ပါးစပ်အနံ့ဆိုးတာနဲ့ ခံတွင်းကင်ဆာ ဆက်စပ်သလား           

ပါးစပ္အနံ႔ဆိုုးတာနဲ႔ ခံတြင္းကင္ဆာ ဆက္စပ္သလား           

အသက္ရႈထုတ္လိုက္ေသာ အနံ႔သည္ ကင္ဆာေရာဂါနဲ႔ဆက္စပ္ေနသည္ကို သင္သိထားပါသလား?အနံ့ဆိုးထြက္ျခင္းသည္ မိမိအတြက္ယံုျကည္မူေလ်ာ့နည္းျခင္းအျပင္အျခားသူမ်ားအတြက္ စိတ္အေနွာက္အယွက္ျဖစ္ေစပါတယ္။ေပါင္းသင္းဆက္ဆံေရးႏွင့္လုပ္ငန္းခြင္ထိခိုက္မူ ရွိလာနိုင္ပါတယ္။
ဂ်ပန္နိုင္ငံရွိ သုေတသနပညာရွင္မ်ားေတြ႔ရွိခ်က္အရ အစာအိမ္ေရာဂါ လကၡဏာတစ္ရပ္မွ ခံစားသိရွိမုူ မရွိေသာ္လည္း အသက္ရႈနံ အနံဆိုးသည္ အစာအိမ္နွင့္ ခံတြင္းအတြင္းရွိ အနာနွင့္ကင္ဆာျဖစ္ေစေသာ ဘက္တီရီးယားမ်ားေျကာင့္ ဟူရ်္ေလ့လာေတြ႔ရွိရေျကာင္းေရးသားထားပါတယ္။
သုေတသနျပုခ်က္မ်ားအရ ဖြံျဖိုးဆဲနိုင္ငံမ်ားရွိ လူဦးေရ ၉၀% နွင့္  ဖြံျဖိုးျပီးနိုင္ငံရွိလူဦးေရ ၂၀ မွ ၈၀ %သည္ အစာအိမ္နွင့္အူလမ္းေျကာင္းအနာမ်ားျဖစ္ေစေသာ ဘက္တီရီးယားပိုး H pylori ကို သယ္ေဆာင္ထားေျကာင္းေတြ႔ရွိထားပါတယ္။
လက္ရွိေလ့လာခ်က္အရ  လူတစ္ေယာက္ဧ။္ ခံတြင္းတြင္ဘက္တီရီယားမ်ဳိးစိတ္ေပါင္း ၆၀၀ေက်ာ္ ရွိနိုင္ေျကာင္းနွင့္ ၄င္းတို့တြင္ H pyloriနွင့္ သြားနွင့္ခံတြင္းေရာဂါျဖစ္ေစေသာ ပိုးမ်ားလည္းပါဝင္ပါတယ္။H pylori ပိုးသည္ ခံတြင္းအတြင္ အသက္ရွင္ေနနိုင္ေျကာင္းေတြ႔ရွိရပါတယ္။
အသက္ရူအနံဆိုးသည္
–  ခံတြင္းေရာဂါရွိသူမ်ား
-အစာအေသာက္မ်ားေျကာင့္
-သြားပိုးေပါက္ရွိသူမ်ား။
-သြားေသခ်ာမသန့္ရွင္းသူမ်ားနွင့္ ခံတြင္းသန့္ရွင္းေရးဂရုမစိုက္သူမ်ားတြင္ျဖစ္ေလ့ရွိပါတယ္။ထိုသူမ်ားတြင္ ဘက္တီရီးယားပိုးမ်ား ခိုေအာင္းကပ္တြယ္ေနေသာေျကာင့္ျဖစ္ပါတယ္။
ကပ္တြယ္ေနေသာဘက္တီးရီးယားပိုးမ်ားသည္ အနံမ်ားထုတ္လႊတ္ျပီး အဆိုပါ အနံမ်ားတြင္ ဆိုးရြားေစေသာ ဟိုက္ဒရုိင္ဆာလဖိုက္။မီသိုင္းအုပ္စုမ်ားပါဝင္ေသာေျကာင့္ အနံ႔ဆိုးေနရျခင္းျဖစ္ပါတယ္။ေရာဂါရွာေဖြရာတြင္ အဆ္ုပါ ဓာတ္ေပါင္းပမာဏကိုတိုင္းတာနိုင္ပါတယ္။အမ်ားအားျဖင့္ အစာအိမ္နွင္ျအူလမ္းေျကာင္းေရာဂါမ်ားသည္ အနံ႔ဆိုးထြက္နိုင္ပါတယ္။
ပိုးမ်ားေျကာင့္ အနံ့ဆိုးတကယ္ထြက္မထြက္ ဆက္လက္ေလ့လာခ်က္အရ ဂ်ပန္လူမ်ဳိး ၃၂၆ရဲ႔တံေထြးကို ဗီဇစစ္ျကည့္ရာ ၂၅၁ေယာက္သည္ အနံ႔ဆိုးထြက္ေစျပီး မည္သည့္အစာအိမ္ျပႆနာတစံုတရာမရွိပါ။၄င္းတို့သည္ H pyloriအျပင္ သြားနွင့္ခံတြင္းေရာဂါျဖစ္ေစေသာ ဘက္တီရီးယားပိုး မ်ားစြာရွိေနေျကာင့္ေလ့လာေတြ႔ရွိရပါတယ္။
(1)   အထူးေတြ႔ရွိခ်က္အရ
-ေလ့လာသူဦးေရ ၂၁%ရဲ႕ခံတြင္းတြင္ H pyloriေတြ႔ရွိရပါတယ္။
-ထိုေတြ႔ရွိသူမ်ားတြင္ အျခားခံတြင္းေရာဂါနွင့္ဆိူင္ေသာ မီးသိုင္းအုပ္စုပမာဏမ်ားျခင္း။သြားက်န္းမာေရးဆိုးရြားျခင္းနွင့္တံေထြးေသြးပါျခင္းစသည့္အခ်က္မ်ားပါ ေတြ႔ရွိရပါတယ္။
-သြားဖံုးေရာင္သူ ၁၆%တြင္လည္း H pyloriရွိေျကာင္းေတြ႔ရွိရပါတယ္။သြားဖံုးေရာင္ျခင္းဆိုးရြားျခင္းသည္ H pyloriပိုးကပ္တြယ္ရန္ ပိုေကာင္းေစျပီး ကူစက္မူေျကာင့္ အနံ႔ဆိုးမ်ားျဖစ္ေစနိုင္ပါတယ္။
-H pyloriပိုးသည္ အနံ့ဆိုးကို တိုက္ရုိက္မျဖစ္ေစခဲ႔လ်င္လည္း အျခားပိုးမ်ားအနံ႔ဆိုးထြက္ေအာင္သြယ္ဝိုက္ေသာနည္းျဖင့္ ျဖစ္ေစနိုင္ပါတယ္။
-ပါးစပ္အတြင္းရွ ိ H pyloriသည္ အစာအိမ္အတြင္းဝင္ေရာက္ကူးစက္ေရာဂါျဖစ္ေစေသာေျကာင့္ အစာအိမ္နွင့္အူလမ္းေျကာင္းျပႆနာမ်ားျဖစ္လာျခင္းျဖစ္ပါတယ္။
(2)အနံ႔ဆိုးကာကြယ္ရန္ အိမ္တြင္းနည္းလမ္းမ်ားမွာ
-ေန့စဥ္ တေန့၂ျကိမ္သြားတိုက္ပါ
-အစာစားျပီးပလုတ္က်င္းပါ
-သြားတု အံကပ္မ်ားေသခ်ာသန့္ရွင္းေရးလုပ္ပါ
-လ်ွာကိုေသခ်ာတိုက္ပါ
-ေရမ်ားမ်ားေသာက္ပါ
-အနံ႔ျပင္းေသာအစာအစားမ်ားေရွာင္ျကဥ္ပါ
-အရက္။ဘီယာ။ေဆးလိပ္ေရွာင္ပါ
-တံေထြးထြက္ေစရန္ ပီေကဝါးပါ။
-ဝမ္းခ်ဳပ္ျခင္းသက္သာေစရန္ အသီးအရြက္နွင့္ အခ်ဥ္ဓာတ္ပါေသာအသီးအနွံ႔မ်ားစားသံုးပါ။

Dr.ျပည့္ရွင္း

Unicode Version

ပါးစပ်အနံ့ဆိုးတာနဲ့ ခံတွင်းကင်ဆာ ဆက်စပ်သလား

အသက်ရှုထုတ်လိုက်သော အနံ့သည် ကင်ဆာရောဂါနဲ့ဆက်စပ်နေသည်ကို သင်သိထားပါသလား?အနံ့ဆိုးထွက်ခြင်းသည် မိမိအတွက်ယုံကြည်မူလျော့နည်းခြင်းအပြင်အခြားသူများအတွက် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ပေါင်းသင်းဆက်ဆံရေးနှင့်လုပ်ငန်းခွင်ထိခိုက်မူ ရှိလာနိုင်ပါတယ်။
ဂျပန်နိုင်ငံရှိ သုတေသနပညာရှင်များတွေ့ရှိချက်အရ အစာအိမ်ရောဂါ လက္ခဏာတစ်ရပ်မှ ခံစားသိရှိမုူ မရှိသော်လည်း အသက်ရှုနံ အနံဆိုးသည် အစာအိမ်နှင့် ခံတွင်းအတွင်းရှိ အနာနှင့်ကင်ဆာဖြစ်စေသော ဘက်တီရီးယားများကြောင့် ဟူရျ်လေ့လာတွေ့ရှိရကြောင်းရေးသားထားပါတယ်။
သုတေသနပြုချက်များအရ ဖွံဖြိုးဆဲနိုင်ငံများရှိ လူဦးရေ ၉၀% နှင့်  ဖွံဖြိုးပြီးနိုင်ငံရှိလူဦးရေ ၂၀ မှ ၈၀ %သည် အစာအိမ်နှင့်အူလမ်းကြောင်းအနာများဖြစ်စေသော ဘက်တီရီးယားပိုး H pylori ကို သယ်ဆောင်ထားကြောင်းတွေ့ရှိထားပါတယ်။
လက်ရှိလေ့လာချက်အရ  လူတစ်ယောက်ဧ။် ခံတွင်းတွင်ဘက်တီရီယားမျိုးစိတ်ပေါင်း ၆၀၀ကျော် ရှိနိုင်ကြောင်းနှင့် ၎င်းတို့တွင် H pyloriနှင့် သွားနှင့်ခံတွင်းရောဂါဖြစ်စေသော ပိုးများလည်းပါဝင်ပါတယ်။H pylori ပိုးသည် ခံတွင်းအတွင် အသက်ရှင်နေနိုင်ကြောင်းတွေ့ရှိရပါတယ်။
အသက်ရူအနံဆိုးသည်
–  ခံတွင်းရောဂါရှိသူများ
-အစာအသောက်များကြောင့်
-သွားပိုးပေါက်ရှိသူများ။
-သွားသေချာမသန့်ရှင်းသူများနှင့် ခံတွင်းသန့်ရှင်းရေးဂရုမစိုက်သူများတွင်ဖြစ်လေ့ရှိပါတယ်။ထိုသူများတွင် ဘက်တီရီးယားပိုးများ ခိုအောင်းကပ်တွယ်နေသောကြောင့်ဖြစ်ပါတယ်။
ကပ်တွယ်နေသောဘက်တီးရီးယားပိုးများသည် အနံများထုတ်လွှတ်ပြီး အဆိုပါ အနံများတွင် ဆိုးရွားစေသော ဟိုက်ဒရိုင်ဆာလဖိုက်။မီသိုင်းအုပ်စုများပါဝင်သောကြောင့် အနံ့ဆိုးနေရခြင်းဖြစ်ပါတယ်။ရောဂါရှာဖွေရာတွင် အဆ်ုပါ ဓာတ်ပေါင်းပမာဏကိုတိုင်းတာနိုင်ပါတယ်။အများအားဖြင့် အစာအိမ်နှင်အြူလမ်းကြောင်းရောဂါများသည် အနံ့ဆိုးထွက်နိုင်ပါတယ်။
ပိုးများကြောင့် အနံ့ဆိုးတကယ်ထွက်မထွက် ဆက်လက်လေ့လာချက်အရ ဂျပန်လူမျိုး ၃၂၆ရဲ့တံထွေးကို ဗီဇစစ်ကြည့်ရာ ၂၅၁ယောက်သည် အနံ့ဆိုးထွက်စေပြီး မည်သည့်အစာအိမ်ပြဿနာတစုံတရာမရှိပါ။၎င်းတို့သည် H pyloriအပြင် သွားနှင့်ခံတွင်းရောဂါဖြစ်စေသော ဘက်တီရီးယားပိုး များစွာရှိနေကြောင့်လေ့လာတွေ့ရှိရပါတယ်။
(1)   အထူးတွေ့ရှိချက်အရ
-လေ့လာသူဦးရေ ၂၁%ရဲ့ခံတွင်းတွင် H pyloriတွေ့ရှိရပါတယ်။
-ထိုတွေ့ရှိသူများတွင် အခြားခံတွင်းရောဂါနှင့်ဆိူင်သော မီးသိုင်းအုပ်စုပမာဏများခြင်း။သွားကျန်းမာရေးဆိုးရွားခြင်းနှင့်တံထွေးသွေးပါခြင်းစသည့်အချက်များပါ တွေ့ရှိရပါတယ်။
-သွားဖုံးရောင်သူ ၁၆%တွင်လည်း H pyloriရှိကြောင်းတွေ့ရှိရပါတယ်။သွားဖုံးရောင်ခြင်းဆိုးရွားခြင်းသည် H pyloriပိုးကပ်တွယ်ရန် ပိုကောင်းစေပြီး ကူစက်မူကြောင့် အနံ့ဆိုးများဖြစ်စေနိုင်ပါတယ်။
-H pyloriပိုးသည် အနံ့ဆိုးကို တိုက်ရိုက်မဖြစ်စေခဲ့လျင်လည်း အခြားပိုးများအနံ့ဆိုးထွက်အောင်သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေနိုင်ပါတယ်။
-ပါးစပ်အတွင်းရှ ိ H pyloriသည် အစာအိမ်အတွင်းဝင်ရောက်ကူးစက်ရောဂါဖြစ်စေသောကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများဖြစ်လာခြင်းဖြစ်ပါတယ်။
(2)အနံ့ဆိုးကာကွယ်ရန် အိမ်တွင်းနည်းလမ်းများမှာ
-နေ့စဉ် တနေ့၂ကြိမ်သွားတိုက်ပါ
-အစာစားပြီးပလုတ်ကျင်းပါ
-သွားတု အံကပ်များသေချာသန့်ရှင်းရေးလုပ်ပါ
-လျှာကိုသေချာတိုက်ပါ
-ရေများများသောက်ပါ
-အနံ့ပြင်းသောအစာအစားများရှောင်ကြဉ်ပါ
-အရက်။ဘီယာ။ဆေးလိပ်ရှောင်ပါ
-တံထွေးထွက်စေရန် ပီကေဝါးပါ။
-ဝမ်းချုပ်ခြင်းသက်သာစေရန် အသီးအရွက်နှင့် အချဉ်ဓာတ်ပါသောအသီးအနှံ့များစားသုံးပါ။