ကြွက်တက်တာ ခြေသလုံးကျော်ရင် သေတတ်လား

ၾကြက္တက္တာ ေျခသလံုုးေက်ာ္ရင္ ေသတတ္လား

လူတိုင္းနီးပါး ဘ၀မွာ အနည္းဆံုး တခါေလာက္ေတာ႔ ၾကြက္တက္ဖူးၾကမွာပါ။

ၾကြက္တက္တယ္ဆိုတာဟာ အေၾကာင္းတခုခုေၾကာင္႔ ခႏၶာကိုယ္ရွိၾကြက္သားတခု သို႔မဟုတ္ တခုထက္ပိုတဲ႔ၾကြက္သားေတြ မိမိဆႏၵမပါဘဲ သူတို႔ဘာသာသူတို႔ အလိုအေလ်ာက္ျပင္းထန္စြာ က်ံဳ႕ညွစ္ျခင္းျဖစ္တဲ႔အေျခအေန ျဖစ္ပါတယ္။

ၾကြက္တက္ျခင္းလို႔ေျပာလိုက္ရင္ အမ်ားစုအေနနဲ႔ ေျခသလံုးၾကြက္တက္တာကိုပဲ ေျပးျမင္ေပမယ္႔ အမွန္တကယ္ေတာ႔ ၾကြက္တက္တာဟာ ခႏၶာကိုယ္ရွိ လက္ေမာင္းၾကြက္သား ေပါင္ၾကြက္သား ေျခဖ၀ါးေျခဖမိုး ၾကြက္သား စတဲ႔ ၾကြက္သားရွိတဲ႔ေနရာတိုင္းမွာျဖစ္နိုင္ပါတယ္။

ကိုယ္လက္လႈပ္ရွားေနရင္းနဲ႔လည္း ၾကြက္တက္တာျဖစ္နိုင္သလို ထိုင္ေနရင္းနဲ႔လည္းၾကြက္တက္တာ ျဖစ္နိုင္သလို အိပ္ေနရင္းနဲ႔လည္းၾကြက္တက္တာ ျဖစ္နိုင္ပါတယ္။

ေန႔အခ်ိန္မွာလည္းၾကြက္တက္နိုင္သလို ညအခ်ိန္မွာလည္း ၾကြက္တက္နိုင္ပါတယ္။

အသက္ၾကီးတဲ႔သူေတြမွာလည္းျဖစ္နိုင္သလို အသက္ငယ္တဲ႔သူေတြမွာလည္းျဖစ္နိုင္ပါတယ္။

အမ်ိဳးသားေတြမွာလည္းျဖစ္သလို အမ်ိဳးသမီးေတြမွာလည္းျဖစ္ပါတယ္။

ၾကြက္တက္တဲ႔အခါမွာ ၾကြက္တက္တဲ႔ေနရာမွာ မာမာလံုးလံုးခဲခဲျဖစ္ေနတတ္ျပီး နာက်င္မႈကိုခံစားရတတ္ပါတယ္။ဒါ႔အျပင္ၾကြက္တက္ေနတဲ႔အခ်ိန္မွာ ၾကြက္တက္ေနတဲ႔ၾကြက္သားကို အသံုးျပဳလို႔မရနိုင္ပါဘူး။

(ဆိုလိုတာက ေျခေထာက္ၾကြက္တက္ေနရင္ အဲ႔အခ်ိန္မွာ လမ္းေလွ်ာက္တာမ်ိဳး မတ္တပ္ရပ္တာမ်ိဳးေတြ ေကာင္းေကာင္းလုပ္နိုင္မွာ မဟုတ္ပါ။)

ၾကြက္တက္တဲ႔ျဖစ္စဥ္ဟာ စကၠန္႔ပိုင္းကေန မိနစ္ပိုင္းေလာက္ပဲၾကာတတ္ပါတယ္။

ဒါေပမယ္႔ ၾကြက္သားနာက်င္မႈခံစားရတာကေတာ႔ ၾကြက္တက္ျပီးေနာက္ နာရီေပါင္းမ်ားစြာၾကာေအာင္ ခံစားရနိုင္ပါတယ္။

ၾကြက္တက္တာေျခသလံုုးကိုုပါ ေက်ာ္သြားရင္ေသတတ္တယ္ဆိုုျပီး အရပ္ထဲမွာ ေျပာေလ့ရိွပါတယ္။တကယ္တမ္းေတာ့ ၾကြက္တက္တာဟာအမ်ားအားျဖင္႔ေတာ႔ အႏၱရာယ္မရွိတတ္တာမ်ားပါတယ္။ေရကူးေနရင္း၊ေတာင္တက္ေနရင္း စတဲ႔အေျခအေနမ်ိဳးေတြမွာ ၾကြက္တက္တာျဖစ္ရင္ေတာ႔ အသက္အႏၱရာယ္ကို ျဖစ္ေစနိုင္ပါတယ္။

ဘာေၾကာင္႔ၾကြက္တက္ရလဲကိုေတာ႔ တိတိက်က်ေျပာဖို႔မလြယ္ပါဘူး။

ၾကြက္တက္ျခင္းကိုျဖစ္ေစနိုင္တဲ႔အေၾကာင္းရင္းေတြကေတာ႔

ကိုယ္လက္လႈပ္ရွားရမႈ တအားမ်ားတာ

ခႏၶာကိုယ္တြင္းရွိေရဓါတ္မလံုေလာက္တာ

ေသြးသြင္းပိုတက္ဆီယမ္၊ကယ္လ္ဆီယမ္ ႏွင္႔ မဂၢနီဆီယမ္ဓါတ္ခ်ိဳ႕တဲ႔တာ

အေၾကာင္းေၾကာင္းေၾကာင္႔ ေသြးတြင္းအဆီခ်ေဆး၊ဆီးေဆးေတြေသာက္ေနရတာ

ရာသီဥတုေအးတာ

ေသြးလည္ပတ္မႈမေကာင္းတာ

ခါးရိုးအာရံုေၾကာမၾကီးထိခိုက္ဒဏ္ရာရတာ

စသျဖင္႔ အေၾကာင္းေတြအမ်ားၾကီးရွိပါတယ္။

ၾကြက္တက္တယ္ဆိုတာဟာ ၾကြက္သားေတြျပင္းထန္စြာက်ံဳညွစ္တာျဖစ္တဲ႔အတြက္ ၾကြက္တက္တဲ႔အခါမွာ သက္သာေအာင္ ၾကြက္တက္ေနတဲ႔ၾကြက္သားကို ျပန္႔ဆန္ထုတ္ရပါမယ္။

ေျခသလံုးၾကြက္တက္တဲ႔အခါ ေျခေထာက္ကို ျဖည္းျဖည္းခ်င္းဆန္႔ထုတ္ပါ။ျပီးရင္အဲ႔ဒီဆန္႔ထုတ္တာကိုအသာထိန္းထားျပီး

မာမာခဲခဲလံုးလံုးျဖစ္ေနတဲ႔အေပၚကို လိမ္းေဆးတခုခုသံုးျပီး လက္နဲ႔အသာနွိပ္နယ္တာ၊ေရေႏြးအိပ္ကပ္တာ ေတြလုပ္နိုင္ပါတယ္။

ၾကြက္တက္တဲ႔အခါမွာ အၾကမ္းပတမ္းအားသံုးနွိပ္တာ၊အေပၚကေနတက္ဖိနင္းတာ၊ၾကိဳးခ်ည္ေနွာင္တာမ်ိဳးေတြမလုပ္သင္႔ပါ။

အားကစားလုပ္ရင္း၊ကိုယ္လက္လႈပ္ရွားမႈလုပ္ရင္း ၾကြက္တက္ပါက ေရဓါတ္ဆံုးရႈံးမႈမ်ားတာေၾကာင္႔ ၾကြက္သားေတြပင္ပန္းတာေၾကာင္႔ျဖစ္နိုင္တဲ႔အတြက္ ေရ၊ဓါတ္ဆားရည္စသျဖင္႔ ေသာက္ျပီး အနားယူဖို႔လိုပါတယ္။

ၾကြက္တက္ျပီးတဲ႔ေနာက္ခံစားရတဲ႔ ၾကြက္သားနာက်င္မႈအတြက္ အကိုက္အခဲေပ်ာက္ေဆးတမိ်ဳးမ်ိဳးေသာက္နိုင္ပါတယ္။

အစာအိမ္ေရာဂါရွိတဲ႔သူေတြဆိုရင္ေတာ႔ ဆရာ၀န္နဲ႔ျပသစမ္းသပ္ျပီးမွေသာက္ရပါမယ္။

ၾကြက္တက္ျခင္းျဖစ္နိုင္ေျခနည္းေအာင္ ေအာက္ပါအခ်က္မ်ားကို ဂရုစိုက္လိုက္နာပါ။

ပိုတက္စီယမ္ဓါတ္ၾကြယ္၀တဲ႔အစားစာေတြ(ငွက္ေပ်ာသီး၊စပ်စ္သီး၊အုန္းသီး)

မဂၢနီစီယမ္ဓါတ္ၾကြယ္၀တဲ႔အစားစာေတြ(ဗာဒံေစ႔၊သီဟိုေစ႔စတဲ႔အေစ႔အဆန္မ်ား)

ကယ္ဆီယမ္ဓါတ္ၾကြယ္၀တဲ႔အစားစာေတြ(နို႔နဲ႔နို႔ထြက္ပစၥည္း) မ်ားမ်ားစားပါ။

ေသြးလည္ပတ္မႈေကာင္းေအာင္ အထိုင္မမ်ားပါေစနဲ႔။ကိုယ္လက္လႈပ္ရွားမႈသင္႔တင္႔သေလာက္လုပ္ပါ။ေသြးပူေလ႔က်င္႔ခန္းလုပ္တာ၊အေၾကာေလွ်ာ႔တာေတြလုပ္ေပးပါ။

ဒါေပမယ္႔ ျပင္းထန္စြာကိုယ္လက္လႈပ္ရွားမႈလုပ္တာမ်ိဳးကိုေတာ႔ေရွာင္ရပါမယ္။အထူးသျဖင္႔ေႏြရာသီဆိုပိုသတိထားသင္႔ပါတယ္။

အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာကေတာ႔ အထက္ပါနည္းေတြအတိုင္းလုပ္ေသာ္လည္းၾကြက္တက္တာဟာ မသက္သာဘူး၊ခဏခဏျပန္ျဖစ္ေနတယ္၊ညတိုင္းၾကြက္တက္ျခင္းေၾကာင္႔အိပ္မရဘူး၊ၾကြက္တက္ျပီးေနာက္မွာလည္း ျပင္းျပင္းထန္ထန္နာက်င္ကိုက္ခဲတာကို ဆိုးရြားစြာခံစားရတယ္ဆိုရင္ ေဆးခန္းျပဖို႔လိုပါတယ္။

Dr 528

Unicode Version

ကြွက်တက်တာ ခြေသလုံးကျော်ရင် သေတတ်လား

လူတိုင်းနီးပါး ဘဝမှာ အနည်းဆုံး တခါလောက်တော့ ကြွက်တက်ဖူးကြမှာပါ။

ကြွက်တက်တယ်ဆိုတာဟာ အကြောင်းတခုခုကြောင့် ခန္ဓာကိုယ်ရှိကြွက်သားတခု သို့မဟုတ် တခုထက်ပိုတဲ့ကြွက်သားတွေ မိမိဆန္ဒမပါဘဲ သူတို့ဘာသာသူတို့ အလိုအလျောက်ပြင်းထန်စွာ ကျုံ့ညှစ်ခြင်းဖြစ်တဲ့အခြေအနေ ဖြစ်ပါတယ်။

ကြွက်တက်ခြင်းလို့ပြောလိုက်ရင် အများစုအနေနဲ့ ခြေသလုံးကြွက်တက်တာကိုပဲ ပြေးမြင်ပေမယ့် အမှန်တကယ်တော့ ကြွက်တက်တာဟာ ခန္ဓာကိုယ်ရှိ လက်မောင်းကြွက်သား ပေါင်ကြွက်သား ခြေဖဝါးခြေဖမိုး ကြွက်သား စတဲ့ ကြွက်သားရှိတဲ့နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားနေရင်းနဲ့လည်း ကြွက်တက်တာဖြစ်နိုင်သလို ထိုင်နေရင်းနဲ့လည်းကြွက်တက်တာ ဖြစ်နိုင်သလို အိပ်နေရင်းနဲ့လည်းကြွက်တက်တာ ဖြစ်နိုင်ပါတယ်။

နေ့အချိန်မှာလည်းကြွက်တက်နိုင်သလို ညအချိန်မှာလည်း ကြွက်တက်နိုင်ပါတယ်။

အသက်ကြီးတဲ့သူတွေမှာလည်းဖြစ်နိုင်သလို အသက်ငယ်တဲ့သူတွေမှာလည်းဖြစ်နိုင်ပါတယ်။

အမျိုးသားတွေမှာလည်းဖြစ်သလို အမျိုးသမီးတွေမှာလည်းဖြစ်ပါတယ်။

ကြွက်တက်တဲ့အခါမှာ ကြွက်တက်တဲ့နေရာမှာ မာမာလုံးလုံးခဲခဲဖြစ်နေတတ်ပြီး နာကျင်မှုကိုခံစားရတတ်ပါတယ်။ဒါ့အပြင်ကြွက်တက်နေတဲ့အချိန်မှာ ကြွက်တက်နေတဲ့ကြွက်သားကို အသုံးပြုလို့မရနိုင်ပါဘူး။

(ဆိုလိုတာက ခြေထောက်ကြွက်တက်နေရင် အဲ့အချိန်မှာ လမ်းလျှောက်တာမျိုး မတ်တပ်ရပ်တာမျိုးတွေ ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါ။)

ကြွက်တက်တဲ့ဖြစ်စဉ်ဟာ စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းလောက်ပဲကြာတတ်ပါတယ်။

ဒါပေမယ့် ကြွက်သားနာကျင်မှုခံစားရတာကတော့ ကြွက်တက်ပြီးနောက် နာရီပေါင်းများစွာကြာအောင် ခံစားရနိုင်ပါတယ်။

ကြွက်တက်တာခြေသလုံးကိုပါ ကျော်သွားရင်သေတတ်တယ်ဆိုပြီး အရပ်ထဲမှာ ပြောလေ့ရှိပါတယ်။တကယ်တမ်းတော့ ကြွက်တက်တာဟာအများအားဖြင့်တော့ အန္တရာယ်မရှိတတ်တာများပါတယ်။ရေကူးနေရင်း၊တောင်တက်နေရင်း စတဲ့အခြေအနေမျိုးတွေမှာ ကြွက်တက်တာဖြစ်ရင်တော့ အသက်အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။

ဘာကြောင့်ကြွက်တက်ရလဲကိုတော့ တိတိကျကျပြောဖို့မလွယ်ပါဘူး။

ကြွက်တက်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့

ကိုယ်လက်လှုပ်ရှားရမှု တအားများတာ

ခန္ဓာကိုယ်တွင်းရှိရေဓါတ်မလုံလောက်တာ

သွေးသွင်းပိုတက်ဆီယမ်၊ကယ်လ်ဆီယမ် နှင့် မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့တာ

အကြောင်းကြောင်းကြောင့် သွေးတွင်းအဆီချဆေး၊ဆီးဆေးတွေသောက်နေရတာ

ရာသီဥတုအေးတာ

သွေးလည်ပတ်မှုမကောင်းတာ

ခါးရိုးအာရုံကြောမကြီးထိခိုက်ဒဏ်ရာရတာ

စသဖြင့် အကြောင်းတွေအများကြီးရှိပါတယ်။

ကြွက်တက်တယ်ဆိုတာဟာ ကြွက်သားတွေပြင်းထန်စွာကျုံညှစ်တာဖြစ်တဲ့အတွက် ကြွက်တက်တဲ့အခါမှာ သက်သာအောင် ကြွက်တက်နေတဲ့ကြွက်သားကို ပြန့်ဆန်ထုတ်ရပါမယ်။

ခြေသလုံးကြွက်တက်တဲ့အခါ ခြေထောက်ကို ဖြည်းဖြည်းချင်းဆန့်ထုတ်ပါ။ပြီးရင်အဲ့ဒီဆန့်ထုတ်တာကိုအသာထိန်းထားပြီး

မာမာခဲခဲလုံးလုံးဖြစ်နေတဲ့အပေါ်ကို လိမ်းဆေးတခုခုသုံးပြီး လက်နဲ့အသာနှိပ်နယ်တာ၊ရေနွေးအိပ်ကပ်တာ တွေလုပ်နိုင်ပါတယ်။

ကြွက်တက်တဲ့အခါမှာ အကြမ်းပတမ်းအားသုံးနှိပ်တာ၊အပေါ်ကနေတက်ဖိနင်းတာ၊ကြိုးချည်နှောင်တာမျိုးတွေမလုပ်သင့်ပါ။

အားကစားလုပ်ရင်း၊ကိုယ်လက်လှုပ်ရှားမှုလုပ်ရင်း ကြွက်တက်ပါက ရေဓါတ်ဆုံးရှုံးမှုများတာကြောင့် ကြွက်သားတွေပင်ပန်းတာကြောင့်ဖြစ်နိုင်တဲ့အတွက် ရေ၊ဓါတ်ဆားရည်စသဖြင့် သောက်ပြီး အနားယူဖို့လိုပါတယ်။

ကြွက်တက်ပြီးတဲ့နောက်ခံစားရတဲ့ ကြွက်သားနာကျင်မှုအတွက် အကိုက်အခဲပျောက်ဆေးတမျိုးမျိုးသောက်နိုင်ပါတယ်။

အစာအိမ်ရောဂါရှိတဲ့သူတွေဆိုရင်တော့ ဆရာဝန်နဲ့ပြသစမ်းသပ်ပြီးမှသောက်ရပါမယ်။

ကြွက်တက်ခြင်းဖြစ်နိုင်ခြေနည်းအောင် အောက်ပါအချက်များကို ဂရုစိုက်လိုက်နာပါ။

ပိုတက်စီယမ်ဓါတ်ကြွယ်ဝတဲ့အစားစာတွေ(ငှက်ပျောသီး၊စပျစ်သီး၊အုန်းသီး)

မဂ္ဂနီစီယမ်ဓါတ်ကြွယ်ဝတဲ့အစားစာတွေ(ဗာဒံစေ့၊သီဟိုစေ့စတဲ့အစေ့အဆန်များ)

ကယ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့အစားစာတွေ(နို့နဲ့နို့ထွက်ပစ္စည်း) များများစားပါ။

သွေးလည်ပတ်မှုကောင်းအောင် အထိုင်မများပါစေနဲ့။ကိုယ်လက်လှုပ်ရှားမှုသင့်တင့်သလောက်လုပ်ပါ။သွေးပူလေ့ကျင့်ခန်းလုပ်တာ၊အကြောလျှော့တာတွေလုပ်ပေးပါ။

ဒါပေမယ့် ပြင်းထန်စွာကိုယ်လက်လှုပ်ရှားမှုလုပ်တာမျိုးကိုတော့ရှောင်ရပါမယ်။အထူးသဖြင့်နွေရာသီဆိုပိုသတိထားသင့်ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ အထက်ပါနည်းတွေအတိုင်းလုပ်သော်လည်းကြွက်တက်တာဟာ မသက်သာဘူး၊ခဏခဏပြန်ဖြစ်နေတယ်၊ညတိုင်းကြွက်တက်ခြင်းကြောင့်အိပ်မရဘူး၊ကြွက်တက်ပြီးနောက်မှာလည်း ပြင်းပြင်းထန်ထန်နာကျင်ကိုက်ခဲတာကို ဆိုးရွားစွာခံစားရတယ်ဆိုရင် ဆေးခန်းပြဖို့လိုပါတယ်။

Dr 528