လက်ကိုင်ဖုန်းကြောင့် ကျန်းမာရေးမထိခိုက်စေဖို့    မဖြစ်မနေလိုက်နာရမဲ့ အချက် ၆ ချက် 

လက္ကိုုင္ဖုုန္းေၾကာင့္ က်န္းမာေရးမထိခိုုက္ေစဖိုု႕    မျဖစ္မေနလိုုက္နာရမဲ့ အခ်က္ ၆ ခ်က္ 

အခုေခတ္ဟာ လက္ကိုင္ဖုန္းေတြေပါလာျပီး လူတိုင္းနီးပါး လက္ကိုင္ဖုန္းကိုင္နိုင္လာၾကပါတယ္။

လက္ကိုင္ဖုန္းနဲ႔ဖုန္းေျပာတာအျပင္ အင္တာနက္သံုးတာ သီခ်င္းနားေထာင္တာ ဗြီဒီယိုၾကည္႔တာ ဂိမ္းေဆာ႔တာ စသျဖင္႔ အမ်ားၾကီးသံုးလို႔ရတဲ႔အတြက္ လက္ကိုင္ဖုန္းဟာ ကြ်န္ေတာ္တို႔ဘယ္သြားသြားယူသြားရတဲ႔ အေရးပါပစၥည္းတခုျဖစ္လာပါတယ္။

ဒီလိုယူသြားတဲ႔အခါမွာ ေဆာင္ရ ေရွာင္ရမယ္႔အခ်က္အခ်ိဳ႕ရွိပါတယ္။အဲ႔ဒါေတြကေတာ႔

၁။လက္ကိုင္ဖုန္းေတြကို ေဘာင္းဘီအိတ္ေထာင္ထဲထည္႔ယူသြားတာ၊အတြင္းခံအက်ီထဲထည္႔ယူသြားတာမ်ိဳးကိုေရွာင္ပါ။

ေယာက္်ားေလးေတြအမ်ားစုဟာ လက္ကိုင္ဖုန္းကို ေဘာင္းဘီအိတ္ေထာင္ထဲထည္႔ေလ႔ရွိပါတယ္။

လက္ကိုင္ဖုန္းကို ေဘာင္းဘီအိတ္ေထာင္ထဲထည္႔တဲ႔အခါ ေရရွည္မွာ လက္ကိုင္ဖုန္းကေန ဓါတ္ေရာင္ျခည္ျဖာထြက္မႈေၾကာင့္ သုတ္ေကာင္ေတြေသနိုင္ျပီး မ်ိဳးေအာင္နိုင္စြမ္းက်ဆင္းလာနိုင္ပါတယ္။

၀ိုင္ဖိုင္ဖြင္႔ရက္တန္းလန္း၊အင္တာနက္သံုးရင္းတန္းလန္း၊ဂိမ္းေဆာ႔ရင္းတန္းလန္းထည္႔မိတဲ႔အခါမ်ိဳးေတြမွာဆိုရင္ ဖုန္းကတအားပူေနျပီး ဓါတ္ေရာင္ျခည္ျဖာထြက္နႈန္းဟာ ပိုျမင္႔နိုင္တာေၾကာင္႔ ၾကာရင္ ေ၀ွးေစ႔ကင္ဆာျဖစ္နိုင္ေျခပိုမ်ားနိုင္ပါတယ္။

တခ်ိဳ႕အမ်ိဳးသမီးေတြဆုိရင္ အ၀တ္အစားေတြကအိပ္ေထာင္မပါတာမ်ိဳး၀တ္တဲ႔အခါ လက္ကိုင္ဖုန္းကို အတြင္းခံအက်ီထဲထည္႔ထားတာမ်ိဳးလုပ္တတ္ၾကပါတယ္။

အဲ႔အခါ လက္ကိုင္ဖုန္းကေန ဓါတ္ေရာင္ျခည္ျဖာထြက္မႈေၾကာင္႔ ေရရွည္မွာ ရင္သားကင္ဆာျဖစ္နိုင္ေျခမ်ားလာနိုင္ပါတယ္။

ဒါေၾကာင္႔ လက္ကိုင္ဖုန္းေတြကို ေဘာင္းဘီအိတ္ထဲထည္႔တာ၊အတြင္းခံအက်ီထဲထည္႔တာမ်ိဳးေတြကို ေရွာင္ဖို႔လိုပါတယ္။

လက္ကိုင္ဖုန္းေတြကို လက္ကိုင္ဖုန္းထည္႔အိတ္ေလးနဲ႔ထည္႔ျပီး အမ်ိဳးသားေတြဆိုရင္ အက်ီအိတ္ေထာင္ထဲထည္႔တာ အမ်ိဳးသမီးေတြဆိုရင္ လက္ကိုင္အိတ္ထဲထည္႔တာ ေဘးအကင္းဆံုးပါ။

၂။ လက္ကိုင္ဖုန္းေတြကို အိမ္သာ၊ေရခ်ိဳခန္းထဲယူသြားျပီးသံုးတာမ်ိဳးကိုလည္းေရွာင္ပါ။

အဘယ္ေၾကာင္႔ဆိုေသာ အိမ္သာ၊ေရခ်ိဳးခန္းေတြထဲမွာ စိုထိုင္းဆမ်ားျပီး ဘက္တီးရီးယားေတြဟာ အရမ္းမ်ားတဲ႔အတြက္ေၾကာင္႔ပါ။အိမ္သာေရခ်ိဳးခန္းထဲလက္ကိုင္ဖုန္းယူသြားတဲ႔အခါဖုန္းမွာ ဘက္တီးရီးယားေတြဟာ ကပ္ျငိပါလာကာ ဖုန္းေျပာတဲ႔အခါမွာ ဖုန္းမွာကပ္ပါလာတဲ႔ဘက္တီးရီးယားပိုးေတြက လူကို၀င္ေရာက္ကူးစက္ျပီး နာမက်န္းျဖစ္ေစနိုင္ပါတယ္။

၃။လက္ကိုင္ဖုန္းေတြကို ကားရပ္တဲ႔အခါ ကားထဲထားခဲ႔တာမ်ိဳးေတြကိုေရွာင္ပါ။

တခ်ိဳ႕ေတြက ကားရပ္ျပီး ေစ်း၀ယ္တာလုပ္တဲ႔အခါမွာ ဖုန္းကို ကားထဲသတိေမ႔ထားခဲ႔တာ သို႔မဟုတ္ ယူသြားရမွာရႈပ္လို႔ ကားဒက္ရွ္ဘုတ္ေပၚတင္ထားခဲ႔မိတာမ်ိဳးျဖစ္တတ္ပါတယ္။

အဲ႔အခါမွာ ကားကမွန္ေတြအကုန္တင္ထားတဲ႔အတြက္ ကားထဲကအပူခ်ိန္ျမင္႔တက္လာျပီး လက္ကိုင္ဖုန္းကလည္းအပူလြန္ကဲတတ္ပါတယ္။

အထူးသျဖင္႔ ကားရပ္ထားတာက ေနေရာင္က်တဲ႔ေနရာျဖစ္ေနပါက အပူလြန္ကဲျပီး ေပါက္ကြဲကာ ကားမီးေလာင္တာမ်ိဳးေတြပါျဖစ္နိုင္ပါတယ္။

၄။လက္ကိုင္ဖုန္းကို တညလံုးအားသြင္းလ်က္တန္းလန္း ထားတာမ်ိဳးကိုေရွာင္ပါ။

တခ်ိဳ႕သူေတြဟာ လက္ကိုင္ဖုန္းကို ညမွာအားသြင္းျပီး တညလံုးအားသြင္းၾကိဳးကိုမျဖဳတ္ဘဲထားတာမ်ိဳးရွိပါတယ္။

ေမ႔ျပီးအိပ္ေပ်ာ္သြားတာလည္းျဖစ္နိုင္သလို တခ်ိဳ႕ကလည္း ၾကာၾကာသြင္းေလၾကာၾကာသံုးလို႔ရေလလို႔ထင္ျပီး ထားတာမ်ိဳးလည္းရွိပါတယ္။

တကယ္ေတာ႔ ဘယ္အခ်ိန္မွာအားသြင္းသြင္း ဖုန္းကို ၁၀၀ရာခိုင္နႈန္းျပည္႔တဲ႔ထိအားမသြင္းသင္႔ပါ။၉၀ရာႏႈန္းေလာက္ျပည္႔ျပီဆိုရင္ကို ျဖဳတ္ထားသင္႔တယ္လို႔ လက္ကိုင္ဖုန္းကုမၸဏီေတြကေျပာထားပါတယ္။

အားအျပည္႔သြင္းရင္ သို႔မဟုတ္ အားျပည္႔ေသာ္လည္း မျဖဳတ္ဘဲထားပါက ဘက္ထရီခဏေလးနဲ႔ပ်က္စီးနိုင္ပါတယ္။ဒါ႔အျပင္ အပူလြန္ကဲျပီး ဖုန္းေပါက္ကြဲကာ မီးေလာင္တာမ်ိဳးလည္းျဖစ္နိုင္ပါတယ္။

၅။အားသြင္းရင္းတန္းလန္းနဲ႔ဖုန္းေျပာတာ၊ဂိမ္းေဆာ႔တာ ဖုန္းဘထၳရီအရမ္းအားနည္းေနခ်ိန္မွာ ဖုန္းေျပာတာေတြကိုေရွာင္ပါ။

အဲ႔အခ်ိန္ေတြမွာဆိုရင္ ဖုန္းအပူခ်ိန္ျမင္႔တက္ျပီး ဓါတ္ေရာင္ျခည္ျဖာထြက္မႈကလည္းမ်ားတဲ႔အတြက္ က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြပိုျဖစ္နိုင္ပါတယ္။

၆။ဖုန္းကိုအိပ္ရာေပၚယူသြားျပီးမအိပ္ခင္ဖုန္းသံုးတာ၊ေခါင္းရင္းမွာထားအိပ္တာမ်ိဳးေတြေရွာင္ပါ။

အိပ္ခါနီးဖုန္းသံုးတဲ႔အခါမွာ လက္ကိုင္ဖုန္းမ်က္နွာျပင္ကထြက္တဲ႔အျပာေရာင္လႈိင္းေတြဟာ အိပ္ခ်င္စိတ္ကိုျဖစ္ေစတဲ႔ မယ္လတိုနင္ေဟာ္မုန္းထြက္ျခင္းကို အေနွာင္႔အယွက္ေပးပါတယ္။အဲ႔အခါမွာ ေကာင္းေကာင္းအိပ္မေပ်ာ္တာ၊အိပ္ေရးမ၀တာေတြျဖစ္နိုင္ပါတယ္။

ဒါ႔အျပင္ဖုန္းကိုေခါင္းရင္းမွာထားအိပ္တဲ႔အခါမွာလည္း ဖုန္းကထြက္တဲ႔ ဓါတ္ေရာင္ျခည္လႈိင္းေတြေၾကာင္႔ ၾကာရင္ဦးေနွာက္ကိုထိခိုက္ေစနိုင္ပါတယ္။

Dr 528

Unicode Version

လက်ကိုင်ဖုန်းကြောင့် ကျန်းမာရေးမထိခိုက်စေဖို့    မဖြစ်မနေလိုက်နာရမဲ့ အချက် ၆ ချက်

အခုခေတ်ဟာ လက်ကိုင်ဖုန်းတွေပေါလာပြီး လူတိုင်းနီးပါး လက်ကိုင်ဖုန်းကိုင်နိုင်လာကြပါတယ်။

လက်ကိုင်ဖုန်းနဲ့ဖုန်းပြောတာအပြင် အင်တာနက်သုံးတာ သီချင်းနားထောင်တာ ဗွီဒီယိုကြည့်တာ ဂိမ်းဆော့တာ စသဖြင့် အများကြီးသုံးလို့ရတဲ့အတွက် လက်ကိုင်ဖုန်းဟာ ကျွန်တော်တို့ဘယ်သွားသွားယူသွားရတဲ့ အရေးပါပစ္စည်းတခုဖြစ်လာပါတယ်။

ဒီလိုယူသွားတဲ့အခါမှာ ဆောင်ရ ရှောင်ရမယ့်အချက်အချို့ရှိပါတယ်။အဲ့ဒါတွေကတော့

၁။လက်ကိုင်ဖုန်းတွေကို ဘောင်းဘီအိတ်ထောင်ထဲထည့်ယူသွားတာ၊အတွင်းခံအကျီထဲထည့်ယူသွားတာမျိုးကိုရှောင်ပါ။

ယောက်ျားလေးတွေအများစုဟာ လက်ကိုင်ဖုန်းကို ဘောင်းဘီအိတ်ထောင်ထဲထည့်လေ့ရှိပါတယ်။

လက်ကိုင်ဖုန်းကို ဘောင်းဘီအိတ်ထောင်ထဲထည့်တဲ့အခါ ရေရှည်မှာ လက်ကိုင်ဖုန်းကနေ ဓါတ်ရောင်ခြည်ဖြာထွက်မှုကြောင့် သုတ်ကောင်တွေသေနိုင်ပြီး မျိုးအောင်နိုင်စွမ်းကျဆင်းလာနိုင်ပါတယ်။

ဝိုင်ဖိုင်ဖွင့်ရက်တန်းလန်း၊အင်တာနက်သုံးရင်းတန်းလန်း၊ဂိမ်းဆော့ရင်းတန်းလန်းထည့်မိတဲ့အခါမျိုးတွေမှာဆိုရင် ဖုန်းကတအားပူနေပြီး ဓါတ်ရောင်ခြည်ဖြာထွက်နှုန်းဟာ ပိုမြင့်နိုင်တာကြောင့် ကြာရင် ဝှေးစေ့ကင်ဆာဖြစ်နိုင်ခြေပိုများနိုင်ပါတယ်။

တချို့အမျိုးသမီးတွေဆိုရင် အဝတ်အစားတွေကအိပ်ထောင်မပါတာမျိုးဝတ်တဲ့အခါ လက်ကိုင်ဖုန်းကို အတွင်းခံအကျီထဲထည့်ထားတာမျိုးလုပ်တတ်ကြပါတယ်။

အဲ့အခါ လက်ကိုင်ဖုန်းကနေ ဓါတ်ရောင်ခြည်ဖြာထွက်မှုကြောင့် ရေရှည်မှာ ရင်သားကင်ဆာဖြစ်နိုင်ခြေများလာနိုင်ပါတယ်။

ဒါကြောင့် လက်ကိုင်ဖုန်းတွေကို ဘောင်းဘီအိတ်ထဲထည့်တာ၊အတွင်းခံအကျီထဲထည့်တာမျိုးတွေကို ရှောင်ဖို့လိုပါတယ်။

လက်ကိုင်ဖုန်းတွေကို လက်ကိုင်ဖုန်းထည့်အိတ်လေးနဲ့ထည့်ပြီး အမျိုးသားတွေဆိုရင် အကျီအိတ်ထောင်ထဲထည့်တာ အမျိုးသမီးတွေဆိုရင် လက်ကိုင်အိတ်ထဲထည့်တာ ဘေးအကင်းဆုံးပါ။

၂။ လက်ကိုင်ဖုန်းတွေကို အိမ်သာ၊ရေချိုခန်းထဲယူသွားပြီးသုံးတာမျိုးကိုလည်းရှောင်ပါ။

အဘယ်ကြောင့်ဆိုသော အိမ်သာ၊ရေချိုးခန်းတွေထဲမှာ စိုထိုင်းဆများပြီး ဘက်တီးရီးယားတွေဟာ အရမ်းများတဲ့အတွက်ကြောင့်ပါ။အိမ်သာရေချိုးခန်းထဲလက်ကိုင်ဖုန်းယူသွားတဲ့အခါဖုန်းမှာ ဘက်တီးရီးယားတွေဟာ ကပ်ငြိပါလာကာ ဖုန်းပြောတဲ့အခါမှာ ဖုန်းမှာကပ်ပါလာတဲ့ဘက်တီးရီးယားပိုးတွေက လူကိုဝင်ရောက်ကူးစက်ပြီး နာမကျန်းဖြစ်စေနိုင်ပါတယ်။

၃။လက်ကိုင်ဖုန်းတွေကို ကားရပ်တဲ့အခါ ကားထဲထားခဲ့တာမျိုးတွေကိုရှောင်ပါ။

တချို့တွေက ကားရပ်ပြီး ဈေးဝယ်တာလုပ်တဲ့အခါမှာ ဖုန်းကို ကားထဲသတိမေ့ထားခဲ့တာ သို့မဟုတ် ယူသွားရမှာရှုပ်လို့ ကားဒက်ရှ်ဘုတ်ပေါ်တင်ထားခဲ့မိတာမျိုးဖြစ်တတ်ပါတယ်။

အဲ့အခါမှာ ကားကမှန်တွေအကုန်တင်ထားတဲ့အတွက် ကားထဲကအပူချိန်မြင့်တက်လာပြီး လက်ကိုင်ဖုန်းကလည်းအပူလွန်ကဲတတ်ပါတယ်။

အထူးသဖြင့် ကားရပ်ထားတာက နေရောင်ကျတဲ့နေရာဖြစ်နေပါက အပူလွန်ကဲပြီး ပေါက်ကွဲကာ ကားမီးလောင်တာမျိုးတွေပါဖြစ်နိုင်ပါတယ်။

၄။လက်ကိုင်ဖုန်းကို တညလုံးအားသွင်းလျက်တန်းလန်း ထားတာမျိုးကိုရှောင်ပါ။

တချို့သူတွေဟာ လက်ကိုင်ဖုန်းကို ညမှာအားသွင်းပြီး တညလုံးအားသွင်းကြိုးကိုမဖြုတ်ဘဲထားတာမျိုးရှိပါတယ်။

မေ့ပြီးအိပ်ပျော်သွားတာလည်းဖြစ်နိုင်သလို တချို့ကလည်း ကြာကြာသွင်းလေကြာကြာသုံးလို့ရလေလို့ထင်ပြီး ထားတာမျိုးလည်းရှိပါတယ်။

တကယ်တော့ ဘယ်အချိန်မှာအားသွင်းသွင်း ဖုန်းကို ၁၀၀ရာခိုင်နှုန်းပြည့်တဲ့ထိအားမသွင်းသင့်ပါ။၉၀ရာနှုန်းလောက်ပြည့်ပြီဆိုရင်ကို ဖြုတ်ထားသင့်တယ်လို့ လက်ကိုင်ဖုန်းကုမ္ပဏီတွေကပြောထားပါတယ်။

အားအပြည့်သွင်းရင် သို့မဟုတ် အားပြည့်သော်လည်း မဖြုတ်ဘဲထားပါက ဘက်ထရီခဏလေးနဲ့ပျက်စီးနိုင်ပါတယ်။ဒါ့အပြင် အပူလွန်ကဲပြီး ဖုန်းပေါက်ကွဲကာ မီးလောင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

၅။အားသွင်းရင်းတန်းလန်းနဲ့ဖုန်းပြောတာ၊ဂိမ်းဆော့တာ ဖုန်းဘထ္ထရီအရမ်းအားနည်းနေချိန်မှာ ဖုန်းပြောတာတွေကိုရှောင်ပါ။

အဲ့အချိန်တွေမှာဆိုရင် ဖုန်းအပူချိန်မြင့်တက်ပြီး ဓါတ်ရောင်ခြည်ဖြာထွက်မှုကလည်းများတဲ့အတွက် ကျန်းမာရေးအတွက် ဆိုးကျိုးတွေပိုဖြစ်နိုင်ပါတယ်။

၆။ဖုန်းကိုအိပ်ရာပေါ်ယူသွားပြီးမအိပ်ခင်ဖုန်းသုံးတာ၊ခေါင်းရင်းမှာထားအိပ်တာမျိုးတွေရှောင်ပါ။

အိပ်ခါနီးဖုန်းသုံးတဲ့အခါမှာ လက်ကိုင်ဖုန်းမျက်နှာပြင်ကထွက်တဲ့အပြာရောင်လှိုင်းတွေဟာ အိပ်ချင်စိတ်ကိုဖြစ်စေတဲ့ မယ်လတိုနင်ဟော်မုန်းထွက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။အဲ့အခါမှာ ကောင်းကောင်းအိပ်မပျော်တာ၊အိပ်ရေးမဝတာတွေဖြစ်နိုင်ပါတယ်။

ဒါ့အပြင်ဖုန်းကိုခေါင်းရင်းမှာထားအိပ်တဲ့အခါမှာလည်း ဖုန်းကထွက်တဲ့ ဓါတ်ရောင်ခြည်လှိုင်းတွေကြောင့် ကြာရင်ဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။

Dr 528