ဒုက္ခပေးတဲ့အဆီ နဲ့  ကောင်းကျိုးပေးတဲ့အဆီ

ဒုုကၡေပးတဲ့အဆီ နဲ႔  ေကာင္းက်ိဳးေပးတဲ့အဆီ

“ငါေတာ႔ ေသြးစစ္ၾကည္႔တာ ကိုလက္စထေရာတက္ေနလို႔ အဆီေလွ်ာ႔စားေနရတယ္။ေဆးေတြေသာက္ေနရတယ္” စသျဖင္႔ ေျပာၾကတာကို ခုေခတ္ ပတ္၀န္းက်င္အသိုင္းအ၀ိုင္းၾကားမွာ မၾကာခဏ ၾကားဖူးၾကမွာပါ။

ကိုလက္စထရာ ကိုလက္စထေရာ နဲ႔ ေျပာနဲ႔ၾကေပမယ္႔ ကိုလက္စထေရာအေၾကာင္းကို ေသေသခ်ာခ်ာမသိတာမ်ားပါတယ္။

ဒါေၾကာင္႔ ဒီတပတ္ေဆာင္းပါးမွာ ကိုလက္စထေရာ(Cholesterol)အေၾကာင္းကို သိသေလာက္ေရးသားတင္ျပလိုက္ရပါတယ္။

ကိုလက္စထရာ(Cholesterol)ဆိုတာဟာ ကြ်န္ေတာ္တို႔ခႏၶာကိုယ္ဆဲလ္အားလံုးရဲ႕အထဲမွာေတြ႔နိုင္တဲ႔ ဖေယာင္းဆီကဲ႔သုိ႔ေသာ အရာျဖစ္ပါတယ္။

ကိုလက္စထရာမ်ားရင္မေကာင္းဘူးလို႔ အၾကမ္းအားျဖင္႔ေျပာၾကေပမယ္႔ ကိုလက္စေထရာဓါတ္ဟာ ခႏၶာကိုယ္အတြက္မရွိလို႔လည္းမရပါဘူး။

ပံုမွန္လူတေယာက္မွာ စုစုေပါင္းကိုလက္စထေရာဓါတ္ပမာဏ(Total cholesterol level)ဟာ 200mg/dl ေအာက္မွာရွိရပါမယ္။

အဲ႔ထက္မ်ားရင္က်န္းမာေရးအတြက္မေကာင္းသလို ကိုလက္စထေရာဓါတ္ပမာဏဟာ 140mg/dl ထက္နည္းရင္လည္း က်န္းမာေရးအတြက္မေကာင္းပါဘူး။

ကိုလက္စထရာဓါတ္ဟာ ဆဲလ္နံရံေတြတည္ေဆာက္ရာမွာ အေရးၾကီးတဲ႔ပစၥည္းျဖစ္သလို ဗီတာမင္ဒီဓါတ္ဖြဲ႔စည္းတည္ေဆာက္ျခင္း ေဟာ္မုန္းမ်ားထုတ္လုပ္ျခင္း အစာေျခဖ်က္ရာမွာ ကူညီေပးမယ္႔ ပစၥည္းမ်ားကိုထုတ္လုပ္ျခင္း စတဲ႔ေနရာေတြမွာ အေရးပါတဲ႔ က႑ ကေနပါ၀င္ေဆာင္ရြက္ေပးပါတယ္။

ကိုလက္စထေရာကိို ခႏၶာကိုယ္ရဲ႕အသည္းကေနလည္း ထုတ္လုပ္ေပးနိုင္သလို ကြ်န္ေတာ္တို႔ေန႔စဥ္စားေသာက္တဲ႔အစားအေသာက္ေတြမွလည္းရပါတယ္။

ကိုလက္စထေရာဓါတ္ပါ၀င္တဲ႔အစားေသာက္ေတြကေတာ႔ ဥအမ်ိဳးမ်ိဳး၊အသား၊ကိုယ္တြင္းကလီစာ၊အဆီ၊စားသံုးဆီ၊နို႔ထြက္ပစၥည္းအမ်ိဳးမ်ိဳး စသျဖင္႔ျဖစ္ပါတယ္။

ကိုလက္စထေရာဓါတ္ကို မေကာင္းတဲ႔ကိုလက္စထေရာဓါတ္(LDL cholesterol) နဲ႔ ေကာင္းတဲ႔ကိုလက္စထေရာဓါတ္(HDL cholesterol) ဆိုျပီး ေယဘုယ်အားျဖင္႔ နွစ္မ်ိဳးခြဲထားပါတယ္။

LDL cholesterol ကို မေကာင္းတဲ႔ကိုလက္စထေရာအျဖစ္သတ္မွတ္ရတာကေတာ႔ သူကမ်ားလာတဲ႔အခါမွာ ခႏၶာကိုယ္ေသြးေၾကာေတြထဲမွာ အဆီဖတ္ကေလးေတြျဖစ္ေစျပီး ၾကာလာတဲ႔အခါ ေသြးေၾကာေတြကိုက်ဥ္းလာေစကာ နွလံုးေသြးေၾကာက်ဥး္ေရာဂါ၊ေလျဖတ္တာ၊နွလံုးေဖာက္တာ စတဲ႔ေရာဂါေတြကိုျဖစ္ေစနိုင္တဲ႔အတြက္ပါ။

ပံုမွန္လူတေယာက္မွာ LDL Cholesterol ပမာဏဟာ 130 mg/dl ေအာက္မွာပဲရွိရပါမယ္။အဲ႔ထက္မ်ားရင္ က်န္းမာေရးထိခိုက္ေစနိုင္ပါတယ္။

HDL cholesterol ကို ေကာင္းတဲ႔ ကိုလက္စထေရာအျဖစ္သတ္မွတ္ရတာကေတာ႔ သူက ခႏၶာကိုယ္ထဲရွိ မေကာင္းတဲ႔အဆီ ပိုေနတဲ႔အဆီေတြကို အသည္းဆီပို႔ျပီး ခႏၶာကိုယ္ထဲမွ စြန္႔ထုတ္ေပးရာမွာ အကူအညီေပးလို႔ျဖစ္ပါတယ္။

HDL cholesterol ပမာဏကက် LDL cholesterol လို မ်ားရင္မေကာင္းမဟုတ္ပါ။

HDL cholesterol ကမ်ားေလေကာင္းေလပါ။

HDL cholesterol ပမာဏက 40mg/dl ေအာက္နည္းေနရင္မေကာင္းပါ။

ပံုမွန္လူတေယာက္မွာ HDL Cholesterol ပမာဏဟာ 60 mg/dl အထက္ရွိရပါမယ္။ဒါမွ ပိုတဲ႔အဆီ၊မေကာင္းတဲ႔အဆီေတြကို အသည္းဆီမ်ားမ်ားပို႔ျပီး ခႏၶာကိုယ္ထဲကေန မ်ားမ်ားစြန္႔ထုတ္နိုင္မွာပါ။

မေကာင္းတဲ႔အဆီဓါတ္မ်ားျပီး ေကာင္းတဲ႔အဆီဓါတ္နည္းေနတာဟာ က်န္းမာေရးကိုထိခိုက္ေစျပီး နွလံုးေသြးေၾကာက်ဥ္းေရာဂါ၊ေလျဖတ္ေရာဂါ စတဲ႔ေရာဂါျဖစ္နိုင္ေျခေတြကိုမ်ားေစနိုင္ပါတယ္။

ေအာက္ပါအခ်က္မ်ားကိုဂရုတစိုက္လိုက္နာျခင္းျဖင္႔

မေကာင္းတဲ႔အဆီဓါတ္ေတြနည္းျပီး ေကာင္းတဲ႔အဆီဓါတ္ေတြမ်ားလာေစကာ က်န္းမာေရးကိုေကာင္းလာေစနိုင္ပါတယ္။

၁။တိရစာၦန္မွရတဲ႔အဆီေတြ(ဥပမာ-၀က္ဆီ) နဲ႔ ျပည္႔၀ဆီမ်ားျဖစ္တဲ႔ စားအုန္းဆီ၊ျပန္ေၾကာ္ဆီ ေတြကိုေရွာင္ပါ။

၂။ဆီနဲ႔ၾကြပ္ေအာင္ေၾကာ္ထားတာေတြ၊အဆီအဆိမ္႔မ်ားတဲ႔အစားေသာက္ေတြကိုေရွာင္ပါ။

၃။ေဆးလိပ္၊ဘီယာ ေရွာင္ပါ။

၄။လတ္ဆတ္တဲ႔ဟင္းသီးဟင္းရြက္နဲ႔သစ္သီး၀လံေတြမ်ားမ်ားစားေပးပါ။

၅။ေန႔စဥ္စားသံုးတဲ႔ဆီကို မျပည္႔၀ဆီျဖစ္တဲ႔ ေျမပဲဆီ၊နွမ္းဆီ၊ေနၾကာဆီ၊သံလြင္ဆီ ေတြကိုသံုးပါ။ေလွ်ာ႔သံုးပါ။

၆။လတ္ဆတ္တဲ႔သစ္သီး၀လံနဲ႔ဟင္းသီးဟင္းရြက္ေတြကိုမ်ားမ်ားစားေပးပါ။

၇။ကိုယ္လက္ေလ႔က်င္႔ခန္း ပံုမွန္လုပ္ေပးပါ။

Dr 528

Unicode Version

ဒုက္ခပေးတဲ့အဆီ နဲ့  ကောင်းကျိုးပေးတဲ့အဆီ

“ငါတော့ သွေးစစ်ကြည့်တာ ကိုလက်စထရောတက်နေလို့ အဆီလျှော့စားနေရတယ်။ဆေးတွေသောက်နေရတယ်” စသဖြင့် ပြောကြတာကို ခုခေတ် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာ မကြာခဏ ကြားဖူးကြမှာပါ။

ကိုလက်စထရာ ကိုလက်စထရော နဲ့ ပြောနဲ့ကြပေမယ့် ကိုလက်စထရောအကြောင်းကို သေသေချာချာမသိတာများပါတယ်။

ဒါကြောင့် ဒီတပတ်ဆောင်းပါးမှာ ကိုလက်စထရော(Cholesterol)အကြောင်းကို သိသလောက်ရေးသားတင်ပြလိုက်ရပါတယ်။

ကိုလက်စထရာ(Cholesterol)ဆိုတာဟာ ကျွန်တော်တို့ခန္ဓာကိုယ်ဆဲလ်အားလုံးရဲ့အထဲမှာတွေ့နိုင်တဲ့ ဖယောင်းဆီကဲ့သို့သော အရာဖြစ်ပါတယ်။

ကိုလက်စထရာများရင်မကောင်းဘူးလို့ အကြမ်းအားဖြင့်ပြောကြပေမယ့် ကိုလက်စထေရာဓါတ်ဟာ ခန္ဓာကိုယ်အတွက်မရှိလို့လည်းမရပါဘူး။

ပုံမှန်လူတယောက်မှာ စုစုပေါင်းကိုလက်စထရောဓါတ်ပမာဏ(Total cholesterol level)ဟာ 200mg/dl အောက်မှာရှိရပါမယ်။

အဲ့ထက်များရင်ကျန်းမာရေးအတွက်မကောင်းသလို ကိုလက်စထရောဓါတ်ပမာဏဟာ 140mg/dl ထက်နည်းရင်လည်း ကျန်းမာရေးအတွက်မကောင်းပါဘူး။

ကိုလက်စထရာဓါတ်ဟာ ဆဲလ်နံရံတွေတည်ဆောက်ရာမှာ အရေးကြီးတဲ့ပစ္စည်းဖြစ်သလို ဗီတာမင်ဒီဓါတ်ဖွဲ့စည်းတည်ဆောက်ခြင်း ဟော်မုန်းများထုတ်လုပ်ခြင်း အစာခြေဖျက်ရာမှာ ကူညီပေးမယ့် ပစ္စည်းများကိုထုတ်လုပ်ခြင်း စတဲ့နေရာတွေမှာ အရေးပါတဲ့ ကဏ္ဍ ကနေပါဝင်ဆောင်ရွက်ပေးပါတယ်။

ကိုလက်စထရောကို ခန္ဓာကိုယ်ရဲ့အသည်းကနေလည်း ထုတ်လုပ်ပေးနိုင်သလို ကျွန်တော်တို့နေ့စဉ်စားသောက်တဲ့အစားအသောက်တွေမှလည်းရပါတယ်။

ကိုလက်စထရောဓါတ်ပါဝင်တဲ့အစားသောက်တွေကတော့ ဥအမျိုးမျိုး၊အသား၊ကိုယ်တွင်းကလီစာ၊အဆီ၊စားသုံးဆီ၊နို့ထွက်ပစ္စည်းအမျိုးမျိုး စသဖြင့်ဖြစ်ပါတယ်။

ကိုလက်စထရောဓါတ်ကို မကောင်းတဲ့ကိုလက်စထရောဓါတ်(LDL cholesterol) နဲ့ ကောင်းတဲ့ကိုလက်စထရောဓါတ်(HDL cholesterol) ဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးခွဲထားပါတယ်။

LDL cholesterol ကို မကောင်းတဲ့ကိုလက်စထရောအဖြစ်သတ်မှတ်ရတာကတော့ သူကများလာတဲ့အခါမှာ ခန္ဓာကိုယ်သွေးကြောတွေထဲမှာ အဆီဖတ်ကလေးတွေဖြစ်စေပြီး ကြာလာတဲ့အခါ သွေးကြောတွေကိုကျဉ်းလာစေကာ နှလုံးသွေးကြောကျဥ်းရောဂါ၊လေဖြတ်တာ၊နှလုံးဖောက်တာ စတဲ့ရောဂါတွေကိုဖြစ်စေနိုင်တဲ့အတွက်ပါ။

ပုံမှန်လူတယောက်မှာ LDL Cholesterol ပမာဏဟာ 130 mg/dl အောက်မှာပဲရှိရပါမယ်။အဲ့ထက်များရင် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။

HDL cholesterol ကို ကောင်းတဲ့ ကိုလက်စထရောအဖြစ်သတ်မှတ်ရတာကတော့ သူက ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့အဆီ ပိုနေတဲ့အဆီတွေကို အသည်းဆီပို့ပြီး ခန္ဓာကိုယ်ထဲမှ စွန့်ထုတ်ပေးရာမှာ အကူအညီပေးလို့ဖြစ်ပါတယ်။

HDL cholesterol ပမာဏကကျ LDL cholesterol လို များရင်မကောင်းမဟုတ်ပါ။

HDL cholesterol ကများလေကောင်းလေပါ။

HDL cholesterol ပမာဏက 40mg/dl အောက်နည်းနေရင်မကောင်းပါ။

ပုံမှန်လူတယောက်မှာ HDL Cholesterol ပမာဏဟာ 60 mg/dl အထက်ရှိရပါမယ်။ဒါမှ ပိုတဲ့အဆီ၊မကောင်းတဲ့အဆီတွေကို အသည်းဆီများများပို့ပြီး ခန္ဓာကိုယ်ထဲကနေ များများစွန့်ထုတ်နိုင်မှာပါ။

မကောင်းတဲ့အဆီဓါတ်များပြီး ကောင်းတဲ့အဆီဓါတ်နည်းနေတာဟာ ကျန်းမာရေးကိုထိခိုက်စေပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊လေဖြတ်ရောဂါ စတဲ့ရောဂါဖြစ်နိုင်ခြေတွေကိုများစေနိုင်ပါတယ်။

အောက်ပါအချက်များကိုဂရုတစိုက်လိုက်နာခြင်းဖြင့်

မကောင်းတဲ့အဆီဓါတ်တွေနည်းပြီး ကောင်းတဲ့အဆီဓါတ်တွေများလာစေကာ ကျန်းမာရေးကိုကောင်းလာစေနိုင်ပါတယ်။

၁။တိရစ္ဆာန်မှရတဲ့အဆီတွေ(ဥပမာ-ဝက်ဆီ) နဲ့ ပြည့်ဝဆီများဖြစ်တဲ့ စားအုန်းဆီ၊ပြန်ကြော်ဆီ တွေကိုရှောင်ပါ။

၂။ဆီနဲ့ကြွပ်အောင်ကြော်ထားတာတွေ၊အဆီအဆိမ့်များတဲ့အစားသောက်တွေကိုရှောင်ပါ။

၃။ဆေးလိပ်၊ဘီယာ ရှောင်ပါ။

၄။လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေများများစားပေးပါ။

၅။နေ့စဉ်စားသုံးတဲ့ဆီကို မပြည့်ဝဆီဖြစ်တဲ့ မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ၊သံလွင်ဆီ တွေကိုသုံးပါ။လျှော့သုံးပါ။

၆။လတ်ဆတ်တဲ့သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေကိုများများစားပေးပါ။

၇။ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။

Dr 528