ခြေဖနောင့်ကွဲတာ အမြန်ဆုံးသက်သာအောင်

ေျခဖေနာင့္ကြဲတာ အျမန္ဆံုုးသက္သာေအာင္

ေျခဖေနာင္႔ကြဲတာဟာ အျဖစ္မ်ားေလ႔ရွိတဲ႔ ေျခေထာက္ပိုင္းဆိုင္ရာျပႆနာေတြထဲက တခုပါ။

ေလ႔လာမႈတခုက အေမရိကန္နိုင္ငံမွာဆိုရင္ အရြယ္ေရာက္ျပီးသူေတြရဲ႕၂၀ရာနႈန္းခန္႕ဟာ ေျခဖေနာင္႔ကြဲျခင္းျပသာနာကို ေတြ႔ၾကံဳခံစားေနရတယ္လို႔ ေဖာ္ျပထားပါတယ္။

ေျခဖေနာင္႔ကြဲျခင္းဟာ အသက္ၾကီးသူေတြမွာမွ ျဖစ္တာမဟုတ္ပါ။ငယ္ရြယ္တဲ႔သူေတြမွာလည္းျဖစ္နိုင္ပါတယ္။

အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ေျခဖေနာင္႔ကြဲျခင္းျပႆနာ ပိုျဖစ္နိုင္ေျခမ်ားပါတယ္။

အမ်ားအားျဖင္႔ေတာ႔ ေျခဖေနာင္႔ကြဲျခင္းဟာ ဘာမွၾကီးၾကီးမားမားဆိုးက်ိဳးျဖစ္တာ ျဖစ္ေလ႔မရွိတတ္ပါဘူး။

သို႔ေသာ္ အမ်ိဳးသမီးေတြမွာဆိုရင္ေတာ႔ ၾကည္႔ရဆိုးျပီး အလွအပေရးရာထိခိုက္မႈရွိနိုင္ပါတယ္။

ဒါ႔အျပင္ တခ်ိဳ႕ေတြမွာဆိုရင္ ေျခဖေနာင္႔ကြဲတဲ႔ဒဏ္ရာဟာ တအားနက္တဲ႔အခါ ေသြးထြက္တာ နာက်င္တာေတြျဖစ္ျပီး သြားလာရအဆင္မေျပတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။

ေျခဖေနာင္႔ကြဲျခင္းကို ျဖစ္ေစနိုင္တဲ႔အေၾကာင္းရင္းေတြကေတာ႔

အခ်ိန္အၾကာၾကီးမတ္တပ္ရပ္အလုပ္လုပ္ရတာ

ဖိနပ္အမာေတြ၊ဖိနပ္ေနာက္ပြင္႔ေတြအစီးမ်ားတာ

ဖိနပ္မပါဘဲ လမ္းၾကမ္း မ်က္နွာျပင္ၾကမ္းတဲ႔အေပၚေတြေလွ်ာက္သြားတာ

ေျခေထာက္ေရအထိမ်ားတာ

ကိုယ္အေလးခိ်န္မ်ားလာတာ

အသားအရည္ေျခာက္ေသြ႔တာ

အသက္ၾကီးလာတာ

ဗီတာမင္ဓါတ္ခ်ိဳ႕တဲ႔တာ စသျဖင္႔ အမ်ားၾကီးရွိပါတယ္။

ဒါ႔အျပင္ ဆီးခ်ိဳေရာဂါ၊သိုင္းရြက္ေဟာ္မုန္းေရာဂါ၊Psoriasis အေရျပားေရာဂါစတာ ေတြေၾကာင္႔လည္း ေျခဖေနာင္႔ကြဲျခင္းျဖစ္နိုင္ပါေသးတယ္။

ေျခဖေနာင္႔ကြဲျခင္းျဖစ္တဲ႔အခါ

အစိုဓါတ္ပါတဲ႔ Lotion(လိုးရွင္း)တမ်ိဳးမ်ိဳးလိမ္းတာ သို႔မဟုတ္ Moisturizer(မြိဳင္ခ်ာရိုက္ဇာ)လိမ္းတာ သို႔မဟုတ္ သံလြင္ဆီ၊အုန္းဆီလိမ္းတာေတြကို မနက္၁ၾကိမ္ ည၁ၾကိမ္ လုပ္ေပးပါ။

ေျခဖေနာင္႔က လွန္ေနတဲ႔အေရခြံေလးေတြကို ဆြဲခြာတာမလုပ္ပါနဲ႔။

Pumice stone လို႔ေခၚတဲ႔ ေက်ာက္တုံးၾကမ္း(ေခ်းတြန္းေက်ာက္)ေလးနဲ႔ ေရခ်ိဳးတဲ႔ ေျခဖေနာင္႔ကို ညင္သာစြာပြတ္ေပးပါ။

ဖိနပ္ေနာက္ပိတ္ပါျပီး ေအာက္ခံေပ်ာ႔ေပ်ာင္းတဲ႔ဖိနပ္အမ်ိဳးအစားကိုစီးပါ။

ဒီလိုေတြလုပ္လို႔မွ မသက္သာပါက သို႔မဟုတ္ ေျခဖေနာင္႔ကြဲတဲ႔ေနရာမွာပိုး၀င္ျပီး ေရာင္ရမ္းလာတာမ်ိဳးျဖစ္ပါက ဆရာ၀န္နဲ႔ျပသဖို႔လိုပါတယ္။

ေျခဖေနာင္႔ကြဲျခင္းျဖစ္ပြားနိုင္ေျခနည္းေစရန္

ေရမ်ားမ်ားေသာက္ေပးပါ။

ဖိနပ္ကိုမိမိနဲ႔ၾကပ္တဲ႔ဆိုဒ္မစီးပါနဲ႔။ေနာက္ပိတ္ပါျပီး ေအာက္ခံေပ်ာ႔တဲ႔ဖိနပ္စီးပါ။

ဖိနပ္ပ်က္မွ အသစ္လဲတာမဟုတ္ဘဲ ေျခာက္လတခါေလာက္ ဖိနပ္အသစ္လဲေပးပါ။

ေဆာင္းတြင္းေရခ်ိဳးတဲ႔အခါ ေရတအားပူတာေရာစပ္ခ်ိဳးတာ အခ်ိန္အၾကာၾကီးခ်ိဳးတာမ်ိဳးကို ေရွာင္ပါ။

ေရခ်ိဳးျပီးတဲ႔အခါ အစိုဓါတ္ပါတဲ႔ lotion တမ်ိဳးမ်ိဳးလိမ္းပါ။

ေျခဗလာျဖင္႔ မ်က္နွာျပင္ၾကမ္းတဲ႔အေပၚ ပူေနတဲ႔အေပၚေတြ ေလွ်ာက္သြားတာေရွာင္ပါ။

Dr 528

Unicode Version

ခြေဖနောင့်ကွဲတာ အမြန်ဆုံးသက်သာအောင်

ခြေဖနောင့်ကွဲတာဟာ အဖြစ်များလေ့ရှိတဲ့ ခြေထောက်ပိုင်းဆိုင်ရာပြသာနာတွေထဲက တခုပါ။

လေ့လာမှုတခုက အမေရိကန်နိုင်ငံမှာဆိုရင် အရွယ်ရောက်ပြီးသူတွေရဲ့၂၀ရာနှုန်းခန့်ဟာ ခြေဖနောင့်ကွဲခြင်းပြသာနာကို တွေ့ကြုံခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။

ခြေဖနောင့်ကွဲခြင်းဟာ အသက်ကြီးသူတွေမှာမှ ဖြစ်တာမဟုတ်ပါ။ငယ်ရွယ်တဲ့သူတွေမှာလည်းဖြစ်နိုင်ပါတယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် ခြေဖနောင့်ကွဲခြင်းပြသာနာ ပိုဖြစ်နိုင်ခြေများပါတယ်။

အများအားဖြင့်တော့ ခြေဖနောင့်ကွဲခြင်းဟာ ဘာမှကြီးကြီးမားမားဆိုးကျိုးဖြစ်တာ ဖြစ်လေ့မရှိတတ်ပါဘူး။

သို့သော် အမျိုးသမီးတွေမှာဆိုရင်တော့ ကြည့်ရဆိုးပြီး အလှအပရေးရာထိခိုက်မှုရှိနိုင်ပါတယ်။

ဒါ့အပြင် တချို့တွေမှာဆိုရင် ခြေဖနောင့်ကွဲတဲ့ဒဏ်ရာဟာ တအားနက်တဲ့အခါ သွေးထွက်တာ နာကျင်တာတွေဖြစ်ပြီး သွားလာရအဆင်မပြေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ခြေဖနောင့်ကွဲခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့

အချိန်အကြာကြီးမတ်တပ်ရပ်အလုပ်လုပ်ရတာ

ဖိနပ်အမာတွေ၊ဖိနပ်နောက်ပွင့်တွေအစီးများတာ

ဖိနပ်မပါဘဲ လမ်းကြမ်း မျက်နှာပြင်ကြမ်းတဲ့အပေါ်တွေလျှောက်သွားတာ

ခြေထောက်ရေအထိများတာ

ကိုယ်အလေးချိန်များလာတာ

အသားအရည်ခြောက်သွေ့တာ

အသက်ကြီးလာတာ

ဗီတာမင်ဓါတ်ချို့တဲ့တာ စသဖြင့် အများကြီးရှိပါတယ်။

ဒါ့အပြင် ဆီးချိုရောဂါ၊သိုင်းရွက်ဟော်မုန်းရောဂါ၊Psoriasis အရေပြားရောဂါစတာ တွေကြောင့်လည်း ခြေဖနောင့်ကွဲခြင်းဖြစ်နိုင်ပါသေးတယ်။

ခြေဖနောင့်ကွဲခြင်းဖြစ်တဲ့အခါ

အစိုဓါတ်ပါတဲ့ Lotion(လိုးရှင်း)တမျိုးမျိုးလိမ်းတာ သို့မဟုတ် Moisturizer(မွိုင်ချာရိုက်ဇာ)လိမ်းတာ သို့မဟုတ် သံလွင်ဆီ၊အုန်းဆီလိမ်းတာတွေကို မနက်၁ကြိမ် ည၁ကြိမ် လုပ်ပေးပါ။

ခြေဖနောင့်က လှန်နေတဲ့အရေခွံလေးတွေကို ဆွဲခွာတာမလုပ်ပါနဲ့။

Pumice stone လို့ခေါ်တဲ့ ကျောက်တုံးကြမ်း(ချေးတွန်းကျောက်)လေးနဲ့ ရေချိုးတဲ့ ခြေဖနောင့်ကို ညင်သာစွာပွတ်ပေးပါ။

ဖိနပ်နောက်ပိတ်ပါပြီး အောက်ခံပျော့ပျောင်းတဲ့ဖိနပ်အမျိုးအစားကိုစီးပါ။

ဒီလိုတွေလုပ်လို့မှ မသက်သာပါက သို့မဟုတ် ခြေဖနောင့်ကွဲတဲ့နေရာမှာပိုးဝင်ပြီး ရောင်ရမ်းလာတာမျိုးဖြစ်ပါက ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။

ခြေဖနောင့်ကွဲခြင်းဖြစ်ပွားနိုင်ခြေနည်းစေရန်

ရေများများသောက်ပေးပါ။

ဖိနပ်ကိုမိမိနဲ့ကြပ်တဲ့ဆိုဒ်မစီးပါနဲ့။နောက်ပိတ်ပါပြီး အောက်ခံပျော့တဲ့ဖိနပ်စီးပါ။

ဖိနပ်ပျက်မှ အသစ်လဲတာမဟုတ်ဘဲ ခြောက်လတခါလောက် ဖိနပ်အသစ်လဲပေးပါ။

ဆောင်းတွင်းရေချိုးတဲ့အခါ ရေတအားပူတာရောစပ်ချိုးတာ အချိန်အကြာကြီးချိုးတာမျိုးကို ရှောင်ပါ။

ရေချိုးပြီးတဲ့အခါ အစိုဓါတ်ပါတဲ့ lotion တမျိုးမျိုးလိမ်းပါ။

ခြေဗလာဖြင့် မျက်နှာပြင်ကြမ်းတဲ့အပေါ် ပူနေတဲ့အပေါ်တွေ လျှောက်သွားတာရှောင်ပါ။

Dr 528