လေ့ကျင့်ခန်းလုပ်ကြမယ်

ေလ့က်င့္ခန္းလုပ္ၾကမယ္

” တစ္ေန႔ တစ္ေန႔ အထိုင္မ်ားလို႔နဲ႔ထင္တယ္။ ဝလာတယ္”

မိုးရီသည္ ေဘးမွ ေဝေဝကို လွမ္းၾကည့္ရင္း အေတြးတစ္ခု ဝင္လာသည္။

ေဝေဝသည္ ပိန္ပိန္ပါးပါးေလးႏွင့္ ခ်စ္စရာေကာင္းသည္ဟု ထင္သည္။ မိမိကေတာ့ အသက္အ႐ြယ္ရလားလို႔လားမသိ။ တစ္ေျဖးတစ္ေျဖးႏွင့္ ကိုယ္အေလးခ်ိန္တိုးတက္လာသည္မွာ ကုန္ေဈးႏႈန္းႏွင့္ အၿပိဳင္ျဖစ္သည္။

ေန႔လည္ ထမင္းစားၿပီးခ်ိန္တြင္ မိုးရီသည္ ျခင္းေတာင္းထဲမွာ အခ်ိဳပြဲကို ထုတ္လိုက္သည္။ အေမထည့္ေပးလိုက္ေသာ Cake စားၿပီး ေကာ္ဖီကို စိမ္ႏွင့္ ထိုင္ေသာက္ေနလိုက္သည္။ ေဝေဝသည္ ထမင္းစားၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ အိမ္သာသို႔သြားမည္ဆိုကာ ထသြားသည္။ ထို႔ေနာက္ ႐ုံးတစ္ပတ္ပတ္ၿပီး မွ ႐ုံးခန္းထဲသို႔ ဝင္လာသည္။ ထမင္းစားၿပီးတိုင္း ေဝ့အက်င့္ ျဖစ္သည္။

” ေကာ္ဖီေသာက္ဦးမလားေဝ”

” မေသာက္ေတာ့ဘူး မိုးေရ။ ထမင္းစားတာ မ်ားသြားလို႔ ေသာက္လည္း မေသာက္ႏိုင္ေတာ့ဘူး ” ေဝသည္ မိုးရီ စကားကို ျငင္းလိုက္သည္။

မိုးရီသည္ သက္ျပင္းတစ္ခ်က္ မသိမသာ ခ်လိုက္သည္။ ထမင္း တစ္ဝိုင္းထဲ အတူ ထိုင္စားၾကသည္။ ေဝ ထမင္းခ်ိဳင့္က မိမိထမင္းခ်ိမ့္ထက္ေတာင္ ေသးေနသည္။ ထည့္လာသည့္ ထမင္းမ်ားကလည္း မိမိထက္ နည္းသည္။ ဒါကိုပင္ ေဝက ထမင္းစားလိုက္တာ မ်ားေနသည္ဟု ေျပာေနသည္။ မိမိကေတာ့ ထမင္းစားၿပီးတိုင္း အခ်ိဳပြဲ ေလးတည့္ခင္းလိုက္ရမွ စိတ္ေက်နပ္သူ။

Cake မုန႔္ေလးႏွင့္ Coffee ကုန္မွပဲ အလုပ္ဆက္လုပ္ရန္ျပင္ဆင္ေတာ့သည္။ ေဝကေတာ့ ဟိုစားပြဲနားရပ္။ ဒီစားပြဲနားရပ္ႏွင့္ ထမင္းစားၿပီး လမ္းေလွ်ာက္ေနေတာ့သည္။

“ရာသီဥတုကလည္း ပူလိုက္တာ။”

ေဘးစကားပြဲ မမျမင့္က စကားဆိုသည္။

” အေအးေသာက္ၾကဦးမလား။ တို႔ဝယ္တိုက္မယ္ေလ ”

” ေဟး ” ႐ုံးခန္းထဲမွ အသံက ဆူညံသြားသည္။

” မိုးအတြက္ လိေမၼာ္ရည္ တစ္ဗူး။ ေဝေရာ ဘာေသာက္ဦးမလဲ။ ” မိုးရည္သည္ ေဝကို လွမ္းေမးလိုက္သည္။

” ေ၀ မေသာက္ေတာ့ဘူး။ ေ၀ အေအး မႀကိဳက္ဘူး ”

ေဝသည္ မမျမင့္ကို ျငင္းဆိုလိုက္သည္။

” အေအးမေသာက္ဘူးဆိုရင္ လက္ဖက္ရည္ေရာ ေသာက္မလား ေ၀ ” မမျမင့္သည္ ေဝကို ထပ္မံ တိုက္တြန္းလိုက္သည္။

” လက္ဖက္ရည္လည္း မေသာက္ေတာ့ဘူး မမျမင့္။ ”

” ေသာက္ပါေ၀ ရဲ႕။ တစ္ခုခုေတာ့ ေသာက္ပါ” မမျမင့္က ထပ္မံႏႈိးေဆာ္လိုက္သည္။

“ဒါဆိုရင္လည္း သံပရာရည္ တစ္ခြက္။ ခ်ဥ္ခ်ဥ္ေလး လုပ္ေပးပါေနာ္ ”

” Ok”

“ေ၀ က သိပ္ေသာက္ခ်င္တာ မဟုတ္ဘူး။ မမျမင့္ကို အားနာလို႔ မွာလိုက္ရတာ။ ”

ေဝသည္ မမျမင့္ မၾကားေအာင္ ေလသံတိုးတိုးေလးႏွင့္ လွမ္းေျပာသည္။

” ေ၀ မေသာက္ခ်င္ရင္ မိုးရီ ေသာက္လိုက္မယ္ေလ။ ”

မိုးရီ သည္ ေဝကို အားေပးစကားေျပာလိုက္သည္။

” ေ၀ က Weight ေတြ တက္ေနလို႔ အေအးတို႔ ေကာ္ဖီလက္ဖက္ရည္တို႔ကို ေရွာင္ေနတာ မိုးရဲ႕ ”

” ျမတ္စြာဘုရား ” မိုးရီ သည္ ဘုရားတမိသည္။ သူကိုယ္ခႏၶာကိုယ္ ကို ဝသည္ဟု ေဝက ထင္သည္။ ေပါင္ခ်ိန္ ၁၂၀ ေတာင္ မျပည့္ေသာ သူက ေပါင္ခ်ိန္ ၁၆၀ ေက်ာ္ေသာ မိမိေရွ႕တြင္ weight ခ်ေနသည္ဟု ေျပာသည္မွာ လြန္သည္ဟု မိုးရီထင္သည္။

” မိုးကိုလည္း အားနာပါဦးေဝရယ္။ ေဝက မဝပါဘူး ”

” ဝလာမွာစိုးလို႔ ႀကိဳတင္ကာကြယ္ထားရတာေပါ့ မိုးရယ္။ ”

” မိုးလည္း ပိန္ခ်င္ပါတယ္။ ဒါေပမဲ့ အစားလည္း မေလွ်ာ့ႏိုင္ဘူး ျဖစ္ေနတယ္”

” ေဝကေတာ့အစားကို အဲဒီေလာက္ႀကီး မေလွ်ာ့ပါဘူး။ အခ်ိဳ စားတာကိုေတာ့ ေလွ်ာ့လိုက္တယ္။ အေအးတို႔ေကာ္ဖီ လက္ဖက္ရည္ကအစ ခ်ိဳတဲ့ အစားအစာ မွန္သမွ် မစားေတာ့ဘူး။ ေနာက္ၿပီး Exercise လည္း လုပ္ျဖစ္တယ္။ ”

” Gym သြားကစားတာလား ေ၀ ”

” ဘယ္လိုလုပ္သြားကစားမလဲ မိုးရယ္။ ေဝက အိမ္မွာပဲ ေလ့က်င့္ခန္းလုပ္တာပါ။ မနက္ နာရီဝက္ေလာက္ ေသြးပူေလ့က်င့္ခန္းေလးလုပ္။ ညေနဖက္က်ရင္ ႀကိဳးခုန္တယ္။ ဒါေၾကာင့္ ေ၀ weight တက္မလာတာေပါ့။ အသက္ကလည္း ၃၀ ေက်ာ္လို႔ ၄၀ နားကပ္လာၿပီ။ ဒီအ႐ြယ္က ဘာစားစား ဝလာတတ္တာ မိုးေရ။ ဒါေၾကာင့္ အသက္ ၃၀ ေက်ာ္လာတာနဲ႔ အစားအေသာက္အေနအထိုင္အျပင္ ေလ့က်င့္ခန္းကို ေသခ်ာလုပ္ရတယ္ ”

” ဘာေလ့က်င့္ခန္းေတြလုပ္လဲ ဟင္ ”

” အိမ္မွာ စက္ေတြ ဘာေတြလည္း ဝယ္မထားပါဘူး။ မနက္ အိပ္ယာထတာနဲ႔ ေဈးကို သြက္သြက္ကေလး ေျပးၿပီး ေဈးဝယ္လိုက္တယ္။ ေခြၽးထြက္သြားတာေပါ့။ မနက္ပိုင္းက Exercise လုပ္ဖို႔ သိပ္အခ်ိန္မရွိဘူးေလ။ ညေနပိုင္းမွပဲ နာရီဝက္ မိနစ္ ၄၀ ေလာက္ ကစားျဖစ္တယ္။ ”

” အိမ္မွာေျပးစက္ေတြ ဘာေတြ ဝယ္ထားေသးလား ”

” မဝယ္ထားပါဘူး။ ဒီလိုပဲ စက္အလြတ္ ေလ့က်င့္ခန္းေတြပဲ လုပ္တာပါ။ အိမ္ထဲမွာ ပဲ စက္မပါပဲ လုပ္လို႔ရတဲ့ ေလ့က်င့္ခန္းေတြ အမ်ားႀကီးရွိပါတယ္။ စက္ပစၥည္းေတြရွိမွ လုပ္လို႔ရတာ မဟုတ္ပါဘူး။ ”

” ေလ့က်င့္ခန္းလုပ္ရတာပ်င္းတယ္။ အိမ္ေရာက္တာနဲ႔ ပင္ပန္းတာနဲ႔ ဘာမွ မလုပ္ခ်င္ေတာ့ဘူး ”

” ေလ့က်င့္ခန္းလုပ္တာေတာ့ မပ်င္းနဲ႔ကိုယ္လူေရ။ အသက္အ႐ြယ္က ရလာေတာ့ လွခ်င္တာ တစ္ခုတည္းအတြက္လည္း မဟုတ္ေတာ့ဘူး။ ေလ့က်င့္ခန္းေလး ပုံမွန္လုပ္ေနေတာ့ ေနရတာလည္း လန္းဆန္းတက္ႂကြတာေပါ့။ ေပါ့ေပါ့ပါးပါး သြက္သြက္လက္လက္လည္း ျဖစ္တယ္။ ေလးလံ ထိုင္းမိုင္းတာေတြလည္း မရွိေတာ့ဘူးေပါ့။ ေလ့က်င့္ခန္း ပုံမွန္လုပ္ေနေတာ့ ေသြးတြင္း အဆီဓာတ္လည္း က်တာေပါ့။ ပုံမွန္ေတာ့ လုပ္ျဖစ္ေအာင္ လုပ္ကြယ္ ” ေဝသည္ မိုးရီကို နားခ်၏။ မိုးရီသည္ ေခါင္း တစ္ဆတ္ဆတ္ ၿငိမ့္၏။ မိုးရီေရွ႕ရွိ လိေမၼာ္ရည္ႏွင့္ သံပရာရည္တို႔ကား ကုန္သြားၿပီ။ ေဝသည္ ေန႔လည္ဖက္ လမ္းထေလွ်က္၏။ မိုးရီသည္ ထိုင္ခုန္ကို ေနာက္မွီကာ ေက်ာဆန႔္လိုက္၏။ ႐ုံးဆင္းရန္ မိနစ္ပိုင္းသာ လိုေတာ့သည္။

Dr. ေအးခ်မ္းမိုး

(Unicode Version)

လေ့ကျင့်ခန်းလုပ်ကြမယ်

” တစ်နေ့ တစ်နေ့ အထိုင်များလို့နဲ့ထင်တယ်။ ဝလာတယ်”

မိုးရီသည် ဘေးမှ ဝေဝေကို လှမ်းကြည့်ရင်း အတွေးတစ်ခု ဝင်လာသည်။

ဝေဝေသည် ပိန်ပိန်ပါးပါးလေးနှင့် ချစ်စရာကောင်းသည်ဟု ထင်သည်။ မိမိကတော့ အသက်အရွယ်ရလားလို့လားမသိ။ တစ်ဖြေးတစ်ဖြေးနှင့် ကိုယ်အလေးချိန်တိုးတက်လာသည်မှာ ကုန်ဈေးနှုန်းနှင့် အပြိုင်ဖြစ်သည်။

နေ့လည် ထမင်းစားပြီးချိန်တွင် မိုးရီသည် ခြင်းတောင်းထဲမှာ အချိုပွဲကို ထုတ်လိုက်သည်။ အမေထည့်ပေးလိုက်သော Cake စားပြီး ကော်ဖီကို စိမ်နှင့် ထိုင်သောက်နေလိုက်သည်။ ဝေဝေသည် ထမင်းစားပြီးသည်နှင့် တစ်ပြိုင်နက် အိမ်သာသို့သွားမည်ဆိုကာ ထသွားသည်။ ထို့နောက် ရုံးတစ်ပတ်ပတ်ပြီး မှ ရုံးခန်းထဲသို့ ဝင်လာသည်။ ထမင်းစားပြီးတိုင်း ဝေ့အကျင့် ဖြစ်သည်။

” ကော်ဖီသောက်ဦးမလားဝေ”

” မသောက်တော့ဘူး မိုးရေ။ ထမင်းစားတာ များသွားလို့ သောက်လည်း မသောက်နိုင်တော့ဘူး ” ဝေသည် မိုးရီ စကားကို ငြင်းလိုက်သည်။

မိုးရီသည် သက်ပြင်းတစ်ချက် မသိမသာ ချလိုက်သည်။ ထမင်း တစ်ဝိုင်းထဲ အတူ ထိုင်စားကြသည်။ ဝေ ထမင်းချိုင့်က မိမိထမင်းချိမ့်ထက်တောင် သေးနေသည်။ ထည့်လာသည့် ထမင်းများကလည်း မိမိထက် နည်းသည်။ ဒါကိုပင် ဝေက ထမင်းစားလိုက်တာ များနေသည်ဟု ပြောနေသည်။ မိမိကတော့ ထမင်းစားပြီးတိုင်း အချိုပွဲ လေးတည့်ခင်းလိုက်ရမှ စိတ်ကျေနပ်သူ။

Cake မုန့်လေးနှင့် Coffee ကုန်မှပဲ အလုပ်ဆက်လုပ်ရန်ပြင်ဆင်တော့သည်။ ဝေကတော့ ဟိုစားပွဲနားရပ်။ ဒီစားပွဲနားရပ်နှင့် ထမင်းစားပြီး လမ်းလျှောက်နေတော့သည်။

“ရာသီဥတုကလည်း ပူလိုက်တာ။”

ဘေးစကားပွဲ မမမြင့်က စကားဆိုသည်။

” အအေးသောက်ကြဦးမလား။ တို့ဝယ်တိုက်မယ်လေ ”

” ဟေး ” ရုံးခန်းထဲမှ အသံက ဆူညံသွားသည်။

” မိုးအတွက် လိမ္မော်ရည် တစ်ဗူး။ ဝေရော ဘာသောက်ဦးမလဲ။ ” မိုးရည်သည် ဝေကို လှမ်းမေးလိုက်သည်။

” ေ၀ မသောက်တော့ဘူး။ ေ၀ အအေး မကြိုက်ဘူး ”

ဝေသည် မမမြင့်ကို ငြင်းဆိုလိုက်သည်။

” အအေးမသောက်ဘူးဆိုရင် လက်ဖက်ရည်ရော သောက်မလား ေ၀ ” မမမြင့်သည် ဝေကို ထပ်မံ တိုက်တွန်းလိုက်သည်။

” လက်ဖက်ရည်လည်း မသောက်တော့ဘူး မမမြင့်။ ”

” သောက်ပါေ၀ ရဲ့။ တစ်ခုခုတော့ သောက်ပါ” မမမြင့်က ထပ်မံနှိုးဆော်လိုက်သည်။

“ဒါဆိုရင်လည်း သံပရာရည် တစ်ခွက်။ ချဉ်ချဉ်လေး လုပ်ပေးပါနော် ”

” Ok”

“ေ၀ က သိပ်သောက်ချင်တာ မဟုတ်ဘူး။ မမမြင့်ကို အားနာလို့ မှာလိုက်ရတာ။ ”

ဝေသည် မမမြင့် မကြားအောင် လေသံတိုးတိုးလေးနှင့် လှမ်းပြောသည်။

” ေ၀ မသောက်ချင်ရင် မိုးရီ သောက်လိုက်မယ်လေ။ ”

မိုးရီ သည် ဝေကို အားပေးစကားပြောလိုက်သည်။

” ေ၀ က Weight တွေ တက်နေလို့ အအေးတို့ ကော်ဖီလက်ဖက်ရည်တို့ကို ရှောင်နေတာ မိုးရဲ့ ”

” မြတ်စွာဘုရား ” မိုးရီ သည် ဘုရားတမိသည်။ သူကိုယ်ခန္ဓာကိုယ် ကို ဝသည်ဟု ဝေက ထင်သည်။ ပေါင်ချိန် ၁၂၀ တောင် မပြည့်သော သူက ပေါင်ချိန် ၁၆၀ ကျော်သော မိမိရှေ့တွင် weight ချနေသည်ဟု ပြောသည်မှာ လွန်သည်ဟု မိုးရီထင်သည်။

” မိုးကိုလည်း အားနာပါဦးဝေရယ်။ ဝေက မဝပါဘူး ”

” ဝလာမှာစိုးလို့ ကြိုတင်ကာကွယ်ထားရတာပေါ့ မိုးရယ်။ ”

” မိုးလည်း ပိန်ချင်ပါတယ်။ ဒါပေမဲ့ အစားလည်း မလျှော့နိုင်ဘူး ဖြစ်နေတယ်”

” ဝေကတော့အစားကို အဲဒီလောက်ကြီး မလျှော့ပါဘူး။ အချို စားတာကိုတော့ လျှော့လိုက်တယ်။ အအေးတို့ကော်ဖီ လက်ဖက်ရည်ကအစ ချိုတဲ့ အစားအစာ မှန်သမျှ မစားတော့ဘူး။ နောက်ပြီး Exercise လည်း လုပ်ဖြစ်တယ်။ ”

” Gym သွားကစားတာလား ေ၀ ”

” ဘယ်လိုလုပ်သွားကစားမလဲ မိုးရယ်။ ဝေက အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်တာပါ။ မနက် နာရီဝက်လောက် သွေးပူလေ့ကျင့်ခန်းလေးလုပ်။ ညနေဖက်ကျရင် ကြိုးခုန်တယ်။ ဒါကြောင့် ေ၀ weight တက်မလာတာပေါ့။ အသက်ကလည်း ၃၀ ကျော်လို့ ၄၀ နားကပ်လာပြီ။ ဒီအရွယ်က ဘာစားစား ဝလာတတ်တာ မိုးရေ။ ဒါကြောင့် အသက် ၃၀ ကျော်လာတာနဲ့ အစားအသောက်အနေအထိုင်အပြင် လေ့ကျင့်ခန်းကို သေချာလုပ်ရတယ် ”

” ဘာလေ့ကျင့်ခန်းတွေလုပ်လဲ ဟင် ”

” အိမ်မှာ စက်တွေ ဘာတွေလည်း ဝယ်မထားပါဘူး။ မနက် အိပ်ယာထတာနဲ့ ဈေးကို သွက်သွက်ကလေး ပြေးပြီး ဈေးဝယ်လိုက်တယ်။ ချွေးထွက်သွားတာပေါ့။ မနက်ပိုင်းက Exercise လုပ်ဖို့ သိပ်အချိန်မရှိဘူးလေ။ ညနေပိုင်းမှပဲ နာရီဝက် မိနစ် ၄၀ လောက် ကစားဖြစ်တယ်။ ”

” အိမ်မှာပြေးစက်တွေ ဘာတွေ ဝယ်ထားသေးလား ”

” မဝယ်ထားပါဘူး။ ဒီလိုပဲ စက်အလွတ် လေ့ကျင့်ခန်းတွေပဲ လုပ်တာပါ။ အိမ်ထဲမှာ ပဲ စက်မပါပဲ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ စက်ပစ္စည်းတွေရှိမှ လုပ်လို့ရတာ မဟုတ်ပါဘူး။ ”

” လေ့ကျင့်ခန်းလုပ်ရတာပျင်းတယ်။ အိမ်ရောက်တာနဲ့ ပင်ပန်းတာနဲ့ ဘာမှ မလုပ်ချင်တော့ဘူး ”

” လေ့ကျင့်ခန်းလုပ်တာတော့ မပျင်းနဲ့ကိုယ်လူရေ။ အသက်အရွယ်က ရလာတော့ လှချင်တာ တစ်ခုတည်းအတွက်လည်း မဟုတ်တော့ဘူး။ လေ့ကျင့်ခန်းလေး ပုံမှန်လုပ်နေတော့ နေရတာလည်း လန်းဆန်းတက်ကြွတာပေါ့။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်လည်း ဖြစ်တယ်။ လေးလံ ထိုင်းမိုင်းတာတွေလည်း မရှိတော့ဘူးပေါ့။ လေ့ကျင့်ခန်း ပုံမှန်လုပ်နေတော့ သွေးတွင်း အဆီဓာတ်လည်း ကျတာပေါ့။ ပုံမှန်တော့ လုပ်ဖြစ်အောင် လုပ်ကွယ် ” ဝေသည် မိုးရီကို နားချ၏။ မိုးရီသည် ခေါင်း တစ်ဆတ်ဆတ် ငြိမ့်၏။ မိုးရီရှေ့ရှိ လိမ္မော်ရည်နှင့် သံပရာရည်တို့ကား ကုန်သွားပြီ။ ဝေသည် နေ့လည်ဖက် လမ်းထလျှေက်၏။ မိုးရီသည် ထိုင်ခုန်ကို နောက်မှီကာ ကျောဆန့်လိုက်၏။ ရုံးဆင်းရန် မိနစ်ပိုင်းသာ လိုတော့သည်။

Dr. အေးချမ်းမိုး