ဂူထဲက လူငယ်များအစာမစားဘဲ အသက်ရှင်သလား

ဂူထဲက လူငယ္မ်ားအစာမစားဘဲ အသက္ရွင္သလား

ထိုင္းႏိုင္ငံတြင္ နည္းျပအပါအဝင္ကေလးငယ္၁၃ဦးေပ်ာက္ဆုံးေနေသာသတင္းသည္ လူအမ်ားအထူးစိတ္ဝင္စားေစာင့္ၾကည့္ေနေသာသတင္းျဖစ္ပါတယ္။အဆိုပါ သတင္းႏွင့္ပတ္သတ္ရ်္လူအမ်ားသိခ်င္ေနေသာကိစၥတစ္ရပ္မွာ လူတစ္ေယာက္အေနျဖင့္အစာမစားဘဲဘယ္ေလာက္အခ်ိန္ၾကာအသက္ရွင္ေနႏိုင္သလဲ.?
မည္သည့္က်န္းမာေရးထိခိုက္မူျဖစ္လာႏိုင္သလဲ?ဟူေသာေမးခြန္းမ်ားပင္ျဖစ္ပါတယ္။

(1)လူတစ္ေယာက္အစာမစားဘဲ အခ်ိန္ဘယ္ေလာက္ၾကာၾကာအသက္ရွင္ေနႏိုင္သလဲ
အဆိုပါေမးခြန္းအတြက္အစာျပတ္လပ္ေနေသာလူရဲ႕ နဂိုရွိေသာက်န္းမာေရး/ကိုယ္အေလးခ်ိန္ႏွင့္ေရာက္ရွိေနေသာပတ္ဝန္းက်င္အေနအထားေပၚမ်ားစြာမူတည္ပါတယ္။ခဏတာအစာမစားျခင္းသည္ အဝလြန္ျခင္းႏွင့္ဆီးခ်ိဳထိန္းမူကိုေကာင္းမြန္ႏိုင္သည္ဆိုေသာ္ျငားလည္း ၄၈နာရီေက်ာ္သည္အထိ အစာမစားရပါမူ မိမိရဲ႕ကိုယ္တြင္းအခ်ိဳဓာတ္စတင္ကုန္ဆုံးၿပီး ၇၂နာရီေက်ာ္လာလွ်င္ကိုယ္တြင္းသိုေလွာင္ထားေသာအသားဓာတ္မ်ားေလ်ာ့က်လာပါလိမ့္မယ္။ႂကြက္သားေပ်ာ့လာကာ အ႐ိုးသန္မာမူေလ်ာ့ရ်္ ေက်ာက္ကပ္ႏွင့္ႏွလုံးျပသနာမ်ားစတင္ခံစားလာရပါလိမ့္မယ္။ထို႔ေၾကာင့္ လူတေယာက္အစာမစားဘဲအသက္ရွင္ေနႏိုင္မူသည္ ထိူသူရဲ႕က်န္းမာေရးေကာင္းမြန္မႈေပၚမ်ားစြာမူတည္ပါတယ္။သုေတသနျပဳခ်က္မ်ားအေနျဖင့္လည္းလူတစ္ေယာက္အစာမစားဘဲ ၈ရက္မွ၁၃ရက္ထိေနႏိုင္သည္ဟုဆိုေသာ္လည္းက်န္းမာေရးအထူးေကာင္းမြန္သူမ်ားအဖို႔ရက္၃၀မွရက္၄၀ထိေနႏိုင္သူမ်ားလည္းရွိသည္ဟုလည္းေဖာ္ျပၾကပါတယ္။

(2)အစာမစားဘဲရက္ရွည္ေနပါကျဖစ္ေပၚလာေသာက်န္းမာေရးဆိုးက်ိဳးမ်ားမွာ
-အခ်ိဳဓာတ္နည္းျခင္း
ကိုယ္ခႏၶာအတြင္းအခ်ိဳဓာတ္နည္းလာေသာအခါ ေသြးတြင္းအခ်ိဳဓာတ္လည္းနည္းလာပါတယ္။အစာမစားရေသာအခါ အသည္းမွသိုေလွာင္ထားေသာအခ်ိဳဓာတ္ကိုကုန္ဆုံးလာၿပီး အခ်ိဳဓာတ္နည္းေသာေဝဒနာမ်ားခံစားရႏိုင္ပါတယ္။ေခါင္းမူးျခင္း။ေခါင္းကိုက္ျခင္းႏွင့္သတိလစ္သည္အထိ ခံစားရႏိုင္ပါတယ္။

-ကိုယ္တြင္းရွိဓာတ္မ်ားနည္းျခင္း
အစာမစားရေသာေၾကာင့္ ကိုယ္တြင္းဓာတ္မ်ားကုန္ဆုံးကာ ပိုတက္ဆီယမ္ဓာတ္နည္းျခင္းေၾကာင့္ႏွလုံးခုန္မူမမွန္ျခင္းႏွင့္ႂကြက္သားေပ်ာ့ေခြျခင္းစသည္တို႔ကိုခံစားရႏိုင္ပါတယ္။ကယ္လ္စီယမ္ဓာတ္ခ်ိဳ႕တဲ့လာေသာေၾကာင့္ ေျခလက္ထုံက်င္ကိုက္ခဲျခင္းႏွင့္ႏွလုံးျပသနာမ်ားရင္ဆိုင္ရပါလိမ့္မယ္။ဆိုဒီယမ္ဓာတ္နည္းျခင္းေၾကာင့္ သတိေဝးဝါးျခင္း။အားနည္းလာျခင္းစသည္တို႔ကိုခံစားရႏိုင္ပါတယ္။ဓာတ္ခ်ိဳ႕တဲ့မူ အျမန္ျဖည့္တင္းမူမရွိလွ်င္ အသက္အႏၲရာယ္ထိခိုက္ႏိုင္ပါတယ္။

-ကိုယ္ခႏၶာႏုံးခ်ိျခင္း
ေန႔စဥ္လိုအပ္ေသာကယ္လိုရီအျပည့္အဝမရရွိျခင္းေၾကာင့္ လူပ္ရွားမူမ်ားအားနည္းလာကာ ကိုယ္ခႏၶာႏူံးခ်ိေပ်ာ့ေခြလာပါလိမ့္မယ္။

-ေသြးအားနည္းျခင္း
အစာမစားရေသာေၾကာင့္သံဓာတ္ခ်ိဳ႕တဲ့ကာေသြးအားနည္းေသာလကၡဏာမ်ား အားနည္းျခင္းႏွင့္ႏွလုံးမူမမွန္ျခင္စသည့္တို႔ကိုခံစားရၿပီး ေသြးလည္ပတ္မူအားမေကာင္းေသာေၾကာင့္ ကိုယ္တြင္းေသြးလည္ပတ္မူေလ်ာ့နည္းလာပါလိမ့္မယ္။

-ပိန္ခ်ဳံ႔ခ်ိနဲ႔ျခင္း
ႂကြက္သားေပ်ာ့ေခြအားနည္းကာ အဆီမရွိေသာေၾကာင့္ ပိန္ခ်ဳံးခ်ိနဲ႔ျခင္းအဆင့္ေရာက္ရွိႏိုင္ပါတယ္။ပိန္ခ်ဳံ႔ေသာေၾကာင့္ အားအင္မရွိျခင္း။ဝမ္းေလ်ာျခင္း။စိတ္မူမမွန္ျခင္းမ်ားခံစားရႏိုင္သည့္အျပင္ အေအးဒဏ္မခံႏိုင္ျခင္းစသည္တို႔ကိုခံစားရႏိုင္ပါတယ္။ကိုယ္ခႏၶာရဲ႕ခုခံအားက်ဆင္းလာၿပီး ေရာဂါတိုက္ထုတ္ႏိုင္စြမ္းနည္းလာၿပီး ေရာဂါမ်ိဳးစုံဝင္ေရာက္လာႏိုင္ပါတယ္။ေနာက္ဆုံးတြင္ႏွလုံးႏွင့္အဆုတ္တို႔ရဲ႕လုပ္ေဆာင္မူမ်ားရပ္သည္အထိဆိုး႐ြားႏိုင္ပါတယ္။

-စိတ္အေျခအေနမူမမွန္ျခင္း
အစာျပတ္လပ္မူေၾကာင့္ ကိုယ္ခႏၶာအတြက္လိုအပ္ေသာစြမ္းအင္မ်ားမရွိျခင္းေၾကာင့္ စိတ္ဂေယာင္ေခ်ာက္ျခားျဖစ္ကာ စိတ္က်ေဝဒနာခံစားရႏိုင္ပါတယ္။

-ဗီတာမင္ခ်ိဳ႕တဲ့ျခင္း
ဗီတာမင္ခ်ိဳ႕တဲ့ေသာျပသနာမ်ားရင္ဆိုင္ရေသာေၾကာင့္ ပါးစပ္အနာမ်ားေပါက္ျခင္း။လွ်ာျဖဴလာျခင္း။ဆံပင္မ်ားေျခာက္ေသြ႕ၾကမ္တမ္းျခင္းႏွင့္လက္သည္းေျခသည္းကြၽတ္ဆတ္ျခင္းသည္တို႔ကိုခံစားရႏိုင္ပါတယ္။
အစာျပတ္လပ္မူအခ်ိန္ၾကာလာသည္ႏွင့္အမွ် လိုအပ္ေသာကယ္လိုရီ။အသားဓာတ္မ်ား။အခ်ိဳဓာတ္။ဗီတာမင္မ်ားႏွင့္စြမ္းအင္မ်ားေလ်ာ့နည္းလာေသာေၾကာင့္ ကိုယ္တြင္းအဂၤါမ်ားပုံမွန္လုပ္ေဆာင္ႏိုင္မူမ်ား တေျဖးေျဖးေလ်ာ့နည္းလာကာ လုပ္ေဆာင္ခ်က္မ်ားရပ္ဆိုင္းသည္အထိ အသက္အႏၲရာယ္ထိခိုက္လာပါလိမ့္မယ္။

Author: Dr. ျပည့္ရွင္း

Unicode
ထိုင်းနိုင်ငံတွင် နည်းပြအပါအဝင်ကလေးငယ်၁၃ဦးပျောက်ဆုံးနေသောသတင်းသည် လူအများအထူးစိတ်ဝင်စားစောင့်ကြည့်နေသောသတင်းဖြစ်ပါတယ်။အဆိုပါ သတင်းနှင့်ပတ်သတ်ရျ်လူအများသိချင်နေသောကိစ္စတစ်ရပ်မှာ လူတစ်ယောက်အနေဖြင့်အစာမစားဘဲဘယ်လောက်အချိန်ကြာအသက်ရှင်နေနိုင်သလဲ.?
မည်သည့်ကျန်းမာရေးထိခိုက်မူဖြစ်လာနိုင်သလဲ?ဟူသောမေးခွန်းများပင်ဖြစ်ပါတယ်။

(1)လူတစ်ယောက်အစာမစားဘဲ အချိန်ဘယ်လောက်ကြာကြာအသက်ရှင်နေနိုင်သလဲ
အဆိုပါမေးခွန်းအတွက်အစာပြတ်လပ်နေသောလူရဲ့ နဂိုရှိသောကျန်းမာရေး/ကိုယ်အလေးချိန်နှင့်ရောက်ရှိနေသောပတ်ဝန်းကျင်အနေအထားပေါ်များစွာမူတည်ပါတယ်။ခဏတာအစာမစားခြင်းသည် အဝလွန်ခြင်းနှင့်ဆီးချိုထိန်းမူကိုကောင်းမွန်နိုင်သည်ဆိုသော်ငြားလည်း ၄၈နာရီကျော်သည်အထိ အစာမစားရပါမူ မိမိရဲ့ကိုယ်တွင်းအချိုဓာတ်စတင်ကုန်ဆုံးပြီး ၇၂နာရီကျော်လာလျှင်ကိုယ်တွင်းသိုလှောင်ထားသောအသားဓာတ်များလျော့ကျလာပါလိမ့်မယ်။ကြွက်သားပျော့လာကာ အရိုးသန်မာမူလျော့ရျ် ကျောက်ကပ်နှင့်နှလုံးပြသနာများစတင်ခံစားလာရပါလိမ့်မယ်။ထို့ကြောင့် လူတယောက်အစာမစားဘဲအသက်ရှင်နေနိုင်မူသည် ထိူသူရဲ့ကျန်းမာရေးကောင်းမွန်မှုပေါ်များစွာမူတည်ပါတယ်။သုတေသနပြုချက်များအနေဖြင့်လည်းလူတစ်ယောက်အစာမစားဘဲ ၈ရက်မှ၁၃ရက်ထိနေနိုင်သည်ဟုဆိုသော်လည်းကျန်းမာရေးအထူးကောင်းမွန်သူများအဖို့ရက်၃၀မှရက်၄၀ထိနေနိုင်သူများလည်းရှိသည်ဟုလည်းဖော်ပြကြပါတယ်။

(2)အစာမစားဘဲရက်ရှည်နေပါကဖြစ်ပေါ်လာသောကျန်းမာရေးဆိုးကျိုးများမှာ
-အချိုဓာတ်နည်းခြင်း
ကိုယ်ခန္ဓာအတွင်းအချိုဓာတ်နည်းလာသောအခါ သွေးတွင်းအချိုဓာတ်လည်းနည်းလာပါတယ်။အစာမစားရသောအခါ အသည်းမှသိုလှောင်ထားသောအချိုဓာတ်ကိုကုန်ဆုံးလာပြီး အချိုဓာတ်နည်းသောဝေဒနာများခံစားရနိုင်ပါတယ်။ခေါင်းမူးခြင်း။ခေါင်းကိုက်ခြင်းနှင့်သတိလစ်သည်အထိ ခံစားရနိုင်ပါတယ်။

-ကိုယ်တွင်းရှိဓာတ်များနည်းခြင်း
အစာမစားရသောကြောင့် ကိုယ်တွင်းဓာတ်များကုန်ဆုံးကာ ပိုတက်ဆီယမ်ဓာတ်နည်းခြင်းကြောင့်နှလုံးခုန်မူမမှန်ခြင်းနှင့်ကြွက်သားပျော့ခွေခြင်းစသည်တို့ကိုခံစားရနိုင်ပါတယ်။ကယ်လ်စီယမ်ဓာတ်ချို့တဲ့လာသောကြောင့် ခြေလက်ထုံကျင်ကိုက်ခဲခြင်းနှင့်နှလုံးပြသနာများရင်ဆိုင်ရပါလိမ့်မယ်။ဆိုဒီယမ်ဓာတ်နည်းခြင်းကြောင့် သတိဝေးဝါးခြင်း။အားနည်းလာခြင်းစသည်တို့ကိုခံစားရနိုင်ပါတယ်။ဓာတ်ချို့တဲ့မူ အမြန်ဖြည့်တင်းမူမရှိလျှင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

-ကိုယ်ခန္ဓာနုံးချိခြင်း
နေ့စဉ်လိုအပ်သောကယ်လိုရီအပြည့်အဝမရရှိခြင်းကြောင့် လူပ်ရှားမူများအားနည်းလာကာ ကိုယ်ခန္ဓာနူံးချိပျော့ခွေလာပါလိမ့်မယ်။

-သွေးအားနည်းခြင်း
အစာမစားရသောကြောင့်သံဓာတ်ချို့တဲ့ကာသွေးအားနည်းသောလက္ခဏာများ အားနည်းခြင်းနှင့်နှလုံးမူမမှန်ခြင်စသည့်တို့ကိုခံစားရပြီး သွေးလည်ပတ်မူအားမကောင်းသောကြောင့် ကိုယ်တွင်းသွေးလည်ပတ်မူလျော့နည်းလာပါလိမ့်မယ်။

-ပိန်ချုံ့ချိနဲ့ခြင်း
ကြွက်သားပျော့ခွေအားနည်းကာ အဆီမရှိသောကြောင့် ပိန်ချုံးချိနဲ့ခြင်းအဆင့်ရောက်ရှိနိုင်ပါတယ်။ပိန်ချုံ့သောကြောင့် အားအင်မရှိခြင်း။ဝမ်းလျောခြင်း။စိတ်မူမမှန်ခြင်းများခံစားရနိုင်သည့်အပြင် အအေးဒဏ်မခံနိုင်ခြင်းစသည်တို့ကိုခံစားရနိုင်ပါတယ်။ကိုယ်ခန္ဓာရဲ့ခုခံအားကျဆင်းလာပြီး ရောဂါတိုက်ထုတ်နိုင်စွမ်းနည်းလာပြီး ရောဂါမျိုးစုံဝင်ရောက်လာနိုင်ပါတယ်။နောက်ဆုံးတွင်နှလုံးနှင့်အဆုတ်တို့ရဲ့လုပ်ဆောင်မူများရပ်သည်အထိဆိုးရွားနိုင်ပါတယ်။

-စိတ်အခြေအနေမူမမှန်ခြင်း
အစာပြတ်လပ်မူကြောင့် ကိုယ်ခန္ဓာအတွက်လိုအပ်သောစွမ်းအင်များမရှိခြင်းကြောင့် စိတ်ဂယောင်ချောက်ခြားဖြစ်ကာ စိတ်ကျဝေဒနာခံစားရနိုင်ပါတယ်။

-ဗီတာမင်ချို့တဲ့ခြင်း
ဗီတာမင်ချို့တဲ့သောပြသနာများရင်ဆိုင်ရသောကြောင့် ပါးစပ်အနာများပေါက်ခြင်း။လျှာဖြူလာခြင်း။ဆံပင်များခြောက်သွေ့ကြမ်တမ်းခြင်းနှင့်လက်သည်းခြေသည်းကျွတ်ဆတ်ခြင်းသည်တို့ကိုခံစားရနိုင်ပါတယ်။
အစာပြတ်လပ်မူအချိန်ကြာလာသည်နှင့်အမျှ လိုအပ်သောကယ်လိုရီ။အသားဓာတ်များ။အချိုဓာတ်။ဗီတာမင်များနှင့်စွမ်းအင်များလျော့နည်းလာသောကြောင့် ကိုယ်တွင်းအင်္ဂါများပုံမှန်လုပ်ဆောင်နိုင်မူများ တဖြေးဖြေးလျော့နည်းလာကာ လုပ်ဆောင်ချက်များရပ်ဆိုင်းသည်အထိ အသက်အန္တရာယ်ထိခိုက်လာပါလိမ့်မယ်။

Author: Dr. ပြည့်ရှင်း