ခဏခဏမောနေရင် ဖတ်ကိုဖတ်ရမဲ့စာ

ခဏခဏေမာေနရင္ ဖတ္ကိုုဖတ္ရမဲ့စာ

တခ်ိန္လုံးေမာပန္းႏြမ္းနယ္သလို ခံစားေနရတယ္ဆိုရင္ ဒီေဆာင္းပါးေလးကို အခ်ိန္ခဏေပးၿပီး ဖတ္ၾကည့္ပါ။ဒီေဆာင္းပါးမွာ ေမာပန္းႏြမ္းနယ္ျခင္းကိုျဖစ္ေစတဲ့အဓိကအေၾကာင္းရင္းေတြရယ္  သက္သာေျပေပ်ာက္ေစမဲ့နည္းလမ္းေတြရယ္ကို ေျပာျပေပးသြားပါမယ္။
ေမာပန္းႏြမ္းနယ္ျခင္းဟာ သင့္ကို ေကာင္းေကာင္းဒုကၡေပးႏိုင္ပါတယ္။အေမရိကန္မွာ ျပဳလုပ္ခဲ့တဲ့စစ္တမ္းေတြအရ လစဥ္ လစဥ္အ႐ြယ္ေရာက္ၿပီးသား ယာဥ္ေမာင္း ၂၅ ေယာက္အနက္ တစ္ေယာက္ဟာ ေမာပန္းႏြမ္းနယ္မႈေၾကာင့္ ကားေမာင္းေနရင္း အိပ္ေပ်ာ္သြားတတ္ၾကတယ္လို႔ သိရပါတယ္။တစ္ႏွစ္တစ္ႏွစ္ကို အိပ္ငိုက္ၿပီးကားေမာင္းလို႔ျဖစ္ရတဲ့ ယာဥ္တိုက္မႈေပါင္း ၇၂၀၀၀ ခန႔္ရွိၿပီး ၄၄၀၀၀ေလာက္ ထိခိုက္ဒဏ္ရာရၾကပါတယ္။
ေမာပန္းႏြမ္းနယ္တယ္ဆိုတာ လူေတာ္ေတာ္မ်ားမ်ား ျဖစ္ဖူးတဲ့ ျဖစ္တတ္တဲ့ လကၡဏာတစ္ခုပါပဲ။ညဘက္ထြက္တာေနာက္က်တာမ်ိဳး သိပ္ႀကိဳက္တဲ့႐ုပ္ရွင္ဇာတ္လမ္းတြဲကို မိုးလင္းတဲ့ထိထိုင္ၾကည့္မိတာမ်ိဳး ဒါမွမဟုတ္ အလုပ္မွာ အခ်ိန္ပိုေတြဆင္းရတာမ်ိဳးအေျခအေနေတြမွာ ေမာပန္းႏြမ္းနယ္တတ္ၾကပါတယ္။တခါတေလၾကျပန္ေတာ့လည္း ဘာေၾကာင့္ ေမာလို႔ေမာမွန္းမသိေအာင္ ေမာေနတာမ်ိဳးလည္း ႀကဳံေတြ႕ရႏိုင္ပါတယ္။ဒါေၾကာင့္မို႔ သင္ဘာေၾကာင့္ ခဏခဏေမာပန္းႏြမ္းနယ္ေနရတယ္ဆိုတာရဲ႕ အေၾကာင္းအရင္းတခ်ိဳ႕ရယ္ ဘယ္လိုအင္အားျပန္လည္ျဖည့္တင္းသင့္တယ္ဆိုတာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။အိပ္ေရးပ်က္ျခင္း

ပင္ပန္းႏြမ္းနယ္မႈအမ်ားစုမွာ အဓိကစဥ္းစားရမဲ့အခ်က္ကေတာ့ အိပ္ေရးပ်က္ထားသလား ဆိုတာပါပဲ။အသက္ ၁၈ နဲ႔ ၆၀ အၾကား လူေတြအတြက္ တေန႔က္ု ၇ နာရီနဲ႔အထက္ အိပ္စက္ရဖို႔ လိုအပ္ပါတယ္။ညစဥ္ရက္ဆက္ လုံေလာက္တဲ့အိပ္စက္ခ်ိန္မရရွိျခင္းဟာ ေမာပန္းႏြမ္းနယ္မႈကို ျဖစ္ေစယုံသာမက မေတာ္တဆမႈေတြျဖစ္ဖို႔ အႏၲရာယ္လည္းမ်ားပါတယ္။ဒါ့အျပင္ ဒီ့ထက္ဆိုးဝါးတဲ့က်န္းမာေရးျပႆနာေတြလည္း ႀကဳံရႏိုင္ပါေသးတယ္။ဒါေတြကေတာ့ အဝလြန္ျခင္း ေသြးတိုးျခင္း စိတ္က်ေရာဂါခံစားရျခင္း ႏွလုံးေရာဂါျဖစ္ႏိုင္ျခင္း နဲ႔  ေလျဖတ္ႏိုင္ျခင္းတို႔ပဲျဖစ္ပါတယ္။
တကယ္လို႔ သင့္အေနနဲ႔ တညကို ၇ နာရီေလာက္ အိပ္ရဖို႔ကို ခက္ခဲေနတယ္ ဒါမွမဟုတ္ အိပ္မေပ်ာ္ဘူးျဖစ္ေနတယ္ဆိုရင္ အခုေျပာျပတဲ့နည္းလမ္းေတြကို က်င့္သုံးၾကည့္ဖို႔ အႀကံေပးလိုပါတယ္။ဒါေတြကေတာ့

၁)ပုံမွန္အိပ္ရာဝင္ခ်ိန္ ပုံမွန္အိပ္ရာထခ်ိန္ သတ္မွတ္ပါ။
၂)ေန႔လည္ေန႔ခင္း ခဏခဏ အိပ္စက္ျခင္းကို ေရွာင္ၾကဥ္ပါ။
၃)သင့္အိပ္ခန္းဟာ တိတ္ဆိတ္ၿပီး အလင္းအရမ္းမဝင္ရင္ေကာင္းပါတယ္။ပူေလာင္အိုက္စပ္မေနဖို႔လည္း အေရးႀကီးပါတယ္။
၄)ေကာ္ဖီေတြ လက္ဘက္ရည္ေတြ အရမ္းမေသာက္ပါနဲ႔။
၅)မအိပ္ခင္ ေဆးလိပ္ေသာက္ျခင္း အရက္ေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။

၂။အာဟာရညီၫြတ္မွ်တမႈမရွိျခင္း

ေမာပန္းႏြမ္းနယ္ျခင္းဟာ အာဟာရညီၫြတ္မွ်တမႈ မရွိတာနဲ႔လည္း အမ်ားႀကီးသက္ဆိုင္ပါတယ္။က်န္းမာေရးနဲ႔ညီၫြတ္ဖို႔ လိုအပ္တဲ့အာဟာရေတြရရွိဖို႔နဲ႔ ပင္ပန္းႏြမ္းနယ္မႈေတြကို ေျပေပ်ာက္ေစဖို႔ အဓိကစားရမဲ့ အစာအုပ္စု ငါးမ်ိဳး ရွိပါတယ္။ဒါေတြကေတာ့ (1) သစ္သီးေတြ (2) ဟင္းသီးဟင္း႐ြက္ေတြ (3) ေျပာင္းဆန္လိုအေစ့အဆန္ေတြ (4) အသားဓာတ္ နဲ႔ (5) ႏို႔ထြက္ပစၥည္းေတြပဲ ျဖစ္ပါတယ္။အာဟာရျပည့္ေအာင္ လြယ္လြယ္ကူကူစားလို႔ရႏိုင္မဲ့ နည္းလမ္းေတြကေတာ့

၁)အစားအစာကို အရမ္းမမ်ားလြန္း မနည္းလြန္းတဲ့ ပမာဏသာ စားပါ။
၂)သစ္သီးနဲ႔ဟင္းသီးဟင္း႐ြက္ေတြ ေန႔စဥ္စားပါ။
၃)အဆီေလ်ာ့စားပါ။
၄)အခ်ိဳဓာတ္မ်ားတဲ့အစားအစာေတြ ေလ်ာ့ခ်ပါ။
၅)မနက္စာေန႔တိုင္းစားျဖစ္ေအာင္ စားပါ။
၆)အစာစားတဲ့အခ်ိန္ ပုံမွန္ထားပါ။
၇)ေရမ်ားမ်ားေသာက္ပါ။

၃။ကိုယ္လက္လႈပ္ရွားမႈ မရွိျခင္း

ပင္ပန္းႏြမ္းနယ္ေနတဲ့အခ်ိန္ဆို ဆိုဖာေပၚမွာ ေျခပစ္လက္ပစ္ထိုင္ၿပီး နားပစ္လိုက္တာမ်ိဳး  လွဲအိပ္ပစ္လိုက္တာမ်ိဳးကသာ အေကာင္းဆုံးလို႔ ထင္ၾကပါလိမ့္မယ္။ဒါေပမဲ့ ကိုယ္လက္လႈပ္ရွားမႈတစ္ခုခုလုပ္လိုက္တာမ်ိဳးကလည္း ပင္ပန္းႏြမ္းနယ္မႈကို ေျပေပ်ာက္ေစႏိုင္တယ္ဆိုတာလည္း သိထားဖို႔လိုအပ္ပါတယ္။ဒါေၾကာင့္ တေန႔ကို အနည္းဆုံး ၁၅ မိနစ္ေလာက္ထိ ေလ့က်င့္ခန္းပုံမွန္ေလး လုပ္ေပးႏိုင္ရင္ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။

၄။စိတ္ဖိစီးမႈမ်ားလြန္းျခင္း

အလုပ္ေၾကာင့္ စီးပြားေရးျပႆနာေၾကာင့္ မိသားစုကိစၥေတြေၾကာင့္ အစရွိတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ဖိစီးမႈေတြ ခံစားရႏိုင္ပါတယ္။အခ်ိန္အၾကာႀကီး အလြန္အကြၽံစိတ္ဖိစီးမႈေတြ ရင္ဆိုင္ေနရရင္ေတာ့ စိတ္ေရာကိုယ္ပါ ပင္ပန္းႏြမ္းနယ္မႈေတြ ခံစားရၿပီး မက်န္းမမာျဖစ္ႏိုင္ပါတယ္။

စိတ္ဖိစီးမႈကင္းေဝးေအာင္လုပ္ႏိုင္တဲ့အရာေတြကေတာ့

၁)ဘာေၾကာင့္စိတ္ဖိစီးရသလဲကို သိေအာင္လုပ္ပါ
၂)မတတ္ႏိုင္တာ မလုပ္ႏိုင္တာေတြကို ျငင္းဖို႔ အားမနာပါနဲ႔
၃)စိတ္ဒုကၡေပးမဲ့သူေတြကိုေရွာင္ပါ
၄)မေျပာင္းလဲႏိုင္တဲ့အရာေတြကို လက္ခံပါ
၅)ခြင့္လႊတ္တတ္တဲ့အက်င့္ေမြးပါ

၅။ေရာဂါမ်ား

တကယ္လို႔ အထက္ပါအခ်က္မ်ားေၾကာင့္ မဟုတ္ပဲ
တခ်ိန္လုံးေမာေနခဲ့ၿပီဆိုရင္ေတာ့ ေရာဂါအခံတခုခုေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ေမာပန္းျခင္းကို ျဖစ္ေစတဲ့ေရာဂါေတြကေတာ့

၁)ေသြးအားနည္းျခင္း
၂)လည္ပင္းႀကီးေရာဂါ
၃)ဆီးခ်ိဳ
၄)စိတ္က်ေရာဂါ
၅)ဆီးပိုးဝင္ျခင္း
၆)ႏွလုံးေရာဂါ  တို႔ပဲ ျဖစ္ပါတယ္။

ဒါေတြေၾကာင့္ ေမာေနတယ္ဆိုတာကိုေတာ့ ေဆး႐ုံေဆးခန္းမွာ စမ္းသပ္မႈခံယူမွသာ သိႏိုင္မွာျဖစ္ၿပီး ေဆး႐ုံေဆးခန္းမွာပဲ ကုသမႈခံယူဖို႔ လိုအပ္ပါလိမ့္မယ္လို႔ အသိေပးလိုက္ရပါတယ္။

Dr.လန္း

Unicode Version

ခဏခဏမောနေရင် ဖတ်ကိုဖတ်ရမဲ့စာ

တချိန်လုံးမောပန်းနွမ်းနယ်သလို ခံစားနေရတယ်ဆိုရင် ဒီဆောင်းပါးလေးကို အချိန်ခဏပေးပြီး ဖတ်ကြည့်ပါ။ဒီဆောင်းပါးမှာ မောပန်းနွမ်းနယ်ခြင်းကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေရယ်  သက်သာပြေပျောက်စေမဲ့နည်းလမ်းတွေရယ်ကို ပြောပြပေးသွားပါမယ်။
မောပန်းနွမ်းနယ်ခြင်းဟာ သင့်ကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရ လစဉ် လစဉ်အရွယ်ရောက်ပြီးသား ယာဉ်မောင်း ၂၅ ယောက်အနက် တစ်ယောက်ဟာ မောပန်းနွမ်းနယ်မှုကြောင့် ကားမောင်းနေရင်း အိပ်ပျော်သွားတတ်ကြတယ်လို့ သိရပါတယ်။တစ်နှစ်တစ်နှစ်ကို အိပ်ငိုက်ပြီးကားမောင်းလို့ဖြစ်ရတဲ့ ယာဉ်တိုက်မှုပေါင်း ၇၂၀၀၀ ခန့်ရှိပြီး ၄၄၀၀၀လောက် ထိခိုက်ဒဏ်ရာရကြပါတယ်။
မောပန်းနွမ်းနယ်တယ်ဆိုတာ လူတော်တော်များများ ဖြစ်ဖူးတဲ့ ဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပါပဲ။ညဘက်ထွက်တာနောက်ကျတာမျိုး သိပ်ကြိုက်တဲ့ရုပ်ရှင်ဇာတ်လမ်းတွဲကို မိုးလင်းတဲ့ထိထိုင်ကြည့်မိတာမျိုး ဒါမှမဟုတ် အလုပ်မှာ အချိန်ပိုတွေဆင်းရတာမျိုးအခြေအနေတွေမှာ မောပန်းနွမ်းနယ်တတ်ကြပါတယ်။တခါတလေကြပြန်တော့လည်း ဘာကြောင့် မောလို့မောမှန်းမသိအောင် မောနေတာမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။ဒါကြောင့်မို့ သင်ဘာကြောင့် ခဏခဏမောပန်းနွမ်းနယ်နေရတယ်ဆိုတာရဲ့ အကြောင်းအရင်းတချို့ရယ် ဘယ်လိုအင်အားပြန်လည်ဖြည့်တင်းသင့်တယ်ဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။အိပ်ရေးပျက်ခြင်း

ပင်ပန်းနွမ်းနယ်မှုအများစုမှာ အဓိကစဉ်းစားရမဲ့အချက်ကတော့ အိပ်ရေးပျက်ထားသလား ဆိုတာပါပဲ။အသက် ၁၈ နဲ့ ၆၀ အကြား လူတွေအတွက် တနေ့က်ု ၇ နာရီနဲ့အထက် အိပ်စက်ရဖို့ လိုအပ်ပါတယ်။ညစဉ်ရက်ဆက် လုံလောက်တဲ့အိပ်စက်ချိန်မရရှိခြင်းဟာ မောပန်းနွမ်းနယ်မှုကို ဖြစ်စေယုံသာမက မတော်တဆမှုတွေဖြစ်ဖို့ အန္တရာယ်လည်းများပါတယ်။ဒါ့အပြင် ဒီ့ထက်ဆိုးဝါးတဲ့ကျန်းမာရေးပြဿနာတွေလည်း ကြုံရနိုင်ပါသေးတယ်။ဒါတွေကတော့ အဝလွန်ခြင်း သွေးတိုးခြင်း စိတ်ကျရောဂါခံစားရခြင်း နှလုံးရောဂါဖြစ်နိုင်ခြင်း နဲ့  လေဖြတ်နိုင်ခြင်းတို့ပဲဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ တညကို ၇ နာရီလောက် အိပ်ရဖို့ကို ခက်ခဲနေတယ် ဒါမှမဟုတ် အိပ်မပျော်ဘူးဖြစ်နေတယ်ဆိုရင် အခုပြောပြတဲ့နည်းလမ်းတွေကို ကျင့်သုံးကြည့်ဖို့ အကြံပေးလိုပါတယ်။ဒါတွေကတော့

၁)ပုံမှန်အိပ်ရာဝင်ချိန် ပုံမှန်အိပ်ရာထချိန် သတ်မှတ်ပါ။
၂)နေ့လည်နေ့ခင်း ခဏခဏ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ။
၃)သင့်အိပ်ခန်းဟာ တိတ်ဆိတ်ပြီး အလင်းအရမ်းမဝင်ရင်ကောင်းပါတယ်။ပူလောင်အိုက်စပ်မနေဖို့လည်း အရေးကြီးပါတယ်။
၄)ကော်ဖီတွေ လက်ဘက်ရည်တွေ အရမ်းမသောက်ပါနဲ့။
၅)မအိပ်ခင် ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

၂။အာဟာရညီညွတ်မျှတမှုမရှိခြင်း

မောပန်းနွမ်းနယ်ခြင်းဟာ အာဟာရညီညွတ်မျှတမှု မရှိတာနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်ဖို့ လိုအပ်တဲ့အာဟာရတွေရရှိဖို့နဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေဖို့ အဓိကစားရမဲ့ အစာအုပ်စု ငါးမျိုး ရှိပါတယ်။ဒါတွေကတော့ (1) သစ်သီးတွေ (2) ဟင်းသီးဟင်းရွက်တွေ (3) ပြောင်းဆန်လိုအစေ့အဆန်တွေ (4) အသားဓာတ် နဲ့ (5) နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။အာဟာရပြည့်အောင် လွယ်လွယ်ကူကူစားလို့ရနိုင်မဲ့ နည်းလမ်းတွေကတော့

၁)အစားအစာကို အရမ်းမများလွန်း မနည်းလွန်းတဲ့ ပမာဏသာ စားပါ။
၂)သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ နေ့စဉ်စားပါ။
၃)အဆီလျော့စားပါ။
၄)အချိုဓာတ်များတဲ့အစားအစာတွေ လျော့ချပါ။
၅)မနက်စာနေ့တိုင်းစားဖြစ်အောင် စားပါ။
၆)အစာစားတဲ့အချိန် ပုံမှန်ထားပါ။
၇)ရေများများသောက်ပါ။

၃။ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း

ပင်ပန်းနွမ်းနယ်နေတဲ့အချိန်ဆို ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ပြီး နားပစ်လိုက်တာမျိုး  လှဲအိပ်ပစ်လိုက်တာမျိုးကသာ အကောင်းဆုံးလို့ ထင်ကြပါလိမ့်မယ်။ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်တာမျိုးကလည်း ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်တယ်ဆိုတာလည်း သိထားဖို့လိုအပ်ပါတယ်။ဒါကြောင့် တနေ့ကို အနည်းဆုံး ၁၅ မိနစ်လောက်ထိ လေ့ကျင့်ခန်းပုံမှန်လေး လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၄။စိတ်ဖိစီးမှုများလွန်းခြင်း

အလုပ်ကြောင့် စီးပွားရေးပြဿနာကြောင့် မိသားစုကိစ္စတွေကြောင့် အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ ခံစားရနိုင်ပါတယ်။အချိန်အကြာကြီး အလွန်အကျွံစိတ်ဖိစီးမှုတွေ ရင်ဆိုင်နေရရင်တော့ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုတွေ ခံစားရပြီး မကျန်းမမာဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးမှုကင်းဝေးအောင်လုပ်နိုင်တဲ့အရာတွေကတော့

၁)ဘာကြောင့်စိတ်ဖိစီးရသလဲကို သိအောင်လုပ်ပါ
၂)မတတ်နိုင်တာ မလုပ်နိုင်တာတွေကို ငြင်းဖို့ အားမနာပါနဲ့
၃)စိတ်ဒုက္ခပေးမဲ့သူတွေကိုရှောင်ပါ
၄)မပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံပါ
၅)ခွင့်လွှတ်တတ်တဲ့အကျင့်မွေးပါ

၅။ရောဂါများ

တကယ်လို့ အထက်ပါအချက်များကြောင့် မဟုတ်ပဲ
တချိန်လုံးမောနေခဲ့ပြီဆိုရင်တော့ ရောဂါအခံတခုခုကြောင့် ဖြစ်နိုင်ပါတယ်။မောပန်းခြင်းကို ဖြစ်စေတဲ့ရောဂါတွေကတော့

၁)သွေးအားနည်းခြင်း
၂)လည်ပင်းကြီးရောဂါ
၃)ဆီးချို
၄)စိတ်ကျရောဂါ
၅)ဆီးပိုးဝင်ခြင်း
၆)နှလုံးရောဂါ  တို့ပဲ ဖြစ်ပါတယ်။

ဒါတွေကြောင့် မောနေတယ်ဆိုတာကိုတော့ ဆေးရုံဆေးခန်းမှာ စမ်းသပ်မှုခံယူမှသာ သိနိုင်မှာဖြစ်ပြီး ဆေးရုံဆေးခန်းမှာပဲ ကုသမှုခံယူဖို့ လိုအပ်ပါလိမ့်မယ်လို့ အသိပေးလိုက်ရပါတယ်။

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image