အိပ်စက်ခြင်းနဲ့အိပ်မက်မက်ခြင်းအကြောင်း

အိပ္စက္ျခင္းနဲ႔အိ္ပ္မက္မက္ျခင္းအေၾကာင္း

ကြ်န္ေတာ္တို႔ေတြအားလံုးနီးပါး အိပ္စက္တဲ႔အခါမွာ အိမ္မက္ေတြ မက္ဖူးၾကမွာပါ။

အိပ္စက္ျခင္းမွာ မ်က္လံုးလႈပ္ရွားမႈမရွိတဲ႔အခ်ိန္(NREM sleep) နဲ႔ မ်က္လံုးလႈပ္ရွားမႈရွိတဲ႔အခ်ိန္ဆိုျပီး(REM sleep) အခ်ိန္အပိုင္းအျခား၂ခုရွိပါတယ္။

မ်က္လံုးလႈပ္ရွားမႈမရွိတဲ႔အခ်ိန္(NREM sleep)အပိုင္းအျခားမွာ အဆင္႔သံုးဆင္႔ရွိပါတယ္။

ကြ်န္ေတာ္တို႔ေတြစစအိပ္တဲ႔အခါမွာ သက္ေတာင္႔သက္သာနဲ႔ေပါေလာေမ်ာေနတဲ႔ခံစားခ်က္မ်ိဳးကိုခံစားရျပီး နိုးတ၀က္အိပ္တ၀က္အေနအထားမွာျဖစ္ေနတတ္ပါတယ္။

အဲ႔ဒါက မ်က္လံုးလႈပ္ရွားမႈမရွိတဲ႔အခ်ိန္အပိုင္းအျခားရဲ႕ပထမအဆင္႔(NREM sleep stage 1)ပါ။အဲ႔ပထမအဆင္႔မွာ ပတ္၀န္းက်င္က ရုတ္တရက္ ဆူညံသံတခုခုထြက္ေပၚလာပါက ကြ်န္ေတာ္တို႔ေတြအိပ္ေနရာကတဆင္႔နိုးလာနိုင္ပါတယ္။

တကယ္လို႔ပတ္၀န္းက်င္က ရုတ္တရက္ဆူညံသံမထြက္ဘူးဆိုရင္ေတာ႔ ခဏအၾကာမွာ ဒုတိယအဆင္႔ကိုေရာက္သြားပါလိမ္႔မယ္။မ်က္လံုးလႈပ္ရွားမႈမရွိတဲ႔အခ်ိန္အပိုင္းအျခားရဲ႕ဒုတိယအဆင္႔ေရာက္သြားပါျပီဆိုရင္ေတာ႔ ပတ္၀န္းက်င္က ရုတ္တရက္ဆူညံသံထြက္ေပၚလာလည္းကြ်န္ေတာ္တို႔ေတြမနိုးနိုင္ေတာ႔ပါ။

ဒုတိယအဆင္႔ေရာက္ျပီးမိနစ္သံုးဆယ္ျပည္႔ခါနီးမွာ တတိယအဆင္႔ေရာက္သြားပါလိမ္႔မယ္။

တတိယဆင္႔ေရာက္သြားျပီဆိုရင္ေတာ႔ သင္ဟာပိုမိုနွစ္ျခိဳက္စြာအိပ္ေပ်ာ္ေနပါျပီ။

တတိယအဆင္႔ေရာက္ျပီး နာရီ၀က္အၾကာမွာေတာ႔ ကြ်န္ေတ္ာတို႔တေတြဟာ မ်က္လံုးလႈပ္ရွားမႈမရွိတဲ႔အခ်ိန္(NREM sleep)အပိုင္းအျခားကေန မ်က္လံုးလႈပ္ရွားမႈရွိတဲ႔အခ်ိန္ အပိုင္းအျခားကို(REM sleep)ေရာက္သြားပါျပီ။

မ်က္လံုးလႈပ္ရွားမႈရွိတဲ႔အခ်ိန္အပိုင္းအျခား(REM sleep)မွာ ၄၅မိနစ္ေလာက္ၾကာျပီးေနာက္ တခါ မ်က္လံုးလႈပ္ရွားမႈမရွိတဲ႔အခ်ိန္(NREM sleep)အပိုင္းအျခား အဆင္႔တစ္ကိုျပန္ေရာက္ပါတယ္။

ဒီလိုနဲ႔ ကြ်န္ေတာ္တို႔အိပ္ေပ်ာ္ေနတဲ႔တေလွ်ာက္လံုးမွာ မ်က္လံုးလႈပ္ရွားမႈမရွိတဲ႔အခ်ိန္(NREM sleep)အပိုင္းအျခား နဲ႔ မ်က္လံုးလႈပ္ရွားမႈရွိတဲ႔အခ်ိန္အပိုင္းအျခား(REM sleep)ဟာ တလွည္႔စီအစဥ္လိုက္ျဖစ္ေနပါတယ္။

အိမ္္မက္ေတြဟာ အိပ္စက္ျခင္းရဲ႕ မ်က္လံုးလႈပ္ရွားမႈရွိတဲ႔အခ်ိန္ အပိုင္းအျခား(REM sleep)မွာပဲ ျဖစ္ပါတယ္။

မ်က္လံုးလႈပ္ရွားမႈရွိတဲ႔အခ်ိန္ အပိုင္းအျခား(REM sleep)ဟာ ညအိပ္ခ်ိန္တေလွ်ာက္မွာ ၄ခါ ကေန ၅ခါေလာက္ထိရွိတတ္တာမို႔ အိမ္မက္မက္တာဟာလည္း တညမွာ ၄ခါ ကေန ၅ခါထိမက္နိုင္ေျခရွိပါတယ္။

ဘာလို႔အိမ္မက္မက္ရလဲဆိုတဲ႔အေၾကာင္းအေနနဲ႔ကေတာ႔ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

ကြ်န္ေတာ္တို႔ဟာေန႔ဘက္မွာ အေၾကာင္းအရာတခုကိုစူးစူးစိုက္စိုက္ေတြးမိတာ၊စိတ္ဖိစီးစရာတခုခုကိုေတြးမိေနတာစတဲ႔အေတြးေတြရွိခဲ႔ရင္ ထိုအေတြးဟာညထိဆက္ရွိေနတတ္ပါတယ္။

ကြ်န္ေတာ္တို႔အိပ္ေပ်ာ္သြားတဲ႔အခါမွာ ကြ်န္ေတာ္တို႔ရဲ႕ဦးေႏွာက္ကမအိပ္ပါဘူး။ေန႔ဘက္မွာေတြးတဲ႔အေတြးေတြကို ဆက္ေတြးေနပါတယ္။အဲ႔အခါ မွာ ေန႔ဘက္အေတြးေတြဟာညမွာအိမ္မက္အျဖစ္ျပန္လည္ထြက္ေပၚလာပါတယ္။

ပူပန္စရာအေတြးေတြ မေကာင္းတာအေတြးေတြ စိတ္ညစ္စရာအေတြးေတြ ေန႔မွာေတြးတာမ်ားရင္ ညမွာအိမ္မက္ဆိုးမက္နိုင္ပါတယ္။

အိမ္မက္ကတအားဆိုးရင္ ကြ်န္ေတာ္တို႔ေတြဟာ အထိတ္တလန္႔နဲ႔ေဇာေခြ်းေတြပ်ံ ရင္ေတြတုန္ကာ အိပ္ေနရာကေနလန္႔နိုးလာတတ္ပါတယ္။

ၾကည္နူးစရာအေတြးေတြ စိတ္ေပ်ာ္စရာအေတြးေတြ ေန႔မွာေတြးတာမ်ားရင္ေတာ႔ ညမွာအိမ္မက္ေကာင္းမက္နိုင္ပါတယ္။

Dr 528

Unicode Version

အိပ်စက်ခြင်းနဲ့အိပ်မက်မက်ခြင်းအကြောင်း

ကျွန်တော်တို့တွေအားလုံးနီးပါး အိပ်စက်တဲ့အခါမှာ အိမ်မက်တွေ မက်ဖူးကြမှာပါ။

အိပ်စက်ခြင်းမှာ မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်(NREM sleep) နဲ့ မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန်ဆိုပြီး(REM sleep) အချိန်အပိုင်းအခြား၂ခုရှိပါတယ်။

မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်(NREM sleep)အပိုင်းအခြားမှာ အဆင့်သုံးဆင့်ရှိပါတယ်။

ကျွန်တော်တို့တွေစစအိပ်တဲ့အခါမှာ သက်တောင့်သက်သာနဲ့ပေါလောမျောနေတဲ့ခံစားချက်မျိုးကိုခံစားရပြီး နိုးတဝက်အိပ်တဝက်အနေအထားမှာဖြစ်နေတတ်ပါတယ်။

အဲ့ဒါက မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်အပိုင်းအခြားရဲ့ပထမအဆင့်(NREM sleep stage 1)ပါ။အဲ့ပထမအဆင့်မှာ ပတ်ဝန်းကျင်က ရုတ်တရက် ဆူညံသံတခုခုထွက်ပေါ်လာပါက ကျွန်တော်တို့တွေအိပ်နေရာကတဆင့်နိုးလာနိုင်ပါတယ်။

တကယ်လို့ပတ်ဝန်းကျင်က ရုတ်တရက်ဆူညံသံမထွက်ဘူးဆိုရင်တော့ ခဏအကြာမှာ ဒုတိယအဆင့်ကိုရောက်သွားပါလိမ့်မယ်။မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်အပိုင်းအခြားရဲ့ဒုတိယအဆင့်ရောက်သွားပါပြီဆိုရင်တော့ ပတ်ဝန်းကျင်က ရုတ်တရက်ဆူညံသံထွက်ပေါ်လာလည်းကျွန်တော်တို့တွေမနိုးနိုင်တော့ပါ။

ဒုတိယအဆင့်ရောက်ပြီးမိနစ်သုံးဆယ်ပြည့်ခါနီးမှာ တတိယအဆင့်ရောက်သွားပါလိမ့်မယ်။

တတိယဆင့်ရောက်သွားပြီဆိုရင်တော့ သင်ဟာပိုမိုနှစ်ခြိုက်စွာအိပ်ပျော်နေပါပြီ။

တတိယအဆင့်ရောက်ပြီး နာရီဝက်အကြာမှာတော့ ကျွန်တေ်ာတို့တတွေဟာ မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်(NREM sleep)အပိုင်းအခြားကနေ မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန် အပိုင်းအခြားကို(REM sleep)ရောက်သွားပါပြီ။

မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန်အပိုင်းအခြား(REM sleep)မှာ ၄၅မိနစ်လောက်ကြာပြီးနောက် တခါ မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်(NREM sleep)အပိုင်းအခြား အဆင့်တစ်ကိုပြန်ရောက်ပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့အိပ်ပျော်နေတဲ့တလျှောက်လုံးမှာ မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်(NREM sleep)အပိုင်းအခြား နဲ့ မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန်အပိုင်းအခြား(REM sleep)ဟာ တလှည့်စီအစဉ်လိုက်ဖြစ်နေပါတယ်။

အိမ်မက်တွေဟာ အိပ်စက်ခြင်းရဲ့ မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန် အပိုင်းအခြား(REM sleep)မှာပဲ ဖြစ်ပါတယ်။

မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန် အပိုင်းအခြား(REM sleep)ဟာ ညအိပ်ချိန်တလျှောက်မှာ ၄ခါ ကနေ ၅ခါလောက်ထိရှိတတ်တာမို့ အိမ်မက်မက်တာဟာလည်း တညမှာ ၄ခါ ကနေ ၅ခါထိမက်နိုင်ခြေရှိပါတယ်။

ဘာလို့အိမ်မက်မက်ရလဲဆိုတဲ့အကြောင်းအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျွန်တော်တို့ဟာနေ့ဘက်မှာ အကြောင်းအရာတခုကိုစူးစူးစိုက်စိုက်တွေးမိတာ၊စိတ်ဖိစီးစရာတခုခုကိုတွေးမိနေတာစတဲ့အတွေးတွေရှိခဲ့ရင် ထိုအတွေးဟာညထိဆက်ရှိနေတတ်ပါတယ်။

ကျွန်တော်တို့အိပ်ပျော်သွားတဲ့အခါမှာ ကျွန်တော်တို့ရဲ့ဦးနှောက်ကမအိပ်ပါဘူး။နေ့ဘက်မှာတွေးတဲ့အတွေးတွေကို ဆက်တွေးနေပါတယ်။အဲ့အခါ မှာ နေ့ဘက်အတွေးတွေဟာညမှာအိမ်မက်အဖြစ်ပြန်လည်ထွက်ပေါ်လာပါတယ်။

ပူပန်စရာအတွေးတွေ မကောင်းတာအတွေးတွေ စိတ်ညစ်စရာအတွေးတွေ နေ့မှာတွေးတာများရင် ညမှာအိမ်မက်ဆိုးမက်နိုင်ပါတယ်။

အိမ်မက်ကတအားဆိုးရင် ကျွန်တော်တို့တွေဟာ အထိတ်တလန့်နဲ့ဇောချွေးတွေပျံ ရင်တွေတုန်ကာ အိပ်နေရာကနေလန့်နိုးလာတတ်ပါတယ်။

ကြည်နူးစရာအတွေးတွေ စိတ်ပျော်စရာအတွေးတွေ နေ့မှာတွေးတာများရင်တော့ ညမှာအိမ်မက်ကောင်းမက်နိုင်ပါတယ်။

Dr 528