ကြက်ဥတစ်နေ့တစ်လုံးနှင့်ဦးနှောက်သွေးကြောပြတ်ခြင်း

ၾကက္ဥတစ္ေန႕တစ္လံုးနွင့္ဦးေနွာက္ေသြးေၾကာျပတ္ျခင္း
ၾကက္ဥရဲ႕အနွစ္မွာ ကိုလက္စထေရာလို႔ေခၚတဲ့အဆီဓာတ္အမ်ားၾကီးပါဝင္ပါတယ္။ဒီ ကိုလက္စထေရာဟာ က်န္းမာေရးအတြက္မေကာင္းဘူးဆိုတာကို ေတာ္ေတာ္မ်ားမ်ားသိရိွထားၾကပါလိမ့္မယ္။အထူးသျဖင့္နွလံုးေသြးေၾကာဆိုင္ရာျပႆနာေတြျဖစ္နိုင္တယ္ဆိုျပီးေတာ့ေပါ့။တကယ္ေတာ့ ၾကက္ဥမွာ ကိုလက္စထေရာပဲပါတာမဟုတ္ပါဘူး။လူကိုအက်ိဳးျပဳတဲ့ ပရိုတိန္း ဗီတာမင္စတဲ့ဓာတ္ေတြလည္း ပါဝင္ပါတယ္။ဒါ့အျပင္ ဒီနွစ္အတြင္းမွာျပဳလုပ္ခဲ့တဲ့ေလ့လာဆန္းစစ္ခ်က္ေတြအရ ၾကက္ဥ နဲ႔ နွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြ( ဥပမာ ေလျဖတ္ျခင္း ဦးေနွာက္ေသြးေၾကာေပါက္ျခင္း)ဟာ ဘာစပ္ဆက္မႈမွ မရိွဘူးလို႔ဆိုပါတယ္။
၂၀၁၃ ခုနွစ္ေလာက္က ေလ့လာမႈတခုမွာ ၾကက္ဥတေန႔တလံုးစားယံုနဲ႔ ႏွလံုးေသြးေၾကာဆိုင္ရာျပႆနာေတြ ျဖစ္နိုင္ေခ်မျမင့္တက္ေစဘူးလို႔ ဆိုခဲ့ပါတယ္။ဒီနွစ္အေစာပိုင္းက American Journal of Clinical Nutrition မွာ ေဖာ္ျပခဲ့တဲ့စာတမ္းတခုမွာေတာ့ တစ္ပတ္ကို ၾကက္ဥ၁၂ လံုးစားလည္း ဒီေရာဂါေတြျဖစ္နိုင္ေခ်မျမင့္မားေစဘူးလို႔ ပါဝင္ပါတယ္။အဲ့ဒါေတြထက္ ထူးျခားတာကေတာ့ ခုေနာက္ဆံုးတရုတ္နိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့သုေတသနပါပဲ။တကယ္ေတာ့ ၂၀၀၄ ခုနွစ္ကတည္းက စခဲ့တယ္လို႔ ေျပာရပါမယ္။ဒီလိုပါ။
၂၀၀၄ ကေန ၂၀၀၈ အထိအတြင္း လူအေယာက္ေပါင္း ၄ သိန္းေက်ာ္ကို စာရင္းျပဳစုခဲ့ပါတယ္။သူတို႔အားလံုးက နွလံုးေသြးတိုးဆီးခိိ်ဳစတာေတြ ကင္းစင္တဲ့သူေတြပါ။သူတို႔ကို ၾကက္ဥစားတဲ့ႏႈန္းေတြကို ေမးၾကည့္ပါတယ္။၁၃ ရာခိုင္ႏႈန္းေက်ာ္ေက်ာ္က ေန႔တိုင္းစားျပီး  ၉ ရာခိုင္ႏႈန္းေလာက္က တစ္ခါတစ္ေလ ဒါမွမဟုတ္ လံုးဝမစားသူမ်ားျဖစ္ပါတယ္။ဒီေနာက္မွာေတာ့ ကိုးနွစ္နီးပါးေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။အဲဒီ ကိုးနွစ္အတြင္းမွာ အဆိုပါလူေလးသိန္းထဲက ရွစ္္ေသာင္းနီးပါးေလာက္ဟာ နွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြခံစားၾကရျပီး တစ္ေသာင္းေလာက္ အဆိုပါေရာဂါေတြနဲ႔ ေသပါတယ္။ဒီအထဲမွာ ၾကက္ဥပံုမွန္စားသံုးသူေတြ ပါဝင္မႈအေတာ္နည္းတာေတြ႔ရပါတယ္။ဒါေၾကာင့္ သုေတသီေတြက တြက္ခ်က္မႈေတြျပဳလုပ္ျပီး  ဒီလိုေကာက္ခ်က္ခ်ခဲ့ပါတယ္။
” တေန႔ကို ၾကက္ဥတစ္လံုးစားေပးျခင္းဟာ ဦးေနွာက္ေသြးေၾကာေပါက္မႈၿဖစ္နိုင္ေခ်ကို ၂၆ ရာခိုင္ႏႈန္းအထိ ေလ်ာ့ခ်ေပးနိုင္ပါတယ္။ဦးေနွာက္ေသြးေၾကာျပတ္ျခင္းေၾကာင့္ ေသဆံုးမႈေတြကိုလည္း ၂၈ ရာခိုင္ႏႈန္းအထိ ေလ်ာ့ခ်ေပးနိုင္ပါသတဲ့။”
ေန႔စဥ္ၾကက္ဥစားသူေတြဟာ မစားတဲ့သူေတြထက္ပိုျပီးေတာ့ နွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြျဖစ္နိုင္ေခ် နည္းပါးပါတယ္လို႔ ဒီသုေတသနကဆိုပါတယ္။ဒါေပမဲ့ ကိန္းဂဏန္းေတြအရေလ့လာေစာင့္ၾကည့္မႈမ်ိဳး (Observational Study) ျဖစ္တာေၾကာင့္ ၾကက္ဥတလံုးေန႔စဥ္စားယံုနဲ႔ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါျဖစ္ပြားမႈေတြကို ဘယ္လိုေလ်ာ့က်ေစသလဲဆိုတာအတြက္ေတာ့ အေျဖမရိွေသးပါဘူး။ေလ့လာမႈေတြေတာ့ ဆက္လုပ္ဖို႔ လိုအပ္ပါဦးမယ္။
Reference: Medical News Today
Dr.KG
Unicode Version

ကြက်ဥတစ်နေ့တစ်လုံးနှင့်ဦးနှောက်သွေးကြောပြတ်ခြင်း

ကြက်ဥရဲ့အနှစ်မှာ ကိုလက်စထရောလို့ခေါ်တဲ့အဆီဓာတ်အများကြီးပါဝင်ပါတယ်။ဒီ ကိုလက်စထရောဟာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာကို တော်တော်များများသိရှိထားကြပါလိမ့်မယ်။အထူးသဖြင့်နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နိုင်တယ်ဆိုပြီးတော့ပေါ့။တကယ်တော့ ကြက်ဥမှာ ကိုလက်စထရောပဲပါတာမဟုတ်ပါဘူး။လူကိုအကျိုးပြုတဲ့ ပရိုတိန်း ဗီတာမင်စတဲ့ဓာတ်တွေလည်း ပါဝင်ပါတယ်။ဒါ့အပြင် ဒီနှစ်အတွင်းမှာပြုလုပ်ခဲ့တဲ့လေ့လာဆန်းစစ်ချက်တွေအရ ကြက်ဥ နဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ( ဥပမာ လေဖြတ်ခြင်း ဦးနှောက်သွေးကြောပေါက်ခြင်း)ဟာ ဘာစပ်ဆက်မှုမှ မရှိဘူးလို့ဆိုပါတယ်။

၂၀၁၃ ခုနှစ်လောက်က လေ့လာမှုတခုမှာ ကြက်ဥတနေ့တလုံးစားယုံနဲ့ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ချေမမြင့်တက်စေဘူးလို့ ဆိုခဲ့ပါတယ်။ဒီနှစ်အစောပိုင်းက American Journal of Clinical Nutrition မှာ ဖော်ပြခဲ့တဲ့စာတမ်းတခုမှာတော့ တစ်ပတ်ကို ကြက်ဥ၁၂ လုံးစားလည်း ဒီရောဂါတွေဖြစ်နိုင်ချေမမြင့်မားစေဘူးလို့ ပါဝင်ပါတယ်။အဲ့ဒါတွေထက် ထူးခြားတာကတော့ ခုနောက်ဆုံးတရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့သုတေသနပါပဲ။တကယ်တော့ ၂၀၀၄ ခုနှစ်ကတည်းက စခဲ့တယ်လို့ ပြောရပါမယ်။ဒီလိုပါ။

၂၀၀၄ ကနေ ၂၀၀၈ အထိအတွင်း လူအယောက်ပေါင်း ၄ သိန်းကျော်ကို စာရင်းပြုစုခဲ့ပါတယ်။သူတို့အားလုံးက နှလုံးသွေးတိုးဆီးချိုစတာတွေ ကင်းစင်တဲ့သူတွေပါ။သူတို့ကို ကြက်ဥစားတဲ့နှုန်းတွေကို မေးကြည့်ပါတယ်။၁၃ ရာခိုင်နှုန်းကျော်ကျော်က နေ့တိုင်းစားပြီး  ၉ ရာခိုင်နှုန်းလောက်က တစ်ခါတစ်လေ ဒါမှမဟုတ် လုံးဝမစားသူများဖြစ်ပါတယ်။ဒီနောက်မှာတော့ ကိုးနှစ်နီးပါးစောင့်ကြည့်လေ့လာခဲ့ပါတယ်။အဲဒီ ကိုးနှစ်အတွင်းမှာ အဆိုပါလူလေးသိန်းထဲက ရှစ်သောင်းနီးပါးလောက်ဟာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားကြရပြီး တစ်သောင်းလောက် အဆိုပါရောဂါတွေနဲ့ သေပါတယ်။ဒီအထဲမှာ ကြက်ဥပုံမှန်စားသုံးသူတွေ ပါဝင်မှုအတော်နည်းတာတွေ့ရပါတယ်။ဒါကြောင့် သုတေသီတွေက တွက်ချက်မှုတွေပြုလုပ်ပြီး  ဒီလိုကောက်ချက်ချခဲ့ပါတယ်။

” တနေ့ကို ကြက်ဥတစ်လုံးစားပေးခြင်းဟာ ဦးနှောက်သွေးကြောပေါက်မှုဖြစ်နိုင်ချေကို ၂၆ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်ပါတယ်။ဦးနှောက်သွေးကြောပြတ်ခြင်းကြောင့် သေဆုံးမှုတွေကိုလည်း ၂၈ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်ပါသတဲ့။”

နေ့စဉ်ကြက်ဥစားသူတွေဟာ မစားတဲ့သူတွေထက်ပိုပြီးတော့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ချေ နည်းပါးပါတယ်လို့ ဒီသုတေသနကဆိုပါတယ်။ဒါပေမဲ့ ကိန်းဂဏန်းတွေအရလေ့လာစောင့်ကြည့်မှုမျိုး (Observational Study) ဖြစ်တာကြောင့် ကြက်ဥတလုံးနေ့စဉ်စားယုံနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှုတွေကို ဘယ်လိုလျော့ကျစေသလဲဆိုတာအတွက်တော့ အဖြေမရှိသေးပါဘူး။လေ့လာမှုတွေတော့ ဆက်လုပ်ဖို့ လိုအပ်ပါဦးမယ်။

Reference: Medical News Today

Dr.KG