းဖြစ်နိုင်တယ်။
ခန္ဓ္ဓ္ဓ္ဓ္ဓာကိုယ်ခုခံအားစနစ်ကိုအလွန်အမင်းတုံ့ပြန်မှုဖြစ်ပေါ်စေတဲ့
ကူးစက်ရောဂါမျိုးဝင်ခြင်းကြောင့်လည်းလူက မောပန်းနုံးချိနေတယ်။ဘက်တီးရီးယားကြောင့်ဖြစ်နိုင်သလို ဗိုင်းရပ်ကြောင့်လည်းဖြစ်နိုင်တယ်။ ဘက်တီးရီးယားထဲက စထရပ်ကိုကော့ကပ် ၊ အီကိုလိုင်း ၊ တိုက်ဖွိုက် (Streptocouus, E.coli, Thyphoid)ရောဂါများ ဗိုင်းရပ်ထဲက အသည်းရောင် ဘီ၊ စီ ၊အိပ်အိုင်ပီ ခုခံအားကျကူးစက်မှုရောဂါတွေကြောင့်လူကဘာမှလုပ်တာမဟုတ်ပဲ နူံးချိ
နေတယ်။ အိပ်ပြီးရင်းအိပ်ချင်တယ်။ အိပ်ရေးဝတယ်မရှိဘူးဖြစ်တက်တယ်။ တုပ်ကွေးဖျားများဆိုရင်လည်း ပင်ပန်းနူံးချိနေတက်တယ်။ ကျွမ်းကျင်တဲ့ဆရာဝန် မိသားစုဆရာဝန်များနှင့်ပြသကာ တိကျလုံလောက်ပြည့်စုံတဲ့ ကုသမှုခံယူသင့်သလို နေထိုင်စားသောက်နည်းပါမေးမြန်းရမယ်။ ကူးစက်ရောဂါပိုး သေချာရင်စနစ်တကျကုသမှုခံယူမှသာပင်ပန်းနူံးချိမှုတွေပျောက်သွားမယ်။
(၇) ခဲဆိပ်စသည့် ဓာတုပစ္စည်းအဆိပ်သင့်ခြင်း
ခဲဆိပ်သင့်(Lead Poinsing) ပြဒါးအဆိပ်သင့်ခြင်း( Mercury
Poinsing) ကိုဘထ္ထရီလုပ်ငန်း၊ ရွှေလုပ်ငန်း၊ စက္ကူလုပ်ငန်းတွေမှာတွေ့ရတယ်။ ခဲဆိပ်သင့်ရင်သွေးအားနည်းရောဂါနှင့် ဗိုက်မတရားအောင့်ခြင်းခံစားရကာ နူံးချိနေတယ်။ ပြဒါးအဆိပ်သင့်ရင် ပြဒါးအဆိပ်သင့်ငါး စသည့်ပင်လယ်စာများစားမိရင်မူးဝေခြင်း နူံးချိခြင်း အကြောတက်ခြင်းဖြစ်နိုင်တယ်။
Author -ဒေါက်တာလွင်သန့်