ကလေးမွေးပြီးရင် အချင်းသွေးနဲ့တစ်ရှုး သိမ်းတဲ့အလေ့အထ ဘာလို့ခေတ်စားလာတာလဲ

ကေလးေမြးျပီးရင္ အခ်င္းေသြးနဲ႔တစ္ရႈး သိမ္းတဲ့အေလ့အထ ဘာလိုု႔ေခတ္စားလာတာလဲ

အရင္ေခတ္ေတြတုန္းကေတာ႔ ကေလးေမြးဖြားျပီးတဲ႔အခါမွာ အခ်င္းနဲ႔ခ်က္ၾကိဳးကို စြန္႔ပစ္ၾကပါတယ္။

သို႔ေသာ္ လြန္ခဲ႔တဲ႔နွစ္အနည္းငယ္ေလာက္ကစျပီး ဖြံ႕ျဖိဳးျပီးနိုင္ငံေတြမွာ ကေလးေမြးဖြားျပီးတဲ႔အခါ အခ်င္းနဲ႔ခ်က္ၾကိဳးကိုစြန္႔မပစ္ဘဲ အခ်င္းေသြးနဲ႔ အခ်င္းတစ္ရႈးကို ယူကာ သိမ္းဆည္းလာၾကပါတယ္။

အခ်င္းေသြးဆိုတာကေတာ႔ အခ်င္းနဲ႔ခ်က္ၾကိဳး ေတြထဲမွာ က်န္ရွိတဲ႔ေသြးျဖစ္ပါတယ္။

အခ်င္းတစ္ရႈးဆိုတာကေတာ႔ Umbilical cord ေခၚ ခ်က္ၾကိဳးထဲမွာရွိတဲ႔ Wharton’s Jelly လို႔အမည္ရတဲ႔ တြယ္ဆက္တစ္ရႈးျဖစ္ပါတယ္။

ဒါေၾကာင္႔ တကယ္တမ္းေခၚရင္ေတာ႔ ခ်က္ၾကိဳးတစ္ရႈးေခၚသင္႔ေပမယ္႔ အမ်ားအားျဖင္႔ေတာ႔ အခ်င္းတစ္ရႈးပဲေခၚေလ႔ရွိပါတယ္။တခ်ိဳ႕ကလည္း အခ်င္းတိုင္တစ္ရႈးလို႔ေခၚၾကပါတယ္။

အခ်င္းေသြးနဲ႔ အခ်င္းတစ္ရႈးေတြကို သိမ္းဆည္းရတဲ႔အေၾကာင္းကေတာ႔ သူတို႔ေတြထဲမွာ အဖိုးတန္အသံုး၀င္တဲ႔ ပင္မဆဲလ္(Stem cells)ေတြပါလို႔ျဖစ္ပါတယ္။

အခ်င္းေသြးနဲ႔အခ်င္းတစ္ရႈးသိမ္းတယ္ဆိုေပမယ္႔ တကယ္တမ္းက သူတို႔ထဲမွာပါတဲ႔ ပင္မဆဲလ္ေတြကို ထုတ္ယူျပီး Vapour phase of liquid nitrogen နည္းပညာနဲ႔ သိမ္းထားတာျဖစ္ပါတယ္။

ဒီေနရာမွာ ပင္မဆဲလ္(Stem Cells)အေၾကာင္း အၾကမ္းဖ်င္း နားလည္လြယ္ေအာင္ ရွင္းျပခ်င္ပါတယ္။

သုတ္ေကာင္နဲ႔မမ်ိဳးဥေပါင္းစပ္ျပီးေနာက္မွာ Zygote ဆိုတဲ႔သေႏၶေအာင္ဆဲလ္ေလးတလံုးျဖစ္လာပါတယ္။

ထို သေႏၶေအာင္ဆဲလ္တလံုးကေန နွစ္လံုး ေလးလံုး ရွစ္လံုးစသျဖင္႔ အတိုင္းအတာတခုထိပြားမ်ားပါတယ္။

ထို႔ေနာက္မွာမွ အဲ႔ဆဲလ္ေတြဟာ အရိုးဆဲလ္၊ၾကြက္သားဆဲလ္၊အာရံုေၾကာဆဲလ္၊ကိုယ္တြင္းအဂၤါဆဲလ္ေတြအျဖစ္အသီးသီးေျပာင္းလဲျပီး ဆက္ပြားမ်ားပါတယ္။

အဲ႔လိုပြားမ်ားတဲ႔အခါမွသာ အရိုး၊ၾကြက္သား၊ကိုယ္တြင္းအဂၤါ၊အာရံုေၾကာအဖြဲ႔အစည္းစသျဖင္႔ အသီးသီးျဖစ္လာျပီး သေႏၶသားကေလး ပီပီျပင္ျပင္ျဖစ္လာပါတယ္။

အရိုးဆဲလ္၊ၾကြက္သားဆဲလ္၊အာရံုေၾကာဆဲလ္၊ကိုယ္တြင္းအဂၤါဆဲလ္ စသျဖင္႔ အသီးသီးေျပာင္းလဲမသြားရေသးတဲ႔ ဆဲလ္ေတြကို ပင္မဆဲလ္(Stem cells)လို႔ေခၚပါတယ္။

အရိုးဆဲလ္အျဖစ္ကြဲပြားျပီးတဲ႔ဆဲလ္ေတြက ၾကြက္သားဆဲလ္အျဖစ္ေျပာင္းမရေတာ႔သလို ၾကြက္သားဆဲလ္အျဖစ္ကြဲပြားျပီးတဲ႔ ဆဲလ္ေတြကလည္း အရိုးဆဲလ္ျပန္ေျပာင္းမရပါ။

ဒါေပမယ္႔ ဆဲလ္အမ်ိဳးအစားတမ်ိဳးမ်ိဳးအေနနဲ႔ မကြဲပြားရေသးတဲ႔ ပင္မဆဲလ္ေတြကေတာ႔ မည္႔သည္႔ဆဲလ္အမ်ိဳးအစားအေနနဲ႔ပဲျဖစ္ျဖစ္ ကြဲပြားနိုင္စြမ္းရွိပါတယ္။

အဲ႔လိုအစြမ္းရွိတဲ႔အတြက္ပင္မဆဲလ္ေတြဟာ ေရာဂါေတြအေတာ္မ်ားမ်ားကုသရာမွ အလြန္အသံုး၀င္ပါတယ္။

အခ်င္းေသြးနဲ႔အခ်င္းတစ္ရႈးသိမ္းဆည္းျခင္းျဖင္႔ရနိုင္တဲ႔အက်ိဳးေက်းဇူးေတြကေတာ႔ေအာက္ပါအတိုင္းျဖစ္ပါတယ္။

အခ်င္းေသြးထဲမွာ Haematopoietic stem cell ေခၚ ေသြးပင္မဆဲလ္ေတြပါတဲ႔အတြက္ ေနာင္တခ်ိန္မိမိကေလးမွာ အေၾကာင္းေၾကာင္း ေၾကာင္႔ ေသြးကင္ဆာ သို႔မဟုတ္ သာလာဆီးမီးယားေရာဂါ စတဲ႔ေသြးနဲ႔ဆိုင္တဲ႔ေရာဂါဆိုးေတြျဖစ္လာခဲ႔ပါက ထိုေသြးပင္မဆဲလ္သံုးျပီး ကုသျခင္းျဖင္႔ ေပ်ာက္ကင္းနိုင္ျပီး ရိုးတြင္းခ်ဥ္ဆီအစားထိုးကုသဖို႔မလိုတဲ႔အတြက္ မိမိနဲ႔ရိုးတြင္းခ်ဥ္ဆီကိုက္ညီမယ္႔သူကိုလိုက္ရွာေနစရာမလိုေတာ႔ပါ။

အခ်င္းတစ္ရႈးထဲမွာေတာ႔ Mesenchymal stem cell ေခၚ တစ္ရႈးပင္မဆဲလ္ေတြပါပါတယ္။ထိုဆဲလ္ေတြကေတာ႔ ခႏၶာကိုယ္ရွိ အေရျပားတစ္ရႈး၊အရိုးတစ္ရႈး၊နွလံုးတစ္ရႈး စသျဖင္႔ ေျပာင္းလဲကြဲပြားနိုင္တဲ႔အတြက္ ေနာင္တခ်ိန္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ အသည္းေျခာက္ေရာဂါ၊နွလံုးၾကြက္သားပုပ္ေရာဂါေတြျဖစ္ျပီး အဂၤါအစားထိုးကုသဖို႔လိုလာပါက မိမိနဲ႔ကိုက္ညီမယ္႔ ကိုယ္တြင္းအဂၤါ အလွဴရွင္ရွာတာ အလွဴရွင္ေစာင္႔ရတာေတြလုပ္စရာမလိုဘဲ အခ်င္းတစ္ရႈးပင္မဆဲလ္ကိုသံုးျပီးကုသလို႔ရပါတယ္။

ဒါ႔အျပင္ Mesenchymal stem cells ေတြဟာ အေရျပားေလးဖက္နာ(SLE) လိုကိုယ္ခံအားစနစ္နဲ႔ေရာဂါေတြကိုလည္း ကုသေပးနိုင္သလို အသက္ၾကီးလို႔မ်က္ႏွာအေရအေၾကာင္းေတြျဖစ္ျပီး အေရျပားေတြတြန္႔ကုန္တဲ႔အခါ ျပန္လည္နုပ်ိဳတင္းရင္းေစဖို႔အတြက္လည္း အသံုး၀င္ပါတယ္လို႔ သုေတသနပညာရွင္ေတြကေျပာၾကားထားပါတယ္။

Dr 528

Unicode Version

ကလေးမွေးပြီးရင် အချင်းသွေးနဲ့တစ်ရှုး သိမ်းတဲ့အလေ့အထ ဘာလို့ခေတ်စားလာတာလဲ

အရင်ခေတ်တွေတုန်းကတော့ ကလေးမွေးဖွားပြီးတဲ့အခါမှာ အချင်းနဲ့ချက်ကြိုးကို စွန့်ပစ်ကြပါတယ်။

သို့သော် လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကစပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကလေးမွေးဖွားပြီးတဲ့အခါ အချင်းနဲ့ချက်ကြိုးကိုစွန့်မပစ်ဘဲ အချင်းသွေးနဲ့ အချင်းတစ်ရှုးကို ယူကာ သိမ်းဆည်းလာကြပါတယ်။

အချင်းသွေးဆိုတာကတော့ အချင်းနဲ့ချက်ကြိုး တွေထဲမှာ ကျန်ရှိတဲ့သွေးဖြစ်ပါတယ်။

အချင်းတစ်ရှုးဆိုတာကတော့ Umbilical cord ခေါ် ချက်ကြိုးထဲမှာရှိတဲ့ Wharton’s Jelly လို့အမည်ရတဲ့ တွယ်ဆက်တစ်ရှုးဖြစ်ပါတယ်။

ဒါကြောင့် တကယ်တမ်းခေါ်ရင်တော့ ချက်ကြိုးတစ်ရှုးခေါ်သင့်ပေမယ့် အများအားဖြင့်တော့ အချင်းတစ်ရှုးပဲခေါ်လေ့ရှိပါတယ်။တချို့ကလည်း အချင်းတိုင်တစ်ရှုးလို့ခေါ်ကြပါတယ်။

အချင်းသွေးနဲ့ အချင်းတစ်ရှုးတွေကို သိမ်းဆည်းရတဲ့အကြောင်းကတော့ သူတို့တွေထဲမှာ အဖိုးတန်အသုံးဝင်တဲ့ ပင်မဆဲလ်(Stem cells)တွေပါလို့ဖြစ်ပါတယ်။

အချင်းသွေးနဲ့အချင်းတစ်ရှုးသိမ်းတယ်ဆိုပေမယ့် တကယ်တမ်းက သူတို့ထဲမှာပါတဲ့ ပင်မဆဲလ်တွေကို ထုတ်ယူပြီး Vapour phase of liquid nitrogen နည်းပညာနဲ့ သိမ်းထားတာဖြစ်ပါတယ်။

ဒီနေရာမှာ ပင်မဆဲလ်(Stem Cells)အကြောင်း အကြမ်းဖျင်း နားလည်လွယ်အောင် ရှင်းပြချင်ပါတယ်။

သုတ်ကောင်နဲ့မမျိုးဥပေါင်းစပ်ပြီးနောက်မှာ Zygote ဆိုတဲ့သန္ဓေအောင်ဆဲလ်လေးတလုံးဖြစ်လာပါတယ်။

ထို သန္ဓေအောင်ဆဲလ်တလုံးကနေ နှစ်လုံး လေးလုံး ရှစ်လုံးစသဖြင့် အတိုင်းအတာတခုထိပွားများပါတယ်။

ထို့နောက်မှာမှ အဲ့ဆဲလ်တွေဟာ အရိုးဆဲလ်၊ကြွက်သားဆဲလ်၊အာရုံကြောဆဲလ်၊ကိုယ်တွင်းအင်္ဂါဆဲလ်တွေအဖြစ်အသီးသီးပြောင်းလဲပြီး ဆက်ပွားများပါတယ်။

အဲ့လိုပွားများတဲ့အခါမှသာ အရိုး၊ကြွက်သား၊ကိုယ်တွင်းအင်္ဂါ၊အာရုံကြောအဖွဲ့အစည်းစသဖြင့် အသီးသီးဖြစ်လာပြီး သန္ဓေသားကလေး ပီပီပြင်ပြင်ဖြစ်လာပါတယ်။

အရိုးဆဲလ်၊ကြွက်သားဆဲလ်၊အာရုံကြောဆဲလ်၊ကိုယ်တွင်းအင်္ဂါဆဲလ် စသဖြင့် အသီးသီးပြောင်းလဲမသွားရသေးတဲ့ ဆဲလ်တွေကို ပင်မဆဲလ်(Stem cells)လို့ခေါ်ပါတယ်။

အရိုးဆဲလ်အဖြစ်ကွဲပွားပြီးတဲ့ဆဲလ်တွေက ကြွက်သားဆဲလ်အဖြစ်ပြောင်းမရတော့သလို ကြွက်သားဆဲလ်အဖြစ်ကွဲပွားပြီးတဲ့ ဆဲလ်တွေကလည်း အရိုးဆဲလ်ပြန်ပြောင်းမရပါ။

ဒါပေမယ့် ဆဲလ်အမျိုးအစားတမျိုးမျိုးအနေနဲ့ မကွဲပွားရသေးတဲ့ ပင်မဆဲလ်တွေကတော့ မည့်သည့်ဆဲလ်အမျိုးအစားအနေနဲ့ပဲဖြစ်ဖြစ် ကွဲပွားနိုင်စွမ်းရှိပါတယ်။

အဲ့လိုအစွမ်းရှိတဲ့အတွက်ပင်မဆဲလ်တွေဟာ ရောဂါတွေအတော်များများကုသရာမှ အလွန်အသုံးဝင်ပါတယ်။

အချင်းသွေးနဲ့အချင်းတစ်ရှုးသိမ်းဆည်းခြင်းဖြင့်ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

အချင်းသွေးထဲမှာ Haematopoietic stem cell ခေါ် သွေးပင်မဆဲလ်တွေပါတဲ့အတွက် နောင်တချိန်မိမိကလေးမှာ အကြောင်းကြောင်း ကြောင့် သွေးကင်ဆာ သို့မဟုတ် သာလာဆီးမီးယားရောဂါ စတဲ့သွေးနဲ့ဆိုင်တဲ့ရောဂါဆိုးတွေဖြစ်လာခဲ့ပါက ထိုသွေးပင်မဆဲလ်သုံးပြီး ကုသခြင်းဖြင့် ပျောက်ကင်းနိုင်ပြီး ရိုးတွင်းချဉ်ဆီအစားထိုးကုသဖို့မလိုတဲ့အတွက် မိမိနဲ့ရိုးတွင်းချဉ်ဆီကိုက်ညီမယ့်သူကိုလိုက်ရှာနေစရာမလိုတော့ပါ။

အချင်းတစ်ရှုးထဲမှာတော့ Mesenchymal stem cell ခေါ် တစ်ရှုးပင်မဆဲလ်တွေပါပါတယ်။ထိုဆဲလ်တွေကတော့ ခန္ဓာကိုယ်ရှိ အရေပြားတစ်ရှုး၊အရိုးတစ်ရှုး၊နှလုံးတစ်ရှုး စသဖြင့် ပြောင်းလဲကွဲပွားနိုင်တဲ့အတွက် နောင်တချိန် အကြောင်းအမျိုးမျိုးကြောင့် အသည်းခြောက်ရောဂါ၊နှလုံးကြွက်သားပုပ်ရောဂါတွေဖြစ်ပြီး အင်္ဂါအစားထိုးကုသဖို့လိုလာပါက မိမိနဲ့ကိုက်ညီမယ့် ကိုယ်တွင်းအင်္ဂါ အလှူရှင်ရှာတာ အလှူရှင်စောင့်ရတာတွေလုပ်စရာမလိုဘဲ အချင်းတစ်ရှုးပင်မဆဲလ်ကိုသုံးပြီးကုသလို့ရပါတယ်။

ဒါ့အပြင် Mesenchymal stem cells တွေဟာ အရေပြားလေးဖက်နာ(SLE) လိုကိုယ်ခံအားစနစ်နဲ့ရောဂါတွေကိုလည်း ကုသပေးနိုင်သလို အသက်ကြီးလို့မျက်နှာအရေအကြောင်းတွေဖြစ်ပြီး အရေပြားတွေတွန့်ကုန်တဲ့အခါ ပြန်လည်နုပျိုတင်းရင်းစေဖို့အတွက်လည်း အသုံးဝင်ပါတယ်လို့ သုတေသနပညာရှင်တွေကပြောကြားထားပါတယ်။

Dr 528