ဇီဝကကို လူနာတွေ အမေးများတဲ့အထဲက တစ်ခုက “ဆရာ
၊ကျွန်မအအေးမိနေလို့ ဘာစားလို့ရလဲ” ၊ “ဆရာ ၊ကျွန်တော် တုပ်ကွေးမိနေလို့ ဘာ
တွေ ရှောင်စရာလိုလဲ” စတဲ့ တိုတိုထွာထွာ အမေးများပင် ။ဦးစွာ ထိုအမေးများကို မဖြေ
ခင် ဘာလို့ အအေးမိတုပ်ကွေး ဖြစ်ရတာလဲ ဆိုတာ အကြမ်းဖျင်း ပြောပြပါ့မယ် ။
အဓိကကတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ဖြစ်တာပါ ။ထိုပိုး ဇီဝကတို့ ကိုယ်ထဲကို ဝင်
ရောက်ပြီး ၁ရက် ၂ရက်ကြာတာနဲ့ ဖျားမယ် ၊ကိုယ်လက်ကိုက်ခဲမယ် ၊လည်ချောင်းနာ
၊ချောင်းဆိုး ၊နှာစေး စတာတွေ ခံစားရတော့တာပဲ ။
အအေးမိတုပ်ကွေးဖြစ်ခြင်းကို လူတိုင်း ခံစားရနိုင်ပါတယ် ။ဒါကြောင့်
အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ခုခံနိုင်တဲ့ စွမ်းအားကို မြှင့်တင်ပေးတဲ့
အစားအသောက်များကို စားသောက်ပေးခြင်းဖြင့် လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို
ကောင်းစေနိုင်ခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်ပါတယ် ။
အထူးသဖြင့် ဗိုက်တာမင် အေ နဲ့
ဗိုက်တာမင် စီတို့ ပေါကြွယ်ဝတဲ့ အစားအသောက်များကို စားသုံးပေးသင့်ပါတယ် ။
ဗိုက်တာမင် အေ ပေါကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အနီ
ရောင် ၊အဝါရောင်နဲ့ လိမ္မော်ရောင် ရှိတဲ့ သစ်သီးသစ်ဖုတွေနဲ့ ဟင်းသီးဟင်းရွက်တွေပဲ
ဖြစ်ပါတယ် ။ဒါ့အပြင် တရုတ်ဆီးသီး ၊လိမ္မော်သီး ၊ရွှေဖရုံသီး ၊ကန်စွန်းဥ ၊မုန်လာဥဝါ ၊
ဂေါ်ဖီထုပ်တို့ကလည်း ဗိုက်တာမင်အေ ပေါကြွယ်ဝပါတယ် ။
ဗိုက်တာမင် စီဓာတ်ကိုတော့ အချဉ်ဓာတ်ပါတဲ့ ရှောက် ၊သံပရာမျိုးရင်း
ဝင် သစ်သီးတွေနဲ့ ဘလူးဘယ်ရီ ၊စတော်ဘယ်ရီ ၊ကီဝီသီး စတဲ့ အသီးအနှံတွေမှာ
ပေါများစွာ တွေ့ရပါတယ် ။၎င်း တို့ကို သစ်သီးအနေနဲ့ စားသုံးပေးနိုင်သလို ဖျော်ရည်
အဖြစ်လည်း သောက်သုံးပေးနိုင်ပါတယ် ။ဒါ့အပြင် ဂေါ်ဖီထုပ်နဲ့ အစိမ်းရောင်ရှိတဲ့
ဟင်းသီးဟင်းရွက်တွေမှာလည်း ဗိုက်တာမင် စီ ပါဝင်ပါသေးတယ် ။
သစ်သီးသစ်ဥတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးတဲ့အခါ သူ့သဘာဝ
အတိုင်း စားသုံးတာ ပိုကောင်းပါတယ် ။ဘာဖြစ်လို့လဲဆိုရင် သဘာဝအတိုင်း စားသုံး
ခြင်းဟာ အားဆေးတွေမှာ မပါတဲ့ ဖလေဗိုနွိုက် Flavonoid ဓာတ်တွေ ပါဝင်လို့ပါ ။
ထို ဖလေဗိုနွိုက် ဓာတ်ဟာ ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သလို အအေးမိခြင်းကို
လည်း သက်သာစေပါတယ် ။
ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့်လည်း ကိုယ်ခံအားကို တက်စေနိုင်ပါ
တယ် ။မိမိတို့ အဆင်ပြေသလို ဟင်းချက်တဲ့အထဲဖြစ်စေ ၊သဘာဝအတိုင်းဖြစ်စေ စား
သုံးပေးနိုင်ပါတယ် ။လည်ချောင်းနာခြင်းကို သက်သာစေဖို့နဲ့ ရေဓာတ်ပြန်လည်ဖြည့်
တင်းဖို့ကို သစ်သီးဖျော်ရည်တွေ သောက်သုံးပေးခြင်းဖြင့်လည်း သက်သာစေနိုင်ပါ
တယ် ။
“ အစာလည်း ဆေး ၊ဆေးလည်း အစာ” ဆိုသလို ကျန်းမာရေးနဲ့ညီတဲ့
အစားအသောက်များကို ရွေးချယ်စားသောက်နိုင်ကြပါစေ ။
Author; ခေတ်သစ် ဇီဝက