နို့နှင့် နို့ထွက်ပစ္စည်းများ မစားသုံးမီ ကြိုတင်သိရှိထားသင့်သော အချက် (၅) ချက်

နို႕နွင့္ နို႕ထြက္ပစၥည္းမ်ား မစားသံုးမီ ၾကိဳတင္သိရွိထားသင့္ေသာ အခ်က္ (၅) ခ်က္

ဤေဆာင္းပါးအား Tetra Pak မွ ပံ့ပိုးကူညီေပးထားပါသည္။

သင့္အေနနွင့္ နို႕နွင့္ နို႕ထြက္ပစၥည္းမ်ားကို စားသံုးဖို႕ ေရြးခ်ယ္ဝယ္ယူရာမွာ မိမိကိုယ္ကို ျပန္လည္ ေမးျမန္းသင့္တာက – ဒီထုတ္ကုန္ေတြ ဟာသင္နွင့္သင္ခ်စ္ျမတ္နိုးရသူေတြအတြက္ က်န္းမာေရးဆိုင္ရာအက်ိဳးေက်းဇူးေကာင္းေတြ ေပးနိုင္သလား၊၊ ဒီထုတ္ကုန္ေတြမွာ လိုအပ္တဲ့ အာဟာရဓာတ္ေတြပါဝင္ျပီး စားသံုးဖို႕စိတ္ခ်ယံုၾကည္ရသလား ဆိုတ့ဲ ေမးခြန္းေတြပါ။ ျမန္မာနိုင္ငံမွာေတာ့ “စိတ္ခ်ယံုၾကည္္ရတဲ့ စားေသာက္ကုန္” ဆိုတဲ့ စံညီစံႏႈန္းသတ္မွတ္ခ်က္နွင့္ပတ္သတ္ျပီး စိတ္ဝင္စားမႈနည္းပါးေနျခင္းဟာ အၾကီးမားဆံုး စိန္ေခၚမႈၾကီးတစ္ခုျဖစ္ေနပါတယ္။ ေဘးဥပါဒ္ျဖစ္ေစတဲ့ အစားအေသာက္ေတြ၊ အထူးသျဖင့္ ထုတ္လုပ္တဲ့ ေနရာအတိအက်မသိရျခင္း၊ တစ္ခါတစ္ရံမွာ အေရာအေနွာမ်ားပါဝင္ျခင္း ၊မမွန္ကန္ေသာနည္းလမ္းမ်ားနွင့္ ထုတ္လုပ္ျခင္း၊ ထုတ္ပိုးျခင္း စသည္တို႕ေၾကာင့္အစားအေသာက္ေတြမွာသင့္ က်န္းမာေရးကို ထိခိုက္ေစမယ့္ အႏၱရာယ္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ သင္ၾကိဳက္နွစ္သက္တဲ့ နို႕ထြက္ပစၥည္းထုတ္ကုန္ေတြကို ဘယ္လိုအေကာင္းဆံုး ေရြးခ်ယ္စား သံုးသင့္တယ္ဆိုတာကို ေဝမ်ွေပးပါရေစ။

၁။ စားေသာက္ကုန္ရဲ႕ ယံုၾကည္စိတ္ခ်ရမႈဟာ အဓိကအေရးအၾကီးဆံုးျဖစ္

အရည္အေသြးစိတ္မခ်ရတဲ့ စားေသာက္ကုန္ေတြေၾကာင့္ ဝမ္းပ်က္ဝမ္းေလ်ွာေရာဂါ နွင့္ ကင္ဆာေရာဂါအပါအဝင္ ေရာဂါအမ်ိဳးအစားေပါင္း ၂၀၀ ေက်ာ္ ျဖစ္ေစနိုင္တယ္ဆိုတာသင္သိပါသလား။ ကမာၻ႕က်န္းမာေရးအဖြဲ႕အစည္း (WHO) ရဲ႕ အဆိုအရ မသန္႕ရွင္းတဲ့ (သို႕) ပုပ္သိုးေနတဲ့ အစားအေသာက္မ်ားမွာ ဘတ္တီးရီးယားေတြ၊ ေရာဂါပိုးေတြ၊ ကပ္ပါးေကာင္ေတြနွင့္ဓာတုပစၥည္းေတြပါဝင္ျပီး၊ နွစ္စဥ္နွစ္တိုင္း လူဦး ေရ၄၂၀,၀၀၀အထိ ေသဆံုးေစေၾကာင္းသိရပါတယ္။ ဒါေၾကာင့္ အစားအေသာက္ ယံုၾကည္စိတ္ခ်ရမႈဟာ လူသားအားလံုး ဂရုတစိုက္ထည့္သြင္းစဥ္းစားသင့္တဲ့အခ်က္ ျဖစ္လို႕လာပါတယ္။ ကြ်န္ုပ္တို႕ရဲ႕ အစားအေသာက္ပံုစံဟာ ကြ်န္ပ္တို႕ရဲ႕ေန႕စဥ္ဘဝနွင့္ တိုက္ရိုက္အခ်ိဳးက်ျပီး အစားအေသာက္ဟာ ကြ်န္ုပ္တို႕ကို က်န္းမာေပ်ာ္ရႊင္ေစတဲ့ ဘဝ ကိုပိုင္ဆိုင္ေစဖို႕ အေထာက္အပံ့ေကာင္းမ်ားပဲ ျဖစ္ေနေစသင့္ပါတယ္။

၂။ ေနရာတိုင္းမွာရွိတဲ့ ဘတ္တီးရီးယားမ်ား

အခု သင့္လက္ေတြမွာ၊ သင့္ဖုန္းမွာ ေနာက္ျပီး သင့္ဝန္းက်င္မွာ ဘတ္တီးရီးယားေတြကပ္တြယ္ေနပါတယ္။ ဒါကို သာမန္မ်က္စိနွင့္ မျမင္နိုင္ ေပမယ့္ အလြန္ေသးငယ္တဲ့ဒီပိုးမႊားေတြဟာ ကြ်န္ုပ္တို႕အနားမွာပဲ ရွိေနပါတယ္။ သင္အရမ္းကိုၾကိဳက္နွစ္သက္တဲ့လမ္းေဘးဆိုင္က အစားအေသာက္ေတြ၊ လမ္းေဘးကဝယ္လာတဲ့ ဟင္းသီးဟင္းရြက္ေတြမွာလည္း ကပ္ပါလာတတ္ပါတယ္။ သင္သတိမထားမိခင္ေလးမွာဘဲ အခ်ိဳ႕ေသာ ဘတ္တီးရီးယားေတြေၾကာင့္ သင္ဖ်ားနာနိုင္ပါတယ္။ ဒါေပမယ့္ စိတ္မပူပါနဲ႕။ ဒီေဆာင္းပါးမွာ သင္ဘယ္လို ဘတ္တီးရီးယားကင္းတဲ့ အစားအေသာက္ေတြကိုေရြးခ်ယ္ဝယ္ယူရမလဲဆိုတာကို ေဖာ္ျပေပးသြားဦးမွာမို႕ ဆက္လက္ဖတ္ရႈေပးပါဦး။

၃။ UHT နို႕ထြက္ပစၥည္းမ်ားကိုုသာေရြးခ်ယ္ဝယ္ယူသင့္

UHT ဆိုတာဘာလဲ? UHT ဆိုတာ Ultra-High Temperature ျဖစ္ပါတယ္။ သင့္အေနနွင့္ နို႕က်ိဳခ်က္ရာမွာ သာမန္ဆူပြက္ရံုအပူခ်ိန္ထားရွိျခင္းဟာ မလံုေလာက္ေသးပါဘူး။ UHT နို႕ထြက္ထုတ္ကုန္ေတြကို စက္ရံုထဲမွာ အလြန္ျမင့္မားတဲ့အပူခ်ိန္နဲ႕ တိုေတာင္းေသာ အခ်ိန္ကာလတစ္ခုအတြင္း က်ိဳခ်က္သန္႕စင္ကာ ယင္းအခ်ိန္တိုအတြင္းမွာ ဘတ္တီးရီးယားပိုးမ်ားကို သတ္ျပီး ႏြားနို႕ရဲ႕ အာဟာရႏွင့္ က်န္းမာေရးအက်ိဳးေတြအားလံုးကို ပါဝင္ေအာင္ ဆက္လက္ထိန္းသိမ္းေပးပါတယ္။ UHT နို႕ထြက္ထုတ္ကုန္မ်ားကို ေရြးခ်ယ္ျခင္းျဖင့္ သင့္အေနႏွင့္ ေကာင္းမြန္စြာ က်ိဳခ်က္ထုတ္လုပ္ထားျပီး က်န္းမာေရးအတြက္သင့္ေတာ္ စိတ္ခ်ရတဲ့ ထုတ္ကုန္မ်ားကို စားသံုးနိုင္မွာျဖစ္ပါတယ္။

၄။ အဆန္းသစ္ဆံုး စကၠဴဘူးခြံထုတ္ပိုးမႈ၏ ေကာင္းက်ိဳးမ်ား

နို႕ထြက္ပစၥည္းမ်ားကို က်ိဳခ်က္ထုတ္လုပ္ျခင္းသာမက ထုတ္ပိုးသိုေလွာင္ျခင္းကလည္း ၎ထုတ္ကုန္မ်ားရဲ႕ ယံုၾကည္စိတ္ခ်ရမႈအတြက္ အေရးပါတဲ့ အဆင့္မ်ားပဲျဖစ္ပါတယ္။ ထုတ္ကုန္ရဲ႕ ထုတ္ပိုးမႈကို အဓိကထားေရြးခ်ယ္မယ္ဆိုရင္ေတာ့ စကၠဴးဘူးခြံျဖင့္ ထုတ္ပိုးမႈဟာ အေကာင္းဆံုးနွင့္ အလံုျခံဳဆံုးပဲျဖစ္ပါတယ္။ Tetra Pak ဟာ အစားအေသာက္ထုတ္လုပ္မႈနွင့္ ထုတ္ပိုးမႈ ဝန္ေဆာင္မႈမ်ားကို ေပးေနေသာ ကမာၻ႔ထိပ္တန္းကုမၸဏီၾကီးျဖစ္ျပီး၊ ေနရာတိုင္းမွာ စိတ္ခ်ယံုၾကည္ရတဲ့အစားအေသာက္မ်ား အလြယ္တကူရရွိနိုင္ေစေရးအတြက္ ရာႏႈန္းျပည့္ အလင္းေရာင္၊ ေအာက္စီဂ်င္နွင့္ ဘတ္တီးရီးယားတို႔႔မွကာကြယ္ေပးတဲ့ ပိုးမႊားကင္းေသာ ကတ္ထူစကၠဴ အလႊာ ၆ လႊာပါဝင္တဲ့ ဘူးမ်ားကို ထုတ္လုပ္ျဖန္႕ျဖဴးေပးလ်က္ရွိပါတယ္။ ယင္း စကၠဴဘူးမ်ားျဖင့္ထုတ္ပိုးထားေသာ နို႕ထြက္ကုန္မ်ားကို အေအးခန္းအတြင္းသိမ္းဆည္းရန္မ လိုဘဲ ထားရွိနိုင္တာေၾကာင့္ အလြန္အဆင္ေျပေစပါတယ္။

စကၠဴဘူးခြံနွင့္ ထုတ္ပိုးထားတဲ့ UHT နို႕ထြက္ထုတ္ကုန္ေတြကို ဘယ္လိုရွာေဖြဝယ္ယူနိုင္သလဲ။

ဒါကေတာ့အရမ္းကို လြယ္ကူပါတယ္ Tetra Pak ကေနထုတ္လုပ္တဲ့ နို႕ထြက္ထုတ္ကုန္မရွိေပမယ့္ Vito၊ Alpine နို႕ထြက္ပစၥည္းမ်ား (သို႕) Cowhead အစရွိတဲ့ သင္ၾကိဳက္နွစ္သက္ရာ ထုတ္ကုန္မ်ားမွာ Tetra Pak အမွတ္တံဆိပ္ကို အလြယ္တကူရွာေဖြေတြ႕ရွိနိုင္ပါတယ္။ Tetra Pak အမွတ္အသားပါရင္ေတာ့အာဟာရျပည့္၀စြာ ထုတ္ပိုးထားတဲ့ ထုတ္ကုန္ကို အျပည့္အဝယံုၾကည္စြာ ေသာက္သံုးနိုင္ျပီေပါ့။

၅။ တာရွည္ခံေအာင္ အေအးခံ သိုေလွာင္ထားရန္မလို

UHT နို႕ထြက္ကုန္ေတြဟာ မဖြင့္ရေသးမီအေျခအေနမွာ စူပါမားကတ္ေတြရဲ႕ စင္ေတြေပၚမွာ အခ်ိန္ကာလၾကာျမင့္အထားခံတာကို သင္သတိထားမိပါလိမ့္မယ္။ UHT နို႕ထြက္ထုတ္ကုန္မ်ားကို ဘတ္တီးရီးယားကင္းစင္တဲ့ စကၠဴဘူးနွင့္ ထုတ္ပိုးထားတာေၾကာင့္ မပုပ္မသိုးဘဲ လေပါင္းမ်ားစြာ သိုေလွာင္ထားနိုင္ပါတယ္။ ဒါ့အျပင္ ဒီဘတ္တီးရီးယားကင္းစင္တဲ့ aseptic packaging ထုတ္ကုန္မ်ားကို အေအးခန္းတြင္ သိုေလွာင္စရာမလိုအပ္တာေၾကာင့္ ခရီးသြားရင္းသယ္ေဆာင္သြားရင္ပဲျဖစ္ျဖစ္၊ ေႏြရာသီမွာပဲ ျဖစ္ျဖစ္၊ ရံုးသြား၊ေက်ာင္းသြားရာမွာ ယူေဆာင္သြားရင္ပဲျဖစ္ျဖစ္ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို UHT နို႕ထုတ္ကုန္မ်ားဟာ အျမဲ လတ္ဆတ္ျပီး အာဟာရျပည့္ဝစြာေပးနိုင္မွာျဖစ္ပါတယ္။

အစားအေသာက္ ယံုၾကည္စိတ္ခ်ရမႈနွင့္ UHT ႏြားနို႕ထုတ္ကုန္မ်ားအေၾကာင္း ပိုမိုသိရွိလိုပါသလား။ Tetra Pak မွ လာမယ့္ ေဖေဖာ္ဝါရီ ၂၄ရက္မွာ သင္နွင့္ သင့္ မိသားစု မိတ္ေဆြေတြအတြက္ UHT နို႕ထြက္ပစၥည္းေတြအေၾကာင္းပညာေပးလႈပ္ရွားမႈေတြပါဝင္မယ့္ ရင္ခုန္စိတ္လႈပ္ရွားဖြယ္အစီအစဥ္တစ္ခုကို မဟာဗႏၶဳလပန္းျခံမွာ က်င္းပ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။ အဆိုပါပြဲမွာ ပါဝင္ၾကမယ့္ နိုင္ငံေက်ာ္အနုပညာရွင္ေတြနွင့္ ပြဲအစီအစဥ္ေတြကို Tetra Pak Myanmar Facebook စာမ်က္ႏွာ မွာ ေၾကညာေပးသြားမွာမို႔ဆက္လက္ေစာင့္ၾကည့္နိုင္ပါတယ္။ သင္ဟာ အစားအေသာက္ကို စနစ္တက်ေရြးခ်ယ္စားသံုးတတ္သူဆိုရင္ေတာ့ လက္မလႊတ္သင့္တဲ့ပြဲတစ္ခုပါပဲ။

(Unicode Version)

နို့နှင့် နို့ထွက်ပစ္စည်းများ မစားသုံးမီ ကြိုတင်သိရှိထားသင့်သော အချက် (၅) ချက်

ဤဆောင်းပါးအား Tetra Pak မှ ပံ့ပိုးကူညီပေးထားပါသည်။

သင့်အနေနှင့် နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးဖို့ ရွေးချယ်ဝယ်ယူရာမှာ မိမိကိုယ်ကို ပြန်လည် မေးမြန်းသင့်တာက – ဒီထုတ်ကုန်တွေ ဟာသင်နှင့်သင်ချစ်မြတ်နိုးရသူတွေအတွက် ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးကောင်းတွေ ပေးနိုင်သလား၊၊ ဒီထုတ်ကုန်တွေမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်ပြီး စားသုံးဖို့စိတ်ချယုံကြည်ရသလား ဆိုတဲ့ မေးခွန်းတွေပါ။ မြန်မာနိုင်ငံမှာတော့ “စိတ်ချယုံကြည်ရတဲ့ စားသောက်ကုန်” ဆိုတဲ့ စံညီစံနှုန်းသတ်မှတ်ချက်နှင့်ပတ်သတ်ပြီး စိတ်ဝင်စားမှုနည်းပါးနေခြင်းဟာ အကြီးမားဆုံး စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်။ ဘေးဥပါဒ်ဖြစ်စေတဲ့ အစားအသောက်တွေ၊ အထူးသဖြင့် ထုတ်လုပ်တဲ့ နေရာအတိအကျမသိရခြင်း၊ တစ်ခါတစ်ရံမှာ အရောအနှောများပါဝင်ခြင်း ၊မမှန်ကန်သောနည်းလမ်းများနှင့် ထုတ်လုပ်ခြင်း၊ ထုတ်ပိုးခြင်း စသည်တို့ကြောင့်အစားအသောက်တွေမှာသင့် ကျန်းမာရေးကို ထိခိုက်စေမယ့် အန္တရာယ်ဖြစ်စေပါတယ်။ ဒါကြောင့် သင်ကြိုက်နှစ်သက်တဲ့ နို့ထွက်ပစ္စည်းထုတ်ကုန်တွေကို ဘယ်လိုအကောင်းဆုံး ရွေးချယ်စား သုံးသင့်တယ်ဆိုတာကို ဝေမျှပေးပါရစေ။

၁။ စားသောက်ကုန်ရဲ့ ယုံကြည်စိတ်ချရမှုဟာ အဓိကအရေးအကြီးဆုံးဖြစ်

အရည်အသွေးစိတ်မချရတဲ့ စားသောက်ကုန်တွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ နှင့် ကင်ဆာရောဂါအပါအဝင် ရောဂါအမျိုးအစားပေါင်း ၂၀၀ ကျော် ဖြစ်စေနိုင်တယ်ဆိုတာသင်သိပါသလား။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အဆိုအရ မသန့်ရှင်းတဲ့ (သို့) ပုပ်သိုးနေတဲ့ အစားအသောက်များမှာ ဘတ်တီးရီးယားတွေ၊ ရောဂါပိုးတွေ၊ ကပ်ပါးကောင်တွေနှင့်ဓာတုပစ္စည်းတွေပါဝင်ပြီး၊ နှစ်စဉ်နှစ်တိုင်း လူဦး ရေ၄၂၀,၀၀၀အထိ သေဆုံးစေကြောင်းသိရပါတယ်။ ဒါကြောင့် အစားအသောက် ယုံကြည်စိတ်ချရမှုဟာ လူသားအားလုံး ဂရုတစိုက်ထည့်သွင်းစဉ်းစားသင့်တဲ့အချက် ဖြစ်လို့လာပါတယ်။ ကျွန်ုပ်တို့ရဲ့ အစားအသောက်ပုံစံဟာ ကျွန်ပ်တို့ရဲ့နေ့စဉ်ဘဝနှင့် တိုက်ရိုက်အချိုးကျပြီး အစားအသောက်ဟာ ကျွန်ုပ်တို့ကို ကျန်းမာပျော်ရွှင်စေတဲ့ ဘဝ ကိုပိုင်ဆိုင်စေဖို့ အထောက်အပံ့ကောင်းများပဲ ဖြစ်နေစေသင့်ပါတယ်။

၂။ နေရာတိုင်းမှာရှိတဲ့ ဘတ်တီးရီးယားများ

အခု သင့်လက်တွေမှာ၊ သင့်ဖုန်းမှာ နောက်ပြီး သင့်ဝန်းကျင်မှာ ဘတ်တီးရီးယားတွေကပ်တွယ်နေပါတယ်။ ဒါကို သာမန်မျက်စိနှင့် မမြင်နိုင် ပေမယ့် အလွန်သေးငယ်တဲ့ဒီပိုးမွှားတွေဟာ ကျွန်ုပ်တို့အနားမှာပဲ ရှိနေပါတယ်။ သင်အရမ်းကိုကြိုက်နှစ်သက်တဲ့လမ်းဘေးဆိုင်က အစားအသောက်တွေ၊ လမ်းဘေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ကပ်ပါလာတတ်ပါတယ်။ သင်သတိမထားမိခင်လေးမှာဘဲ အချို့သော ဘတ်တီးရီးယားတွေကြောင့် သင်ဖျားနာနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီဆောင်းပါးမှာ သင်ဘယ်လို ဘတ်တီးရီးယားကင်းတဲ့ အစားအသောက်တွေကိုရွေးချယ်ဝယ်ယူရမလဲဆိုတာကို ဖော်ပြပေးသွားဦးမှာမို့ ဆက်လက်ဖတ်ရှုပေးပါဦး။

၃။ UHT နို့ထွက်ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသင့်

UHT ဆိုတာဘာလဲ? UHT ဆိုတာ Ultra-High Temperature ဖြစ်ပါတယ်။ သင့်အနေနှင့် နို့ကျိုချက်ရာမှာ သာမန်ဆူပွက်ရုံအပူချိန်ထားရှိခြင်းဟာ မလုံလောက်သေးပါဘူး။ UHT နို့ထွက်ထုတ်ကုန်တွေကို စက်ရုံထဲမှာ အလွန်မြင့်မားတဲ့အပူချိန်နဲ့ တိုတောင်းသော အချိန်ကာလတစ်ခုအတွင်း ကျိုချက်သန့်စင်ကာ ယင်းအချိန်တိုအတွင်းမှာ ဘတ်တီးရီးယားပိုးများကို သတ်ပြီး နွားနို့ရဲ့ အာဟာရနှင့် ကျန်းမာရေးအကျိုးတွေအားလုံးကို ပါဝင်အောင် ဆက်လက်ထိန်းသိမ်းပေးပါတယ်။ UHT နို့ထွက်ထုတ်ကုန်များကို ရွေးချယ်ခြင်းဖြင့် သင့်အနေနှင့် ကောင်းမွန်စွာ ကျိုချက်ထုတ်လုပ်ထားပြီး ကျန်းမာရေးအတွက်သင့်တော် စိတ်ချရတဲ့ ထုတ်ကုန်များကို စားသုံးနိုင်မှာဖြစ်ပါတယ်။

၄။ အဆန်းသစ်ဆုံး စက္ကူဘူးခွံထုတ်ပိုးမှု၏ ကောင်းကျိုးများ

နို့ထွက်ပစ္စည်းများကို ကျိုချက်ထုတ်လုပ်ခြင်းသာမက ထုတ်ပိုးသိုလှောင်ခြင်းကလည်း ၎င်းထုတ်ကုန်များရဲ့ ယုံကြည်စိတ်ချရမှုအတွက် အရေးပါတဲ့ အဆင့်များပဲဖြစ်ပါတယ်။ ထုတ်ကုန်ရဲ့ ထုတ်ပိုးမှုကို အဓိကထားရွေးချယ်မယ်ဆိုရင်တော့ စက္ကူးဘူးခွံဖြင့် ထုတ်ပိုးမှုဟာ အကောင်းဆုံးနှင့် အလုံခြုံဆုံးပဲဖြစ်ပါတယ်။ Tetra Pak ဟာ အစားအသောက်ထုတ်လုပ်မှုနှင့် ထုတ်ပိုးမှု ဝန်ဆောင်မှုများကို ပေးနေသော ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးဖြစ်ပြီး၊ နေရာတိုင်းမှာ စိတ်ချယုံကြည်ရတဲ့အစားအသောက်များ အလွယ်တကူရရှိနိုင်စေရေးအတွက် ရာနှုန်းပြည့် အလင်းရောင်၊ အောက်စီဂျင်နှင့် ဘတ်တီးရီးယားတို့မှကာကွယ်ပေးတဲ့ ပိုးမွှားကင်းသော ကတ်ထူစက္ကူ အလွှာ ၆ လွှာပါဝင်တဲ့ ဘူးများကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ယင်း စက္ကူဘူးများဖြင့်ထုတ်ပိုးထားသော နို့ထွက်ကုန်များကို အအေးခန်းအတွင်းသိမ်းဆည်းရန်မ လိုဘဲ ထားရှိနိုင်တာကြောင့် အလွန်အဆင်ပြေစေပါတယ်။

စက္ကူဘူးခွံနှင့် ထုတ်ပိုးထားတဲ့ UHT နို့ထွက်ထုတ်ကုန်တွေကို ဘယ်လိုရှာဖွေဝယ်ယူနိုင်သလဲ။

ဒါကတော့အရမ်းကို လွယ်ကူပါတယ် Tetra Pak ကနေထုတ်လုပ်တဲ့ နို့ထွက်ထုတ်ကုန်မရှိပေမယ့် Vito၊ Alpine နို့ထွက်ပစ္စည်းများ (သို့) Cowhead အစရှိတဲ့ သင်ကြိုက်နှစ်သက်ရာ ထုတ်ကုန်များမှာ Tetra Pak အမှတ်တံဆိပ်ကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပါတယ်။ Tetra Pak အမှတ်အသားပါရင်တော့အာဟာရပြည့်ဝစွာ ထုတ်ပိုးထားတဲ့ ထုတ်ကုန်ကို အပြည့်အဝယုံကြည်စွာ သောက်သုံးနိုင်ပြီပေါ့။

၅။ တာရှည်ခံအောင် အအေးခံ သိုလှောင်ထားရန်မလို

UHT နို့ထွက်ကုန်တွေဟာ မဖွင့်ရသေးမီအခြေအနေမှာ စူပါမားကတ်တွေရဲ့ စင်တွေပေါ်မှာ အချိန်ကာလကြာမြင့်အထားခံတာကို သင်သတိထားမိပါလိမ့်မယ်။ UHT နို့ထွက်ထုတ်ကုန်များကို ဘတ်တီးရီးယားကင်းစင်တဲ့ စက္ကူဘူးနှင့် ထုတ်ပိုးထားတာကြောင့် မပုပ်မသိုးဘဲ လပေါင်းများစွာ သိုလှောင်ထားနိုင်ပါတယ်။ ဒါ့အပြင် ဒီဘတ်တီးရီးယားကင်းစင်တဲ့ aseptic packaging ထုတ်ကုန်များကို အအေးခန်းတွင် သိုလှောင်စရာမလိုအပ်တာကြောင့် ခရီးသွားရင်းသယ်ဆောင်သွားရင်ပဲဖြစ်ဖြစ်၊ နွေရာသီမှာပဲ ဖြစ်ဖြစ်၊ ရုံးသွား၊ကျောင်းသွားရာမှာ ယူဆောင်သွားရင်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို UHT နို့ထုတ်ကုန်များဟာ အမြဲ လတ်ဆတ်ပြီး အာဟာရပြည့်ဝစွာပေးနိုင်မှာဖြစ်ပါတယ်။

အစားအသောက် ယုံကြည်စိတ်ချရမှုနှင့် UHT နွားနို့ထုတ်ကုန်များအကြောင်း ပိုမိုသိရှိလိုပါသလား။ Tetra Pak မှ လာမယ့် ဖေဖော်ဝါရီ ၂၄ရက်မှာ သင်နှင့် သင့် မိသားစု မိတ်ဆွေတွေအတွက် UHT နို့ထွက်ပစ္စည်းတွေအကြောင်းပညာပေးလှုပ်ရှားမှုတွေပါဝင်မယ့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီအစဉ်တစ်ခုကို မဟာဗန္ဓုလပန်းခြံမှာ ကျင်းပ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ပါဝင်ကြမယ့် နိုင်ငံကျော်အနုပညာရှင်တွေနှင့် ပွဲအစီအစဉ်တွေကို Tetra Pak Myanmar Facebook စာမျက်နှာ မှာ ကြေညာပေးသွားမှာမို့ဆက်လက်စောင့်ကြည့်နိုင်ပါတယ်။ သင်ဟာ အစားအသောက်ကို စနစ်တကျရွေးချယ်စားသုံးတတ်သူဆိုရင်တော့ လက်မလွှတ်သင့်တဲ့ပွဲတစ်ခုပါပဲ။