ကျန်းမာရေးအတွက် တရားထိုင်မယ်

က်န္းမာေရးအတြက္ တရားထိုင္မယ္

တရားထိုင္တယ္ဆိုတာကို အၾကမ္းအားျဖင့္ နားလည္သေလာက္ေျပာရရင္ စကၠန႔္နဲ႔အမွ် ပ်ံ႕လြင့္ေနတတ္တဲ့ စိတ္အာ႐ုံကို ပ်ံ႕လြင့္မႈနည္းေအာင္ တင္ပလင္ခ်ိတ္ ခါးကိုမတ္မတ္ထားကာ မ်က္လုံးမွိတ္ထားၿပီး ဝင္သက္ထြက္သက္အေပၚမွာ သတိအသိ ကပ္ထားျခင္းျဖင့္ ေလ့က်င့္ျခင္းျဖစ္ပါတယ္။

ဟိုးအရင္ေခတ္ေတြတုန္းကေတာ့ တရားထိုင္ျခင္းကို အေရွ႕တိုင္းသားေတြကပဲ အမ်ားအားျဖင့္ ဘာသာေရးအရ လုပ္ၾကပါတယ္။

အခုေနာက္ပိုင္းမွာ သိပၸံနည္းက် သုေတသနျပဳခ်က္ေတြအရ တရားထိုင္ျခင္းဟာ စိတ္ကိုသာမက ခႏၶာကိုယ္ က်န္းမာေရးအတြက္ပါ ေကာင္းက်ိဳးေပးႏိုင္တယ္ဆိုတာကို သိရွိလာတဲ့အတြက္ အေနာက္တိုင္းသားတခ်ိဳ႕ကပါ တရားထိုင္ျခင္းကို ျပဳလုပ္လာၾကပါတယ္။

တရားထိုင္ျခင္းကို ပုံမွန္လုပ္ျခင္းျဖင့္ ေရရွည္မွာရရွိႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

စိတ္ပိုင္းဆိုင္ရာအေနနဲ႔ဆိုရင္ ………

စိတ္အာ႐ုံပ်ံ႕လြင့္မႈ နည္းလာၿပီး စိတ္တည္ၿငိမ္ေအးခ်မ္းလာတဲ့အတြက္ စိတ္လႈပ္ရွားမႈမ်ားတာ၊ စိတ္ပူပန္မႈမ်ားတာေတြကို ေလ်ာ့ပါးသက္သာေစပါတယ္။

စိတ္ကို သက္ေသာင့္သက္သာရွိေစကာ စိတ္ခံစားမႈကိုေကာင္းေစတဲ့အတြက္ စိတ္ေပ်ာ္႐ႊင္ေက်နပ္မႈကို ခံစားရေစပါတယ္။

စိတ္ဓါတ္က်ျခင္းကိုေလ်ာ့ပါးသက္သာေစၿပီး မိမိကိုယ္မိမိ ယုံၾကည္မႈ ကိုတိုးလာေစပါတယ္။

စိတ္ဖိစီးမႈေတြကိုလည္း ခံႏိုင္ရည္ရွိလာကာ အလြယ္တကူ ေဒါသထြက္ျခင္းကိုလည္းထိန္းႏိုင္လာပါတယ္။

စိတ္အာ႐ုံစူးစိုက္မႈေကာင္းလာတဲ့အတြက္ တီထြင္ႀကံဆႏိုင္စြမ္း နဲ႔ ထိုးထြင္းသိျမင္ႏိုင္စြမ္းလည္း တိုးတက္လာပါတယ္။

႐ုပ္ပိုင္းဆိုင္ရာအေနနဲ႔ဆိုရင္လည္း………………

ေသြး၊ ေလ လည္ပတ္မႈကို ေကာင္းေစကာ ေသြးတိုးေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါျဖစ္ႏိုင္ေျခကို ကာကြယ္ေလွ်ာ့ခ်ေပးပါတယ္။

စိတ္ကေအးခ်မ္းတဲ့အတြက္ ညအိပ္ခ်ိန္မွာ ေကာင္းစြာအိပ္ေပ်ာ္ေစပါတယ္။

အိပ္ေရးဝၿပီးစိတ္ပူပင္မႈမမ်ားတဲ့အတြက္ တေနကုန္ေနရထိုင္ရတာ လန္းဆန္းတက္ႂကြေစပါတယ္။

စိတ္ဖိစီးမႈနည္းလာတဲ့အတြက္ စိတ္ပ်ိဳကိုယ္ႏုဆိုတဲ့ စကားအတိုင္း ႐ုပ္အဆင္းဟာလည္း ႏုပ်ိဳလာပါတယ္။

ႂကြက္သားေတြ တင္းၿပီးကိုက္ခဲေနတာ၊ အ႐ိုးအဆစ္ေတြနာက်င္ေနတာေတြကိုလည္း ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။

မွတ္ဉာဏ္နဲ႔ ကိုယ္ခံအားစနစ္ကိုလည္း ေကာင္းေစၿပီး အသက္ကိုလည္းရွည္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ အဆုံးသတ္အေနနဲ႔ အႀကံေပးရရင္ လူတိုင္းလူတိုင္း ညအိပ္ရာမဝင္ခင္မွာ တရားထိုင္ျခင္းကို နာရီဝက္ တနာရီေလာက္ လုပ္ၾကပါလို႔ အႀကံေပးတိုက္တြန္းခ်င္ပါတယ္။

တရားစစထိုင္တဲ့အခါမွာ က်င့္သားမရေသးတဲ့အတြက္ ၁၀ မိနစ္ ၁၅မိနစ္ေလာက္ပဲ ထိုင္ႏိုင္တာမ်ားပါတယ္။ ကိစၥမရွိပါ။ ထိုင္ႏိုင္သေလာက္ပဲထိုင္ပါ။ တျဖည္းျဖည္းနဲ႔ အခ်ိန္နည္းနည္း နည္းနည္း ပိုထိုင္ၾကည့္ပါ။ သိပ္မၾကာခင္မွာ နာရီဝက္၊တနာရီ ထိုင္ႏိုင္လာပါလိမ့္မယ္။

Dr 528

(Unicode Version)

ကျန်းမာရေးအတွက် တရားထိုင်မယ်

တရားထိုင်တယ်ဆိုတာကို အကြမ်းအားဖြင့် နားလည်သလောက်ပြောရရင် စက္ကန့်နဲ့အမျှ ပျံ့လွင့်နေတတ်တဲ့ စိတ်အာရုံကို ပျံ့လွင့်မှုနည်းအောင် တင်ပလင်ချိတ် ခါးကိုမတ်မတ်ထားကာ မျက်လုံးမှိတ်ထားပြီး ဝင်သက်ထွက်သက်အပေါ်မှာ သတိအသိ ကပ်ထားခြင်းဖြင့် လေ့ကျင့်ခြင်းဖြစ်ပါတယ်။

ဟိုးအရင်ခေတ်တွေတုန်းကတော့ တရားထိုင်ခြင်းကို အရှေ့တိုင်းသားတွေကပဲ အများအားဖြင့် ဘာသာရေးအရ လုပ်ကြပါတယ်။

အခုနောက်ပိုင်းမှာ သိပ္ပံနည်းကျ သုတေသနပြုချက်တွေအရ တရားထိုင်ခြင်းဟာ စိတ်ကိုသာမက ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါ ကောင်းကျိုးပေးနိုင်တယ်ဆိုတာကို သိရှိလာတဲ့အတွက် အနောက်တိုင်းသားတချို့ကပါ တရားထိုင်ခြင်းကို ပြုလုပ်လာကြပါတယ်။

တရားထိုင်ခြင်းကို ပုံမှန်လုပ်ခြင်းဖြင့် ရေရှည်မှာရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင် ………

စိတ်အာရုံပျံ့လွင့်မှု နည်းလာပြီး စိတ်တည်ငြိမ်အေးချမ်းလာတဲ့အတွက် စိတ်လှုပ်ရှားမှုများတာ၊ စိတ်ပူပန်မှုများတာတွေကို လျော့ပါးသက်သာစေပါတယ်။

စိတ်ကို သက်သောင့်သက်သာရှိစေကာ စိတ်ခံစားမှုကိုကောင်းစေတဲ့အတွက် စိတ်ပျော်ရွှင်ကျေနပ်မှုကို ခံစားရစေပါတယ်။

စိတ်ဓါတ်ကျခြင်းကိုလျော့ပါးသက်သာစေပြီး မိမိကိုယ်မိမိ ယုံကြည်မှု ကိုတိုးလာစေပါတယ်။

စိတ်ဖိစီးမှုတွေကိုလည်း ခံနိုင်ရည်ရှိလာကာ အလွယ်တကူ ဒေါသထွက်ခြင်းကိုလည်းထိန်းနိုင်လာပါတယ်။

စိတ်အာရုံစူးစိုက်မှုကောင်းလာတဲ့အတွက် တီထွင်ကြံဆနိုင်စွမ်း နဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းလည်း တိုးတက်လာပါတယ်။

ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်လည်း………………

သွေး၊ လေ လည်ပတ်မှုကို ကောင်းစေကာ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကို ကာကွယ်လျှော့ချပေးပါတယ်။

စိတ်ကအေးချမ်းတဲ့အတွက် ညအိပ်ချိန်မှာ ကောင်းစွာအိပ်ပျော်စေပါတယ်။

အိပ်ရေးဝပြီးစိတ်ပူပင်မှုမများတဲ့အတွက် တနေကုန်နေရထိုင်ရတာ လန်းဆန်းတက်ကြွစေပါတယ်။

စိတ်ဖိစီးမှုနည်းလာတဲ့အတွက် စိတ်ပျိုကိုယ်နုဆိုတဲ့ စကားအတိုင်း ရုပ်အဆင်းဟာလည်း နုပျိုလာပါတယ်။

ကြွက်သားတွေ တင်းပြီးကိုက်ခဲနေတာ၊ အရိုးအဆစ်တွေနာကျင်နေတာတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။

မှတ်ဉာဏ်နဲ့ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပြီး အသက်ကိုလည်းရှည်စေနိုင်ပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးရရင် လူတိုင်းလူတိုင်း ညအိပ်ရာမဝင်ခင်မှာ တရားထိုင်ခြင်းကို နာရီဝက် တနာရီလောက် လုပ်ကြပါလို့ အကြံပေးတိုက်တွန်းချင်ပါတယ်။

တရားစစထိုင်တဲ့အခါမှာ ကျင့်သားမရသေးတဲ့အတွက် ၁၀ မိနစ် ၁၅မိနစ်လောက်ပဲ ထိုင်နိုင်တာများပါတယ်။ ကိစ္စမရှိပါ။ ထိုင်နိုင်သလောက်ပဲထိုင်ပါ။ တဖြည်းဖြည်းနဲ့ အချိန်နည်းနည်း နည်းနည်း ပိုထိုင်ကြည့်ပါ။ သိပ်မကြာခင်မှာ နာရီဝက်၊တနာရီ ထိုင်နိုင်လာပါလိမ့်မယ်။

Dr 528