အရက်နာကျတာ မြန်မြန်သက်သာချင်ရင်

အရက္နာက်တာ ျမန္ျမန္သက္သာခ်င္ရင္

အရက္နာက်တယ္ဆိုတာဟာ အရက္အေသာက္လြန္ကာ အိပ္ေပ်ာ္သြားျပီးတဲ႔ေနာက္ ျပန္ထလာတဲ႔အခ်ိန္မွာ ေခါင္းကိုက္တာ၊ေခါင္းမၾကည္ျဖစ္တာ၊မစားခ်င္မေသာက္ခ်င္ျဖစ္တာ၊ပ်ိဳ႕အန္တာ၊အာေခါင္ေျခာက္သလိုေရငတ္သလိုျဖစ္ေနတာ၊နုံးခ်ိျပီးအားမရွိသလိုျဖစ္တာ၊မလႈပ္ခ်င္မကိုင္ခ်င္သလိုျဖစ္တာ၊ရင္ပူတာ အစရွိတဲ႔ေ၀ဒနာေတြကို ခံစားရျခင္းျဖစ္ပါတယ္။

အရက္နာက်ျခင္းဟာ အရက္အေသာက္လြန္မွျဖစ္တတ္တာမဟုတ္ပါ။ဘီယာ၊၀ိုင္၊ဘရန္ဒီ၊ရွန္ပိန္ အစရွိတဲ႔ အယ္လ္ကိုေဟာဓါတ္ပါတဲ႔အရည္ေတြကို အေသာက္လြန္တဲ႔အခါမွာလည္းျဖစ္ပါတယ္။

အရက္နာက်ျခင္းဟာ ဘယ္အခ်ိန္မွာေသာက္ေသာက္ အေသာက္လြန္ရင္ျဖစ္နိုင္ပါတယ္။အမ်ားအားျဖင္႔ေတာ႔ ညဘက္အေသာက္လြန္ျပီး ေနာက္ေန႔မနက္အထမွာျဖစ္ေလ႔ရွိပါတယ္။

အေသာက္လြန္ရင္ျဖစ္တယ္ဆိုေပမယ္႔ ပမာဏ ဘယ္ေလာက္မ်ားမ်ားေသာက္မိတဲ႔အခါျဖစ္မလဲေတာ႔ ေသခ်ာေျပာဖို႔မလြယ္ပါ။

လူတဦးခ်င္းစီရဲ႕ကိုယ္ခံအားအေပၚမွာလည္းမူတည္လို႔ပါ။အယ္လ္ကိုေဟာနဲ႔ဓါတ္မတည္႔တဲ႔သူေတြ၊အယ္လ္ကိုေဟာပါတာေတြ ကိုေသာက္ေလ႔ေသာက္ထမရွိတဲ႔သူေတြ၊ခုမွ အရက္၊ဘီယာ၊၀ိုင္ စတာေတြကို စေသာက္တဲ႔သူေတြဆိုရင္ ပမာဏ အနည္းငယ္ေလာက္ေသာက္ရံုျဖင္႔ အရက္နာက်ျခင္းေ၀ဒနာကို ခံစားရနိုင္ပါတယ္။

ဒါ႔အျပင္ အိပ္ေရးပ်က္တာမ်ားတဲ႔အခါ၊အစားအေသာက္ပ်က္ေနတဲ႔အခါ၊အစာမရွိဘဲအရက္ေသာက္တဲ႔အခါ၊ေခြ်းထြက္လြန္ျပီးေရနဲ႔ဓါတ္ဆားဆံုးရံႈးမႈမ်ားေနတဲ႔အခါမ်ိဳးေတြမွာဆိုရင္ အရက္၊ဘီယာ၊၀ိုင္ စတာေတြကို ပမာဏအနည္းငယ္မွ် ေသာက္မိရံုျဖင္႔ အရက္နာက်ျခင္းျဖစ္နိုင္ေျခပိုမ်ားပါတယ္။

အရက္နာက်ျခင္းျဖစ္ပါက တခ်ိဳ႕က အရက္အနည္းငယ္ထပ္ေသာက္ျခင္း(ေမာနင္းပက္)ျဖင္႔ ေျဖတတ္ၾကပါတယ္။

ဒါဟာမွားပါတယ္။ဒီနည္းဟာ အရက္နာက်တာကိုပိုဆိုးေစရံုသာမက ေရရွည္မွာဆိုရင္ အရက္စြဲျခင္းကိုပါျဖစ္ေစနိုင္ပါတယ္။

အရက္နာက်ပါက နိုးလာတဲ႔အခ်ိန္မွာ ေရမ်ားမ်ားေသာက္ပါ။အသီးေဖ်ာ္ရည္တခုခုေသာက္တာ အသီးတခုခု(ငွက္ေပ်ာသီး၊ဖရဲသီး)စားတာ လုပ္ပါ။ပ်ားရည္ကိုေရေႏြးနဲ႔ေဖ်ာ္ျပီးေသာက္ပါ။

လက္ဖက္ရည္၊ေကာ္ဖီ ေသာက္ျခင္းကိုေရွာင္ပါ။

ငါးေျခာက္ဟင္းခ်ိဳ သို႔မဟုတ္ ပဲပင္ေပါက္ဟင္းခ်ိဳခ်က္ေသာက္ပါ။

ေခါင္းကိုက္တာအတြက္က Ibuprofen 200mg တျပားေသာက္နိုင္ပါတယ္။

ရင္ပူတာအတြက္က Kremil S သို႔မဟုတ္ Siloxogen တျပား၀ါးစားပါ။

အခ်ိန္အတိုင္းအတာတခုထိ(အၾကမ္းအားျဖင္႔ တလၾကာသည္အထိ) အရက္ထပ္မေသာက္ပါနဲ႔။နားနားေနေန ေနပါ။အိပ္ေရး၀၀အိပ္ပါ။

ဒီလိုလုပ္လို႔မွ မသက္သာဘူး။ဆက္တိုက္အန္ေနတာ၊သတိလစ္တာ၊တက္တာေတြပါျဖစ္လာတယ္ဆိုရင္ေတာ႔ ေဆးရံုေဆးခန္းျပပါ။

အရက္နာက်ျခင္းျဖစ္နိုင္ေျခနည္းေအာင္ အရက္ေသာက္တဲ႔အခါ အစာတခုခုစားျပီးမွအရက္ေသာက္ပါ။အစာမရွိဘဲမေသာက္ပါနဲ႔။ေသာက္တဲ႔အခါမွာလည္း တခြက္ျပီးတခြက္ဆက္တိုက္မေသာက္ဘဲ တခြက္နဲ႔တခြက္ၾကားမွာ အျမည္းစားလိုက္ ေရေသာက္လိုက္ အခ်ိဳရည္ေသာက္လိုက္ လုပ္ပါ။

Dr 528

Unicode Version

အရက်နာကျတာ မြန်မြန်သက်သာချင်ရင်

အရက်နာကျတယ်ဆိုတာဟာ အရက်အသောက်လွန်ကာ အိပ်ပျော်သွားပြီးတဲ့နောက် ပြန်ထလာတဲ့အချိန်မှာ ခေါင်းကိုက်တာ၊ခေါင်းမကြည်ဖြစ်တာ၊မစားချင်မသောက်ချင်ဖြစ်တာ၊ပျို့အန်တာ၊အာခေါင်ခြောက်သလိုရေငတ်သလိုဖြစ်နေတာ၊နုံးချိပြီးအားမရှိသလိုဖြစ်တာ၊မလှုပ်ချင်မကိုင်ချင်သလိုဖြစ်တာ၊ရင်ပူတာ အစရှိတဲ့ဝေဒနာတွေကို ခံစားရခြင်းဖြစ်ပါတယ်။

အရက်နာကျခြင်းဟာ အရက်အသောက်လွန်မှဖြစ်တတ်တာမဟုတ်ပါ။ဘီယာ၊ဝိုင်၊ဘရန်ဒီ၊ရှန်ပိန် အစရှိတဲ့ အယ်လ်ကိုဟောဓါတ်ပါတဲ့အရည်တွေကို အသောက်လွန်တဲ့အခါမှာလည်းဖြစ်ပါတယ်။

အရက်နာကျခြင်းဟာ ဘယ်အချိန်မှာသောက်သောက် အသောက်လွန်ရင်ဖြစ်နိုင်ပါတယ်။အများအားဖြင့်တော့ ညဘက်အသောက်လွန်ပြီး နောက်နေ့မနက်အထမှာဖြစ်လေ့ရှိပါတယ်။

အသောက်လွန်ရင်ဖြစ်တယ်ဆိုပေမယ့် ပမာဏ ဘယ်လောက်များများသောက်မိတဲ့အခါဖြစ်မလဲတော့ သေချာပြောဖို့မလွယ်ပါ။

လူတဦးချင်းစီရဲ့ကိုယ်ခံအားအပေါ်မှာလည်းမူတည်လို့ပါ။အယ်လ်ကိုဟောနဲ့ဓါတ်မတည့်တဲ့သူတွေ၊အယ်လ်ကိုဟောပါတာတွေ ကိုသောက်လေ့သောက်ထမရှိတဲ့သူတွေ၊ခုမှ အရက်၊ဘီယာ၊ဝိုင် စတာတွေကို စသောက်တဲ့သူတွေဆိုရင် ပမာဏ အနည်းငယ်လောက်သောက်ရုံဖြင့် အရက်နာကျခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။

ဒါ့အပြင် အိပ်ရေးပျက်တာများတဲ့အခါ၊အစားအသောက်ပျက်နေတဲ့အခါ၊အစာမရှိဘဲအရက်သောက်တဲ့အခါ၊ချွေးထွက်လွန်ပြီးရေနဲ့ဓါတ်ဆားဆုံးရှုံးမှုများနေတဲ့အခါမျိုးတွေမှာဆိုရင် အရက်၊ဘီယာ၊ဝိုင် စတာတွေကို ပမာဏအနည်းငယ်မျှ သောက်မိရုံဖြင့် အရက်နာကျခြင်းဖြစ်နိုင်ခြေပိုများပါတယ်။

အရက်နာကျခြင်းဖြစ်ပါက တချို့က အရက်အနည်းငယ်ထပ်သောက်ခြင်း(မောနင်းပက်)ဖြင့် ဖြေတတ်ကြပါတယ်။

ဒါဟာမှားပါတယ်။ဒီနည်းဟာ အရက်နာကျတာကိုပိုဆိုးစေရုံသာမက ရေရှည်မှာဆိုရင် အရက်စွဲခြင်းကိုပါဖြစ်စေနိုင်ပါတယ်။

အရက်နာကျပါက နိုးလာတဲ့အချိန်မှာ ရေများများသောက်ပါ။အသီးဖျော်ရည်တခုခုသောက်တာ အသီးတခုခု(ငှက်ပျောသီး၊ဖရဲသီး)စားတာ လုပ်ပါ။ပျားရည်ကိုရေနွေးနဲ့ဖျော်ပြီးသောက်ပါ။

လက်ဖက်ရည်၊ကော်ဖီ သောက်ခြင်းကိုရှောင်ပါ။

ငါးခြောက်ဟင်းချို သို့မဟုတ် ပဲပင်ပေါက်ဟင်းချိုချက်သောက်ပါ။

ခေါင်းကိုက်တာအတွက်က Ibuprofen 200mg တပြားသောက်နိုင်ပါတယ်။

ရင်ပူတာအတွက်က Kremil S သို့မဟုတ် Siloxogen တပြားဝါးစားပါ။

အချိန်အတိုင်းအတာတခုထိ(အကြမ်းအားဖြင့် တလကြာသည်အထိ) အရက်ထပ်မသောက်ပါနဲ့။နားနားနေနေ နေပါ။အိပ်ရေး၀၀အိပ်ပါ။

ဒီလိုလုပ်လို့မှ မသက်သာဘူး။ဆက်တိုက်အန်နေတာ၊သတိလစ်တာ၊တက်တာတွေပါဖြစ်လာတယ်ဆိုရင်တော့ ဆေးရုံဆေးခန်းပြပါ။

အရက်နာကျခြင်းဖြစ်နိုင်ခြေနည်းအောင် အရက်သောက်တဲ့အခါ အစာတခုခုစားပြီးမှအရက်သောက်ပါ။အစာမရှိဘဲမသောက်ပါနဲ့။သောက်တဲ့အခါမှာလည်း တခွက်ပြီးတခွက်ဆက်တိုက်မသောက်ဘဲ တခွက်နဲ့တခွက်ကြားမှာ အမြည်းစားလိုက် ရေသောက်လိုက် အချိုရည်သောက်လိုက် လုပ်ပါ။

Dr 528