ပြုံးရယ်ခြင်းနဲ့ကျန်းမာရေးကောင်းကျိုးများ

ၿပဳံးရယ္ျခင္းနဲ႔က်န္းမာေရးေကာင္းက်ိဳးမ်ား

နည္းပညာေတြတိုးတက္လာတဲ့ ဒီဘက္ေခတ္မွာ ကြၽန္ေတာ္တို႔ေတြဟာ စားဝတ္ေနေရးအတြက္၊ ဘဝေအာင္ျမင္ႀကီးပြားဖို႔အတြက္ ႀကိဳးစားၾကရင္း ေလာဘ၊ ေဒါသ၊ ေမာဟေတြ မ်ားလာပါတယ္။

အဲ့အခါမွာ ကြၽန္ေတာ္တို႔ေတြဟာ စိတ္တအားဖိစီးလာၿပီး စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ ေရာဂါေတြရလာကာ အသက္တိုလာၾကပါတယ္။

စိတ္ဖိစီးမႈေတြမ်ားၿပီး စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာေရာဂါေတြ မျဖစ္ေစရန္အတြက္ အ႐ိုးရွင္းဆုံးနဲ႔ အလြယ္ကူဆုံး နည္းလမ္းတခု ရွိပါတယ္။

အဲ့ဒါကေတာ့ တေန႔ကို အနည္းဆုံး တႀကိမ္ေလာက္ ၿပဳံးရယ္ဖို႔ပါပဲ။

ကြၽန္ေတာ္တို႔ေတြ အားလုံးလိုလိုဟာ အလုပ္ေတြအဆင္ေျပေနတဲ့ အခ်ိန္၊ ေပ်ာ္စရာေတြနဲ႔ ႀကဳံေနရတဲ့အခ်ိန္ေတြမွာပဲ ၿပဳံးရယ္တတ္ၾကပါတယ္။

စိတ္ဖိစီးစရာမ်ားတဲ့အခါ၊ အဆင္မေျပမႈေတြနဲ႔ႀကဳံတဲ့အခါ၊ စိတ္ညစ္တဲ့အခါ ေတြမွာေတာ့ ဝမ္းနည္းပူေဆြးၾကပါတယ္။

ဒါသဘာဝပါပဲ။

သို႔ေပမယ့္ စိတ္ဖိစီးစရာမ်ားတဲ့အခါ၊ အဆင္မေျပမႈေတြနဲ႔ႀကဳံတဲ့အခါ၊ စိတ္ညစ္တဲ့အခါေတြမွာလည္း ၿပဳံးရယ္ႏိုင္ေအာင္ ႀကိဳးစားရပါမယ္။

လြယ္ေတာ့မလြယ္ေပမယ့္ တျဖည္းျဖည္းနဲ႔ေလ့က်င့္ရင္ ျဖစ္ႏိုင္ပါတယ္။

စိတ္ဓါတ္က်ၿပီး၊ စိတ္ပူပန္မႈ၊ စိတ္ညစ္မႈေတြမ်ားတဲ့အခါမွာ ၿပဳံးရယ္ျခင္းျဖင့္ စိတ္ခံစားမႈကိုပိုမိုေကာင္းမြန္ေစလာႏိုင္ၿပီး စိတ္ဓါတ္က်တာ၊ စိတ္ပူပန္မႈ၊ စိတ္ညစ္မႈမ်ားတာေတြကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။

၂၀၁၀ကလုပ္တဲ့သုေတသနတခုရဲ႕ရလဒ္အရ စိတ္ဓါတ္က်၊ အဆင္မေျပတဲ့အခါမွာ ၿပဳံးရယ္ျခင္းျဖင့္ စိတ္ခံစားမႈကို ေကာင္းမြန္ေစႏိုင္ၿပီး အေကာင္းျမင္စိတ္ကိုလည္း ျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။

စိတ္ညစ္ေနတဲ့အခ်ိန္၊ အဆင္မေျပတဲ့အခ်ိန္မွာေတာ့ ၿပဳံးရယ္ဖို႔ဆိုတာမလြယ္ကူပါ။ ဒါေပမယ့္ တတ္ႏိုင္သမွ်ႀကိဳစားၿပီး မခ်ိၿပဳံးေလးပဲျဖစ္ျဖစ္ၿပဳံးႏိုင္ေအာင္ ၿပဳံးၾကည့္ပါ။

စိတ္ညစ္တာေတြ၊ စိတ္ဖိစီးစရာေတြ ေလ်ာ့ပါးသက္သာသြားၿပီး တျခားက်န္းမာေရး ေကာင္းက်ိဳးေတြလည္း ရလာႏိုင္ပါတယ္။

ၿပဳံးရယ္ျခင္းဟာ ေသြးဖိအားကိုက်ေစၿပီး ႏွလုံးခုန္ႏႈန္းကိုလည္းေႏွးေစတဲ့အတြက္ ႏွလုံးက်န္းမာေရးအတြက္ေကာင္းေစပါတယ္။

ၿပဳံးရယ္တဲ့အခါမွာ ခႏၶာကိုယ္ထဲကေန endorphins လို႔ေခၚတဲ့ေဟာ္မုန္းထြက္လာပါတယ္။

အဲ့ေဟာ္မုန္းက နာက်င္မႈေတြ၊ စိတ္ဖိစီးမႈေတြကို သက္သာေစႏိုင္ၿပီး စိတ္ကိုေပ်ာ္႐ႊင္ေစပါတယ္။

ၿပဳံးရယ္ျခင္းဟာ တေယာက္နဲ႔ တေယာက္ ကူးစက္တတ္ပါတယ္။ အမ်ားအားျဖင့္ေတာ့ ကိုယ္ကသူမ်ားကို ၿပဳံးရယ္ျပရင္ သူမ်ားကလည္းကိုယ့္ကို ျပန္ၿပီးၿပဳံးရယ္ျပပါတယ္။

အဲ့အခါမွာ လူတေယာက္နဲ႔ တေယာက္ၾကား၊ အဖြဲ႕အစည္းတခုနဲ႔ တခုၾကား ဆက္ဆံေရးကို ေကာင္းမြန္ေစႏိုင္ပါတယ္။ ယုံၾကည္မႈေတြတိုးလာေစပါတယ္။

လုပ္ငန္းေဆာင္တာေတြ ေဆာင္႐ြက္ရာမွာလည္း အဆင္ေျပေခ်ာေမြ႕စြာနဲ႔ေစာစီးစြာ ၿပီးေျမႇာက္ႏိုင္ပါတယ္။

အဆုံးသတ္အေနနဲ႔ေျပာရရင္ ၿပဳံးရယ္ျခင္းဟာ စိတ္ပိုင္းဆိုင္ရာ နဲ႔ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးကို ေကာင္းေစ႐ုံသာမက လူမႈေရးဆိုင္ရာအက်ိဳးေက်းဇူးေတြကိုပါ ရရွိေစႏိုင္ပါတယ္။

ၿပဳံးရယ္ျခင္းဟာ သင့္အတြက္သာမက သင့္အၿပဳံးအရယ္ကို ျမင္ရတဲ့သူအတြက္ပါ အက်ိဳးရွိေစႏိုင္ပါတယ္။

ဒါေၾကာင့္ ဘယ္ေလာက္စိတ္ညစ္စရာ၊ အဆင္မေျပတာ၊ စိတ္ဓါတ္က်စရာေတြရွိရွိ တေန႔တႀကိမ္ေလာက္ၿပဳံးရယ္ၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။

Dr 528

(Unicode Version)

ပြုံးရယ်ခြင်းနဲ့ကျန်းမာရေးကောင်းကျိုးများ

နည်းပညာတွေတိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့တွေဟာ စားဝတ်နေရေးအတွက်၊ ဘဝအောင်မြင်ကြီးပွားဖို့အတွက် ကြိုးစားကြရင်း လောဘ၊ ဒေါသ၊ မောဟတွေ များလာပါတယ်။

အဲ့အခါမှာ ကျွန်တော်တို့တွေဟာ စိတ်တအားဖိစီးလာပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေရလာကာ အသက်တိုလာကြပါတယ်။

စိတ်ဖိစီးမှုတွေများပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာရောဂါတွေ မဖြစ်စေရန်အတွက် အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းတခု ရှိပါတယ်။

အဲ့ဒါကတော့ တနေ့ကို အနည်းဆုံး တကြိမ်လောက် ပြုံးရယ်ဖို့ပါပဲ။

ကျွန်တော်တို့တွေ အားလုံးလိုလိုဟာ အလုပ်တွေအဆင်ပြေနေတဲ့ အချိန်၊ ပျော်စရာတွေနဲ့ ကြုံနေရတဲ့အချိန်တွေမှာပဲ ပြုံးရယ်တတ်ကြပါတယ်။

စိတ်ဖိစီးစရာများတဲ့အခါ၊ အဆင်မပြေမှုတွေနဲ့ကြုံတဲ့အခါ၊ စိတ်ညစ်တဲ့အခါ တွေမှာတော့ ဝမ်းနည်းပူဆွေးကြပါတယ်။

ဒါသဘာဝပါပဲ။

သို့ပေမယ့် စိတ်ဖိစီးစရာများတဲ့အခါ၊ အဆင်မပြေမှုတွေနဲ့ကြုံတဲ့အခါ၊ စိတ်ညစ်တဲ့အခါတွေမှာလည်း ပြုံးရယ်နိုင်အောင် ကြိုးစားရပါမယ်။

လွယ်တော့မလွယ်ပေမယ့် တဖြည်းဖြည်းနဲ့လေ့ကျင့်ရင် ဖြစ်နိုင်ပါတယ်။

စိတ်ဓါတ်ကျပြီး၊ စိတ်ပူပန်မှု၊ စိတ်ညစ်မှုတွေများတဲ့အခါမှာ ပြုံးရယ်ခြင်းဖြင့် စိတ်ခံစားမှုကိုပိုမိုကောင်းမွန်စေလာနိုင်ပြီး စိတ်ဓါတ်ကျတာ၊ စိတ်ပူပန်မှု၊ စိတ်ညစ်မှုများတာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

၂၀၁၀ကလုပ်တဲ့သုတေသနတခုရဲ့ရလဒ်အရ စိတ်ဓါတ်ကျ၊ အဆင်မပြေတဲ့အခါမှာ ပြုံးရယ်ခြင်းဖြင့် စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပြီး အကောင်းမြင်စိတ်ကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

စိတ်ညစ်နေတဲ့အချိန်၊ အဆင်မပြေတဲ့အချိန်မှာတော့ ပြုံးရယ်ဖို့ဆိုတာမလွယ်ကူပါ။ ဒါပေမယ့် တတ်နိုင်သမျှကြိုစားပြီး မချိပြုံးလေးပဲဖြစ်ဖြစ်ပြုံးနိုင်အောင် ပြုံးကြည့်ပါ။

စိတ်ညစ်တာတွေ၊ စိတ်ဖိစီးစရာတွေ လျော့ပါးသက်သာသွားပြီး တခြားကျန်းမာရေး ကောင်းကျိုးတွေလည်း ရလာနိုင်ပါတယ်။

ပြုံးရယ်ခြင်းဟာ သွေးဖိအားကိုကျစေပြီး နှလုံးခုန်နှုန်းကိုလည်းနှေးစေတဲ့အတွက် နှလုံးကျန်းမာရေးအတွက်ကောင်းစေပါတယ်။

ပြုံးရယ်တဲ့အခါမှာ ခန္ဓာကိုယ်ထဲကနေ endorphins လို့ခေါ်တဲ့ဟော်မုန်းထွက်လာပါတယ်။

အဲ့ဟော်မုန်းက နာကျင်မှုတွေ၊ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်ပြီး စိတ်ကိုပျော်ရွှင်စေပါတယ်။

ပြုံးရယ်ခြင်းဟာ တယောက်နဲ့ တယောက် ကူးစက်တတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ကသူများကို ပြုံးရယ်ပြရင် သူများကလည်းကိုယ့်ကို ပြန်ပြီးပြုံးရယ်ပြပါတယ်။

အဲ့အခါမှာ လူတယောက်နဲ့ တယောက်ကြား၊ အဖွဲ့အစည်းတခုနဲ့ တခုကြား ဆက်ဆံရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ယုံကြည်မှုတွေတိုးလာစေပါတယ်။

လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာမှာလည်း အဆင်ပြေချောမွေ့စွာနဲ့စောစီးစွာ ပြီးမြှောက်နိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောရရင် ပြုံးရယ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေရုံသာမက လူမှုရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုပါ ရရှိစေနိုင်ပါတယ်။

ပြုံးရယ်ခြင်းဟာ သင့်အတွက်သာမက သင့်အပြုံးအရယ်ကို မြင်ရတဲ့သူအတွက်ပါ အကျိုးရှိစေနိုင်ပါတယ်။

ဒါကြောင့် ဘယ်လောက်စိတ်ညစ်စရာ၊ အဆင်မပြေတာ၊ စိတ်ဓါတ်ကျစရာတွေရှိရှိ တနေ့တကြိမ်လောက်ပြုံးရယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Dr 528