ဖလိုရိုက်ဓာတ်ကို တွေ့ရှိလာတာဟာ ၁၉၄၀ခုနှစ်ကတည်းကပါ ။
ခုဆိုရင် နှစ်ပေါင်း ၇၀ကျော်သက်တမ်းထဲ ရောက်ရှိလာပြီပေါ့ ။ဖလိုရိုက်ဓာတ်ကို
သွားတိုက်ဆေးထဲ ထည့်သွင်းအသုံးပြုလာတာလည်း ထိုကာလကတည်းကပါပဲ ။
ဖလိုရိုက်ဓာတ်အကြောင်းကို ကျန်းမာရေးနဲ့ပတ်သက်ပြီး ဒီဆောင်းပါးလေးမှာ
ဆွေးနွေးပါ့မယ် ။
သွားပိုးစားရောဂါဟာ ကမ္ဘာနဲ့ အဝှမ်းမှာ လူထုဆိုင်ရာ ကျန်းမာရေး
ပြဿနာတစ်ရပ်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့တာပါ ။ထို့ကြောင့် ကြိုတင်ကာ
ကွယ်တဲ့အနေနဲ့ ဖလိုရိုက်ကို ကျန်းမာရေးပညာရှင်များက အသုံးပြုခဲ့ကြပါတယ် ။
သဘာဝသောက်သုံးရေထဲမှာ ဖလိုရိုက်ဓာတ်ပါလေ့ရှိပေမယ့် နေရာဒေသပေါ်လိုက်
ပြီး ပါဝင်မှု ပမာဏာအနည်းအများ ကွာတတ်ပါတယ် ။ဖွံ့ဖြိုးပြီး နိုင်ငံအများစုက
တော့ အများသုံးသောက်ရေထဲမှာ ဖလိုရိုက်ဓာတ်ခတ်ထားလေ့ရှိပါတယ် ။တချို့
လည်း ဖလိုရိုက်ဓာတ်ပါတဲ့ ရေသန့်ဘူးတွေ ထုတ်လုပ်ရောင်းချပါတယ် ။ဒီဖလိုရိုက်
ဓာတ်ထည့်ထားတဲ့ ရေကြောင့် နိုင်ငံပေါင်း ၆၀ကျော်က လူသန်းပေါင်းများစွာတို့ဟာ
သွားပိုးစားခြင်းကို ကာကွယ်နိုင်ခဲ့ကြတယ်လို့ အမေရိကန်သွားဘက်ဆိုင်ရာအသင်း
ကြီးက လေ့လာချက်စစ်တမ်း ထုတ်ပြန်ခဲ့ပါတယ် ။
ဖလိုရိုက်ဓာတ်ပါတဲ့ ရေသောက်တာအပြင် ဖလိုရိုက်ဓာတ်ပါတဲ့
တခြားနည်းလမ်းတွေနဲ့လည်း သွားပိုးစားရောဂါကို ကြိုတင်ကာကွယ်လို့ ရပါတယ်။
ဖလိုရိုက်ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများ စားသုံးခြင်း ၊သွားတိုက်ဆေး ၊ငုံဆေးပြားများ
အသုံးပြုခြင်းဖြင့်လည်း သွားပိုးစားခြင်းကို ကာကွယ်နိုင်ပါတယ် ။
ဖလိုရိုက်ရဲ့ အာနိသင်တွေကတော့
၁) သွားတွေ ဖွံ့ဖြိုးကြီးထွားနေချိန်သာမက ပေါက်ပြီးသားသွားများကိုလည်း ပိုမို
မာကျောစေပြီး အက်ဆစ်စားတဲ့ဒဏ်ကို ပိုမိုခံနိုင်စေပါတယ် ။
၂) သွားအပေါ်ယံလွှာမှာ ထုံးဓာတ်ပို့ချမှုကို ထောက်ကူပေးကာ သွားတွေကို ပိုမို
မာကျောလာစေပါတယ် ။
၃) သွားပိုးစားရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးမွှားတွေ ပေါက်ပွားမှုမှာ အရေးပါ
တဲ့ ဓာတ်ကူအင်ဇိုင်းဓာတ်ကို ဟန့်တားပေးခြင်းဖြင့် သွားပိုးစားတာကို သက်
သာစေပါတယ် ။
ဖလိုရိုက်ဓာတ်ဟာ သွားကျန်းမာရေးကို အထောက်အကူပြုပေမယ့်
တန်ဆေးလွန်ဘေးဖြစ်တဲ့ အတွက်ကြောင့် ဖလိုရိုက်ဓာတ်များသွားရင် ဘေးထွက်
ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ် ။WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်
ထားတဲ့ လူတစ်ယောက်ပုံမှန် သုံးစွဲသင့်တဲ့ ဖလိုရိုက်ပမာဏာဟာ ဝ.၅ မီလီဂရမ်
ကနေ ၁ မီလီဂရမ်/လီတာ (0.5-1mg/L) မကျော်သင့်ပါ ။ကျော်လွန်သွားရင်တော့
အောက်ပါ ဘေးထွက်အာနိသင်တွေ ခံစားရတတ်ပါတယ် ။
၁) အရိုးများ ပျော့စေ ၊ကျိုးလွယ်စေတယ် ။
၂) Dental Fluorosis လို့ခေါ်တဲ့ သွားများ မာကျောမှု ၊အရောင် ၊တည်ဆောက်ပုံ
တွေ ပြောင်းသွားနိုင်စေတယ် ။
၃) ကျောက်ကပ် ထိစေတယ် ။
၄) သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှုကို အားနည်းစေတယ် ။
၅) ကိုယ်အလေးချိန် တစ်ကီလိုဂရမ်မှာ ဖလိုရိုက်ဓာတ် ဝ.၃ မီလီဂရမ်ထက် ပိုစား
မိရင် အစာအိမ်နဲ့ပတ်သက်တဲ့ ဝေဒနာတွေဖြစ်တဲ့ ပျို့တာ ၊အန်တာတွေ ဖြစ်
တတ်တယ် ။
၆) ကိုယ်အလေးချိန် တစ်ကီလိုဂရမ်မှာ ဖလိုရိုက်ဓာတ် ၅ မီလီဂရမ်ထက် ပိုစားမိရင်
တော့ အသက်ဘေးဖြစ်တဲ့အထိ ဆိုးကျိုးဖြစ်ပွားနိုင်တယ် ။(ဒါကြောင့် မိဘများ
အနေဖြင့် ကလေးတွေရှေ့မှာ သွားတိုက်ဆေးကို လက်လွတ်စပယ် မထားဖို့ ၊
ကလေးတွေကို သွားတိုက်ဆေးတွေ အလွန်အကြူးမစားမိစေဖို့ သတိပြုစေလို
ပါတယ် ။)
ဒါကြောင့် “တန်ဆေး ၊လွန်ဘေး ” ဆိုတဲ့ ဆိုရိုးကို သတိမူကာ
သွားကျန်းမာရေးကို ဂရုစိုက်နိုင်ကြပါစေ ။
Author: ခေတ်သစ်ဇီဝက