မျိုးရိုးဗီဇနဲ့ မသက်ဆိုင်တဲ့ အဝ ပြဿနာများ

မ်ိဳးရိုးဗီဇနဲ႔ မသက္ဆိုင္တဲ့ အဝ ျပႆနာမ်ား

က်န္းမာေရးက႑ကၾကည့္မယ္ဆိုရင္ လိုအပ္တာထက္ ပိုဝေနတာဟာ တစက္ကေလးမွ မေကာင္းပါဘူး။တခ်ိဳ႕က အေဖအေမ ဒါမွမဟုုတ္ မ်ိဳးရိုုးထဲက လူေတြ ဝသလိုု မ်ိဳးရိုုးလိုုက္ျပီး ဝၾကေပမဲ့ တခ်ိဳ႕ၾကျပန္ေတာ့ မ်ိဳးရိုုးနဲ႔ မဆိုုင္ပဲကိုု ဝေနတတ္ပါတယ္။ဝတဲ့အတြက္ေၾကာင့္ျဖစ္လာနိုင္တဲ့ေရာဂါေတြရိွသလို ေရာဂါတခ်ိဳ႕ေၾကာင့္လည္း ဝလာနိုင္ပါသတဲ့။ဒီေဆာင္းပါးမွာေတာ့ မ်ိဳးရိုုးမလိုုက္ဘဲ ဝတာနဲ႔ ဆက္စပ္ေနတဲ့ က်န္းမာေရးျပႆနာေတြကို ေျပာျပေပးသြားပါမယ္။

၁။လည္ပင္းေဟာ္မုန္းအထြက္နည္းျခင္း(Hypothyroidism)

လည္ပင္းမွာရိွတဲ့လိပ္ျပာပံုဂလင္းေသးေသးေလးကေန ပံုမွန္ထြက္ရမဲ့ေဟာ္မုန္းပမာဏ မထြက္ေတာ့ဘူးဆိုရင္ သင္ဟာ စျပီးဝလာပါေတာ့မယ္။ဒါ့အျပင္ ဆံပင္ေတြပါးလာလိမ့္မယ္။အသားေတြၾကမ္းလာမယ္။ေမာပန္းလြယ္မယ္။ဝမ္းခ်ဳပ္တတ္မယ္။ေနာက္ဆံုး စိတ္ဓာတ္ေတြပါက်လာနိုင္ပါတယ္။

၂။ စိတ္က်ေရာဂါ (Depression)

မ်ားေသာအားျဖင့္ အဝလြန္တယ္ ဝိတ္တတ္လာတယ္ဆိုတာ ရုပ္ပိုင္းဆိုင္ရာျပႆနာလို႔ပဲ ခံယူထားၾကပါတယ္။ဒါေပမဲ့ ရုပ္ပိုင္းသာမကပါဘူး။ဒါဟာ စိတ္ပိုင္းဆိုင္ရာေရာဂါေတြနဲ႔လည္း ဆက္စပ္ေနပါတယ္။စိတ္က်ေရာဂါလိုအေျခအေနမ်ိဳးမွာ stress hormones ေတြ ခႏၶာကိုယ္ကေန အမ်ားၾကီးထြက္ျပီး အဆိုပါေဟာ္မုန္းက ဝမ္းဗိုက္မွာအဆီေတြကို လာစုေစပါတယ္။စိတ္က်တဲ့လူအဖို႔မွာ ေလ့က်င့္ခန္းေတြ ကိုယ္လက္လႈပ္ရွားမႈေတြလည္း သိပ္မလုပ္နိုင္တာေၾကာင့္ ဝျပီးရင္းဝဖို႔ ျဖစ္လာပါတယ္။ဒီေရာဂါအတြက္ေသာက္ရတဲ့ေဆးအခ်ိဳ႕ကလည္း ဝေအာင္လုပ္နိုင္ပါေသးသတဲ့။

၃။အိပ္မေပ်ာ္ျခင္း (Insomnia)

အိပ္ေရးေတြပ်က္လို႔ ပိန္သြားမယ္ ထင္သလား။လံုးဝ မွားသြားပါလိမ့္မယ္။တေန႔ကို အနည္းဆံုး ၆ နာရီေလာက္ နွစ္နွစ္ျခိဳက္ျခိဳက္ အိပ္မေပ်ာ္ဘူးဆိုရင္ အဆီေတြပိုတိုးလာနိုင္တယ္လို႔ ဆိုပါတယ္။အိပ္ေရးပ်က္ရင္ထြက္တဲ့ cortisol နဲ႔ insulin ေဟာ္မုန္းေတြက အဓိကတရားခံေတြပါပဲ။သူတို႔က အိပ္ေရးပ်က္တဲ့သူေတြကို အစားေတြအမ်ားၾကီးစားခ်င္ေအာင္လည္း လုပ္ပါေသးတယ္။

၄။ေသြးဆံုးျခင္း (Menopause)

ေသြးဆံုးကိုင္တဲ့အခ်ိန္ Oestrogen ေဟာ္မုန္းအထြက္နဲသြားတာကလည္း အမ်ိဳးသမီးေတြ ဝလာေစတဲ့အေၾကာင္းတခ်က္ျဖစ္ပါတယ္။သူ႔ခ်ည္းသက္သက္ေတာ့ မဟုတ္ပါဘူး။ဒီအခ်ိန္မွာျဖစ္တတ္တဲ့ အိပ္မေပ်ာ္တာေတြ စိတ္အလိုမက်တာေတြေၾကာင့္လည္း ပါပါသတဲ့။

၅။ကူးရွင္း ေရာဂါ (Cushion’s Disease)

Cortisol ဆိုတဲ့ေဟာ္မုန္းဟာ ခႏၶာကိုယ္ရဲ႕ ေသြးေပါင္ခ်ိန္နဲ႔ ေသြးတြင္းအခ်ိဳဓာတ္ကို ပံုမွန္အေနအထားျဖစ္ေအာင္ ထိန္းညိွေပးပါတယ္။ဒါေပမဲ့ ဒီေဟာ္မုန္းပမာဏ လိုအပ္တာထက္အရမ္းမ်ားသြားရင္ေတာ့ ဗိုက္ေတြပူ လည္ကုပ္ေတြတိုဝင္သြားေအာင္ ဝလာနိုင္ပါတယ္။မ်က္နွာက ေဖာင္းေဖာင္းဝိုင္းဝိုင္းၾကီးျဖစ္ေနျပီး ဗိုက္ကပူ လက္ေတြေျခေတြက်ေတာ့ ေသးေသးသိမ္သိမ္ေလးေတြျဖစ္နဲ႔ ၾကည့္ရအေတာ္ဆိုးပါတယ္။ေသြးေျခဥလြယ္တာ အားနည္းေနတတ္တာေတြလည္း ေတြ႔ရတတ္ပါတယ္။ေဆးကုသမႈခံယူဖို႔ မျဖစ္မေနလိုတဲ့အေျခအေနတခုပါ။

၆။သားဥအိမ္တြင္ အရည္အိတ္အေျမာက္အျမားတည္ျခင္း (Polycystic Ovarian Syndrome)

ဒီေရာဂါရဲ႕ ျပႆနာက တခ်ိဳ႕ေရာဂါေတြလို တခုခုစစ္ေဆးလိုက္တာနဲ႔ ဒါပါပဲလို႔ တန္းေျပာဖို႔မလြယ္ကူတာပါ။ရာသီထိန္သြားမယ္။ဝက္ျခံေတြ ထြက္မယ္။မ်က္နွာနဲ႔ခႏၶာကိုယ္အနွံ႔မွာ အေမြးကေလးေတြထြက္မယ္။အာထရာေဆာင္းမွာ သားဥအိမ္မွာ အရည္အိတ္ကေလးေတြေတြ႔ပါလိမ့္မယ္။Androgen ေဟာ္မုန္းအထြက္မ်ားလို႔ ျဖစ္ရတာျဖစ္ျပီး Insulin ေဟာ္မုန္းကို  အားနည္းေစလို႔ ကိုယ္အေလးခ်ိန္ေတြပါ တိုးလာေစပါတယ္။

၇။ႏွလံုးၾကပ္ျခင္း (Congestive Heart Failure)

နွလံုးက ပံုမွန္မညွစ္ထုတ္နိုင္ေတာ့ရင္ ျဖစ္တဲ့အေျခအေနပါ။ဒီအေျခအေနမွာ ရုတ္တရက္ ေလးငါးဆယ္ရက္အတြင္း ေပါင္ခ်ိန္ေတြထိုးတက္လာတယ္ဆို သိပ္မေကာင္းပါဘူး။ေျခေထာက္ေတြေဖာေရာင္လာမယ္။အသက္ရႈျပင္းမယ္။ေသြးတိုးမယ္။သတိေမ့တတ္လာမယ္။ေဆးကုသမႈစနစ္တက်ခံယူသင့္တဲ့အေျခအေနပါပဲ။

၈။ေဖာေရာင္ျခင္း (Oedema)

မ်ားေသာအားျဖင့္ ေျခေတြလက္ေတြေဖာေရာင္လာျပီဆိုရင္ လူကလည္း ဝေနပါျပီ။ေဖာေရာင္တာဟာ ေက်ာက္ကပ္ နွလံုး အသည္းစတဲ့ ျပႆနာေတြနဲ႔ ဆက္စပ္မႈရိွေနနိုင္တာမို႔ ျဖစ္ရတဲ့အေၾကာင္းရင္းကို ျမန္ျမန္ရွာေတြ႔ေအာင္ ေဆးကုသမႈခံရပါမယ္္။

၉။စတီးရြိဳက္ပါေသာေဆးမ်ား (Steroids)

ပန္းနာရင္ၾကပ္တို႔ အဆစ္အျမစ္ေရာင္တို႔မွာသံုးေလ့ရိွတဲ့ ဒီေဆးေတြကို ၾကာၾကာသံုးစြဲမိရင္ လူကေဖာသလိုျဖစ္လာျပီး ကိုယ္အေလးခ်ိန္ေတြလည္းတက္ အစားစားခ်င္စိတ္ေတြလည္း တက္လာပါတယ္။ေရရွည္သံုးစြဲဖို႔ လံုးဝမသင့္ေတာ္တဲ့ဒီေဆးကို ျမန္မာျပည္မွာ ရမ္းကုေတြက လိႈင္လိႈင္သံုးသလို မွတ္ပံုမတင္ထားတဲ့တိုင္းရင္းေဆးအမည္ခံေဆးေတြမွာပါ ခဏခဏဆိုသလို ေဖာ္ထုတ္ေတြ႔ရိွေနတာ ရင္ေလးစရာပါပဲ။

Dr.KG

Unicode Version

မျိုးရိုးဗီဇနဲ့ မသက်ဆိုင်တဲ့ အဝ ပြဿနာများ

ကျန်းမာရေးကဏ္ဍကကြည့်မယ်ဆိုရင် လိုအပ်တာထက် ပိုဝနေတာဟာ တစက်ကလေးမှ မကောင်းပါဘူး။တချို့က အဖေအမေ ဒါမှမဟုတ် မျိုးရိုးထဲက လူတွေ ဝသလို မျိုးရိုးလိုက်ပြီး ဝကြပေမဲ့ တချို့ကြပြန်တော့ မျိုးရိုးနဲ့ မဆိုင်ပဲကို ဝနေတတ်ပါတယ်။ဝတဲ့အတွက်ကြောင့်ဖြစ်လာနိုင်တဲ့ရောဂါတွေရှိသလို ရောဂါတချို့ကြောင့်လည်း ဝလာနိုင်ပါသတဲ့။ဒီဆောင်းပါးမှာတော့ မျိုးရိုးမလိုက်ဘဲ ဝတာနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို ပြောပြပေးသွားပါမယ်။

၁။လည်ပင်းဟော်မုန်းအထွက်နည်းခြင်း(Hypothyroidism)

လည်ပင်းမှာရှိတဲ့လိပ်ပြာပုံဂလင်းသေးသေးလေးကနေ ပုံမှန်ထွက်ရမဲ့ဟော်မုန်းပမာဏ မထွက်တော့ဘူးဆိုရင် သင်ဟာ စပြီးဝလာပါတော့မယ်။ဒါ့အပြင် ဆံပင်တွေပါးလာလိမ့်မယ်။အသားတွေကြမ်းလာမယ်။မောပန်းလွယ်မယ်။ဝမ်းချုပ်တတ်မယ်။နောက်ဆုံး စိတ်ဓာတ်တွေပါကျလာနိုင်ပါတယ်။

၂။ စိတ်ကျရောဂါ (Depression)

များသောအားဖြင့် အဝလွန်တယ် ဝိတ်တတ်လာတယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာပြဿနာလို့ပဲ ခံယူထားကြပါတယ်။ဒါပေမဲ့ ရုပ်ပိုင်းသာမကပါဘူး။ဒါဟာ စိတ်ပိုင်းဆိုင်ရာရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။စိတ်ကျရောဂါလိုအခြေအနေမျိုးမှာ stress hormones တွေ ခန္ဓာကိုယ်ကနေ အများကြီးထွက်ပြီး အဆိုပါဟော်မုန်းက ဝမ်းဗိုက်မှာအဆီတွေကို လာစုစေပါတယ်။စိတ်ကျတဲ့လူအဖို့မှာ လေ့ကျင့်ခန်းတွေ ကိုယ်လက်လှုပ်ရှားမှုတွေလည်း သိပ်မလုပ်နိုင်တာကြောင့် ဝပြီးရင်းဝဖို့ ဖြစ်လာပါတယ်။ဒီရောဂါအတွက်သောက်ရတဲ့ဆေးအချို့ကလည်း ဝအောင်လုပ်နိုင်ပါသေးသတဲ့။

၃။အိပ်မပျော်ခြင်း (Insomnia)

အိပ်ရေးတွေပျက်လို့ ပိန်သွားမယ် ထင်သလား။လုံးဝ မှားသွားပါလိမ့်မယ်။တနေ့ကို အနည်းဆုံး ၆ နာရီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူးဆိုရင် အဆီတွေပိုတိုးလာနိုင်တယ်လို့ ဆိုပါတယ်။အိပ်ရေးပျက်ရင်ထွက်တဲ့ cortisol နဲ့ insulin ဟော်မုန်းတွေက အဓိကတရားခံတွေပါပဲ။သူတို့က အိပ်ရေးပျက်တဲ့သူတွေကို အစားတွေအများကြီးစားချင်အောင်လည်း လုပ်ပါသေးတယ်။

၄။သွေးဆုံးခြင်း (Menopause)

သွေးဆုံးကိုင်တဲ့အချိန် Oestrogen ဟော်မုန်းအထွက်နဲသွားတာကလည်း အမျိုးသမီးတွေ ဝလာစေတဲ့အကြောင်းတချက်ဖြစ်ပါတယ်။သူ့ချည်းသက်သက်တော့ မဟုတ်ပါဘူး။ဒီအချိန်မှာဖြစ်တတ်တဲ့ အိပ်မပျော်တာတွေ စိတ်အလိုမကျတာတွေကြောင့်လည်း ပါပါသတဲ့။

၅။ကူးရှင်း ရောဂါ (Cushion’s Disease)

Cortisol ဆိုတဲ့ဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့ သွေးပေါင်ချိန်နဲ့ သွေးတွင်းအချိုဓာတ်ကို ပုံမှန်အနေအထားဖြစ်အောင် ထိန်းညှိပေးပါတယ်။ဒါပေမဲ့ ဒီဟော်မုန်းပမာဏ လိုအပ်တာထက်အရမ်းများသွားရင်တော့ ဗိုက်တွေပူ လည်ကုပ်တွေတိုဝင်သွားအောင် ဝလာနိုင်ပါတယ်။မျက်နှာက ဖောင်းဖောင်းဝိုင်းဝိုင်းကြီးဖြစ်နေပြီး ဗိုက်ကပူ လက်တွေခြေတွေကျတော့ သေးသေးသိမ်သိမ်လေးတွေဖြစ်နဲ့ ကြည့်ရအတော်ဆိုးပါတယ်။သွေးခြေဥလွယ်တာ အားနည်းနေတတ်တာတွေလည်း တွေ့ရတတ်ပါတယ်။ဆေးကုသမှုခံယူဖို့ မဖြစ်မနေလိုတဲ့အခြေအနေတခုပါ။

၆။သားဥအိမ်တွင် အရည်အိတ်အမြောက်အမြားတည်ခြင်း (Polycystic Ovarian Syndrome)

ဒီရောဂါရဲ့ ပြဿနာက တချို့ရောဂါတွေလို တခုခုစစ်ဆေးလိုက်တာနဲ့ ဒါပါပဲလို့ တန်းပြောဖို့မလွယ်ကူတာပါ။ရာသီထိန်သွားမယ်။ဝက်ခြံတွေ ထွက်မယ်။မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့မှာ အမွေးကလေးတွေထွက်မယ်။အာထရာဆောင်းမှာ သားဥအိမ်မှာ အရည်အိတ်ကလေးတွေတွေ့ပါလိမ့်မယ်။Androgen ဟော်မုန်းအထွက်များလို့ ဖြစ်ရတာဖြစ်ပြီး Insulin ဟော်မုန်းကို  အားနည်းစေလို့ ကိုယ်အလေးချိန်တွေပါ တိုးလာစေပါတယ်။

၇။နှလုံးကြပ်ခြင်း (Congestive Heart Failure)

နှလုံးက ပုံမှန်မညှစ်ထုတ်နိုင်တော့ရင် ဖြစ်တဲ့အခြေအနေပါ။ဒီအခြေအနေမှာ ရုတ်တရက် လေးငါးဆယ်ရက်အတွင်း ပေါင်ချိန်တွေထိုးတက်လာတယ်ဆို သိပ်မကောင်းပါဘူး။ခြေထောက်တွေဖောရောင်လာမယ်။အသက်ရှုပြင်းမယ်။သွေးတိုးမယ်။သတိမေ့တတ်လာမယ်။ဆေးကုသမှုစနစ်တကျခံယူသင့်တဲ့အခြေအနေပါပဲ။

၈။ဖောရောင်ခြင်း (Oedema)

များသောအားဖြင့် ခြေတွေလက်တွေဖောရောင်လာပြီဆိုရင် လူကလည်း ဝနေပါပြီ။ဖောရောင်တာဟာ ကျောက်ကပ် နှလုံး အသည်းစတဲ့ ပြဿနာတွေနဲ့ ဆက်စပ်မှုရှိနေနိုင်တာမို့ ဖြစ်ရတဲ့အကြောင်းရင်းကို မြန်မြန်ရှာတွေ့အောင် ဆေးကုသမှုခံရပါမယ်။

၉။စတီးရွိုက်ပါသောဆေးများ (Steroids)

ပန်းနာရင်ကြပ်တို့ အဆစ်အမြစ်ရောင်တို့မှာသုံးလေ့ရှိတဲ့ ဒီဆေးတွေကို ကြာကြာသုံးစွဲမိရင် လူကဖောသလိုဖြစ်လာပြီး ကိုယ်အလေးချိန်တွေလည်းတက် အစားစားချင်စိတ်တွေလည်း တက်လာပါတယ်။ရေရှည်သုံးစွဲဖို့ လုံးဝမသင့်တော်တဲ့ဒီဆေးကို မြန်မာပြည်မှာ ရမ်းကုတွေက လှိုင်လှိုင်သုံးသလို မှတ်ပုံမတင်ထားတဲ့တိုင်းရင်းဆေးအမည်ခံဆေးတွေမှာပါ ခဏခဏဆိုသလို ဖော်ထုတ်တွေ့ရှိနေတာ ရင်လေးစရာပါပဲ။

Dr.KG