အစားစားခြင်း အနုပညာ

အစားစားျခင္း အနုပညာ

အနုပညာဆိုတာ ႏူးညံ႔သိမ္ေမြ႔လြန္းပါတယ္။ သရုပ္ေဆာင္အလုပ္တစ္ခုတည္းမွမဟုတ္ပါဘူး အလုပ္မ်ိဳးစံုက အနုပညာဆန္ပါတယ္။ အနုပညာတစ္ခုျဖစ္ေျမာက္ဖို႔ စိတ္ေရာကိုယ္ေရာ အာရံုစူးစိုက္ၿပီးလုပ္ဖို႕ လိုပါတယ္။ ၿပီးဖို႔ပဲ စိတ္အားထက္သန္ေနမယ္ဆိုရင္ အလုပ္ေတာ့ၿပီးနိုင္ေပမယ့္ အဆင္မေျပတာေလးေတြ ျဖစ္နိုင္ပါတယ္။

အစားစားတဲ႔အခါမွာလည္း အတူတူပါပဲ အစားစားတဲ႔အခါမွာ စိတ္ေရာကိုယ္ပါ အာရံုစိုက္ၿပီး သတိထားေပးဖို႕လိုပါတယ္ ။

လူတစ္ေယာက္ က်န္းမာဖို႔အတြက္ အစားအေသာက္ စားျခင္းကလည္း အေရးႀကီးတဲ႔ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ က်န္းမာေရးနဲ႔အညီ စားေသာက္ျခင္းကို အစားစာျခင္းအနုပညာရယ္လို့ တင္စားေျပာဆိုလိုက္တာပါ ။

ပံုမွန္လူတစ္ေယာက္အတြက္ ေန႔ရက္တစ္ရက္ကို မနက္စာ၊ ေန႔လည္စာ၊ ညေနစာ ဆိုၿပီး အနည္းဆံုး သံုးႀကိမ္စားေပးဖို႔ လိုပါတယ္။ ဒီလိုစားေပးတဲ့အခါ ဘယ္အခ်ိန္ကေတာ့ သင့္ေတာ္တယ္၊ ဘယ္လိုအစားမ်ိဳး စားေပးဖို႔ သင့္တယ္ဆိုတာလည္း အေရးႀကီးပါတယ္။

မနက္စာ စားျခင္းအႏုပညာ

မနက္စာဆိုတာ ေန႔တစ္ေန႔မွာ အမ်ားဆံုးစားဖို႔ အလိုအပ္ဆံုးပါ ဝဝလင္လင္စားေပးဖို႔လိုပါတယ္။ ထမင္း၊ ၾကက္ဥေပါင္မုန္႔စတဲ႔ ကယ္လိုရီမ်ားတဲ႔ အစားအေသာက္ေတြ စားေပးဖို႔ လိုပါတယ္။ ေကာ္ဖီ၊ လဘက္ရည္၊ နို႔၊ အသီးေဖ်ာ္ရည္ စသျဖင့္လည္း လိုပါတယ္။ မနက္စာကို မ်ားမ်ားစားျခင္းက တစ္ေနကုန္မွာ လိုအပ္တဲ႔ ခြန္အားေတြ ရဖို႕လည္း အေထာက္အကူျပဳပါတယ္ ။

အစားမ်ားမ်ားစားဖို႔လိုတယ္ဆိုေပမယ့္ ျမန္ျမန္ၿပီးေရာဆိုျပီးေတာ့ မစားေစခ်င္ပါဘူး။ အစားစားေနရင္းလည္း တစ္ျခားကို အာရံုမစိုက္ေစခ်င္ပါဘူး။ အစားကို ေျဖးေျဖးနဲ႔မွန္မွန္ ဝါးစားပါ။ ဒါမွပဲ အစာမေၾကတာေတြ ရင္ျပည့္ၿပီး မအီမသာျဖစ္တာေတြ ေလ့်ာနည္းေစမွာပါ ။

ေန႔လည္စာစားျခင္း အႏုပညာ

ေန႔လည္စာကိုေတာ့ ပံုမွန္ သင့္တင့္တဲ႕ ပမာဏေလာက္ စားေပးဖို႔ လိုပါတယ္။ ထမင္းဟင္းစားမွ ဗိုက္ျပည့္တယ္ဆိုတဲ႔သူေတြလည္း ထမင္းဟင္းစားလို့ရပါတယ္။ ပမာဏေတာ့ အရမ္းမမ်ားပါေစနဲ႔၊ ကိုယ္အေလးခ်ိန္မ်ားတဲ႔သူေတြအေနနဲ႕ကေတာ့ အဆီအဆိမ့္မ်ားတာကိုပဲ ေရွာင္ေပးရင္ ရပါတယ္။

ညေနစာစားျခင္း အႏုပညာ

ညေနစာမွာေတာ့ ေပါ့ေပါ့ပါးပါးအစားပဲ စားေစခ်င္တယ္။ အသီးအရြက္တို့၊ ေပါင္မုန္႔တို႔ေလာက္ပဲ စားတာက က်န္းမာေရးအတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။ ျပည့္ျပည့္ဝဝစားမွ အဆင္ေျပမယ့္သူေတြ အေနနဲ႔ေတာ့ အဆီအဆိမ့္မပါဘဲ စားေပးေစခ်င္တယ္ ။
ဒီလို စားေသာက္ျခင္းက ကိုယ္အေလးခ်ိန္ထိန္းခ်င္လို့ မဟုတ္ပါဘူး။ နာတာရွည္ေရာဂါေတြျဖစ္တဲ႕ နွလံုးေရာဂါ၊ ေသြးတိုး၊ ဆီးခ်ိဳနဲ႕ ေသြးအဆီဓာတ္မ်ားျခင္း စတဲ႔ ေရာဂါေတြကို ႀကိဳတင္ေရွာင္ရွားဖို႔အတြက္ပါ ။

အခ်ိန္ျခားမယ္

တစ္ေန႔ သံုးနပ္ပဲစားတဲ႔အခါ တစ္ခ်ိန္နဲ႕တစ္ခ်ိန္ျကားထဲ အခ်ိန္ဘယ္ေလာက္ျခားမလဲလို့ တိတိက်က် မသတ္မွတ္ထားပါဘူး။ အစာအိမ္တစ္ခုက အစားအျပည့္စားထားတယ္ဆိုရင္ အစာအားလံုးေခ်နိုင္ဖို႔ ေလးနာရီေလာက္ အခ်ိန္ျကာတတ္ပါတယ္။ ဒါေျကာင့္ေတာ့ အနည္းဆံုးငါးနာရီေလာက္ေတာ့ ျခားျပီးစားေပးဖို႔ လိုပါတယ္။

တစ္ခ်ိဳ႕ဗိုက္အရမ္းဆာတတ္တဲ႔သူေတြမွာ မနက္စာနဲ႔ ေန႔လည္စာၾကား၊ ေန႔လည္စာနဲ႔ ညေနစာၾကား၊ ညအိပ္ခါနီး စသျဖင့္ေတြမွာ အဆာေျပစားေပးလို့ ရပါတယ္။ အဆာေျပဆိုတဲ႔သေဘာမွာေတာ့ ေပါ့ေပါ့ပါးပါးအစာပဲ စားေစခ်င္ပါတယ္။

ေရွာင္ရမယ့္အခ်က္ေတြ

အစားစားျခင္းမွာ အေရးႀကီးတဲ႔ အခ်က္ကေတာ့ အဆာမလြန္ဖို႔ပါ။ အဆာလြန္ျခင္းက အစာအိမ္မွ အက္ဆစ္အထြက္မ်ားေစၿပီး ၾကာလာတာနဲ႔အမွ် အစာအိမ္ေရာဂါေတြ ျဖစ္လာတတ္ပါတယ္။

အစားစားျပီးတဲ႔အခါ ရုတ္တရက္ မတ္တပ္ရပ္တာမ်ိဳးေတြကိုလည္း သတိထားၿပီးေရွာင္ေပးပါ။ အစားစားျပီးခ်င္းမွာ ကိုယ္ခႏၶာမွာ ဦးေႏွာက္ထက္စာရင္ အစာအိမ္ကို ေသြးစီးတာ ပိုမ်ားေနတာေၾကာင့္ အထိုင္အထေတြမွာ မူးလဲတတ္ပါတယ္။

ေနာက္ဆံုးအေနနဲ႔ကေတာ့ အစားစားျပီး ေျခေထာက္ေရမေဆးေစခ်င္ပါဘူး။ ေျခေထာက္ကို ေရေဆးလိုက္တဲ႔အခါ ေျခေထာက္မွာရွိတဲ႕ေသြးေျကာေတြ က်ံဳ႕သြားတာေၾကာင့္ အစာအိမ္ကိုသြားေနတဲ႔ ေသြးေတြက ေျခေထာက္ဖက္ကို ပိုျပီးစီးပါတယ္။ ဒီလိုအခါမွာ အစာအိမ္က ေကာင္းေကာင္းအစာမေခ်နိုင္ဘဲ အစာမေၾက၊ ရင္ျပည့္ရင္ကယ္ေတြျဖစ္လာနိုင္ပါတယ္။

ဒါေတြကေတာ့ အစားစားတဲ႔ေနရာမွာ လိုအပ္တဲ႕ သတိျပဳစရာေလးေတြပါ အနုပညာေျမာက္ေအာင္ အစားစားျကပါစို႕လား ………..

Dr. CST

(Unicode Version)

အစားစားခြင်း အနုပညာ

အနုပညာဆိုတာ နူးညံ့သိမ်မွေ့လွန်းပါတယ်။ သရုပ်ဆောင်အလုပ်တစ်ခုတည်းမှမဟုတ်ပါဘူး အလုပ်မျိုးစုံက အနုပညာဆန်ပါတယ်။ အနုပညာတစ်ခုဖြစ်မြောက်ဖို့ စိတ်ရောကိုယ်ရော အာရုံစူးစိုက်ပြီးလုပ်ဖို့ လိုပါတယ်။ ပြီးဖို့ပဲ စိတ်အားထက်သန်နေမယ်ဆိုရင် အလုပ်တော့ပြီးနိုင်ပေမယ့် အဆင်မပြေတာလေးတွေ ဖြစ်နိုင်ပါတယ်။

အစားစားတဲ့အခါမှာလည်း အတူတူပါပဲ အစားစားတဲ့အခါမှာ စိတ်ရောကိုယ်ပါ အာရုံစိုက်ပြီး သတိထားပေးဖို့လိုပါတယ် ။

လူတစ်ယောက် ကျန်းမာဖို့အတွက် အစားအသောက် စားခြင်းကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အညီ စားသောက်ခြင်းကို အစားစာခြင်းအနုပညာရယ်လို့ တင်စားပြောဆိုလိုက်တာပါ ။

ပုံမှန်လူတစ်ယောက်အတွက် နေ့ရက်တစ်ရက်ကို မနက်စာ၊ နေ့လည်စာ၊ ညနေစာ ဆိုပြီး အနည်းဆုံး သုံးကြိမ်စားပေးဖို့ လိုပါတယ်။ ဒီလိုစားပေးတဲ့အခါ ဘယ်အချိန်ကတော့ သင့်တော်တယ်၊ ဘယ်လိုအစားမျိုး စားပေးဖို့ သင့်တယ်ဆိုတာလည်း အရေးကြီးပါတယ်။

မနက်စာ စားခြင်းအနုပညာ

မနက်စာဆိုတာ နေ့တစ်နေ့မှာ အများဆုံးစားဖို့ အလိုအပ်ဆုံးပါ ဝဝလင်လင်စားပေးဖို့လိုပါတယ်။ ထမင်း၊ ကြက်ဥပေါင်မုန့်စတဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေ စားပေးဖို့ လိုပါတယ်။ ကော်ဖီ၊ လဘက်ရည်၊ နို့၊ အသီးဖျော်ရည် စသဖြင့်လည်း လိုပါတယ်။ မနက်စာကို များများစားခြင်းက တစ်နေကုန်မှာ လိုအပ်တဲ့ ခွန်အားတွေ ရဖို့လည်း အထောက်အကူပြုပါတယ် ။

အစားများများစားဖို့လိုတယ်ဆိုပေမယ့် မြန်မြန်ပြီးရောဆိုပြီးတော့ မစားစေချင်ပါဘူး။ အစားစားနေရင်းလည်း တစ်ခြားကို အာရုံမစိုက်စေချင်ပါဘူး။ အစားကို ဖြေးဖြေးနဲ့မှန်မှန် ဝါးစားပါ။ ဒါမှပဲ အစာမကြေတာတွေ ရင်ပြည့်ပြီး မအီမသာဖြစ်တာတွေ လေ့ျာနည်းစေမှာပါ ။

နေ့လည်စာစားခြင်း အနုပညာ

နေ့လည်စာကိုတော့ ပုံမှန် သင့်တင့်တဲ့ ပမာဏလောက် စားပေးဖို့ လိုပါတယ်။ ထမင်းဟင်းစားမှ ဗိုက်ပြည့်တယ်ဆိုတဲ့သူတွေလည်း ထမင်းဟင်းစားလို့ရပါတယ်။ ပမာဏတော့ အရမ်းမများပါစေနဲ့၊ ကိုယ်အလေးချိန်များတဲ့သူတွေအနေနဲ့ကတော့ အဆီအဆိမ့်များတာကိုပဲ ရှောင်ပေးရင် ရပါတယ်။

ညနေစာစားခြင်း အနုပညာ

ညနေစာမှာတော့ ပေါ့ပေါ့ပါးပါးအစားပဲ စားစေချင်တယ်။ အသီးအရွက်တို့၊ ပေါင်မုန့်တို့လောက်ပဲ စားတာက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ပြည့်ပြည့်ဝဝစားမှ အဆင်ပြေမယ့်သူတွေ အနေနဲ့တော့ အဆီအဆိမ့်မပါဘဲ စားပေးစေချင်တယ် ။
ဒီလို စားသောက်ခြင်းက ကိုယ်အလေးချိန်ထိန်းချင်လို့ မဟုတ်ပါဘူး။ နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ သွေးအဆီဓာတ်များခြင်း စတဲ့ ရောဂါတွေကို ကြိုတင်ရှောင်ရှားဖို့အတွက်ပါ ။

အချိန်ခြားမယ်

တစ်နေ့ သုံးနပ်ပဲစားတဲ့အခါ တစ်ချိန်နဲ့တစ်ချိန်ကြားထဲ အချိန်ဘယ်လောက်ခြားမလဲလို့ တိတိကျကျ မသတ်မှတ်ထားပါဘူး။ အစာအိမ်တစ်ခုက အစားအပြည့်စားထားတယ်ဆိုရင် အစာအားလုံးချေနိုင်ဖို့ လေးနာရီလောက် အချိန်ကြာတတ်ပါတယ်။ ဒါကြောင့်တော့ အနည်းဆုံးငါးနာရီလောက်တော့ ခြားပြီးစားပေးဖို့ လိုပါတယ်။

တစ်ချို့ဗိုက်အရမ်းဆာတတ်တဲ့သူတွေမှာ မနက်စာနဲ့ နေ့လည်စာကြား၊ နေ့လည်စာနဲ့ ညနေစာကြား၊ ညအိပ်ခါနီး စသဖြင့်တွေမှာ အဆာပြေစားပေးလို့ ရပါတယ်။ အဆာပြေဆိုတဲ့သဘောမှာတော့ ပေါ့ပေါ့ပါးပါးအစာပဲ စားစေချင်ပါတယ်။

ရှောင်ရမယ့်အချက်တွေ

အစားစားခြင်းမှာ အရေးကြီးတဲ့ အချက်ကတော့ အဆာမလွန်ဖို့ပါ။ အဆာလွန်ခြင်းက အစာအိမ်မှ အက်ဆစ်အထွက်များစေပြီး ကြာလာတာနဲ့အမျှ အစာအိမ်ရောဂါတွေ ဖြစ်လာတတ်ပါတယ်။

အစားစားပြီးတဲ့အခါ ရုတ်တရက် မတ်တပ်ရပ်တာမျိုးတွေကိုလည်း သတိထားပြီးရှောင်ပေးပါ။ အစားစားပြီးချင်းမှာ ကိုယ်ခန္ဓာမှာ ဦးနှောက်ထက်စာရင် အစာအိမ်ကို သွေးစီးတာ ပိုများနေတာကြောင့် အထိုင်အထတွေမှာ မူးလဲတတ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ အစားစားပြီး ခြေထောက်ရေမဆေးစေချင်ပါဘူး။ ခြေထောက်ကို ရေဆေးလိုက်တဲ့အခါ ခြေထောက်မှာရှိတဲ့သွေးကြောတွေ ကျုံ့သွားတာကြောင့် အစာအိမ်ကိုသွားနေတဲ့ သွေးတွေက ခြေထောက်ဖက်ကို ပိုပြီးစီးပါတယ်။ ဒီလိုအခါမှာ အစာအိမ်က ကောင်းကောင်းအစာမချေနိုင်ဘဲ အစာမကြေ၊ ရင်ပြည့်ရင်ကယ်တွေဖြစ်လာနိုင်ပါတယ်။

ဒါတွေကတော့ အစားစားတဲ့နေရာမှာ လိုအပ်တဲ့ သတိပြုစရာလေးတွေပါ အနုပညာမြောက်အောင် အစားစားကြပါစို့လား ………..

Dr. CST